ခ်ယ္လ္ဆီး အသင္း ဟာ လာမယ့္ ႏွစ္ ေဘာလံုး ရာသီ အတြက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိဖို႕ အတြက္ အဆင့္ေလး အတြင္း အနည္းဆံုး ဝင္ႏိုင္ဖို႕ လိုသလို ၊ ယခုႏွစ္ ေဘာလံုး ရာသီ အတြက္ ေအာင္ျမင္မႈ အေနနဲ႕ ယူရိုပါလိဂ္ မွာလည္း ခ်န္ပီယံ ျဖစ္ဖို႕ အတြက္ ပစ္မွတ္ ထားလ်က္ ရွိေနပါတယ္ ။

ျပီးခဲ့တဲ့ မန္ယူ နဲ႕ ပြဲစဥ္ မွာ တဖက္ တဂိုးစီ သေရ က်ခဲ့တဲ့ အတြက္ေၾကာင့္ ေလာေလာဆယ္ မွာ ခ်ယ္လ္ဆီး အသင္း ဟာ အဆင့္ ၅ ေနရာ က အာဆင္နယ္ ကို ၂မွတ္ ၊ အဆင့္ ၆ ေနရာ က မန္ယူ ကို ၃မွတ္ ျဖတ္ထား ႏိုင္ခဲ့သလို အဆင့္ ၃ ေနရာ က ေတာ့တင္ဟမ္ နဲ႕လည္း ၂မွတ္ ကြာဟ ေနပါတယ္ ။

ယခု လာမယ့္ ၾကာသပေတးေန႕ ညမွာလည္း ခ်ယ္လ္ဆီး အသင္း ဟာ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ ပထမ အေက်ာ့ အျဖစ္ ဖရန္႕ဖြတ္ အသင္း နဲ႕ ရင္ဆိုင္ ကစားဖို႕ ရွိေနပါတယ္ ။ ထို႕အျပင္ ပရီးမီးယားလိဂ္ မွာလည္း လက္က်န္ ပြဲစဥ္ ၂ပြဲသာ က်န္ရွိ ေတာ့ျပီး အဆင့္ ၄ အတြင္း ဝင္ဖို႔ ကိုယ့္ ကံၾကမၼာ ကိုယ္ ဖန္တီး ႏိုင္ဖို႕ အခြင့္အေရး လည္း ခ်ယ္လ္ဆီး အသင္းသား ေတြရဲ႕ လက္ထဲ မွာ ရွိေနပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ရဲ႕ အသင္း ေခါင္းေဆာင္ ေနာက္ခံလူ အက္ဇ္ပီလီကြီတာ ကေတာ့ မန္ယူ နဲ႕ ပြဲမွာ သေရ တမွတ္ သာ ရခဲ့ေပမယ့္ ထို သေရ တမွတ္ ဟာလည္း အေရးၾကီးတဲ့ သေရ တမွတ္ ျဖစ္ေၾကာင္း ၊ ရာသီကုန္ ဖို႕ နီးလာတဲ့ အတြက္ ၄င္းတို႔ ထားရွိတဲ့ ပစ္မွတ္ ၂ခု ကိုလည္း ေရာက္ရွိ ေအာင္ ေဆာင္ရြက္ ၾကဖို႕ အသင္းသား ေတြကို တိုက္တြန္း ေျပာၾကား ခဲ့ပါတယ္ ။

အက္ဇ္ပီလီကြီတာ က ” အခုလို ရာသီကုန္ ဖို႕ နီးစပ္ လာတဲ့ အခါမွာ ရမွတ္တိုင္း ဟာ ကြ်န္ေတာ္ တို႕ အသင္း အတြက္ အေရး ပါပါတယ္ ။ ရလဒ္ က တဖက္ တဂိုးစီ သေရ ျဖစ္ေနတဲ့ အခါဆို ခင္ဗ်ား တို႕လည္း ေနာက္ထပ္ ေပးဂိုး ေတြ ထပ္ေပး ခ်င္မွာ မဟုတ္ပါဘူး ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ မန္ယူ နဲ႕ ပြဲမွာ ႏိုင္ပြဲ ရယူဖို႕ ခံယူခ်က္ ေတြ ျပသ ႏိုင္ခဲ့ပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြ်န္ေတာ္ တို႕ဟာ ပြဲျပီးတဲ့ အထိ ျပိဳင္ဖက္ ပင္နယ္တီ ဧရိယာ ထဲမွာ ထိုးေဖာက္ ႏိုင္ခဲ့တဲ့ အတြက္ေၾကာင့္ပါ ။ ”

” ဒါေပမယ့္ ႏိုင္ပြဲ ရဖို႕ ၊ ေနာက္ထပ္ သြင္းဂိုး ေတြ ရရွိဖို႕ ကြ်န္ေတာ္ တို႕ ကံေခ ေနခဲ့ပါတယ္ ။ ကြ်န္ေတာ္ တို႕ရဲ႕ ပစ္မွတ္ ၊ ရည္ရြယ္ခ်က္ ကေတာ့ အတူတူပါပဲ ။ ကြ်န္ေတာ္ တို႕ဟာ ရာသီကုန္ မွာ အဆင့္ ေလး အတြင္း ဝင္ေရာက္ျပီး ရာသီသိမ္း ႏိုင္ဖို႕ အတြက္ ၂ပြဲပဲ က်န္ပါေတာ့တယ္ ။ ဒီ အခြင့္အေရး ဟာ ကြ်န္ေတာ္ တို႕ လက္ထဲမွာ ရွိေနတာပါ ။ ကြ်န္ေတာ္ တို႕ အေနနဲ႕ လက္က်န္ ပြဲစဥ္ ၂ပြဲလံုး ကို အႏိုင္ ကစားျပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရယူ သြားဖို႕ ဆႏၵ ရွိပါတယ္ ။ ”

” ယူရိုပါလိဂ္ ဟာလည္း ကြ်န္ေတာ္ တို႕ အတြက္ အေရးၾကီးတဲ့ ဆုဖလား တလံုး ျဖစ္ပါတယ္ ။ ယူရိုပါလိဂ္ မွာ ခ်န္ပီယံ ျဖစ္ဖို႕ ပစ္မွတ္ ထားေနခဲ့တဲ့ အတြက္ ျပီးခဲ့တဲ့ စက္တင္ဘာ ကတည္း က ကြ်န္ေတာ္ တို႕ ဂရုတစိုက္ ကစားလာ ခဲ့တာ ျဖစ္ပါတယ္ ။ အခု အခ်ိန္ မွာ ကြ်န္ေတာ္ တို႕ဟာ ယူရိုပါလိဂ္ နဲ႕ ပရီးမီးယားလိဂ္ မွာ လိုအပ္ တဲ့ ပစ္မွတ္ နဲ႕ လက္တကမ္း အကြာ ကို ေရာက္ရွိ ေနပါတယ္ ။ ”

” အခြင့္အေရးက ကြ်န္ေတာ္ တို႕ လက္ထဲ မွာ ဆိုေပမယ့္ ကြ်န္ေတာ္ တို႕ ဒီထက္ ပိုျပီး ၾကိဳးစား ဖို႕ လိုပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ လိုခ်င္တဲ့ ပစ္မွတ္ ၂ခုလံုး ဆီကို ေရာက္ရွိ ႏိုင္တယ္ ဆိုတာ သက္ေသ ျပခဲ့ျပီးပါျပီ ။ အသင္း ရဲ႕ အဝတ္လဲခန္း မွာလည္း အသင္းသား ေတြ အခ်င္းခ်င္း ေႏြးေထြးတဲ့ ဆက္ဆံမႈ ေတြ ရွိေနပါတယ္ ။ ရာသီကုန္ မွာ ေအာင္ျမင္မႈ ရရွိဖို႕ အတြက္ ကြ်န္ေတာ္ တို႕ အားလံုး အျပင္းအထန္ ၾကိဳးစား ေနၾကပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ရာသီအကုန် မှာ ယူရိုပါလိဂ် ချန်ပီယံဆု နဲ့ အဆင့်လေး အတွင်း ဝင်ရောက်နိုင်ဖို့ ယုံကြည် နေတဲ့ #အက်ဇ်ပီလီကွီတာ

ချယ်လ်ဆီး အသင်း ဟာ လာမယ့် နှစ် ဘောလုံး ရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက် အဆင့်လေး အတွင်း အနည်းဆုံး ဝင်နိုင်ဖို့ လိုသလို ၊ ယခုနှစ် ဘောလုံး ရာသီ အတွက် အောင်မြင်မှု အနေနဲ့ ယူရိုပါလိဂ် မှာလည်း ချန်ပီယံ ဖြစ်ဖို့ အတွက် ပစ်မှတ် ထားလျက် ရှိနေပါတယ် ။

ပြီးခဲ့တဲ့ မန်ယူ နဲ့ ပွဲစဉ် မှာ တဖက် တဂိုးစီ သရေ ကျခဲ့တဲ့ အတွက်ကြောင့် လောလောဆယ် မှာ ချယ်လ်ဆီး အသင်း ဟာ အဆင့် ၅ နေရာ က အာဆင်နယ် ကို ၂မှတ် ၊ အဆင့် ၆ နေရာ က မန်ယူ ကို ၃မှတ် ဖြတ်ထား နိုင်ခဲ့သလို အဆင့် ၃ နေရာ က တော့တင်ဟမ် နဲ့လည်း ၂မှတ် ကွာဟ နေပါတယ် ။

ယခု လာမယ့် ကြာသပတေးနေ့ ညမှာလည်း ချယ်လ်ဆီး အသင်း ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ အဖြစ် ဖရန့်ဖွတ် အသင်း နဲ့ ရင်ဆိုင် ကစားဖို့ ရှိနေပါတယ် ။ ထို့အပြင် ပရီးမီးယားလိဂ် မှာလည်း လက်ကျန် ပွဲစဉ် ၂ပွဲသာ ကျန်ရှိ တော့ပြီး အဆင့် ၄ အတွင်း ဝင်ဖို့ ကိုယ့် ကံကြမ္မာ ကိုယ် ဖန်တီး နိုင်ဖို့ အခွင့်အရေး လည်း ချယ်လ်ဆီး အသင်းသား တွေရဲ့ လက်ထဲ မှာ ရှိနေပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ အသင်း ခေါင်းဆောင် နောက်ခံလူ အက်ဇ်ပီလီကွီတာ ကတော့ မန်ယူ နဲ့ ပွဲမှာ သရေ တမှတ် သာ ရခဲ့ပေမယ့် ထို သရေ တမှတ် ဟာလည်း အရေးကြီးတဲ့ သရေ တမှတ် ဖြစ်ကြောင်း ၊ ရာသီကုန် ဖို့ နီးလာတဲ့ အတွက် ၄င်းတို့ ထားရှိတဲ့ ပစ်မှတ် ၂ခု ကိုလည်း ရောက်ရှိ အောင် ဆောင်ရွက် ကြဖို့ အသင်းသား တွေကို တိုက်တွန်း ပြောကြား ခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” အခုလို ရာသီကုန် ဖို့ နီးစပ် လာတဲ့ အခါမှာ ရမှတ်တိုင်း ဟာ ကျွန်တော် တို့ အသင်း အတွက် အရေး ပါပါတယ် ။ ရလဒ် က တဖက် တဂိုးစီ သရေ ဖြစ်နေတဲ့ အခါဆို ခင်ဗျား တို့လည်း နောက်ထပ် ပေးဂိုး တွေ ထပ်ပေး ချင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ဟာ မန်ယူ နဲ့ ပွဲမှာ နိုင်ပွဲ ရယူဖို့ ခံယူချက် တွေ ပြသ နိုင်ခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ဟာ ပွဲပြီးတဲ့ အထိ ပြိုင်ဖက် ပင်နယ်တီ ဧရိယာ ထဲမှာ ထိုးဖောက် နိုင်ခဲ့တဲ့ အတွက်ကြောင့်ပါ ။ ”

” ဒါပေမယ့် နိုင်ပွဲ ရဖို့ ၊ နောက်ထပ် သွင်းဂိုး တွေ ရရှိဖို့ ကျွန်တော် တို့ ကံခေ နေခဲ့ပါတယ် ။ ကျွန်တော် တို့ရဲ့ ပစ်မှတ် ၊ ရည်ရွယ်ချက် ကတော့ အတူတူပါပဲ ။ ကျွန်တော် တို့ဟာ ရာသီကုန် မှာ အဆင့် လေး အတွင်း ဝင်ရောက်ပြီး ရာသီသိမ်း နိုင်ဖို့ အတွက် ၂ပွဲပဲ ကျန်ပါတော့တယ် ။ ဒီ အခွင့်အရေး ဟာ ကျွန်တော် တို့ လက်ထဲမှာ ရှိနေတာပါ ။ ကျွန်တော် တို့ အနေနဲ့ လက်ကျန် ပွဲစဉ် ၂ပွဲလုံး ကို အနိုင် ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရယူ သွားဖို့ ဆန္ဒ ရှိပါတယ် ။ ”

” ယူရိုပါလိဂ် ဟာလည်း ကျွန်တော် တို့ အတွက် အရေးကြီးတဲ့ ဆုဖလား တလုံး ဖြစ်ပါတယ် ။ ယူရိုပါလိဂ် မှာ ချန်ပီယံ ဖြစ်ဖို့ ပစ်မှတ် ထားနေခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ကတည်း က ကျွန်တော် တို့ ဂရုတစိုက် ကစားလာ ခဲ့တာ ဖြစ်ပါတယ် ။ အခု အချိန် မှာ ကျွန်တော် တို့ဟာ ယူရိုပါလိဂ် နဲ့ ပရီးမီးယားလိဂ် မှာ လိုအပ် တဲ့ ပစ်မှတ် နဲ့ လက်တကမ်း အကွာ ကို ရောက်ရှိ နေပါတယ် ။ ”

” အခွင့်အရေးက ကျွန်တော် တို့ လက်ထဲ မှာ ဆိုပေမယ့် ကျွန်တော် တို့ ဒီထက် ပိုပြီး ကြိုးစား ဖို့ လိုပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ လိုချင်တဲ့ ပစ်မှတ် ၂ခုလုံး ဆီကို ရောက်ရှိ နိုင်တယ် ဆိုတာ သက်သေ ပြခဲ့ပြီးပါပြီ ။ အသင်း ရဲ့ အဝတ်လဲခန်း မှာလည်း အသင်းသား တွေ အချင်းချင်း နွေးထွေးတဲ့ ဆက်ဆံမှု တွေ ရှိနေပါတယ် ။ ရာသီကုန် မှာ အောင်မြင်မှု ရရှိဖို့ အတွက် ကျွန်တော် တို့ အားလုံး အပြင်းအထန် ကြိုးစား နေကြပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR