#Sports_Myanmar
Unicode
ဟတ်ဒါဖီးလ်နဲ့ သရေရလဒ် ထွက်ပေါ်အပြီး ဆိုးလ်ရှားရဲ့ အနာဂတ် အပေါ် မှတ်ချက်ပေးသွားတဲ့ #ဂျေမီရက်ဒ်နပ်
==================
Sky Sports ရဲ့ သတင်း သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ဂျေမီ ရက်ဒ်နပ် က မန်ချက်စတာ ယူနိုက်တက် အသင်း အနေ နဲ့ နောက် ရာသီ မှာ အခက်အခဲ တွေကို ကြံ့ကြံ့ ခံနိုင်ဖို့ လိုအပ်ကြောင်း ၊ ဆိုးလ်ရှား ရဲ့ အနာဂတ် ဟာ သိပ် မရောရာ နိုင်တဲ့ အနေ အထား ကို ရောက်ရှိ သွားနိုင် ကြောင်း သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ယူနိုက်တက် ဟာ မနေ့ ညက တန်းဆင်း သွားခဲ့ ရပြီ ဖြစ်တဲ့ ဟတ်ဒါဖီးလ် တောင်း အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး တစ်ဖက် တစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။ အခုတော့ ယူနိုက်တက် တို့ နောက် ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲ မှာ ဝင်ရောက် ကစား ရဖို့ သေချာ သွားခဲ့ ပါပြီ ။
ထို့ အတူ ယူနိုက်တက် ကို ကိုင်တွယ် ဖို့ စတင် ရောက်ရှိ ခဲ့စဉ် တုန်းက အထူး တောက်ပ ခဲ့တဲ့ ဆိုးလ်ရှား ဟာလည်း အရောင် မှိန် သွားခဲ့ ရ ပါပြီ ။ ဒါ့ကြောင့် နောက် ရာသီ ကို ပုံစံ ကောင်းနဲ့ မစတင် နိုင်ခဲ့ ရင် ဆိုးလ်ရှား ဟာ တစ်ကယ့် ကို ကြီးမား တဲ့ ဖိအားတွေ အောက် ကျရောက် သွား လိမ့်မယ် လို့ ဂျေမီ ရက်ဒ်နပ် က သုံးသပ် သွားခဲ့ တာပဲ ဖြစ် ပါတယ် ။
” လက်ရှိ အချိန် ဟတ်ဒါဖီးလ် အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို စောင့်ကြည့် ရတာ က တစ်ကယ့် ကို အရှက် ရဖွယ် ပါပဲ ။ ဆိုးလ်ရှား ရဲ့ လက်အောက် လွန် ခဲ့တဲ့ 6 ပွဲ ၊ 7 ပွဲ ၊ 8 ပွဲ လောက်မှာ ယူနိုက်တက် နဲ့ ပတ်သက် လို့ မေးခွန်း ထုတ် စရာ တွေ အများကြီး ရှိခဲ့ ရ ပါတယ် ”
” ဟိုဆေး မော်ရင်ဟို တုန်းက သူဟာ အဓိက ပြသနာ လို့ ကျွန်တော်တို့ အားလုံး ထင်ခဲ့ ကြ ပါတယ် ။ အခုတော့ ဟိုဆေး ကို ထွက်ခွာ စေခဲ့ တာဟာ သူတို့ တွေပဲ ဆိုတာ သံသယ ဖြစ်ဖွယ် မရှိတော့ ပါဘူး ။ ဟိုဆေး ကိုယ်တိုင် ကလည်း အသင်း ကို အတိုင်းအတာ တစ်ခု အထိ ပျက်စီး စေခဲ့ ပါတယ် ”
” သူတို့ တွေဟာ ကစားသမား အချို့ ကို ဝယ်ယူ ဖို့ လိုအပ် ကောင်း လိုအပ် နိုင် ပါတယ် ။ အကယ်လို့ လာမဲ့ နွေ ရာသီ မှာ သူတို့ တွေဟာ လုံလောက် တဲ့ ကစားသမား အင်အား ဖြည့်တင်း မှုကို လုပ်ဆောင် နိုင်ခဲ့ မယ် ဆိုရင် ဒါဟာ ရှေဆက် ဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်လာ ပါ လိမ့်မယ် ”
” ဆာ အဲလပ်စ် ထွက်ခွာ ကတည်းက သူတို့ တွေဟာ ပေါင် 744 သန်း အထိ သုံးစွဲ ထားခဲ့ ပါပြီ ။ သူတို့ တွေဟာ ဘောလုံး အားကစား မှာ အောင်မြင် မှုုတွေ ဝယ်ယူ နိုင်ဖို့ ကြိုးစား ခဲ့ကြ ပါတယ် ။ သူတို့ တွေဟာ အသင်း ရဲ့ ဖွဲ့စည်းပုံ ကို မပြင်ဆင် ပဲ ကစားသမား တွေကို ဝယ်ယူ ခဲ့ကြ ပါတယ် ”
” မန်စီးတီး နဲ့ လီဗာပူး တို့ကို ကြည့်လိုက် ရင်တော့ သူတို့ ဒီ အချိန် အတွင်း မှာ အဲ့တာ ကို လုပ်ဆောင် ပြနိုင် ခဲ့ကြ ပါတယ် ။ သူတို့ တွေက အတ္တ မရှိတဲ့ ကစားသမား ကောင်း တွေကို ရွေးချယ် ခေါ်ယူ အင်အား ဖြည့်တင်း နိုင်ခဲ့ ကြ ပါတယ် ”
” ပေါ့ဂ်ဘာ ကို ရောင်းချ လိုက်ဖို့ ပြောကြား ခြင်းက လွယ်ကူ လှ ပါတယ် ။ ဒါဟာ အဖြေ တစ်ခု လည်း ဖြစ်သွား နိုင် ပါတယ် ။ ဒါပေမဲ့ အဲ့တာ က အကောင်းဆုံး အဖြေ တော့ မဟုတ် သေး ပါဘူး ။ ဒီ အသင်း မှာ မှားယွင်း နေခဲ့တဲ့ အရာ တွေဟာ အများ ကြီးကို ရှိနေ ပါတယ် ”
” ကျွန်တော် တို့ အားလုံး ဆိုးလ်ရှား ကို နှစ်သက် ကြ ပါတယ် ။ ဒါပေမဲ့ သူက မိုလ်ဒီ ၊ ကာဒစ်ဖ် အသင်း တွေကို ကိုင်တွယ် ခဲ့သူပါ ။ ခင်ဗျား တို့ အနေ နဲ့ စျေးကွက် အတွင်း မှ အကောင်းဆုံး အရာ တွေကို ရယူ နိုင်မဲ့ သူ တစ်ဦး အလို ရှိနေ ကြမှာ ပါ ”
” သူဟာ ပရီးမီးယား လိဂ်မှာ ဂွာဒီယိုလာ ၊ ပိုချက်တီနို ၊ ကလော့ပ် တို့နဲ့ ယှဉ်ပြိုင် ရမှာပါ ။ ဒါဟာ ဆိုးလ်ရှား အတွက် ကတော့ နောက် ရာသီ က တစ်ကယ့် ကို ကြီးကျယ် တဲ့ ဘောလုံး ရာသီ တစ်ခု ပါပဲ ။ သူဟာ အချိန် နဲ့ တပြေးညီ လှုပ်ရှား ရ ပါ့မယ် ။ မဟုတ်ရင် အနာဂတ် ရေရာ မှာ မဟုတ်တော့ ပါဘူး ”
” ယူနိုက်တက် ဟာ ယခင် တုန်းက မိုယက်စ် ၊ ဗန်ဟားလ် ၊ ဟိုဆေး တို့နဲ့ အတူ ကြိုးစား ခဲ့ပြီး ပါပြီ ။ ဒါပေမဲ့ အဲ့တာ က အလုပ် မဖြစ်ခဲ့ ပါဘူး ။ ယူနိုက်တက် အနေ နဲ့ သူတို့ ကို သူတို့ အရင် ဆုံး အကောင်းမွန် ဆုံး ဖြစ်အောင် လုပ်ဆောင် ရ လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ”
” ယူနိုက်တက် အနေ နဲ့ နာကျင်မှု ဝေဒနာ အတော် များများ ကို ကျော်ဖြတ် ပြရ ပါ့မယ် ။ လီဗာပူး တောင် 29 နှစ် အချိန် ယူခဲ့ ရပြီး အခုမှ အနီးစပ်ဆုံး အနေအထား ကို ရောက်ရှိ ခဲ့ရ တာပါ ။ လီဗာပူး တို့ ဘယ်လို ဖြစ်ခဲ့ သလဲ ဆိုတာ ကို ကျွန်တော် တို့ မြင်တွေ့ နိုင် ပါတယ် ”
” သူတို့ မကြိုးစား ခဲ့တဲ့ အချိန် ဆိုတာ မရှိ ခဲ့ ပါဘူး ။ ယုံကြည် ချက် တွေတော့ အရမ်း အားနည်း နေခဲ့ ခြင်းက ပြသနာ ဖြစ်ခဲ့ ပါတယ် ။ ကျွန်တော် ကတော့ ယူနိုက်တက် ကစားသမား တွေကို ကြည့်ပြီး စိုးရိမ် မိ ပါတယ် ။ သူတို့ တွေဟာ တစ်ကယ့် ကို ရှုပ်ထွေး တဲ့ အနေအထား တစ်ခု မှာ ရှိနေ ကြ ပါတယ် ” လို့ ရက်ဒ်နပ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar