အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှုး လာကာဇက်တီ ဟာ ၂၀၁၈-၂၀၁၉ ဘောလုံး ရာသီ အတွက် အသင်း ရဲ့ အကောင်းဆုံး ကစား သမား ဆု ကို ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။

လီဗာပူး ကွင်းလယ်လူ ကီတာ ကတော့ ရာသီ ကုန် အထိ နားရ တော့မယ့် အပြင် အာဖရိက ဖလား ပြိုင်ပွဲ ကို ပါ လွဲချော် တော့ မယ် လို့ ကြားသိရ ပါတယ် ။

ရီးရဲ ဂိုး သမား ကော့တွိုက် ဟာာ လာမယ့် ရာသီ မှာ ကျောနံပါတ် ၁ ကို စွန့်လွှတ်ပြီး ချဲလ်ဆီး မှာ ၀တ်ဆင် ခဲ့တဲ့ နံပါတ် ၁၃ ကို ပြန်လည် ၀တ်ဆင် မယ် လို့ သိရ ပါတယ် ။

ဘိုင်ယန် ကို အငှားချ ထားတဲ့ ဟားမက် ရိုဒရီဂွက် ဟာ ရီးရဲ မက်ဒရစ် အသင်း ရောာင်းထုတ် မယ့် ပထမ ဦးစား ပေး ကစား သမား စာရင်း ထဲ မှာ ပါဝင် နေတယ် လို့ သိရ ပါတယ် ။

ဂျုဗင်တပ် အသင်း ကတော့ အင်တာ မီလန် တိုက်စစ် မှုး အီကာဒီ ကို ခေါ်ယူ နိုင်ရေး အတွက် စတင် ဆွေးနွေး နေပြီ လို့ သတင်း ကြားသိရ ပါတယယ် ။

Juventus’ Portuguese forward Cristiano Ronaldo (L) and Juventus’ Italian defender Giorgio Chiellini (C-R) celebrate at the end of the UEFA Champions League round of 16 second-leg football match Juventus vs Atletico Madrid on March 12, 2019 at the Juventus stadium in Turin. (Photo by Isabella BONOTTO / AFP)

အင်တာ မီလန် အသင်း ကတော့ လာဇီယို ကွင်းလယ်လူ မီလန် ကိုဗစ် ဆာဗစ် ကို စိတ်ဝင် စားနေတယ် လို့ သိရ ပါတယ် ။

PSG တိုက်စစ်မှုးလေး ဘာပေ ကတော့ ပြင်သစ် ဖလား ဖိုင်နယ် မှာ ထိခဲ့ တဲ့ အနီကဒ် အတွက် ၃ ပွဲ ပယ် အပြစ် ဒဏ် ချမှတ် ခံခဲ့ ရတယ် လို့ သတင်း ကြားသိ ရ ပါတယ် ။

မန်ယူနိုက်တက် ဟာ လိုင်ယွန် တိုက်စစ် သမား မူဆာ ဒမ်ဘီလီ ကို ခေါ်ယူ ဖို့ စောင့်ကြည့် နေတယ် လို့ သိရ ပါတယ် ။

အာဆင်နယ် အသင်း ဂိုး သမားကြီး ပီတာဆက်ခ်ျ က တော့ ရာသီ အကုန် မှာ နာမည်ကျော် Queen တေးဂီတ အဖွဲ့သား ရော်ဂျာတိုင်လာ နဲ့ အတူ တစ်ကိုယ်တော် သီချင်းတစ်ပုဒ် ကို သီဆို မှာ ဖြစ်တယ် လို့ သိရ ပြီး ရန်ပုံ ငွေ ရှာဖွေ ဖို့ အတွက် ဖြန့်ချီ သွားမှာ ဖြစ်တယ် လို့ သိရ ပါတယ် ။

ပေါ်တူဂီ ကလာတဲ့ သတင်း အချို့ အရ ပြီးခဲ့တဲ့ ရက်ပိုင်း က လေ့ကျင့်ရေး ကွင်းမှာ နှလုံး ဖောက်ပြီး ဆေးရုံ တင်ခဲ့ ရတဲ့ ဂိုးသမားကြီး ကာဆီးလက် ဟာ ကျန်းမာ လာပေမယ့် ဘောလုံး ပြန်ကစားဖို့ မလွယ် ကူတော့တဲ့ အခြေ အနေ မှာ ရှိနေတယ် လို့ သတင်း ထွက် နေခဲ့ ပါတယ် ။

PSG တိုက်စစ်မှုး နေမာ ရဲ့ စာချုပ် ဖျက်သိမ်း ကြေး ဟာ ပေါင် ၁၄၅ သန်း သာ ရှီတယ် လို့ သတင်း တစ်ပုဒ် ပေါ်ထွက် လာခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ကွင်းလယ်လူ ဟွမ်မာတာ အတွက် စာချုပ်သစ် ကို နောက်ဆုံး အကြိမ် ကမ်းလှမ်း လိုက်တယ် လို့ သိရ ပါတယ် ။ မာတာ ဟာ ယူနိုက်တက် မှာ ဆက်လက် နေလိုပြီး ဒီ စာချုပ် ကို လက်ခံ ဖွယ် ရှိလာနိုင် ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှုး လီယွန်နယ် မက်ဆီ ကတော့ ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် ပထမ အကျော့ အတွက် အကောင်းဆုံး ကစား သမား အဖြစ် ရွေးချယ် ခံခဲ့ရ ပါတယ် ။

အာဆင်နယ် တိုက်စစ်မှုး လာကာဇက်တီ ကလည်း ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပထမ အကျော့ အတွက် အကောင်းဆုံး ကစား သမား ဖြစ် ခဲ့တယ် လို့ သတင်း ရရှီ ပါတယ် ။

SPORTS MYANMAR