SPORTS MYANMAR
Unicode
အာဆင်နယ် အသင်းမှာ တစ်ပွဲမှ ပွဲထွက် မကစားလိုက်ရဘဲ ထွက်ခွာရတော့မယ့် ဒန်းနစ် ဆွာရက်ဇ်
=============================
ဒန်းနစ် ဆွာရက်ဇ် ဟာ သူ့ ရဲ့ ပေါင် ခြံ ဒဏ် ရာ ဟာ သက်သာ လာခြင်း မ ရှိ ဘဲ ထပ် တ လဲ လဲ ပြန် ဖြစ် နေ တာ ကြောင့် ရာသီကုန်သည် အထိ အာဆင်နယ် အသင်း အတွက် က စား ပေး နိုင် တော့ မှာ မ ဟုတ် ကြောင်း ထုတ် ပြန် ကြေ ညာ သွား ခဲ့ ပါ တယ် ။
စပိန် ကွင်းလယ်လူ ဒန်းနစ် ဆွာရက်ဇ် ဟာ ပြီးခဲ့တဲ့ ဇန် န ဝါ ရီ အပြောင်းအရွှေ့ တုန်း က ဘာစီလိုနာ အသင်း ကနေ အာဆင်နယ် အသင်းကို ရာသီကုန် အထိ အ ငှား နဲ့ ရောက် ရှိ လာ တာ လည်း ဖြစ် ပါ တယ် ။ ဒါပေမယ့် ဒန်းနစ် ဆွာရက်ဇ် ဟာ အာဆင်နယ် အသင်းမှာ တစ်ပွဲမှ ပွဲထွက် ကစားခွင့် မရဘဲ ဘာစီလိုနာ အသင်းကို ပြန်ရတော့မှာလည်း ဖြစ်ပါတယ် ။
အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒန်းနစ် ဆွာရက်ဇ် ဟာ အာဆင်နယ် အသင်း အတွက် လူစားဝင် ကစားသမား အဖြစ် ခြောက်ပွဲသာ ကစားခွင့် ရခဲ့ပြီး စုစုပေါင်း ၉၅ မိနစ်သာ ကစားခွင့် ရ ခဲ့ ပါ တယ် ။
ဆွာရက်ဇ် အတွက်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ၂-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ လူစားဝင် ကစားခဲ့တာဟာ သူ့အတွက် အာဆင်နယ် အသင်း ကစားသမား ဘဝ နောက်ဆုံးပွဲ ဖြစ်သွား ခဲ့ ရ ရှာ ပါ တယ် ။
ဒန်းနစ် ဆွာရက်ဇ် က သူ့ရဲ့ တရားဝင် တွစ်တာ အကောင့်မှာ ဒဏ်ရာ အခြေအနေ နဲ့ ပတ်သက်ပြီး အသိ ပေး သွား ခဲ့ ပြီး ရာ သီ ကုန် သည် အ ထိ က စား နိုင် တော့ မှာ မ ဟုတ် ကြောင်း ပ ရိ သတ် တွေ ကို အ သိ ပေး သွား ခဲ့ ပါ တယ် ။
” ကျနော် ဒီ ရာ သီ ကုန် တဲဲ့ အ ထိ မကစားနိုင်တော့ဘူး ဆိုတာ အားလုံးကို အသိပေးချင်ပါတယ် ။ ဖေဖော်ဝါရီလ တုန်းက ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဘိတ် ဘိုရီဆော့ဗ့် နဲ့ က စား ပြီး က တည်း က ကျနော့် ပေါင်ခြံ ဒဏ်ရာက ပိုဆိုးလာပါတယ် ။ အခု အချိန်မှာတော့ အသင်း တာဝန်ရှိသူတွေက အသင်း နဲ့ လေ့ကျင့်ခန်း မဆင်းတော့ဖို့ တွန်းအား ပေးထားပါတယ် ။ ”
” ကျနော် ဆရာဝန် တွေ အများအပြားနဲ့ တိုင်ပင် ကြည့်တော့လည်း သူတို့က လေ့ကျင့်ခန်း ဆင်းဖို့ အဆင်မပြေ သေး ဘူး လို့ ပြော ပါ တယ် ။ ကျနော် ဆေးကုသမှု စတင် ခံ ယူ နေ ပြီ ဖြစ် တာ ကြောင့် ရာသီကုန်တဲ့ အထိတော့ ဘောလုံး ကစားဖို့ မ ဖြစ် နိုင် တော့ ပါ ဘူး ။ ”
ဆက်လက်ပြီး ဒန်းနစ် က အာဆင်နယ် အသင်း အတွက် ပွဲများများ မကစားပေးနိုင်ခဲ့တဲ့ အတွက် သူ့ကိုယ်သူ ဒေါ သ ထွက် မိ ကြောင်း ၊ သူ့ကို ယုံယုံကြည်ကြည် နဲ့ ခေါ်ယူခဲ့တဲ့ အာဆင်နယ် အသင်း နဲ့ ဒဏ်ရာ ရနေတဲ့ အချိန်မှာလည်း အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း အထူး ကျေးဇူး တင်ရှိကြောင်း ရေး သား သွား ခဲ့ ပါ တယ် ။
SPORTS MYANMAR