မန္ခ်က္စတာ ယူနုိက္တက္ ေနာက္ခံလူေဟာင္း ရီယုိ ဖာဒီနန္ က ေတာ့တင္ဟမ္ အသင္းဟာ ပထမအေက်ာ့ အိမ္ကြင္းမွာ ေအဂ်က္စ္ အသင္းကုိ ရႈံးနိမ့္ ခဲ့ေပမယ့္ ဗုိလ္လုပြဲကုိ တက္လွမ္း နုိင္ စြမ္း ရွိ ေန ေသး ေၾကာင္း ေျပာ ၾကား လုိက္ ပါ တယ္ ။

ယေန႔ နံနက္က ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖုိင္နယ္ ပထမအေက်ာ့မွာ ေတ့ာတင္ဟမ္ အသင္းဟာ အိမ္ကြင္းမွာ ေအဂ်က္စ္ အသင္းကုိ တစ္ဂုိး ဂုိးမရွိ နဲ႔ ရႈံး နိမ့္ သြား ခဲ့ ပါ တယ္ ။ ေအဂ်က္စ္ အသင္း အတြက္ တစ္လုံးတည္းေသာ အနုိင္ဂုိးကုိေတာ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ က သြင္းယူ ေပးခဲ့တာပါ ။

ဆြန္ေဟာင္မင္ ၊ ဟာရီကိန္း တုိ႔ မပါဝင္ နုိင္တဲ့ ေတာ့တင္ဟမ္ အသင္း တုိက္စစ္ဟာ ေအဂ်က္စ္ အသင္းကုိ တစ္ဂုိး မွ ျပန္မသြင္း နုိင္ဘဲ အိ္မ္ကြင္းမွာ ရႈံး နိမ့္ သြား ခဲ့ တာပါ ။ ေတာ့တင္ဟမ္ အသင္းဟာ ေနာက္ဆုံး အိမ္ကြင္း ႏွစ္ပြဲဆက္ ရႈံး ပြဲ ၾကံဳ ေတြ႕ ထား ျပီး လာမယ့္ အပတ္မွာ ေအဂ်က္စ္ အသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာလည္း ျဖစ္ပါတယ္ ။

ဖာဒီနန္က BT Sport ရဲ႕ ေဘာလုံး ေဝဖန္ သုံးသပ္မႈ အစီအစဥ္မွာ ေတာ့တင္ဟမ္ အသင္း ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ ဆက္လက္ က်န္ရွိ နုိင္သလား ဆုိတဲ့ ေမးခြန္းကုိ ” က်ေနာ္ကေတာ့ ရာႏႈန္းျပည့္ ထင္ပါတယ္ ။ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ ေတာ့တင္ဟမ္ အသင္း ျပသထားတဲ့ အေဝးကြင္း စြမ္းေဆာင္ရည္ေၾကာင့္ သူတုိ႔ လုိခ်င္တဲ့ ရလဒ္ ရမယ္လုိ႔ ထင္ပါတယ္ ။ ”

” ေအဂ်က္စ္ အသင္း ရဲ႕ ကစားပုံက ရင့္က်က္ျပီး တကယ့္ကုိ ဆရာ က်တာပါ ။ ပထမပုိင္းမွာဆုိ သူ တုိ႕ ကစားတာ အေတာ္ေလး ေကာင္း မြန္ လြန္း ပါ တယ္ ။ ဆြန္ေဟာင္မင္ ၊ ဟာရီကိန္း တုိ႔သာ တုိက္စစ္ မွာ ပါ လာ ရင္ အသင္းတုိင္းကုိ ဒုကၡ ေပး နုိင္ စြမ္း ရွိ ပါ တယ္ ။ ” လုိ႔ ေျပာ ၾကား လုိက္ ပါ တယ္ ။

ေတာ့တင္ဟမ္ အသင္း ေတာင္ပံ ကစားသမား အဲရစ္ဆင္ကလည္း BT Sport န႔ဲ ပြဲျပီး အင္တာဗ်ဴးမွာ ” ပထမပုိင္း မိနစ္ ၂၀ ေလာက္က က်ေနာ္တို႔ အသင္းက သူတို႔ေဘာလံုးကစားတာကို ရပ္ျကည့္ ေနရသလုိပါပဲ ။ က်ေနာ္တို႔ ေနာက္ပြဲမွာ အေျပာင္းအလဲေတြ အမ်ားျကီး လုပ္သြားဖို႔ လိုအပ္ပါတယ္ ။ ”

” က်ေနာ္ တို႔ အထ ေႏွးမႈၾကာင့္ သူတို႔က အမ်ားျကီးပိုေကာင္းသလုိ ျဖစ္သြားပါတယ္ ။ ဒုတိယပိုင္းမွာေတာ့ က်ေနာ္တို႕ ကစားပုံ ပုိ ေကာင္းလာခဲ့ျပီး သူတုိ႔ကုိ ဖိအားေပး တိုက္စစ္ဆင္ ကစား ႏိုင္ခဲ႔ျပီး အခက္ေတြ႕ေအာင္ လုပ္ နုိင္ ခဲ့ ပါ တယ္ ။ ” လုိ႔ ဆုိပါတယ္ ။

အေဂျက်စ် အသင်းကို ကျော်ဖြတ်ပြီး တော့တင်ဟမ် အသင်း ဖိုင်နယ် ရောက်နိုင်ချေ ရှိမရှိ ပြောကြားလိုက်တဲ့ ဖာဒီနန်
=============================

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က တော့တင်ဟမ် အသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာ အေဂျက်စ် အသင်းကို ရှုံးနိမ့် ခဲ့ပေမယ့် ဗိုလ်လုပွဲကို တက်လှမ်း နိုင် စွမ်း ရှိ နေ သေး ကြောင်း ပြော ကြား လိုက် ပါ တယ် ။

ယနေ့ နံနက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ တေ့ာတင်ဟမ် အသင်းဟာ အိမ်ကွင်းမှာ အေဂျက်စ် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံး နိမ့် သွား ခဲ့ ပါ တယ် ။ အေဂျက်စ် အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ကွင်းလယ်လူ ဗန်ဒီဘိခ် က သွင်းယူ ပေးခဲ့တာပါ ။

ဆွန်ဟောင်မင် ၊ ဟာရီကိန်း တို့ မပါဝင် နိုင်တဲ့ တော့တင်ဟမ် အသင်း တိုက်စစ်ဟာ အေဂျက်စ် အသင်းကို တစ်ဂိုး မှ ပြန်မသွင်း နိုင်ဘဲ အိ်မ်ကွင်းမှာ ရှုံး နိမ့် သွား ခဲ့ တာပါ ။ တော့တင်ဟမ် အသင်းဟာ နောက်ဆုံး အိမ်ကွင်း နှစ်ပွဲဆက် ရှုံး ပွဲ ကြုံ တွေ့ ထား ပြီး လာမယ့် အပတ်မှာ အေဂျက်စ် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

ဖာဒီနန်က BT Sport ရဲ့ ဘောလုံး ဝေဖန် သုံးသပ်မှု အစီအစဉ်မှာ တော့တင်ဟမ် အသင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆက်လက် ကျန်ရှိ နိုင်သလား ဆိုတဲ့ မေးခွန်းကို ” ကျနော်ကတော့ ရာနှုန်းပြည့် ထင်ပါတယ် ။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တော့တင်ဟမ် အသင်း ပြသထားတဲ့ အဝေးကွင်း စွမ်းဆောင်ရည်ကြောင့် သူတို့ လိုချင်တဲ့ ရလဒ် ရမယ်လို့ ထင်ပါတယ် ။ ”

” အေဂျက်စ် အသင်း ရဲ့ ကစားပုံက ရင့်ကျက်ပြီး တကယ့်ကို ဆရာ ကျတာပါ ။ ပထမပိုင်းမှာဆို သူ တို့ ကစားတာ အတော်လေး ကောင်း မွန် လွန်း ပါ တယ် ။ ဆွန်ဟောင်မင် ၊ ဟာရီကိန်း တို့သာ တိုက်စစ် မှာ ပါ လာ ရင် အသင်းတိုင်းကို ဒုက္ခ ပေး နိုင် စွမ်း ရှိ ပါ တယ် ။ ” လို့ ပြော ကြား လိုက် ပါ တယ် ။

တော့တင်ဟမ် အသင်း တောင်ပံ ကစားသမား အဲရစ်ဆင်ကလည်း BT Sport နဲ့ ပွဲပြီး အင်တာဗျူးမှာ ” ပထမပိုင်း မိနစ် ၂၀ လောက်က ကျနော်တို့ အသင်းက သူတို့ဘောလုံးကစားတာကို ရပ်ကြည့် နေရသလိုပါပဲ ။ ကျနော်တို့ နောက်ပွဲမှာ အပြောင်းအလဲတွေ အများကြီး လုပ်သွားဖို့ လိုအပ်ပါတယ် ။ ”

” ကျနော် တို့ အထ နှေးမှုကြာင့် သူတို့က အများကြီးပိုကောင်းသလို ဖြစ်သွားပါတယ် ။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ကစားပုံ ပို ကောင်းလာခဲ့ပြီး သူတို့ကို ဖိအားပေး တိုက်စစ်ဆင် ကစား နိုင်ခဲ့ပြီး အခက်တွေ့အောင် လုပ် နိုင် ခဲ့ ပါ တယ် ။ ” လို့ ဆိုပါတယ် ။