ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဇနက်ဒင်း ဇီဒန်း က လာမဲ့ အပြောင်း အရွှေ့ မှာ ယိုယွင်း နေတဲ့ အသင်း ရဲ့ ကွက်လပ် တွေကို ဖြည့်ဖို့ အတွက် နာမည် ကျော် ကစားသမား တွေကို ခေါ်ယူ ပြီး ဖာထေး လိုနေ ခဲ့ ပါတယ် ။

ဒီ အတွက် ထွက်ပေါ် လာ ခဲ့တဲ့ ကောလဟလ သတင်း တစ်ရပ် အရ အသင်း ဖက်မှ သူ့ကို လာမဲ့ နွေ အပြောင်း အရွှေ့ အတွက် ယူရို 540 သန်း အထိ ပြောင်းရွှေ့ စရိတ် အဖြစ် ထုတ်ပေး ဖို့ ရှိနေ တယ်လို့ သတင်း ထွက်ပေါ် ခဲ့ပါ သေးတယ် ။

အဆိုပါ သတင်း တွေနဲ့ အတူ ဇီဒန်း ဟာ ပရီးမီးယား လိဂ် နာမည်ကျော် ကွင်းလယ် ကစားသမား နှစ်ဦး ဖြစ် ကြတဲ့ ပေါလ် ပေါ့ဂ်ဘာ နဲ့ အီဒင် ဟာဇက် တို့ကို ခေါ်ယူ သွားဖို့ ရှိ နေတယ် ဆိုတဲ့ သတင်း လည်း ဆက်လက် ထွက်ပေါ် ခဲ့ပါ သေးတယ် ။

အခုတော့ ရီးယဲ မက်ဒရစ် နည်းပြ ဖြစ်သူ ဇီဒန် ကိုယ်တိုင် က အပြောင်း အရွှေ့ နဲ့ ပတ်သက် လို့ ဖြေကြား ရာမှာ ပေါလ် ပေါ့ဂ်ဘာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား သာ ဖြစ်ကြောင်း ငြင်းဆန် သွားခဲ့ ပါတယ် ။

” ပေါ့ဂ်ဘာဟာ ကစားသမား ကောင်း တစ်ဦး ပါ ။ ကျွန်တော် သိတဲ့ ကစားသမား တစ်ယောက် ပေါ့ ။ အဲ့လောက် ပါပဲ ။ ကျွန်တော် ဒီလို အကြောင်း အရာ မေးခွန်း တွေနဲ့ မပတ်သက် ချင် ပါဘူး ၊ေ-ာက်ရေး မပါတဲ့ သတင်း တွေပါ ”

” အကယ်လို့ ခင်ဗျား က ကျွန်တော့် ကို ပေါ့ဂ်ဘာ အကြောင်း မေးမယ် ဆိုရင် သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား လို့ ကျွန်တော် ဖြေကြား သွားမှာ ပါ ။ သူ တော်တော် ကောင်း ပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း သား တစ်ဦး ပါပဲ ”

” ဒီ ရာသီ ကုန်ဆုံး သွားတဲ့ အခါ တော့ အပြောင်း အရွှေ့ ကိစ္စ တွေ ဘယ်လို ဖြစ်လာ မလဲ ဆိုတာ ကျွန်တော် တို့ စောင့်ကြည့် ရတာ ပေါ့ ” လို့ ဇီဒန်း က ပြန်လည် ဖြေကြား သွားခဲ့ ပါတယ် ။

အဲ့ဒီ နောက် ဇီဒန်း က အပြောင်း အရွှေ့ ကိစ္စ တွေကို မကြာမီ လုပ်ဆောင် သွား ဖြစ်မယ် ဆိုတဲ့ အာမခံချက် မျိုး ပရိသတ် တွေဆီ ပေး မသွား ပဲ အချိန်ယူ ရဦးမှာ ဖြစ်တဲ့ အကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” မကြာခင် ဒါဟာ ဖြစ်လာ နိုင်ခြေ ရှိ မလား ဆိုတာ တော့ ကျွန်တော် မသိသေး ပါဘူး ။ အရာရာ တိုင်းက ဘယ်လို အနေအထား မှာ ရှိနေ သလဲ ဆိုတာ ခင်ဗျား တို့ သိရှိ ကြ ပါတယ် ။ ကျွန်တော် တို့ တစ်ဆင့် ပြီး တစ်ဆင့် ရှေ့ဆက် လှမ်း ရမှာ ပါ ။ တိတ်ဆိတ်စွာ ပဲ လုပ်ဆောင် ကြရ မှာပေါ့ ”

” ကစားသမား တွေက လက်ရွေးစင် အသင်း ကိုယ်စီ အတွက် ကစား ပေး ကြရ မှာပါ ။ အဲ့တာ ပြီးရင် သြဂုတ် 31 အထိ ကျွန်တော် တို့ ပြင်ဆင် ချိန်တွေ ရရှိ ထားကြ ပါတယ် ။ ဘာမဆို ဖြစ်လာ နိုင် ပါတယ် ။ ကျွန်တော် တို့ စောင့်ကြည့် ရတာ ပေါ့ဗျာ ” လို့ ဇီဒန်း က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar