ရောဘတ်ဆန် နဲ့ တီယာနေး ဘယ်သူ ပိုကောင်းသလဲ ဆိုတာ နှိုင်းယှဥ်လိုက်တဲ့ ဂျွန်ဟတ်ဆန်

ဂျွန်ဟတ်ဆန် က အာဆင်နယ် အသင်း ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူခဲ့တဲ့ ကစားသမား ကီရန်တီယာနေးဟာ ပရီးမီးယားလိဂ်မှာ ကြီးမားတဲ့ အောင်မြင်မှု ရရှိလိမ့်မယ်လို့ ထောက်ခံလိုက်ပြီး အာဆင်နယ် ဘယ်နောက်ခံလူဟာ လီဗာပူးရဲ့ အန်ဒီရောဘတ်ဆန်ထက် ခံစစ် ကစားပုံ ပိုမို ကောင်းမွန်တယ်လို့ ဆိုလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တီယာနေးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဆဲလ်တစ်မှ အာဆင်နယ် ကို ပေါင် ၂၂ သန်းနဲ့ ပြောင်းလာခဲ့တာ ဖြစ်ပေမယ့်လည်း အူကျရောဂါ ခွဲစိတ်မှု ခံယူ ထားခဲ့ရာ ကနေ မကြာသေးမီကမှ သက်သာ လာခဲ့တာကြောင့် ကလပ် အသင်းသစ် အတွက် ၂ ပွဲသာ ကစား ထားရပါသေးတယ်။

ဒါပေမယ့် အာဆင်နယ် လူငယ်ကြယ်ပွင့်ဟာ ပါဝင် ကစားခွင့် ရထားတဲ့ ပွဲတိုင်း ခြေစွမ်းပြ ကစား နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်က အာဆင်နယ် အသင်း စတန်းဒက်လိဂ်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ တိုက်စစ်မှုး မာတင်နယ်လီရဲ့ ဂိုးအတွက် ဖန်တီးပေး ခဲ့ပါတယ်။ တီယာနေးဟာ နိုင်ငံတကာ ပွဲစဥ် ကာလအတွင်း အာဆင်နယ် အသင်းမှာ ဆက်ရှိ နေမှာ ဖြစ်ပြီး နည်းပြ အူနိုင်းအမ်မရီကလည်း စကော့တလန် လက်ရွေးစင် အနေနဲ့ လာမည့် ရှက်ဖီးယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် ပွဲမတိုင်မီ ၎င်းရဲ့ ကြံ့ခိုင်မှု level ကို မြှင့်တင်ရန် အလို ရှိခဲ့တာ ဖြစ်ပါတယ်။

တီယာနေး လိုပဲ ကစားသမား ဘဝမှာ အာဆင်နယ် နဲ့ ဆဲတစ်တို့မှာ ကစားခဲ့တဲ့ ဟက်ဆန်က အာဆင်နယ် ဘယ်နောက်ခံလူ ဟာ အမ်းမရိတ်မှာ ကြယ်ပွင့် တစ်ဦး ဖြစ်လာ လိမ့်မယ်လို့ မှတ်ချက်ပေး လိုက်ပါတယ်။ ဝေးလ်လက်ရွေးစင်ဟောင်းက တီယာနေး ဟာ ခံစစ်ပိုင်း နဲ့ ပက်သက်ရင် ရောဘတ်ဆန်ထက် ပိုကောင်းတဲ့ သူလို့ ယုံကြည် နေပါတယ်။

ဟတ်ဆန်က “လူတွေကတော့ အန်ဒီရောဘတ်ဆန် အကြောင်း ပြောနေကြ ပါတယ်။ ကျွန်တော် ပြောချင်တာက ရောဘတ်ဆန် ဟာ ဒီအချိန်မှာ ဘောလုံး ပေးပို့မှု ပိုမို ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပေမယ့် ကီရန် ဟာ ခံစစ် ကစားရမှာ ပိုမို ကောင်းမွန်တဲ့ ကစားသမားပါ။ ကီရန်ဟာ ခံစစ်ကို အကောင်းဆုံး ကစား နိုင်သူပါ။ သူဟာ လိုအပ်ရင် wing-back မှာလည်း ကစား နိုင်စွမ်း ရှိသူပါ။

အန်ဒီရောဘတ်ဆန် ဒန်ဒီးယူနိုက်တက်မှာ ကစား ခဲ့တဲ့ ပွဲကို ကျွန်တော် ကြည့်ဖူး ခဲ့ပါတယ်။ ကျွန်တော် အဲဒီအချိန်က commentator လုပ်ခဲ့တာ ဖြစ်ပြီး သူဟာ တကယ် ကောင်းခဲ့ပါတယ် ။ အဲဒီနောက် သူ ဟူးစီးတီးကို ပြောင်းရွေ့ သွားခဲ့ပြီး အဲဒီမှာ သူ့ကစားသမား ဘဝဟာ အဖျားရှုး သွားခဲ့ပါတယ်။ အဲဒီနောက် လီဗာပူးဟာ သူ့ကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူ သွားခဲ့ပြီး သူအခု တောက်ပ နေပါတယ်။

တီယာနေး ကလည်း အာဆင်နယ် မှာ အထိုင်ကျ သွားတာနဲ့ သူ ကောင်းကောင်း လုပ်နိုင်မှာပါ။ ဘယ်သူမှ အသင်းသစ်ကို ဒဏ်ရာ ပြသနာနဲ မသွားချင်သလို မကစား ရတာလည်း မလိုချင် ပါဘူး။ တီယာနေးဟာ ဂုဏ်ယူစရာ ကောင်းတဲ့ ကောင်လေး ဖြစ်ပြီး သူဘယ်လောက် ကောင်းသလဲ ဆိုတာကို အားလုံးကို သက်သေ ပြချင် နေမှာပါ။ သူဟာ ပေါင် ၂၅ သန်း တန်ကြေး ရှိပါတယ်။ အခြားလိဂ်တွေ မှာဆိုရင် သူဒီထက် တန်ကြေး မြင့်မှာပါ။ ဘာလို့လဲဆိုတော့ စကော့တလန်လိဂ်ဟာ သိပ်ကောင်းတဲ့ လိဂ် မဟုတ်ဘူး ဆိုတဲ့ အယူအဆကြောင့်ပါ။” လို့ ဆိုသွားပါတယ်။

ဟတ်ဆန်က တီယာနေး အတွက် အာဆင်နယ် တို့ အသုံးပြု ခဲ့တဲ့ ပေါင် ၂၅ သန်း ဆိုတဲ့ ငွေကြေးဟာ တကယ့်ကို လျော့စျေးနဲ့ ရလိုက်တယ် ဆိုတာကို စကော့တလန်သား ဘက်က သက်သေပြ လိမ့်မယ်လို့ မှတ်ချက်ပေး သွားပါတယ် ။

ဟတ်ဆန်က “မန်ယူနိုက်တက် အသင်း အာရွမ်ဝမ်ဘစ်ဆာကာ အတွက် ပေါင် သန်း ၅၀ အသုံးပြု ခဲ့တာကို ကြည့်ရင် အာဆင်နယ် ဟာ စျေးချိုချို နဲ့ ရလိုက်တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ယနေ့ စျေးကွက်မှာ သာမန် ကစားသမားတွေ ကိုတောင် ပေါင် သန်း ၃၀ ၄၀ ပေးနေရပြီး တီယာနေးဟာ သာမန် ကစားသမား မဟုတ်ပါဘူး ။ ဆဲတစ် အနေနဲ့ နောက်ထပ် ပေါင် ၅သန်းလောက် ထပ်ရဖို့ ရှိနေပေမယ့် သူ့အတွက် ဒီလောက် ရတာလည်း သိပ်တော့ မဆိုးပါဘူး။ အကြောင်းက တီယာနေးဟာ လူငယ်အသင်းကနေ ထွန်းတောက် လာခဲ့ပြီး ဆဲတစ်တို့ တစ်ပြားမှ ပေးပြီး ခေါ်ခဲ့တာ မဟုတ်လို့ပါ ။” လို့ ပြောသွားပါတယ် ။

ဆက်လက်ပြီး ဟတ်ဆန်က “သူဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က တစ်စုံတစ်ခု လုပ်ဖို့ ကြိုးစား နေတဲ့ အသင်းအတွက် ဒုတိယမြောက် ပွဲထွက်ခွင့်ကို ရခဲ့ပါတယ်။ အမ်မရီဟာ တစ်စုံတစ်ရာ စပယ်ရှယ် ဖြစ်ဖို့ သူ့အသင်းကို တည်ဆောက် နေတာပါ။ သူတို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းက ကွင်းသစ် တည်ဆောက် ခဲ့တာကြောင့် ငွေကြေး သုံးစွဲမှု အပိုင်းမှာ အကန့်အသတ်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် ဟာ ဒီနွေရာသီမှာ ပီပီအတွက် ၇၂ သန်း ၊ တီယာနေး အတွက် ၂၅ သန်း အသုံးပြု ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီအချို့က လက်ကာဇက်အတွက် ပေါင် ၅၂ သန်း သုံးခဲ့ပါတယ်။

အာဆင်နယ် ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ် ။ သူတို့ Top 4 ဝင်ဖို့ အတွက် ရည်မှန်းနေပြီး ချဲလ်ဆီးတို့ အပြောင်းအရွေ့ ပိတ်ပင် ခံထား ရတာကြောင့် လူခေါ်လို့ မရတာကို အခွင့်​ကောင်း ယူနိုင် ပါလိမ့်မယ်။ စပါးကို ကြည့်လိုက်ပါ။ သူတို့မှာ စာချုပ်ကုန် တော့မယ့် ကစားသမားတွေနဲ့ ရှုပ်ထွေး နေတဲ့ အပြင် ဒယ်လီအလီ ကလည်း ပုံစံကောင်း ပျောက်နေပါတယ်။ သူတိူ့ မန်နေဂျာ ပျော်ရွှင် နေပမလား? သူတို့ဟာ အနည်းငယ် ကသောင်းကနင်း ဖြစ်နေပြီး အာဆင်နယ် ဟာ Top 4 နေရာ အတွက် အစွမ်းကုန် အားထုတ် နေမှာပါ။” လို့ ဆိုသွားပါတယ်။

SM

Zawgyi

ေရာဘတ္ဆန္ နဲ႔ တီယာေနး ဘယ္သူ ပိုေကာင္းသလဲ ဆိုတာ ႏွိုင္းယွဥ္လိုက္တဲ့ ဂၽြန္ဟတ္ဆန္

ဂၽြန္ဟတ္ဆန္ က အာဆင္နယ္ အသင္း ၿပီးခဲ့တဲ့ ေႏြရာသီက ေခၚယူခဲ့တဲ့ ကစားသမား ကီရန္တီယာေနးဟာ ပရီးမီးယားလိဂ္မွာ ႀကီးမားတဲ့ ေအာင္ျမင္မွု ရရွိလိမ့္မယ္လို႔ ေထာက္ခံလိုက္ၿပီး အာဆင္နယ္ ဘယ္ေနာက္ခံလူဟာ လီဗာပူးရဲ့ အန္ဒီေရာဘတ္ဆန္ထက္ ခံစစ္ ကစားပုံ ပိုမို ေကာင္းမြန္တယ္လို႔ ဆိုလိုက္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ တီယာေနးဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လက ဆဲလ္တစ္မွ အာဆင္နယ္ ကို ေပါင္ ၂၂ သန္းနဲ႔ ေျပာင္းလာခဲ့တာ ျဖစ္ေပမယ့္လည္း အူက်ေရာဂါ ခြဲစိတ္မွု ခံယူ ထားခဲ့ရာ ကေန မၾကာေသးမီကမွ သက္သာ လာခဲ့တာေၾကာင့္ ကလပ္ အသင္းသစ္ အတြက္ ၂ ပြဲသာ ကစား ထားရပါေသးတယ္။

ဒါေပမယ့္ အာဆင္နယ္ လူငယ္ၾကယ္ပြင့္ဟာ ပါဝင္ ကစားခြင့္ ရထားတဲ့ ပြဲတိုင္း ေျခစြမ္းၿပ ကစား နိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ တစ္ပတ္က အာဆင္နယ္ အသင္း စတန္းဒက္လိဂ္အသင္းကို ၄ ဂိုးျပတ္နဲ႔ အနိုင္ရခဲ့တဲ့ ယူရိုပါလိဂ္ ပြဲစဥ္မွာ တိုက္စစ္မွုး မာတင္နယ္လီရဲ့ ဂိုးအတြက္ ဖန္တီးေပး ခဲ့ပါတယ္။ တီယာေနးဟာ နိုင္ငံတကာ ပြဲစဥ္ ကာလအတြင္း အာဆင္နယ္ အသင္းမွာ ဆက္ရွိ ေနမွာ ျဖစ္ၿပီး နည္းၿပ အူနိုင္းအမ္မရီကလည္း စေကာ့တလန္ လက္ေရြးစင္ အေနနဲ႔ လာမည့္ ရွက္ဖီးယူနိုက္တက္ နဲ႔ ပရီးမီးယားလိဂ္ ပြဲမတိုင္မီ ၎ရဲ့ ႀကံ့ခိုင္မွု level ကို ျမႇင့္တင္ရန္ အလို ရွိခဲ့တာ ျဖစ္ပါတယ္။

တီယာေနး လိုပဲ ကစားသမား ဘဝမွာ အာဆင္နယ္ နဲ႔ ဆဲတစ္တို႔မွာ ကစားခဲ့တဲ့ ဟက္ဆန္က အာဆင္နယ္ ဘယ္ေနာက္ခံလူ ဟာ အမ္းမရိတ္မွာ ၾကယ္ပြင့္ တစ္ဦး ျဖစ္လာ လိမ့္မယ္လို႔ မွတ္ခ်က္ေပး လိုက္ပါတယ္။ ေဝးလ္လက္ေရြးစင္ေဟာင္းက တီယာေနး ဟာ ခံစစ္ပိုင္း နဲ႔ ပက္သက္ရင္ ေရာဘတ္ဆန္ထက္ ပိုေကာင္းတဲ့ သူလို႔ ယုံၾကည္ ေနပါတယ္။

ဟတ္ဆန္က “လူေတြကေတာ့ အန္ဒီေရာဘတ္ဆန္ အေၾကာင္း ေျပာေနၾက ပါတယ္။ ကၽြန္ေတာ္ ေျပာခ်င္တာက ေရာဘတ္ဆန္ ဟာ ဒီအခ်ိန္မွာ ေဘာလုံး ေပးပို႔မွု ပိုမို ေကာင္းမြန္တဲ့ ကစားသမား ျဖစ္ေပမယ့္ ကီရန္ ဟာ ခံစစ္ ကစားရမွာ ပိုမို ေကာင္းမြန္တဲ့ ကစားသမားပါ။ ကီရန္ဟာ ခံစစ္ကို အေကာင္းဆုံး ကစား နိုင္သူပါ။ သူဟာ လိုအပ္ရင္ wing-back မွာလည္း ကစား နိုင္စြမ္း ရွိသူပါ။

အန္ဒီေရာဘတ္ဆန္ ဒန္ဒီးယူနိုက္တက္မွာ ကစား ခဲ့တဲ့ ပြဲကို ကၽြန္ေတာ္ ၾကည့္ဖူး ခဲ့ပါတယ္။ ကၽြန္ေတာ္ အဲဒီအခ်ိန္က commentator လုပ္ခဲ့တာ ျဖစ္ၿပီး သူဟာ တကယ္ ေကာင္းခဲ့ပါတယ္ ။ အဲဒီေနာက္ သူ ဟူးစီးတီးကို ေျပာင္းေရြ႕ သြားခဲ့ၿပီး အဲဒီမွာ သူ႔ကစားသမား ဘဝဟာ အဖ်ားရွုး သြားခဲ့ပါတယ္။ အဲဒီေနာက္ လီဗာပူးဟာ သူ႔ကို ေပါင္ ၁၀ သန္းနဲ႔ ေခၚယူ သြားခဲ့ၿပီး သူအခု ေတာက္ပ ေနပါတယ္။

တီယာေနး ကလည္း အာဆင္နယ္ မွာ အထိုင္က် သြားတာနဲ႔ သူ ေကာင္းေကာင္း လုပ္နိုင္မွာပါ။ ဘယ္သူမွ အသင္းသစ္ကို ဒဏ္ရာ ျပသနာနဲ မသြားခ်င္သလို မကစား ရတာလည္း မလိုခ်င္ ပါဘူး။ တီယာေနးဟာ ဂုဏ္ယူစရာ ေကာင္းတဲ့ ေကာင္ေလး ျဖစ္ၿပီး သူဘယ္ေလာက္ ေကာင္းသလဲ ဆိုတာကို အားလုံးကို သက္ေသ ျပခ်င္ ေနမွာပါ။ သူဟာ ေပါင္ ၂၅ သန္း တန္ေၾကး ရွိပါတယ္။ အျခားလိဂ္ေတြ မွာဆိုရင္ သူဒီထက္ တန္ေၾကး ျမင့္မွာပါ။ ဘာလို႔လဲဆိုေတာ့ စေကာ့တလန္လိဂ္ဟာ သိပ္ေကာင္းတဲ့ လိဂ္ မဟုတ္ဘူး ဆိုတဲ့ အယူအဆေၾကာင့္ပါ။” လို႔ ဆိုသြားပါတယ္။

ဟတ္ဆန္က တီယာေနး အတြက္ အာဆင္နယ္ တို႔ အသုံးျပဳ ခဲ့တဲ့ ေပါင္ ၂၅ သန္း ဆိုတဲ့ ေငြေၾကးဟာ တကယ့္ကို ေလ်ာ့ေစ်းနဲ႔ ရလိုက္တယ္ ဆိုတာကို စေကာ့တလန္သား ဘက္က သက္ေသၿပ လိမ့္မယ္လို႔ မွတ္ခ်က္ေပး သြားပါတယ္ ။

ဟတ္ဆန္က “မန္ယူနိုက္တက္ အသင္း အာရြမ္ဝမ္ဘစ္ဆာကာ အတြက္ ေပါင္ သန္း ၅၀ အသုံးျပဳ ခဲ့တာကို ၾကည့္ရင္ အာဆင္နယ္ ဟာ ေစ်းခ်ိဳခ်ိဳ နဲ႔ ရလိုက္တာ ျဖစ္တယ္လို႔ ဆိုနိုင္ပါတယ္။ ယေန႔ ေစ်းကြက္မွာ သာမန္ ကစားသမားေတြ ကိုေတာင္ ေပါင္ သန္း ၃၀ ၄၀ ေပးေနရၿပီး တီယာေနးဟာ သာမန္ ကစားသမား မဟုတ္ပါဘူး ။ ဆဲတစ္ အေနနဲ႔ ေနာက္ထပ္ ေပါင္ ၅သန္းေလာက္ ထပ္ရဖို႔ ရွိေနေပမယ့္ သူ႔အတြက္ ဒီေလာက္ ရတာလည္း သိပ္ေတာ့ မဆိုးပါဘူး။ အေၾကာင္းက တီယာေနးဟာ လူငယ္အသင္းကေန ထြန္းေတာက္ လာခဲ့ၿပီး ဆဲတစ္တို႔ တစ္ျပားမွ ေပးၿပီး ေခၚခဲ့တာ မဟုတ္လို႔ပါ ။” လို႔ ေျပာသြားပါတယ္ ။

ဆက္လက္ၿပီး ဟတ္ဆန္က “သူဟာ ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔က တစ္စုံတစ္ခု လုပ္ဖို႔ ႀကိဳးစား ေနတဲ့ အသင္းအတြက္ ဒုတိယေျမာက္ ပြဲထြက္ခြင့္ကို ရခဲ့ပါတယ္။ အမ္မရီဟာ တစ္စုံတစ္ရာ စပယ္ရွယ္ ျဖစ္ဖို႔ သူ႔အသင္းကို တည္ေဆာက္ ေနတာပါ။ သူတို႔ဟာ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းအတြင္းက ကြင္းသစ္ တည္ေဆာက္ ခဲ့တာေၾကာင့္ ေငြေၾကး သုံးစြဲမွု အပိုင္းမွာ အကန္႔အသတ္ေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ ဟာ ဒီေႏြရာသီမွာ ပီပီအတြက္ ၇၂ သန္း ၊ တီယာေနး အတြက္ ၂၅ သန္း အသုံးျပဳ ခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီအခ်ိဳ႕က လက္ကာဇက္အတြက္ ေပါင္ ၅၂ သန္း သုံးခဲ့ပါတယ္။

အာဆင္နယ္ ဟာ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနပါတယ္ ။ သူတို႔ Top 4 ဝင္ဖို႔ အတြက္ ရည္မွန္းေနၿပီး ခ်ဲလ္ဆီးတို႔ အေျပာင္းအေရြ႕ ပိတ္ပင္ ခံထား ရတာေၾကာင့္ လူေခၚလို႔ မရတာကို အခြင့္​ေကာင္း ယူနိုင္ ပါလိမ့္မယ္။ စပါးကို ၾကည့္လိုက္ပါ။ သူတို႔မွာ စာခ်ဳပ္ကုန္ ေတာ့မယ့္ ကစားသမားေတြနဲ႔ ရွုပ္ေထြး ေနတဲ့ အျပင္ ဒယ္လီအလီ ကလည္း ပုံစံေကာင္း ေပ်ာက္ေနပါတယ္။ သူတိူ႔ မန္ေနဂ်ာ ေပ်ာ္ရႊင္ ေနပမလား? သူတို႔ဟာ အနည္းငယ္ ကေသာင္းကနင္း ျဖစ္ေနၿပီး အာဆင္နယ္ ဟာ Top 4 ေနရာ အတြက္ အစြမ္းကုန္ အားထုတ္ ေနမွာပါ။” လို႔ ဆိုသြားပါတယ္။

SM