ပြီးခဲ့ တဲ့ ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် ပထမ အကျော့ ၊ နူးကမ့် ကွင်းမှာ ကစား ခဲ့တဲ့ ပွဲမှာ လီယွန်နယ် မက်ဆီ ဟာ ထူးရှယ် အစွမ်း ကို ပြသ ခဲ့ ပါတယ် ။ လီဗာပူး ဘက် ကို လှပ တဲ့ ဖရီးကစ် အပါ အ၀င် ၂ ဂိုး သွင်းယူ ခဲ့ ပြီး ဒုတိယ အကျော့ အတွက် အလား အလာ ကောင်းစေ ကာ ဖလား ၃ လုံး အိပ်မက် တွေ ကို ဆက်လက် အသက် သွင်း နိုင် ခဲ့ ပါတယ် ။

ဒီ သွင်းဂိုး တွေ ဟာ မက်ဆီ အတွက် ကလပ် ကစား သမား ဘ၀ ဂိုး ၆၀၀ ပြည့်မြောက် စေတဲ့ ဂိုးတွေ လည်း ဖြစ်စေခဲ့ ပါတယ် ။ ချန်ပီယံ လိဂ် ဆီမီး ပကျော့ ရဲ့ အကောင်းဆုံး ကစား သမား ဆု ကို လည်း ရရှိ ခဲ့တဲ့ မက်ဆီ ဟာ ကစား သမား ဘ၀ တစ်လျောက် ပြိုင်ဘက် နောက်တန်းတွေ ၊ ဂိုး သမားတွေ ကြောက်ရွံ့ ရတဲ့ တိုက်စစ်မှုး တစ်ဦး အဖြစ် ရပ်တည် နိုင် ခဲ့ ပါတယ် ။

Barcelona’s French forward Ousmane Dembele, Barcelona’s Chilean midfielder Arturo Vidal and Barcelona’s Argentinian forward Lionel Messi attend a training session at the Joan Gamper Sports Center in Sant Joan Despi on March 12, 2019 on the eve of the Champions League round of 16, second leg football match between FC Barcelona and Olympique Lyonnais. (Photo by LLUIS GENE / AFP)

ဒါပေမယ့် ဘန်လေ အသင်း ရဲ့ တိုက်စစ် မှုးကြီး ပီတာ ခရော့ ကတော့ မက်ဆီ ဟာ တိုက်စစ်မှုး အဖြစ် နဲ့ မစတင် ဘဲ ကွင်းလယ်လူ အဖြစ် နဲ့ စတင် ခဲ့ပါက လည်း အောင်မြင် နိုင်မှာ ဖြစ်တယ် လို့ Daily Mail ရဲ့ ဆောင်းပါး ကဏ္ဍ မှာ ရေးသား သွားခဲ့ ပါတယ် ။

ခရော့ က ဘောလုံး လောက ရဲ့ အကောင်းဆုံး ကွင်းလယ်လူ တွေ ဖြစ်ခဲ့ကြတဲ့ ဇီဒန်း ၊ အင်နီယေစတာ တို့ ဟာ မက်ဆီ သာ ကွင်းလယ် လူ အဖြစ် ဆင်း ကစား ခဲ့ပါက အကောင်းဆုံး ဆိုတဲ့ ဂုဏ်ပုဒ် ကို လွှဲပြောင်းပေး ရလိမ့်မယ် လို့ ဆိုသွားခဲ့ တာဖြစ် ပါတယ် ။

“လီဗာပူး ရှုံးနိမ့် တာ ကို ကျွန်တော် ဘယ်တုန်း ကမှ သဘော မကျ ခဲ့ ပါဘူး ။ ဒါပေမယ့် မက်ဆီ ရဲ့ ဒုတိယ ဂိုး ၊ အရမ်းလန်း တဲ့ ဖရီးကစ် ကို မြင်ပြီး တဲ့ နောက် မှာတော့ ခဏခဏ ပြန်ကြည့် မိနေ တော့ တာပါပဲ ။ သူ့ရဲ့ ဂိုးအတွက် တော့ ကျွန်တော် အောင်ပွဲ မခံ မိပါဘူး ။ ဒါပေမယ့် သူ့ရဲ့ ကြီးကျယ် ခမ်းနားမှု ကို တော့ ခံစားမိ ခဲ့ ပါတယ်”

Barcelona’s Argentinian forward Lionel Messi celebrates his goal during the Spanish league football match between FC Barcelona and Club Atletico de Madrid at the Camp Nou stadium in Barcelona on April 6, 2019. (Photo by PAU BARRENA / AFP)

“ကျွန်တော် မက်ဆီ နဲ့ တစ်ကွင်း ထဲ မှာ ၂ မိနစ် လောက်ပဲ ကြအောင် နေခဲ့ ဖူး ပါတယ် ။ ၂၀၀၇ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် တုန်းက ပါ ။ ဒါပေမယ့် ဒါကို ပဲ ကျွန်တော့ ရဲ့ မြေးတွေ ကို ဂုဏ်ယူ စွာနဲ့ ပြောပြ ဖြစ်မှာပါ ။ ဘာဖြစ်လို့ လည်း ဆိုတော့ သူက ဘောလုံး အားကစား ရဲ့ အကောင်းဆုံးသော သူ ဖြစ်နေ လို့ ပါပဲ”

“တကယ် လို့ မက်ဆီ သာ ကွင်းလယ်လူ အဖြစ် နဲ့ စတင် ခဲ့မယ် ဆိုရင် လည်း အခု အချိန် မှာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် ရှိနေ မှာပါ ။ သမိုင်း တစ်လျောက် အကောင်းဆုံး ကွင်းလယ်လူ လည်း ဖြစ်ချင် ဖြစ်လာ နိုင် ပါတယ် ။ ဘာလို့ လည်းဆိုတော့ သူ့ရဲ့ ပေးပို့မှု အစွမ်း တွေ က လက်ဖျား ခါ လောက် အောင် အံ့မခန်း ဖြစ်နေ လို့ပါပဲ” လို့ ခရော့ က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR