မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး မော်ရင်ဟို ပြောခဲ့တဲ့ အမှန်တရား ရ ချက်

မန်ချက် စတာ ယူနိုက် တက် ဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ က ဟို ဆေး မော်ရင်ဟို ကို ထုတ်ပယ် ခဲ့ ပါတယ် ။ ပေါ်တူဂီ နည်းပြ ကြီး ဟာ မန်ချက် စတာ ယူနိုက်တက် ကို စတင် ရောက်ရှိ တဲ့ နှစ် မှာ ယူရိုပါ လိဂ် နဲ့ လိဂ် ဖလား တို့ ကို ရယူပြီး အသင်း ကို အောင်မြင်မှု လမ်းကြောင်းပေါ် တဖန် ပြန်လည် ဆွဲတင် ပေးမယ့်သူ လို့ အားလုံးက ထင်မှတ် ခဲ့ကြ ပါတယ် ။

ဒုတိယ မြောက် ရာသီ မှာ အဆင့် ၂ နဲ့ ရာသီ ပိတ်သိမ်း နိုင် ခဲ့ ပေမယ့် ချန်ပီယံ မန်စီးတီး နဲ့ စံချိန်တင် အမှတ် တွေ ကွာခဲ့ တဲ့ အပြင် ကစားပုံ မကောင်း ခြင်း ၊ အသင်း သား အချို့ ကို လူသိ ရှင်ကြား ဝေဖန် ခြင်းတွေကြောင့် မော်ရင်ဟို အပေါ် အလိုမကျ သူတွေ တဖြည်းဖြည်း များပြား လာခဲ့ကာ တတိယမြောက် ရာသီ အလယ် မှာ ထုတ်ပယ် ခံလိုက်ရတယ် ဆိုတာကို ဘောလုံး ပရိသတ် အားလုံး သိရှိခဲ့ပြီ ဖြစ် ပါတယ် ။

မော်ရင်ဟို ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် ရှိနေ ခဲ့စဉ် အတွင်း အသင်းသား အတော်များများ ကို လူသိ ရှင်ကြား ပြင်းပြင်း ထန်ထန် ဝေဖန် မှု တွေ ရှိ ခဲ့ပြီး သူ့ရဲ့ ချီးကျုးမှု ကို ရရှိတဲ့ ကစား သမား ဟာ လက်ချိုးရေတွက် ရလောက် အောင် နည်းပါး ခဲ့ ပါတယ် ။

ဒါ့အပြင် သူ့ရဲ့ ယူနိုက်တက် နည်းပြ ဘဝ ဒုတိယ မြောက် ရာသီ မှာ အဆင့် ၂ နဲ့ ပိတ်သိမ်းနိုင်ခဲ့ မှု ဟာ သူ့ရဲ့ အကောင်းဆုံး အောင်မြင်မှုတွေ ထဲက တစ်ခု ပါလို့ ပြောဆို ခဲ့မှု အပေါ်လည်း လှောင်ရယ်ခဲ့ကြ ပါတယ် ။ ဒါပေမယ့် အခုတော့ ဘယ်သူမှ မော်ရင်ဟို ပြောဆို ခဲ့တာတွေ နဲ့ ပတ်သက်ပြီး မလှောင်ပြောင်နိုင်တော့ ပါဘူး ။ ဘာဖြစ်လို့ လည်း ဆိုတော့ မော်ရင်ဟို ပြောခဲ့တာတွေ ထဲက အတော်များများ ဟာ မှန်နေခဲ့လို့ ပါပဲ ။

၁ ။ ဒုတိယ နေရာနဲ့ ရာသီ ပိတ်သိမ်းနိုင်မှု ဟာ မဟာအောင်ပွဲ ဟုပြောဆိုခြင်း
အင်တာမီလန် နဲ့ ချန်ပီယံ လိဂ် အပါ အဝင် တစ်ရာသီ အတွင်း ဖလား ၃ လုံး ၊ ပေါ်တို နဲ့ ချန်ပီယံ လိဂ် ၊ ချဲလ်ဆီး ကို ၂ ခါ ကိုင်တွယ်ပြီး အမှတ်ပေး ချန်ပီယံဆုတွေ ရယူပေး ခဲ့သူ တစ်ဦး က အမှတ်ပေး ဇယား ရဲ့ အဆင့် ၂ နေရာ နဲ့ ပိတ်သိမ်း နိုင်မှု ဟာ ကြီးမားတဲ့ အောင်ပွဲ လို့ ဆိုလာခဲ့ ပါတယ် ။ ဒါကို ဘောလုံး ပရိသတ် တွေ ၊ ဝေဖန်သူတွေ က လှောင်ပြောင် အပြစ်တင် ခဲ့ကြ ပါတယ် ။

ဒါပေမယ့် မော်ရင်ဟို ကတော့ သူ့ရဲ့ စကားဟာ မှန်ကန် တယ်ဆိုတာ ကို အပြည့်အဝ ယုံကြည်ကြောင်း နဲ့ နောက်ကွယ် မှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ကို ဘယ်သူမှ မသိကြောင်း တုန့်ပြန်ပြောဆို ခဲ့ ပါတယ် ။ အခု အချိန် မှာတော့ ဒီလူတွေ နဲ့ အာဆင်နယ် ၊ လီဗာပူး ၊ စပါး ၊ ချဲလ်ဆီး တို့ရဲ့ အထက် မှာ ရပ်တည် နိုင်တဲ့ တာ ဟာ တကယ်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ဖြစ်တယ်ဆိုတာ ကို အားလုံး နီးပါး လက်ခံ သွားကြပြီဖြစ် ပါတယ် ။

၂ ။ တော်မီနေး ကို နေရာပေးခဲ့ခြင်း
သူ့ရဲ့ ဒုတိယ မြောက် ရာသီ မှာ မော်ရင်ဟို ဟာ အကယ် ဒမီ ကွင်းလယ် ကစား သမား တစ်ဦး ကို မိတ်ဆက် ပေးခဲ့ ပါတယ် ။ သူကတော့ မက် တော်မီနေး ပါ ။ လူငယ်တွေ ကို နေရာပေးလေ့ သိပ် မရှိတဲ့ မော်ရင်ဟို ဟာ တော်မီနေး ကို တော့ ပွဲ အတော်များများ ပွဲထွက် အသုံးပြု ခဲ့သလို ခြေစွမ်း မပြနိုင်တိုင်း လိုလို မှာလည်း ကာကွယ် ပေးခဲ့ ပါတယ် ။

မော်ရင်ဟို ဟာ တော်မီနေး ကို ၂၀၁၈ အတွက် အကောင်းဆုံး မန်ချက်စတာ ယူနိုက်တက် ကစား သမား ( သူ တစ်ဦးတည်း အမြင် ) အဖြစ် သတ်မှတ် ခဲ့သလို အနာဂါတ် မှာ လည်း ထွန်းတောက်မယ့်သူ အဖြစ် ပြောဆို ခဲ့ ပါတယ် ။ မော်ရင်ဟို မရှိတော့ ချိန် မှာတော့ တော်မီနေး ဟာ ယူနိုက်တက် ကွင်းလယ်ရဲ့ အားထားရတဲ့ ကစား သမား တစ်ဦး ဖြစ်လာ ခဲ့ပြီး ခြေစွမ်း မှာသာ မက ခေါင်းဆောင်မှု အပိုင်းမှာပါ အလားအလာ ကောင်းတွေ ရှိနေတဲ့ သူ တစ်ဦး အဖြစ် သိသာ မြင်သာ စေလာခဲ့ ပါတယ် ။

၃ ။ ရက်ဖိုဒ့် ဟာ အထောင်တိုက်စစ်မှုး မဟုတ်ဘူး
လူကာကူ ကို ပွဲထွက် ခွင့်တွေ ပေးနေ ခဲ့ပြီး ရက်ဖိုဒ့် ကို ခေါက်ထားတဲ့ အတွက် ယူနိုက်တက် ဂန္ထဝင် တွေ နဲ့ ပရိသတ်တွေက မော်ရင်ဟို အပေါ် ဒေါသူပုန် ထခဲ့ကြ ပါတယ် ။ မော်ရင်ဟို နေရာကို ဆက်ခံ တဲ့ ဆိုးရှား က မားကပ် ရက်ဖိုဒ့် ဟာ သူ့ရဲ့ ဦးစားပေး ပွဲထွက် တိုက်စစ်မှုး ဖြစ်တယ်လို့ ကြေငြာ ခဲ့စဉ် မှာ ၀မ်းသာ ခဲ့တဲ့သူတွေ အများအပြား ရှိခဲ့ မှာပါ ။

rashford

ဒါပေမယ့် ဒီတစ်ခု မှာလည်း မော်ရင်ဟို မှန်ခဲ့ပြန် ပါတယ် ။ ရက်ဖိုဒ့် ဟာ နယူးကာဆယ် ကို ၁ – ၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ ၂ ဖက် အသင်း ဂိုး သမားတွေ ထက်ပင် ဘောလုံး ထိတွေ့မှု အကြိမ် နည်းခဲ့ ပါတယ် ။ လျှင်မြန်တဲ့ ပြေးနှုန်း တစ်ခု သာ ပိုင်ဆိုင် ထားတဲ့ မားကပ် ရက်ဖိုဒ့် ဟာ အထောင်တိုက်စစ်မှုး ဖြစ်ဖို့ သင်ယူ စရာတွေ လိုအပ် နေသေးတယ် ဆိုတာ ထက် အထောင်တိုက်စစ်မှုး တစ်ဦး ဖြစ်ဖို့ မသင့်တော်ဘူးဆိုတဲ့ အတွေးတွေ ကို ယူနိုက်တက် ပရိသတ်တွေ စတင် ခံစားမိလာခဲ့ပါပြီ ။

၄ ။ ပါရဲရား အပေါ် ဝေဖန်ခြင်း
ယူနိုက်တက် နည်းပြ ဖြစ်လာချိန် မှာ ဆိုးရှား လုပ်ပေး ရမယ့် တာဝန် ၂ ခု ရှိ ပါတယ် ။ တစ်ခု က တစ်ချိန်တုန်းက အောင်မြင် ခဲ့တဲ့ တိုက်စစ် အသားပေး ကစားပုံ ကို ပြန်လည် ဖော်ဆောင်ဖို့ နဲ့ ဆာအဲလက်စ် တုန်းကလို လူငယ်တွေ ကို နေရာပေးဖို့ပါ ။ ဒီ အတွက် ဆိုးရှား ရွေးချယ် ခဲ့တဲ့ သူတွေ ထဲ မှာ ဘရာဇီး ကွင်းလယ်လူ အန်ဒရေ ပါရဲရား ပါ၀င် ခဲ့ ပါတယ် ။ ဒါပေမယ့် မော်ရင်ဟို ကတော့ ပါရဲရား ကို သဘောမတွေ့ခဲ့ ပါဘူး ။

ဘရာဇီးသားလေး ဟာ မော်ရင်ဟို ရဲ့ ပထမဆုံး ၂ ရာသီ မှာ ဂရန်နာဒါ ၊ ဗလင်စီယာ အသင်းတွေ ဆီ အငှား ထွက် ကစားခဲ့ရ ပါတယ် ။ ဒါ့အပြင် ပါရဲရား ဟာ ယူနိုက်တက် မှ ယူနိုက်တက် ဆိုတဲ့ စိတ်ဓါတ် နဲ့ ခံယူချက်မျိုး ရှိမနေကြောင်း လည်း မော်ရင်ဟို က ဝေဖန်ခဲ့ သလို သူတောင်းဆို နေတဲ့ ပွဲထွက်ခွင့် နဲ့လည်း ထိုက်တန် မှု မရှိဘူးလို့ ပြောဆို ခဲ့ ပါတယ် ။ ပရိသတ်တွေ က တော့ ပါရဲရား . . . ပါရဲရား နဲ့ အော်ဟစ် နေခဲ့ ပါတယ် ။ အခု တော့ ဒီအသံတွေ တိတ်သွားခဲ့ ပါပြီ ။

၅ ။ ပေါ့ဘာ ဟာ ယုံကြည်ကိုးစားရတဲ့ သူ မဟုတ် ၊ သူဟာ “Virus” ဖြစ်တယ်
ဆောက်သမ်တန် နဲ့ သရေကျ ခဲ့တဲ့ ပွဲ ဟာ မော်ရင်ဟို ယူနိုက်တက် ကို မစွန့်ခွာခွင် ရက် အနည်းငယ် အလို မှာ ဖြစ်ခဲ့ တာပါ ။ ဒီပွဲ အပြီးမှာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကို ဗိုင်းရပ်စ် တစ်ကောင် ဖြစ်ပြီး အနီးအနားက လူတွေကို ကူးစက်စေတတ် သူ လို့ မော်ရင်ဟို သုံးနှုန်း ဝေဖန် ခဲ့ ပါတယ် ။ အသင်း အတွင်း မှာ ပေါ့ဘာ – မော်ရင်ဟို အားပြိုင်မှုတွေ ကြီးထွား လာခဲ့ပြီး ကလပ် ဘက်က ပေါ့ဘာ ကို ရွေးချယ် ကာ မော်ရင်ဟို ကို ထုတ်ပယ် ခဲ့ ပါတယ် ။ အခု သူတို့ မှားသွားမှန်း သဘောပေါက် နေလောက် ပါပြီ ။

ပြင်သစ် ကစား သမား ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ရီးရဲ မက်ဒရစ် နဲ့ သတင်း အကြီးအကျယ် ထွက်ခဲ့ပြီး တရားဝင် ဖွင့်ဟ ပြောမသွားလင့်ကစား အေးဂျင့် နဲ့ မိသားစုဝင်တွေ ရဲ့ လုပ်ရပ်တွေ ကို ကြည့်ခြင်း အားဖြင့် ပေါ့ဘာ ဟာ ရီးရဲ ကို ပြောင်းချင်နေခဲ့တာ ကို သိသာ စေခဲ့ ပါတယ် ။ ဒီရာသီ မှာ လည်း အဖွင့် ပွဲစဉ် မှာ သာ ပုံစံ ကောင်း ရခဲ့ပြီး ကျန်တဲ့ ပွဲတွေ မှာ ပေါ့ဘာ ဆီက ပေါ့ဘာ ဆန်တဲ့ ခြေစွမ်းတွေ ကို မမြင်တွေ့ခဲ့ရ ပါဘူး ။

လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် ၁၂ ကို ရောက်နေပြီး ဒါဟာ ကမ္ဘာ့ ဖလား ချန်ပီယံ အသင်းသား တစ်ယောက် အတွက် အသင်းပြောင်းခွင့် တောင်းခံ ဖို့ လုံလောက်တဲ့ အချက် ဖြစ်လာ နိုင် ပါတယ် ။ ဒီလိုတွေ ဖြစ်လာအောင် ပေါ့ဘာ ကြံစည်ခဲ့သလား ဆိုတာ သူကိုယ်တိုင်ပဲ သိနိုင် မှာပါ ။ သေချာတာ ကတော့ မော်ရင်ဟို မှန်ခဲ့ပြန် တာပါပဲ ။

၆ ။ ခံစစ်ကို ထောက်ပြခဲ့ခြင်း
ကမ္ဘာ့ အဆင့် ခံစစ် သမား တစ်ဦး ကို ခေါ်ယူ ပေးဖို့ ဒုတိယ မြောက် ရာသီ အကုန်မှာ မော်ရင်ဟို တောင်းဆို ခဲ့ ပါတယ် ။ နွေရာသီ တစ်လျောက်လုံး အယ်ဒါ၀ီရယ် ၊ ကူလီဘာလေ ၊ မက်ဂွဲယား ၊ ဘိုတန် ၊ စကရီနီယာ စတဲ့ နာမည်ကျော်တွေ နဲ့ သတင်းထွက် ခဲ့ပြီး တစ်ယောက် မှ ရောက်မလာခဲ့ ပါဘူး ။ မော်ရင်ဟို လက်ထက် ယူနိုက်တက် အသင်းမှာ ဂျုံးစ် ၊ ဘိုင်လီ ၊ စမောလင်း ၊ ရိုဟို ၊ လင်ဒီလော့ဖ် တို့ ဟာ ခံစစ်မှုး ၂ နေရာ အတွက် အရွေးခံခဲ့ရ ပါတယ် ။ ဒါပေမယ့် လင်ဒီလော့ဖ် က လွဲရင် မော်ရင်ဟို စိတ်တိုင်းကျသူ မရှိခဲ့ ပါဘူး ။

ဒီရာသီမှာတော့ မော်ရင်ဟို အသည်းအသန် တောင်းဆိုခဲ့တဲ့ စာရင်း ထဲ က ဟယ်ရီ မက်ဂွဲယား ကို ယူနိုက်တက် တို့ ခေါ်ယူ ပေးခဲ့သလို ပဲလေ့စ် နောက်ခံလူ ဘစ်ဆာကာ ကို လည်း ခေါ်ယူ ပေးခဲ့ ပါတယ် ။ ဒါပေမယ့် ခံစစ် ကစားပုံ ကောင်းတဲ့ နည်းပြ မရှိတော့တဲ့ နောက်မှာတော့ ယူနိုက်တက် ရဲ့ ခံစစ် ဟာ အမှား အယွင်း တွေ နဲ့ ဂိုးတွေ ပေးနေခဲ့ရ ပါတယ် ။ ဒီ နောက်တန်းနဲ့ သာ မော်ရင်ဟို ကို ပေးကိုင်လိုက်ရင် ဆိုတဲ့ အတွေးတွေ လည်း ၀င်နေ သူတွေ ရှိနေ မှာ ပါ ။

၇ ။ ဆိုးရှား ဟာ ရုပ်သေးရုပ် လို့ ပြောဆိုခဲ့ခြင်း
“ကျွန်တော် က သဘောကောင်းတဲ့ နည်းပြ မဖြစ်ချင် ပါဘူး ။ သဘောကောင်းတဲ့ သူ ဟာ ကြိုးဆွဲ ခံရတတ် ပါတယ်” ဆိုတဲ့ စကား ဟာ မော်ရင်ဟို လက်ထဲ ကနေ ယူနိုက်တက် ကို လွှဲယူ ခဲ့တဲ့ ဆိုးရှား တစ်ယောက် အစ ကောင်းခဲ့ ပေမယ့် နောက်ဆုံး ၁၀ ပွဲ မှာ ၆ ပွဲထိ ရှုံးနိမ့်ကာ အဆင့် ရ နဲ့ ရာသီ ပိတ်သိမ်း အပြီး မှာ ပြောဆို ခဲ့တဲ့ စကား ဖြစ် ပါတယ် ။

ဆိုးရှား ဟာ ယူနိုက်တက် ပရိသတ်တွေ အတွက် ကယ်တင်ရှင် တစ်ဦး ၊ အသင်းရဲ့ ဖွဲ့စည်းပုံ နဲ့ နှလုံး ၀ိဉာဉ် တွေ ကို သိနားလည် တဲ့ ဂန္ထဝင် တစ်ဦး ၊ တစ်ချိန်တုန်းက အောင်မြင်မှု တွေ နဲ့ လူငယ် စီမံကိန်းတွေ ကို ဖော်ဆောင်ပေး မယ့်သူ တစ်ဦး အဖြစ် ထင်ခဲ့ ပေမယ့် တကယ်တန်း မှာတော့ ဆိုးရှား ဟာ အသင်း အမှုဆောင် အက်ဝုဒ်ဝက် ရဲ့ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေး ရုပ်တစ်ခု လို ဖြစ်နေ ခဲ့ ပါတယ် ။

ဒါကို ဆိုးရှား ကိုယ်တိုင် ၀န်ခံမှာ မဟုတ်ပေမယ့် အသင်း က သူ့အပေါ် လုပ်ဆောင် ပေးခဲ့တာတွေ ၊ သူ့ အပေါ် ပြောဆို ကာကွယ် ပေးနေတာ တွေ ၊ ဆိုးရှား ရဲ့ ပွဲအပြီး ပြောစကားတွေ ကို ပြန်ပြီး သုံးသပ်ကြည့်မယ် ဆိုရင် သဘောကောင်းတဲ့ နော်ဝေသား ဟာ ကစား သမား တွေ ကို မလွှမ်းမိုး နိုင်သလို ဘုတ်အဖွဲ့ နဲ့ အမှုဆောင် တို့ ကို လည်း ရဲရဲဝံ့ဝံ့ ပြောဆို နိုင်ခြင်း မရှိ လောက်တာကို ရိပ်စားမိ နိုင် ပါတယ် ။ ဒီတစ်ခု ကလည်း မော်ရင်ဟို မှန်ခဲ့ ပြန်တာပါပဲ ။

နိုင်ငံ တကာ ပွဲစဉ်တွေ အပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ လီဗာပူး နဲ့ ရင်ဆိုင် ရမှာပါ ။ ဒီရာသီ မှာ ၈ ပွဲ ကစား ၊ ၈ ပွဲလုံး နိုင်ထားတဲ့ လီဗာပူး ကို အပြတ် အသတ် ရှုံးနိမ့် မယ်လို့ အတော် များများက တွေးထင် ယုံကြည် ထားကြပါပြီ ။ မနှစ်တုန်းက လီဗာပူး ကို ရှုံးပြီး မော်ရင်ဟို ထုတ်ခံ ခဲ့ရသလို ဒီနှစ် မှာလည်း ဆိုးရှား ထုတ်ခံ ရမယ်လို့ ရေပန်း စားနေခဲ့ပြန် ပါပြီ ။

မော်ရင်ဟို ကတော့ မချိပြုံး ပဲ ပြုံး နေမလား ၊ အိမ်က တီဗွီ ကို ကြည့်ပြီး ၀မ်းနည်းနေ မလား ၊ လှောင်ရယ် နေမလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိနိုင် မှာပါ . . .

SPORTS MYANMAR

Zawgyi

မန္ခ်က္စတာ ယူႏိုက္တက္ နဲ႔ ပတ္သက္ၿပီး ေမာ္ရင္ဟို ေျပာခဲ့တဲ့ အမွန္တရား ၇ ခ်က္

==========================================

မန္ခ်က္ စတာ ယူႏုိက္ တက္ ဟာ ၿပီးခဲ့တဲ့ ႏွစ္ ဒီဇင္ဘာ က ဟို ေဆး ေမာ္ရင္ဟို ကို ထုတ္ပယ္ ခဲ့ ပါတယ္ ။ ေပၚတူဂီ နည္းျပ ႀကီး ဟာ မန္ခ်က္ စတာ ယူႏိုက္တက္ ကို စတင္ ေရာက္ရွိ တဲ့ ႏွစ္ မွာ ယူရိုပါ လိဂ္ နဲ႔ လိဂ္ ဖလား တို႔ ကို ရယူၿပီး အသင္း ကို ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ တဖန္ ျပန္လည္ ဆြဲတင္ ေပးမယ့္သူ လုိ႔ အားလံုးက ထင္မွတ္ ခဲ့ၾက ပါတယ္ ။

ဒုတိယ ေျမာက္ ရာသီ မွာ အဆင့္ ၂ နဲ႔ ရာသီ ပိတ္သိမ္း ႏုိင္ ခဲ့ ေပမယ့္ ခ်န္ပီယံ မန္စီးတီး နဲ႔ စံခ်ိန္တင္ အမွတ္ ေတြ ကြာခဲ့ တဲ့ အျပင္ ကစားပံု မေကာင္း ျခင္း ၊ အသင္း သား အခ်ဳိ႕ ကို လူသိ ရွင္ၾကား ေ၀ဖန္ ျခင္းေတြေၾကာင့္ ေမာ္ရင္ဟို အေပၚ အလိုမက် သူေတြ တျဖည္းျဖည္း မ်ားျပား လာခဲ့ကာ တတိယေျမာက္ ရာသီ အလယ္ မွာ ထုတ္ပယ္ ခံလုိက္ရတယ္ ဆုိတာကို ေဘာလံုး ပရိသတ္ အားလံုး သိရွိခဲ့ၿပီ ျဖစ္ ပါတယ္ ။

ေမာ္ရင္ဟို ဟာ မန္ခ်က္စတာ ယူႏုိက္တက္ နည္းျပ အျဖစ္ ရွိေန ခဲ့စဥ္ အတြင္း အသင္းသား အေတာ္မ်ားမ်ား ကို လူသိ ရွင္ၾကား ျပင္းျပင္း ထန္ထန္ ေ၀ဖန္ မႈ ေတြ ရွိ ခဲ့ၿပီး သူ႔ရဲ႕ ခ်ီးက်ဳးမႈ ကို ရရွိတဲ့ ကစား သမား ဟာ လက္ခ်ဳိးေရတြက္ ရေလာက္ ေအာင္ နည္းပါး ခဲ့ ပါတယ္ ။

ဒါ့အျပင္ သူ႔ရဲ႕ ယူႏုိက္တက္ နည္းျပ ဘ၀ ဒုတိယ ေျမာက္ ရာသီ မွာ အဆင့္ ၂ နဲ႔ ပိတ္သိမ္းႏုိင္ခဲ့ မႈ ဟာ သူ႔ရဲ႕ အေကာင္းဆံုး ေအာင္ျမင္မႈေတြ ထဲက တစ္ခု ပါလို႔ ေျပာဆို ခဲ့မႈ အေပၚလည္း ေလွာင္ရယ္ခဲ့ၾက ပါတယ္ ။ ဒါေပမယ့္ အခုေတာ့ ဘယ္သူမွ ေမာ္ရင္ဟို ေျပာဆို ခဲ့တာေတြ နဲ႔ ပတ္သက္ၿပီး မေလွာင္ေျပာင္ႏုိင္ေတာ့ ပါဘူး ။ ဘာျဖစ္လုိ႔ လည္း ဆုိေတာ့ ေမာ္ရင္ဟို ေျပာခဲ့တာေတြ ထဲက အေတာ္မ်ားမ်ား ဟာ မွန္ေနခဲ့လို႔ ပါပဲ ။

၁ ။ ဒုတိယ ေနရာနဲ႔ ရာသီ ပိတ္သိမ္းႏုိင္မႈ ဟာ မဟာေအာင္ပြဲ ဟုေျပာဆိုျခင္း
အင္တာမီလန္ နဲ႔ ခ်န္ပီယံ လိဂ္ အပါ အ၀င္ တစ္ရာသီ အတြင္း ဖလား ၃ လံုး ၊ ေပၚတို နဲ႔ ခ်န္ပီယံ လိဂ္ ၊ ခ်ဲလ္ဆီး ကို ၂ ခါ ကိုင္တြယ္ၿပီး အမွတ္ေပး ခ်န္ပီယံဆုေတြ ရယူေပး ခဲ့သူ တစ္ဦး က အမွတ္ေပး ဇယား ရဲ႕ အဆင့္ ၂ ေနရာ နဲ႔ ပိတ္သိမ္း ႏုိင္မႈ ဟာ ႀကီးမားတဲ့ ေအာင္ပြဲ လို႔ ဆိုလာခဲ့ ပါတယ္ ။ ဒါကို ေဘာလံုး ပရိသတ္ ေတြ ၊ ေ၀ဖန္သူေတြ က ေလွာင္ေျပာင္ အျပစ္တင္ ခဲ့ၾက ပါတယ္ ။

ဒါေပမယ့္ ေမာ္ရင္ဟို ကေတာ့ သူ႔ရဲ႕ စကားဟာ မွန္ကန္ တယ္ဆုိတာ ကို အျပည့္အ၀ ယံုၾကည္ေၾကာင္း နဲ႔ ေနာက္ကြယ္ မွာ ဘာေတြ ျဖစ္ခဲ့တယ္ ဆုိတာ ကို ဘယ္သူမွ မသိေၾကာင္း တုန္႔ျပန္ေျပာဆို ခဲ့ ပါတယ္ ။ အခု အခ်ိန္ မွာေတာ့ ဒီလူေတြ နဲ႔ အာဆင္နယ္ ၊ လီဗာပူး ၊ စပါး ၊ ခ်ဲလ္ဆီး တို႔ရဲ႕ အထက္ မွာ ရပ္တည္ ႏိုင္တဲ့ တာ ဟာ တကယ္ေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္ ျဖစ္တယ္ဆိုတာ ကို အားလံုး နီးပါး လက္ခံ သြားၾကၿပီျဖစ္ ပါတယ္ ။

၂ ။ ေတာ္မီေနး ကို ေနရာေပးခဲ့ျခင္း
သူ႔ရဲ႕ ဒုတိယ ေျမာက္ ရာသီ မွာ ေမာ္ရင္ဟို ဟာ အကယ္ ဒမီ ကြင္းလယ္ ကစား သမား တစ္ဦး ကို မိတ္ဆက္ ေပးခဲ့ ပါတယ္ ။ သူကေတာ့ မက္ ေတာ္မီေနး ပါ ။ လူငယ္ေတြ ကို ေနရာေပးေလ့ သိပ္ မရွိတဲ့ ေမာ္ရင္ဟို ဟာ ေတာ္မီေနး ကို ေတာ့ ပြဲ အေတာ္မ်ားမ်ား ပြဲထြက္ အသံုးျပဳ ခဲ့သလို ေျခစြမ္း မျပႏုိင္တုိင္း လိုလို မွာလည္း ကာကြယ္ ေပးခဲ့ ပါတယ္ ။

ေမာ္ရင္ဟို ဟာ ေတာ္မီေနး ကို ၂၀၁၈ အတြက္ အေကာင္းဆံုး မန္ခ်က္စတာ ယူႏုိက္တက္ ကစား သမား ( သူ တစ္ဦးတည္း အျမင္ ) အျဖစ္ သတ္မွတ္ ခဲ့သလို အနာဂါတ္ မွာ လည္း ထြန္းေတာက္မယ့္သူ အျဖစ္ ေျပာဆို ခဲ့ ပါတယ္ ။ ေမာ္ရင္ဟို မရွိေတာ့ ခ်ိန္ မွာေတာ့ ေတာ္မီေနး ဟာ ယူႏုိက္တက္ ကြင္းလယ္ရဲ႕ အားထားရတဲ့ ကစား သမား တစ္ဦး ျဖစ္လာ ခဲ့ၿပီး ေျခစြမ္း မွာသာ မက ေခါင္းေဆာင္မႈ အပုိင္းမွာပါ အလားအလာ ေကာင္းေတြ ရွိေနတဲ့ သူ တစ္ဦး အျဖစ္ သိသာ ျမင္သာ ေစလာခဲ့ ပါတယ္ ။

၃ ။ ရက္ဖိုဒ့္ ဟာ အေထာင္တုိက္စစ္မႈး မဟုတ္ဘူး
လူကာကူ ကို ပြဲထြက္ ခြင့္ေတြ ေပးေန ခဲ့ၿပီး ရက္ဖုိဒ့္ ကို ေခါက္ထားတဲ့ အတြက္ ယူႏုိက္တက္ ဂႏၳ၀င္ ေတြ နဲ႔ ပရိသတ္ေတြက ေမာ္ရင္ဟို အေပၚ ေဒါသူပုန္ ထခဲ့ၾက ပါတယ္ ။ ေမာ္ရင္ဟို ေနရာကို ဆက္ခံ တဲ့ ဆုိးရွား က မားကပ္ ရက္ဖိုဒ့္ ဟာ သူ႔ရဲ႕ ဦးစားေပး ပြဲထြက္ တိုက္စစ္မႈး ျဖစ္တယ္လို႔ ေၾကျငာ ခဲ့စဥ္ မွာ ၀မ္းသာ ခဲ့တဲ့သူေတြ အမ်ားအျပား ရွိခဲ့ မွာပါ ။

ဒါေပမယ့္ ဒီတစ္ခု မွာလည္း ေမာ္ရင္ဟို မွန္ခဲ့ျပန္ ပါတယ္ ။ ရက္ဖုိဒ့္ ဟာ နယူးကာဆယ္ ကို ၁ – ၀ နဲ႔ ရွဳံးနိမ့္ ခဲ့တဲ့ ပြဲမွာ ၂ ဖက္ အသင္း ဂုိး သမားေတြ ထက္ပင္ ေဘာလံုး ထိေတြ႕မႈ အႀကိမ္ နည္းခဲ့ ပါတယ္ ။ လွ်င္ျမန္တဲ့ ေျပးႏႈန္း တစ္ခု သာ ပုိင္ဆုိင္ ထားတဲ့ မားကပ္ ရက္ဖိုဒ့္ ဟာ အေထာင္တုိက္စစ္မႈး ျဖစ္ဖို႔ သင္ယူ စရာေတြ လိုအပ္ ေနေသးတယ္ ဆုိတာ ထက္ အေထာင္တုိက္စစ္မႈး တစ္ဦး ျဖစ္ဖို႔ မသင့္ေတာ္ဘူးဆိုတဲ့ အေတြးေတြ ကို ယူႏုိက္တက္ ပရိသတ္ေတြ စတင္ ခံစားမိလာခဲ့ပါၿပီ ။

၄ ။ ပါရဲရား အေပၚ ေ၀ဖန္ျခင္း
ယူႏုိက္တက္ နည္းျပ ျဖစ္လာခ်ိန္ မွာ ဆုိးရွား လုပ္ေပး ရမယ့္ တာ၀န္ ၂ ခု ရွိ ပါတယ္ ။ တစ္ခု က တစ္ခ်ိန္တုန္းက ေအာင္ျမင္ ခဲ့တဲ့ တိုက္စစ္ အသားေပး ကစားပံု ကို ျပန္လည္ ေဖာ္ေဆာင္ဖို႔ နဲ႔ ဆာအဲလက္စ္ တုန္းကလို လူငယ္ေတြ ကို ေနရာေပးဖို႔ပါ ။ ဒီ အတြက္ ဆုိးရွား ေရြးခ်ယ္ ခဲ့တဲ့ သူေတြ ထဲ မွာ ဘရာဇီး ကြင္းလယ္လူ အန္ဒေရ ပါရဲရား ပါ၀င္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ ေမာ္ရင္ဟို ကေတာ့ ပါရဲရား ကို သေဘာမေတြ႕ခဲ့ ပါဘူး ။

ဘရာဇီးသားေလး ဟာ ေမာ္ရင္ဟို ရဲ႕ ပထမဆံုး ၂ ရာသီ မွာ ဂရန္နာဒါ ၊ ဗလင္စီယာ အသင္းေတြ ဆီ အငွား ထြက္ ကစားခဲ့ရ ပါတယ္ ။ ဒါ့အျပင္ ပါရဲရား ဟာ ယူႏိုက္တက္ မွ ယူႏုိက္တက္ ဆုိတဲ့ စိတ္ဓါတ္ နဲ႔ ခံယူခ်က္မ်ဳိး ရွိမေနေၾကာင္း လည္း ေမာ္ရင္ဟို က ေ၀ဖန္ခဲ့ သလို သူေတာင္းဆို ေနတဲ့ ပြဲထြက္ခြင့္ နဲ႔လည္း ထုိက္တန္ မႈ မရွိဘူးလုိ႔ ေျပာဆို ခဲ့ ပါတယ္ ။ ပရိသတ္ေတြ က ေတာ့ ပါရဲရား . . . ပါရဲရား နဲ႔ ေအာ္ဟစ္ ေနခဲ့ ပါတယ္ ။ အခု ေတာ့ ဒီအသံေတြ တိတ္သြားခဲ့ ပါၿပီ ။

၅ ။ ေပါ့ဘာ ဟာ ယံုၾကည္ကိုးစားရတဲ့ သူ မဟုတ္ ၊ သူဟာ “Virus” ျဖစ္တယ္
ေဆာက္သမ္တန္ နဲ႔ သေရက် ခဲ့တဲ့ ပြဲ ဟာ ေမာ္ရင္ဟို ယူႏုိက္တက္ ကို မစြန္႔ခြာခြင္ ရက္ အနည္းငယ္ အလို မွာ ျဖစ္ခဲ့ တာပါ ။ ဒီပြဲ အၿပီးမွာ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာ ကို ဗိုင္းရပ္စ္ တစ္ေကာင္ ျဖစ္ၿပီး အနီးအနားက လူေတြကို ကူးစက္ေစတတ္ သူ လုိ႔ ေမာ္ရင္ဟို သံုးႏႈန္း ေ၀ဖန္ ခဲ့ ပါတယ္ ။ အသင္း အတြင္း မွာ ေပါ့ဘာ – ေမာ္ရင္ဟို အားၿပဳိင္မႈေတြ ႀကီးထြား လာခဲ့ၿပီး ကလပ္ ဘက္က ေပါ့ဘာ ကို ေရြးခ်ယ္ ကာ ေမာ္ရင္ဟို ကို ထုတ္ပယ္ ခဲ့ ပါတယ္ ။ အခု သူတို႔ မွားသြားမွန္း သေဘာေပါက္ ေနေလာက္ ပါၿပီ ။

ျပင္သစ္ ကစား သမား ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ တုန္းက ရီးရဲ မက္ဒရစ္ နဲ႔ သတင္း အႀကီးအက်ယ္ ထြက္ခဲ့ၿပီး တရား၀င္ ဖြင့္ဟ ေျပာမသြားလင့္ကစား ေအးဂ်င့္ နဲ႔ မိသားစု၀င္ေတြ ရဲ႕ လုပ္ရပ္ေတြ ကို ၾကည့္ျခင္း အားျဖင့္ ေပါ့ဘာ ဟာ ရီးရဲ ကို ေျပာင္းခ်င္ေနခဲ့တာ ကို သိသာ ေစခဲ့ ပါတယ္ ။ ဒီရာသီ မွာ လည္း အဖြင့္ ပြဲစဥ္ မွာ သာ ပံုစံ ေကာင္း ရခဲ့ၿပီး က်န္တဲ့ ပြဲေတြ မွာ ေပါ့ဘာ ဆီက ေပါ့ဘာ ဆန္တဲ့ ေျခစြမ္းေတြ ကို မျမင္ေတြ႕ခဲ့ရ ပါဘူး ။

လက္ရွိ အခ်ိန္ မွာေတာ့ မန္ခ်က္စတာ ယူႏုိက္တက္ ဟာ အဆင့္ ၁၂ ကို ေရာက္ေနၿပီး ဒါဟာ ကမၻာ့ ဖလား ခ်န္ပီယံ အသင္းသား တစ္ေယာက္ အတြက္ အသင္းေျပာင္းခြင့္ ေတာင္းခံ ဖို႔ လံုေလာက္တဲ့ အခ်က္ ျဖစ္လာ ႏုိင္ ပါတယ္ ။ ဒီလိုေတြ ျဖစ္လာေအာင္ ေပါ့ဘာ ႀကံစည္ခဲ့သလား ဆုိတာ သူကိုယ္တုိင္ပဲ သိႏုိင္ မွာပါ ။ ေသခ်ာတာ ကေတာ့ ေမာ္ရင္ဟို မွန္ခဲ့ျပန္ တာပါပဲ ။

၆ ။ ခံစစ္ကို ေထာက္ျပခဲ့ျခင္း
ကမၻာ့ အဆင့္ ခံစစ္ သမား တစ္ဦး ကို ေခၚယူ ေပးဖို႔ ဒုတိယ ေျမာက္ ရာသီ အကုန္မွာ ေမာ္ရင္ဟို ေတာင္းဆို ခဲ့ ပါတယ္ ။ ေႏြရာသီ တစ္ေလ်ာက္လံုး အယ္ဒါ၀ီရယ္ ၊ ကူလီဘာေလ ၊ မက္ဂြဲယား ၊ ဘိုတန္ ၊ စကရီနီယာ စတဲ့ နာမည္ေက်ာ္ေတြ နဲ႔ သတင္းထြက္ ခဲ့ၿပီး တစ္ေယာက္ မွ ေရာက္မလာခဲ့ ပါဘူး ။ ေမာ္ရင္ဟို လက္ထက္ ယူႏုိက္တက္ အသင္းမွာ ဂ်ဳံးစ္ ၊ ဘုိင္လီ ၊ စေမာလင္း ၊ ရိုဟို ၊ လင္ဒီေလာ့ဖ္ တို႔ ဟာ ခံစစ္မႈး ၂ ေနရာ အတြက္ အေရြးခံခဲ့ရ ပါတယ္ ။ ဒါေပမယ့္ လင္ဒီေလာ့ဖ္ က လြဲရင္ ေမာ္ရင္ဟို စိတ္တိုင္းက်သူ မရွိခဲ့ ပါဘူး ။

ဒီရာသီမွာေတာ့ ေမာ္ရင္ဟို အသည္းအသန္ ေတာင္းဆိုခဲ့တဲ့ စာရင္း ထဲ က ဟယ္ရီ မက္ဂြဲယား ကို ယူႏုိက္တက္ တို႔ ေခၚယူ ေပးခဲ့သလို ပဲေလ့စ္ ေနာက္ခံလူ ဘစ္ဆာကာ ကို လည္း ေခၚယူ ေပးခဲ့ ပါတယ္ ။ ဒါေပမယ့္ ခံစစ္ ကစားပံု ေကာင္းတဲ့ နည္းျပ မရွိေတာ့တဲ့ ေနာက္မွာေတာ့ ယူႏုိက္တက္ ရဲ႕ ခံစစ္ ဟာ အမွား အယြင္း ေတြ နဲ႔ ဂုိးေတြ ေပးေနခဲ့ရ ပါတယ္ ။ ဒီ ေနာက္တန္းနဲ႔ သာ ေမာ္ရင္ဟို ကို ေပးကိုင္လုိက္ရင္ ဆုိတဲ့ အေတြးေတြ လည္း ၀င္ေန သူေတြ ရွိေန မွာ ပါ ။

၇ ။ ဆိုးရွား ဟာ ရုပ္ေသးရုပ္ လို႔ ေျပာဆိုခဲ့ျခင္း
“ကြ်န္ေတာ္ က သေဘာေကာင္းတဲ့ နည္းျပ မျဖစ္ခ်င္ ပါဘူး ။ သေဘာေကာင္းတဲ့ သူ ဟာ ႀကဳိးဆြဲ ခံရတတ္ ပါတယ္” ဆိုတဲ့ စကား ဟာ ေမာ္ရင္ဟို လက္ထဲ ကေန ယူႏုိက္တက္ ကို လႊဲယူ ခဲ့တဲ့ ဆုိးရွား တစ္ေယာက္ အစ ေကာင္းခဲ့ ေပမယ့္ ေနာက္ဆံုး ၁၀ ပြဲ မွာ ၆ ပြဲထိ ရွဳံးနိမ့္ကာ အဆင့္ ၇ နဲ႔ ရာသီ ပိတ္သိမ္း အၿပီး မွာ ေျပာဆို ခဲ့တဲ့ စကား ျဖစ္ ပါတယ္ ။

ဆုိးရွား ဟာ ယူႏုိက္တက္ ပရိသတ္ေတြ အတြက္ ကယ္တင္ရွင္ တစ္ဦး ၊ အသင္းရဲ႕ ဖြဲ႕စည္းပံု နဲ႔ ႏွလံုး ၀ိဥာဥ္ ေတြ ကို သိနားလည္ တဲ့ ဂႏၳ၀င္ တစ္ဦး ၊ တစ္ခ်ိန္တုန္းက ေအာင္ျမင္မႈ ေတြ နဲ႔ လူငယ္ စီမံကိန္းေတြ ကို ေဖာ္ေဆာင္ေပး မယ့္သူ တစ္ဦး အျဖစ္ ထင္ခဲ့ ေပမယ့္ တကယ္တန္း မွာေတာ့ ဆုိးရွား ဟာ အသင္း အမႈေဆာင္ အက္၀ုဒ္၀က္ ရဲ႕ ႀကဳိးဆြဲရာ ကရတဲ့ ရုပ္ေသး ရုပ္တစ္ခု လုိ ျဖစ္ေန ခဲ့ ပါတယ္ ။

ဒါကို ဆုိးရွား ကိုယ္တုိင္ ၀န္ခံမွာ မဟုတ္ေပမယ့္ အသင္း က သူ႔အေပၚ လုပ္ေဆာင္ ေပးခဲ့တာေတြ ၊ သူ႔ အေပၚ ေျပာဆို ကာကြယ္ ေပးေနတာ ေတြ ၊ ဆုိးရွား ရဲ႕ ပြဲအၿပီး ေျပာစကားေတြ ကို ျပန္ၿပီး သံုးသပ္ၾကည့္မယ္ ဆိုရင္ သေဘာေကာင္းတဲ့ ေနာ္ေ၀သား ဟာ ကစား သမား ေတြ ကို မလႊမ္းမိုး ႏုိင္သလို ဘုတ္အဖြဲ႕ နဲ႔ အမႈေဆာင္ တို႔ ကို လည္း ရဲရဲ၀ံ့၀ံ့ ေျပာဆို ႏိုင္ျခင္း မရွိ ေလာက္တာကို ရိပ္စားမိ ႏုိင္ ပါတယ္ ။ ဒီတစ္ခု ကလည္း ေမာ္ရင္ဟို မွန္ခဲ့ ျပန္တာပါပဲ ။

ႏုိင္ငံ တကာ ပြဲစဥ္ေတြ အၿပီး မွာေတာ့ မန္ခ်က္စတာ ယူႏုိက္တက္ ဟာ လီဗာပူး နဲ႔ ရင္ဆုိင္ ရမွာပါ ။ ဒီရာသီ မွာ ၈ ပြဲ ကစား ၊ ၈ ပြဲလံုး ႏုိင္ထားတဲ့ လီဗာပူး ကို အျပတ္ အသတ္ ရွဳံးနိမ့္ မယ္လို႔ အေတာ္ မ်ားမ်ားက ေတြးထင္ ယံုၾကည္ ထားၾကပါၿပီ ။ မႏွစ္တုန္းက လီဗာပူး ကို ရွဳံးၿပီး ေမာ္ရင္ဟို ထုတ္ခံ ခဲ့ရသလို ဒီႏွစ္ မွာလည္း ဆုိးရွား ထုတ္ခံ ရမယ္လို႔ ေရပန္း စားေနခဲ့ျပန္ ပါၿပီ ။

ေမာ္ရင္ဟို ကေတာ့ မခ်ိၿပဳံး ပဲ ၿပဳံး ေနမလား ၊ အိမ္က တီဗြီ ကို ၾကည့္ၿပီး ၀မ္းနည္းေန မလား ၊ ေလွာင္ရယ္ ေနမလား ဆုိတာေတာ့ သူကိုယ္တိုင္ပဲ သိႏုိင္ မွာပါ . . .

SPORTS MYANMAR