ဘောလုံးပွဲ ကြည့်ခွင့်ရဖို့ အမျိုးသမီးတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့ပြခဲ့ပြီး နောက်ပိုင်း ၊ အီရန်မှာ ဘောလုံးပွဲတွေကို လွတ်လပ်စွာ ကြည့်ရှုခွင့်ပေးဖို့ အပြင်းအထန် လုပ်ဆောင်နေတဲ့ FIFA

အရှေ့အလယ်ပိုင်းမှာ ကမ္ဘာ့ဖလား ကျင်းပဖို့ အချိန်တွေ နီးကပ်လာတာနဲ့ အမျှ အီရန်က အမျိုးသမီးတွေကလဲ ဘောလုံးပွဲတွေ လွတ်လပ်စွာ ကြည့်ရှုခွင့် ရရှိဖို့ အရေး အရှိအဟုန်မြင့် လှုပ်ရှားလာနေကြသလို ၊ FIFA ကိုယ်တိုင် ကလဲ အီရန် အစိုးရ တာဝန်ရှိသူတွေ နဲ့ ဘောလုံးအဖွဲ့ချုပ်ထံ ဖိအားပေးမှုတွေ ဆက်တိုက် ပြုလုပ်လျှက် ရှိနေပါတယ်။

ပြီးခဲ့တဲ့လ က ဆာဟာ ခိုဒါရာယီ လို့ အမည်ရတဲ့ အမျိုးသမီးဟာ ဘောလုံးကြည့်ရှုခွင့် ကြိုးစားရာကနေ နောက်ဆုံးမှာ အာဏာပိုင်တွေ ရဲ့ ဖိအားပေးမှုတွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရတာကြောင့် သူမ ကိုယ် သူမ တရားရုံးရှေ့မှာပဲ မီးရှို့ပြသွားခဲ့ပါတယ်။ အဲဒီ သတင်းကြောင့် အီရန် မှာ ရှိတဲ့ အမျိုးသမီးထု လွတ်လပ်ခွင့် ရရှိရေး လှုပ်ရှားသူတွေ အုံကြွလာခဲ့ပြီး ၊ တစ်ကမ္ဘာလုံး ရဲ့ အာရုံစူးစိုက်မှုကို ခံခဲ့ရကာ နောက်ဆုံးမှာ ဖီဖာ ကိုယ်တိုင်က ထဲထဲဝင်ဝင် လှုပ်ရှားလာခဲ့တာပါ။

ခိုဒါရာယီ ဟာ သူမ အားပေးတဲ့ ဘောလုံးအသင်းရဲ့ ပွဲစဉ်ကို ကြည့်ရှုဖို့အတွက် ကွင်းထဲကို ယောက်ျားလေးယောင်ဆောင်ပြီး ၀င်ရောက်ခဲ့စဉ်မှာ လုံခြုံရေးတွေ ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အချုပ်ခန်းအတွင်း 3 ရက်အထိ ဖမ်းဆီးခံခဲ့ရပြီး ၊ တရားရုံးမှာလဲ 6 လ ကြာအောင် တရားရင်ဆိုင်ခဲ့ရပါတယ်။

ဒေသခံ အာဏာပိုင်တွေဟာ သူမရဲ့ ကွင်းအတွင်း ၀င်ရောက်ဖို့ ကြိုးစားတဲ့ အမှုလေး အတွက် နောက်ဆုံးမှာတော့ ထောင်ဒဏ် 6 လ ကနေ 2 နှစ် အထိ ချမှတ်ဖို့ ပြင်ဆင်လာနေမှန်း သတိထားမိချိန်မှာတော့ ခိုဒါရာယီဟာ တရားရုံးကို ပြေးထွက်သွားပြီး သူမကိုယ် သူမ မီးရှို့ပြသွားခဲ့တာ ဖြစ်ပါတယ်။

အရေးပေါ် ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့် နောက်တစ်ပတ် အကြာတော့ သူမဟာ မီးလောင် ဒဏ်ရာတွေ နဲ့ပဲ ဆေးရုံပေါ်မှာ အသက် ဆုံးရှုံးသွားခဲ့ရပါတယ်။

အီရန်မှာ 1979 ခုနှစ် Islamic Revolution အပြောင်းအလဲ ကာလ ကတည်းက အမျိုးသမီးတွေ ဘောလုံးကွင်းအတွင်း ၀င်ရောက်မှုကို စတင် တားဆီးခဲ့တာ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ ဖီဖာရဲ့ ဖိအားတွေကြောင့် တစ်ဖြေးဖြေး ဖြေလျှော့လာခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ကြာသပတေး နေ့မှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကမ္ဘောဒီယား နဲ့ ပွဲစဉ်မှာတော့ အီရန် တာဝန်ရှိသူတွေက အမျိုးသမီး ပရိသတ်တွေ အတွက် လက်မှတ်ပေါင်း 3500 အထိ ရောင်းချပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ၊ စတင်ရောင်းချလို့ နာရီပိုင်း အတွင်းမှာပဲ ကုန်သွားခဲ့တယ်လို့ သိရပါတယ်။

အီရန် အမျိုးသမီးတွေ ကတော့ ဒါဟာ မသမာမှု နည်းလမ်းသုံးပြီး ပျောက်ဖျက်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲထားသလို ၊ အဆိုပါ ပွဲစဉ်ကိုလဲ အမျိုးသမီး တစ်ဦးတစ်ယောက်မျှ ၀င်ရောက် ကြည့်ရှုခြင်း မပြုကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဖီဖာ ရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ လက်ရှိ အီရန် ရဲ့ အနေအထားတွေ နဲ့ပတ်သက်ပြီး “ ဒါက တစ်ပွဲထဲ အတွက် ဖြေရှင်းရမယ့် တာဝန်မျိုး မဟုတ်လို့ ၊ ကျမ တို့ရဲ့ စောင့်ကြည့်မှုတွေကို ရပ်တန့်ပစ်မှာ မဟုတ်ပါဘူး။

ဖီဖာဟာ ပရိသတ်တို်င်း တန်းတူညီမျှ နဲ့ ဘောလုံးပွဲကြည့်နိုင်ဖို့ အတွက် ခိုင်ခိုင်မာမာ စွဲကိုင်ရင်း ဆက်လက် ဆောင်ရွက်သွားမှာပါ။ လက်ရှိ အနေအထားက စိန်ခေါ်မှု အသစ် တစ်ခုရဲ့ ကန့်လန့်ကာ အဖွင့်ကို ရောက်ရှိနေပါပြီ။

နိုင်ငံ့လက်ရွေးစင် ပွဲစဉ်တွေသာ မက ၊ ပြည်တွင်းလိဂ် ပွဲစဉ်တွေကိုပါ ကြည့်ရှုခွင့် ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ခိုဒါရာယီ သေဆုံးသွားမှု အတွက်တော့ ကျမတို့လဲ အရမ်းကို ၀မ်းနည်းမိပါတယ်။ ကျမ တို့ဘက်က အီရန် ဘောလုံးအဖွဲ့ချုပ်အပေါ် သတိပေးမှုတွေ အများကြီး လုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်တွေ ကတည်းကပါ ။ အဲဒီ သတိပေးမှုတွေကိုသာ အလေးထားခဲ့မယ် ဆိုရင် ခိုဒါရာယီ ရဲ့ ၀မ်းနည်းစရာ အဖြစ်အပျက်ကိုလဲ မမြင်တွေ့ခဲ့ရလောက်ပါဘူး။

သူမ ရဲ့ သတင်းအတွက် မိသားစုဝင်တွေ ၊ သူငယ်ချင်းမိတ်ဆွေ တွေနဲ့အတူ ထပ်တူဝမ်းနည်းမိကြောင်း ပြောကြားပါရစေ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဖီဖာ တာဝန်ရှိသူတွေဟာ ကွင်းထဲမှာ အမျိုးသမီးတွေ ပရိသတ်တွေ ရဲ့ အခွင့်အရေးကို စောင့်ကြည့်ဖို့အတွက် ကိုယ်စားလှယ် အဖွဲ့တွေကိုလဲ စေလွွှတ်ထားတယ်လို့ သိရပါတယ်။

Zawgyi

ေဘာလံုးပြဲ ၾကည့္ခြင့္ရဖို႔ အမ်ိဳးသမီးတစ္ဦး ကိုယ့္ကိုကုိယ္ မီးရႈိ႕ျပခဲ့ျပီး ေနာက္ပိုင္း ၊ အီရန္မွာ ေဘာလံုးပြဲေတြကုိ လြတ္လပ္စြာ ၾကည့္ရႈခြင့္ေပးဖို႔ အျပင္းအထန္ လုပ္ေဆာင္ေနတဲ့ FIFA
****************************************************

အေရွ႕အလယ္ပိုင္းမွာ ကမၻာ့ဖလား က်င္းပဖို႔ အခ်ိန္ေတြ နီးကပ္လာတာနဲ႔ အမွ် အီရန္က အမ်ိဳးသမီးေတြကလဲ ေဘာလံုးပြဲေတြ လြတ္လပ္စြာ ၾကည့္ရႈခြင့္ ရရွိဖို႔ အေရး အရွိအဟုန္ျမင့္ လႈပ္ရွားလာေနၾကသလုိ ၊ FIFA ကိုယ္တိုင္ ကလဲ အီရန္ အစိုးရ တာ၀န္ရွိသူေတြ နဲ႔ ေဘာလံုးအဖြဲ႔ခ်ဳပ္ထံ ဖိအားေပးမႈေတြ ဆက္တိုက္ ျပဳလုပ္လွ်က္ ရွိေနပါတယ္။

ျပီးခဲ့တဲ့လ က ဆာဟာ ခိုဒါရာယီ လို႔ အမည္ရတဲ့ အမ်ိဳးသမီးဟာ ေဘာလံုးၾကည့္ရႈခြင့္ ၾကိဳးစားရာကေန ေနာက္ဆံုးမွာ အာဏာပိုင္ေတြ ရဲ႕ ဖိအားေပးမႈေတြကို ဆက္တိုက္ ရင္ဆိုင္ခဲ့ရတာေၾကာင့္ သူမ ကိုယ္ သူမ တရားရံုးေရွ႕မွာပဲ မီးရႈိ႕ျပသြားခဲ့ပါတယ္။ အဲဒီ သတင္းေၾကာင့္ အီရန္ မွာ ရွိတဲ့ အမ်ိဳးသမီးထု လြတ္လပ္ခြင့္ ရရွိေရး လႈပ္ရွားသူေတြ အံုၾကြလာခဲ့ျပီး ၊ တစ္ကမၻာလံုး ရဲ႕ အာရံုစူးစိုက္မႈကို ခံခဲ့ရကာ ေနာက္ဆံုးမွာ ဖီဖာ ကိုယ္တုိင္က ထဲထဲ၀င္၀င္ လႈပ္ရွားလာခဲ့တာပါ။

ခိုဒါရာယီ ဟာ သူမ အားေပးတဲ့ ေဘာလံုးအသင္းရဲ႕ ပြဲစဥ္ကို ၾကည့္ရႈဖို႔အတြက္ ကြင္းထဲကို ေယာက္်ားေလးေယာင္ေဆာင္ျပီး ၀င္ေရာက္ခဲ့စဥ္မွာ လုံျခံဳေရးေတြ ရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရသူ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ အခ်ဳပ္ခန္းအတြင္း 3 ရက္အထိ ဖမ္းဆီးခံခဲ့ရျပီး ၊ တရားရံုးမွာလဲ 6 လ ၾကာေအာင္ တရားရင္ဆိုင္ခဲ့ရပါတယ္။

ေဒသခံ အာဏာပိုင္ေတြဟာ သူမရဲ႕ ကြင္းအတြင္း ၀င္ေရာက္ဖို႔ ၾကိဳးစားတဲ့ အမႈေလး အတြက္ ေနာက္ဆံုးမွာေတာ့ ေထာင္ဒဏ္ 6 လ ကေန 2 ႏွစ္ အထိ ခ်မွတ္ဖို႔ ျပင္ဆင္လာေနမွန္း သတိထားမိခ်ိန္မွာေတာ့ ခိုဒါရာယီဟာ တရားရံုးကို ေျပးထြက္သြားျပီး သူမကိုယ္ သူမ မီးရိႈ႕ျပသြားခဲ့တာ ျဖစ္ပါတယ္။

အေရးေပၚ ကယ္ဆယ္မႈေတြ ျပဳလုပ္ခဲ့ၾကေပမယ့္ ေနာက္တစ္ပတ္ အၾကာေတာ့ သူမဟာ မီးေလာင္ ဒဏ္ရာေတြ နဲ႔ပဲ ေဆးရံုေပၚမွာ အသက္ ဆံုးရႈံးသြားခဲ့ရပါတယ္။

အီရန္မွာ 1979 ခုႏွစ္ Islamic Revolution အေျပာင္းအလဲ ကာလ ကတည္းက အမ်ိဳးသမီးေတြ ေဘာလံုးကြင္းအတြင္း ၀င္ေရာက္မႈကို စတင္ တားဆီးခဲ့တာ ျဖစ္ျပီး ၊ ေနာက္ပိုင္းမွာေတာ့ ဖီဖာရဲ႕ ဖိအားေတြေၾကာင့္ တစ္ေျဖးေျဖး ေျဖေလွ်ာ့လာခဲ့တာ ျဖစ္ပါတယ္။

လာမယ့္ ၾကာသပေတး ေန႔မွာ ကစားမယ့္ ကမၻာ့ဖလား ေျခစစ္ပြဲ ကေမၻာဒီယား နဲ႔ ပြဲစဥ္မွာေတာ့ အီရန္ တာ၀န္ရွိသူေတြက အမ်ိဳးသမီး ပရိသတ္ေတြ အတြက္ လက္မွတ္ေပါင္း 3500 အထိ ေရာင္းခ်ေပးမယ္လို႔ ကတိေပးခဲ့ေပမယ့္ ၊ စတင္ေရာင္းခ်လို႔ နာရီပိုင္း အတြင္းမွာပဲ ကုန္သြားခဲ့တယ္လို႔ သိရပါတယ္။

အီရန္ အမ်ိဳးသမီးေတြ ကေတာ့ ဒါဟာ မသမာမႈ နည္းလမ္းသံုးျပီး ေပ်ာက္ဖ်က္လိုက္တာ ျဖစ္တယ္လို႔ စြပ္စြဲထားသလုိ ၊ အဆိုပါ ပြဲစဥ္ကိုလဲ အမ်ိဳးသမီး တစ္ဦးတစ္ေယာက္မွ် ၀င္ေရာက္ ၾကည့္ရႈျခင္း မျပဳၾကဖို႔ တုိက္တြန္း ႏိႈးေဆာ္ထားပါတယ္။

ဖီဖာ ရဲ႕ တာ၀န္ရွိသူ တစ္ဦးကေတာ့ လက္ရွိ အီရန္ ရဲ႕ အေနအထားေတြ နဲ႔ပတ္သက္ျပီး “ ဒါက တစ္ပြဲထဲ အတြက္ ေျဖရွင္းရမယ့္ တာ၀န္မ်ိဳး မဟုတ္လို႔ ၊ က်မ တို႔ရဲ႕ ေစာင့္ၾကည့္မႈေတြကို ရပ္တန္႔ပစ္မွာ မဟုတ္ပါဘူး။

ဖီဖာဟာ ပရိသတ္တို္င္း တန္းတူညီမွ် နဲ႔ ေဘာလံုးပြဲၾကည့္ႏိုင္ဖို႔ အတြက္ ခိုင္ခိုင္မာမာ စြဲကိုင္ရင္း ဆက္လက္ ေဆာင္ရြက္သြားမွာပါ။ လက္ရွိ အေနအထားက စိန္ေခၚမႈ အသစ္ တစ္ခုရဲ႕ ကန္႔လန္႔ကာ အဖြင့္ကို ေရာက္ရွိေနပါျပီ။

ႏိုင္ငံ့လက္ေရြးစင္ ပြဲစဥ္ေတြသာ မက ၊ ျပည္တြင္းလိဂ္ ပြဲစဥ္ေတြကိုပါ ၾကည့္ရႈခြင့္ ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ခိုဒါရာယီ ေသဆံုးသြားမႈ အတြက္ေတာ့ က်မတို႔လဲ အရမ္းကို ၀မ္းနည္းမိပါတယ္။ က်မ တုိ႔ဘက္က အီရန္ ေဘာလံုးအဖြဲ႔ခ်ဳပ္အေပၚ သတိေပးမႈေတြ အမ်ားၾကီး လုပ္ခဲ့တဲ့ လြန္ခဲ့တဲ့ ႏွစ္ေတြ ကတည္းကပါ ။ အဲဒီ သတိေပးမႈေတြကိုသာ အေလးထားခဲ့မယ္ ဆိုရင္ ခိုဒါရာယီ ရဲ႕ ၀မ္းနည္းစရာ အျဖစ္အပ်က္ကိုလဲ မျမင္ေတြ႔ခဲ့ရေလာက္ပါဘူး။

သူမ ရဲ႕ သတင္းအတြက္ မိသားစု၀င္ေတြ ၊ သူငယ္ခ်င္းမိတ္ေဆြ ေတြနဲ႔အတူ ထပ္တူ၀မ္းနည္းမိေၾကာင္း ေျပာၾကားပါရေစ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ဖီဖာ တာ၀န္ရွိသူေတြဟာ ကြင္းထဲမွာ အမ်ိဳးသမီးေတြ ပရိသတ္ေတြ ရဲ႕ အခြင့္အေရးကို ေစာင့္ၾကည့္ဖို႔အတြက္ ကိုယ္စားလွယ္ အဖြဲ႔ေတြကိုလဲ ေစလြႊတ္ထားတယ္လို႔ သိရပါတယ္။