ဘာစီလိုနာ အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဇာဗီ က ရာသီ အကုန် ဘောလုံး ကစားသမား ဘဝ မှ အနား ယူတော့ မယ်လို့ ဖွင့်ဟ သွားခဲ့ ပြီး နည်းပြ လောက ဖက် မြှားဦး လှည့် တော့မယ် လို့ အတည်ပြု သွားခဲ့ ပါတယ် ။

ဥရောပ ထိပ်သီး ကလပ် တွေရဲ့ ပစ်မှတ် ဖြစ်နေ ခဲ့တဲ့ ဖရန့်ဖက် အသင်း ရဲ့ တိုက်စစ် မှူးလေး လူကာ ဂျိုဗစ် ဟာ ဒီ ရာသီ အသင်း အတွက် ပြိုင်ပွဲစုံ 25 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါပြီ ။
ညာခြေ – 14 ဂိုး ၊ ဘယ်ခြေ – 8 ဂိုး ၊ ခေါင်းတိုက် – 3 ဂိုး

2009 ခုနှစ် ဒီလို နေ့မျိုး မှာ ဘာစီလိုနာ ဟာ ဘာနေဗျူး ကွင်းထဲ မှာ မဟာ ပြိုင်ဖက် ရီးယဲ မက်ဒရစ် အသင်း ကို 6 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ ထားနိုင် ခဲ့ ပါတယ် ။

1975 ခုနှစ် ရဲ့ ဒီလို နေ့မျိုး မှာ ဘောလုံး ပရိသတ် အတော် များများ ရဲ့ အချစ်တော် ကစားသမား ဖြစ်သူ ဒေးဗစ် ဘက်ခမ်း မွေးဖွား ခဲ့ ပါတယ် ။ #HappyBirthdayDavid

ဗလန်စီယာ အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပါရီဂျို ဟာ ဒီ ရာသီ အလွတ် တည်ကန်ဘော တွေမှ တစ်ဆင့် အခွင့် အရေး အများဆုံး ဖန်တီး ထားနိုင် ခဲ့တဲ့ လာလီဂါ ကစားသမား အဖြစ် ရှိနေ ခဲ့ ပါတယ် ။ ( 47 ကြိမ် )

စထရပ်ဘာ့ခ်ျ အသင်း ရဲ့ ခံစစ် ကစားသမား ဖြစ်သူ ကင်နီ လာလာ ကို ခေါ်ယူ နိုင်ဖို့ အတွက် မန်စီးတီး ဟာ ပရီးမီးယား လိဂ် ပြိုင်ဖက် အာဆင်နယ် အသင်း နဲ့ အပြိုင် စိတ်ဝင်စား နေ ခဲ့ပြီ ဖြစ်ကြောင်း သိရှိ ရ ပါတယ်လ။

2016 ခုနှစ် ရဲ့ ဒီလို နေ့မျိုး မှာ လက်စတာ စီးတီး အသင်းဟာ ဘယ်သူ မှ ထင်မှတ် မထား တဲ့ အရာ တစ်ခု ကို လုပ်ပြ နိုင်ခဲ့ ပါတယ် ။ အဲ့တာ က ပရီးမီးယား လိဂ် ဖလား ဆွတ်ခူး လိုက်ခြင်း ပါပဲ ။ တစ်ကယ့် ကို မမေ့ နိုင်ဖွယ် နေ့လေး တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။

အသင်း ရဲ့ လက်ရှိ နည်းပြ ဖြစ်သူ အူနိုင်း အမ်မရီ ဟာ အာဆင်နယ် အသင်း ရဲ့ ယာဂင် ကလော့ပ် ဖြစ်လာ နိုင်တယ် လို့ ကွင်းလယ် လူ မီဆွတ် အိုဇေးလ် က ထောက်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

အေဂျက် နဲ့ ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် ပ အကျော့ ပွဲစဉ် မှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ နောက်ခံလူ ဗာတွန်ဂမ် ရဲ့ ဒဏ်ရာ ဟာ ထင်မှတ် ထား သလောက် ပြင်းထန် ဆိုးရွား ခြင်း မရှိ ဘူးလို့ တော့တင်ဟမ် ဟော့ စပါး အသင်း က ထုတ်ပြန် ကြေငြာ သွားခဲ့ ပါတယ် ။

2007 ခုနှစ် ဒီလို နေ့မျိုး မှာတော့ အေစီမီလန် ဟာ မန်ချက်စတာ အသင်း ကို 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ ကျော်ဖြတ် ပြီး ချန်ပီယံ လိဂ် ဖိုင်နယ် ကို တက်လှမ်း နိုင်ခဲ့ ပါတယ် ။

မက်ဆီ ဟာ လက်ရှိ အချိန် အထိ ကလပ် အသင်း အတွက် 683 ပွဲ ကစား ပေး ထားခဲ့ ပြီး သွင်းဂိုး 600 ပြည့်မြောက် ခဲ့ရ ပါပြီ ။ အဆိုပါ မှတ်တမ်း အရ မက်ဆီ ဟာ တစ်ပွဲ ကို ပျှမ်းမျှ 0.88 ဂိုးနှုန်း သွင်းယူ ထားနိုင် ခဲ့တာ ကို တွေ့ရှိ ရ ပါတယ် ။

မက်ဆီ ရဲ့ ဒီ ရာသီ စွမ်းဆောင်ရည် တွေကို ကြည့်ရှု ပြီး စီ ရော်နယ်ဒို ဟာ ဒီ ရာသီ လာလီဂါ ရဲ့ ဂိုးသွင်း ဘုရင် ဖြစ်နိုင် ဖို့ အထူး အားထုတ် သွားနိုင် လိုစိတ် ဖြစ်ပေါ် လာ လိမ့်မယ် လို့ ယုံကြည် မိကြောင်း ၊ မက်ဆီ ဟာ စီ ရော်နယ်ဒို ရဲ့ အာရုံ တွေကို လှုံ့ဆော် နိုင်စွမ်း ရှိကြောင်း ဂျူဗင်တပ် အသင်း နည်းပြ အယ်လီဂရီ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

တော့တင်ဟမ် ဟော့ စပါး အသင်း အနေ နဲ့ နောက် တစ်ဆင့် မှာ အေဂျက် ကို ကျော်ဖြတ် နိုင်ဖို့ အတွက် မက်ဆီ ကြိုးစား သလိုမျိုး အထူး ကြိုးစား ရ လိမ့်မယ် လို့ နည်းပြ ပိုချက်တီနို က ဥပမာပေး ပြောကြား သွားခဲ့ ပါတယ် ။

” လူတွေ တော်တော် များများ က မက်ဆီ နဲ့ စီ ရော်နယ်ဒို ကို နှိုင်းယှဉ် ကြတယ် ၊ တစ်ကယ် တမ်းတော့ မက်ဆီ ဆိုတာ ဘယ်လို မှ နှိုင်းယှဉ် လို့ မရနိုင် မဲ့ ကစားသမား မျိုး ပါ ” လီဗာပူး အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ဖေဘီယို အူရီလီယို က အာဂျင်တိုင်းသား ကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar