အာဆင္နယ္ အသင္းမွာ ၁၁ ႏွစ္ ေက်ာ္ၾကာ ေပးဆပ္ ကစားခဲ့တဲ့ ကြင္းလယ္လူ အာရြန္ ရမ္ေဆး ဟာ ရာသီကုန္ရင္ ဂ်ဳဗင္တပ္စ္ အသင္းကုိ ေျပာင္းေရႊ႕ ေတာ့မွလည္း ျဖစ္ပါတယ္ ။ မေန႔ညက ဘရုိက္တန္ အသင္း နဲ႔ ပြဲအျပီးမွာ အာဆင္နယ္ အသင္းဟာ ရမ္ေဆး ၊ ပီတာဆက္ခ်္ ၊ ဝဲလ္ဘက္တုိ႔ရဲ႕ ႏႈတ္ဆက္ပြဲကုိ က်င္းပ ျပဳလုပ္ ေပးခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းကုိ အသက္ ၁၈ ႏွစ္ အရြယ္ လူငယ္ ကစားသမား ဘဝကတည္းက ေရာက္ရွိလာခဲ့တဲ့ ရမ္ေဆး ဟာ အသင္းနဲ႔ လမ္းခြဲ ႏႈတ္ဆက္ ရတဲ့ အခ်ိန္မွာ မ်က္ရည္ မဆယ္ နုိင္ခဲ့ပါဘူး ။ အာဆင္နယ္ အသင္းက ေပးအပ္ ခ်ီးျမွင့္ခဲ့တဲ့ ဂုဏ္ျပဳဆုကုိ လက္ခံ ရရွိအျပီးမွာ ရမ္ေဆးဟာ ပရိသတ္ေတြကုိ မ်က္ရည္စက္လက္ နဲ႔ လုိက္လံ ႏႈတ္ဆက္ခဲ့ပါတယ္ ။

အာဆင္နယ္ အသင္း တုိက္စစ္မွဴးေဟာင္း အီယန္ရုိက္ က ရမ္ေဆး အတြက္ စိတ္မေကာင္း ျဖစ္မိေၾကာင္း နဲ႔ အသင္းရဲ႕ စီးပြားေရး ဆန္တဲ့ လုပ္ေဆာင္ခ်က္ေတြကုိ ျပင္းျပင္း ထန္ထန္ ေဝဖန္ ထုိးႏွက္ သြားခဲ့ပါတယ္ ။ အာဆင္နယ္ အသင္းဟာ ကစားသမားေကာင္းေတြကုိ ျပိဳင္ဘက္ အသင္းထံ ေရာင္းထုတ္ေလ့ ရွိျပီး အစဥ္အလာ တစ္ခုလုိေတာင္ ျဖစ္ေနခဲ့ပါျပီ ။

ေဝးလ္စ္ ကြင္းလယ္လူ ရမ္ေဆး ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကတည္းက ဂ်ဳဗင္တပ္စ္ အသင္းကုိ ေျပာင္းေရႊ႕ ဖုိ႔ သေဘာတူညီမႈ ရရွိထားတာ ျဖစ္ျပီး ရမ္ေဆး ကုိ စာခ်ဳပ္ သက္တမ္းတုိးဖုိ႔ ပ်က္ကြက္ခဲ့တဲ့ အမႈေဆာင္ အရာရွိခ်ဳပ္ေဟာင္း ဂါဇီဒစ္ ကုိ ျပစ္တင္ ေဝဖန္ ရမွာျဖစ္ေၾကာင္း အီယန္ရုိက္ က ဆုိပါတယ္ ။

အီယန္ရုိက္ က ” အာရြန္ ရမ္ေဆး က အသင္း အတြက္ အေကာင္းဆုံး ေပးဆပ္ ကစားတဲ့သူပါ ။ ကြင္းထဲမွာ ဘယ္ေတာ့မွ မခုိမကပ္ဘဲ ေဘာလုံး ကုိ ၾကိဳးစားပမ္းစား ကစားတတ္တဲ့ သူပါ ။ ပရိသတ္ေတြက သူ႔ရဲ႕ ၾကိဳးစား အားထုတ္မႈေတြကုိ အသိအမွတ္ျပဳ ၾက တာကုိ ေတြ႕ ရ ေတာ့ သိပ္ကုိ အားရ ေက်နပ္ မိပါတယ္ ။ ”

” သူ အသင္းက ထြက္ခြာေတာ့ရမယ့္ အခ်ိန္မွာ ဘယ္ေလာက္ စိတ္ထိခုိက္ ေၾကကြဲ ေနသလဲဆုိတာ ခင္ဗ်ားတုိ႔လည္း ေတြ႕ မွာပါ ။ က်ေနာ္ အမွန္အတုိင္း ေျပာတာပါ ။ ရမ္ေဆး ထြက္ခြာသြားရတဲ့ အတြက္ စိတ္မေကာင္း ျဖစ္မိပါတယ္ ။ အာဆင္နယ္ အသင္းရဲ႕ အလြန္႔အလြန္ ညံ႔ဖ်င္းလြန္းတဲ့ စီးပြားေရး တြက္ကိန္းပါပဲ ။ ”

” အခုဆုိ ရမ္ေဆး ေနရာမွာ ျဖည့္တင္းဖုိ႔ လူထပ္ ေခၚရပါေတာ့မယ္ ။ လာမယ့္ ေႏြရာသီမွာ အမ္မရီ အေနနဲ႔ အသုံးစရိတ္ ေပါင္ ၄၅ သန္းပဲ ရမယ္လုိ႔ ေကာလဟလေတြ ထြက္ေနပါတယ္ ။ ရမ္ေဆးကုိသာ ထိန္းသိမ္းထားနုိင္ရင္ ပုိက္ဆံ ထပ္ကုန္စရာ မရွိပါဘူး ။ ”

” ရမ္ေဆးက ထိပ္တန္း ကစားသမားတစ္ဦးပါ ။ အသင္းရဲ႕ ဆုိးရြားလွတဲ့ စီးပြားေရး စနစ္ပါပဲ ။ လက္ရွိ တာဝန္ရွိသူေတြကုိ မေဝဖန္ခ်င္ပါဘူး ၊ က်ေနာ္ကေတာ့ ဂါဇီဒစ္ ကုိပဲ ေဝဖန္ ျပစ္တင္ ခ်င္ပါတယ္ ။ အာရြန္ ရမ္ေဆး အသင္းသစ္မွာ ကံေကာင္းပါေစလုိ႔ ဆုေတာင္းေပးပါတယ္ ၊ သူက အသင္းအေပၚ တာဝန္ေက်ပြန္တဲ့ ကစားသမားတစ္ဦးပါ ။ ” လုိ႔ ေျပာၾကား လုိက္ပါတယ္ ။

ဂါဇီဒစ္ ဟာ ျပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလတုန္းက ေအစီမီလန္ အသင္းကုိ ေျပာင္းေရြ႕ သြားခဲ့ျပီး ရမ္ေဆး နဲ႔ အာဆင္နယ္ အသင္းတုိ႔ စာခ်ဳပ္ သက္တမ္းတုိးဖုိ႔ သေဘာတူညီမႈ ပ်က္ျပယ္ သြားခဲ့တာဟာလည္း စက္တင္ဘာလ အတြင္းမွာပဲ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ရမ်ဆေး ကို စာချုပ်သက်တမ်းတိုးဖို့ ပျက်ကွက်ခဲ့တဲ့ အဓိက တရားခံ ဘယ်သူလဲဆိုတာ ပြောပြလိုက်တဲ့ အီယန်ရိုက်
============================

အာဆင်နယ် အသင်းမှာ ၁၁ နှစ် ကျော်ကြာ ပေးဆပ် ကစားခဲ့တဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေး ဟာ ရာသီကုန်ရင် ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ တော့မှလည်း ဖြစ်ပါတယ် ။ မနေ့ညက ဘရိုက်တန် အသင်း နဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်းဟာ ရမ်ဆေး ၊ ပီတာဆက်ချ် ၊ ဝဲလ်ဘက်တို့ရဲ့ နှုတ်ဆက်ပွဲကို ကျင်းပ ပြုလုပ် ပေးခဲ့ပါတယ် ။

အာဆင်နယ် အသင်းကို အသက် ၁၈ နှစ် အရွယ် လူငယ် ကစားသမား ဘဝကတည်းက ရောက်ရှိလာခဲ့တဲ့ ရမ်ဆေး ဟာ အသင်းနဲ့ လမ်းခွဲ နှုတ်ဆက် ရတဲ့ အချိန်မှာ မျက်ရည် မဆယ် နိုင်ခဲ့ပါဘူး ။ အာဆင်နယ် အသင်းက ပေးအပ် ချီးမြှင့်ခဲ့တဲ့ ဂုဏ်ပြုဆုကို လက်ခံ ရရှိအပြီးမှာ ရမ်ဆေးဟာ ပရိသတ်တွေကို မျက်ရည်စက်လက် နဲ့ လိုက်လံ နှုတ်ဆက်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း အီယန်ရိုက် က ရမ်ဆေး အတွက် စိတ်မကောင်း ဖြစ်မိကြောင်း နဲ့ အသင်းရဲ့ စီးပွားရေး ဆန်တဲ့ လုပ်ဆောင်ချက်တွေကို ပြင်းပြင်း ထန်ထန် ဝေဖန် ထိုးနှက် သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ကစားသမားကောင်းတွေကို ပြိုင်ဘက် အသင်းထံ ရောင်းထုတ်လေ့ ရှိပြီး အစဉ်အလာ တစ်ခုလိုတောင် ဖြစ်နေခဲ့ပါပြီ ။

ဝေးလ်စ် ကွင်းလယ်လူ ရမ်ဆေး ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကတည်းက ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ ဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပြီး ရမ်ဆေး ကို စာချုပ် သက်တမ်းတိုးဖို့ ပျက်ကွက်ခဲ့တဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း ဂါဇီဒစ် ကို ပြစ်တင် ဝေဖန် ရမှာဖြစ်ကြောင်း အီယန်ရိုက် က ဆိုပါတယ် ။

အီယန်ရိုက် က ” အာရွန် ရမ်ဆေး က အသင်း အတွက် အကောင်းဆုံး ပေးဆပ် ကစားတဲ့သူပါ ။ ကွင်းထဲမှာ ဘယ်တော့မှ မခိုမကပ်ဘဲ ဘောလုံး ကို ကြိုးစားပမ်းစား ကစားတတ်တဲ့ သူပါ ။ ပရိသတ်တွေက သူ့ရဲ့ ကြိုးစား အားထုတ်မှုတွေကို အသိအမှတ်ပြု ကြ တာကို တွေ့ ရ တော့ သိပ်ကို အားရ ကျေနပ် မိပါတယ် ။ ”

” သူ အသင်းက ထွက်ခွာတော့ရမယ့် အချိန်မှာ ဘယ်လောက် စိတ်ထိခိုက် ကြေကွဲ နေသလဲဆိုတာ ခင်ဗျားတို့လည်း တွေ့ မှာပါ ။ ကျနော် အမှန်အတိုင်း ပြောတာပါ ။ ရမ်ဆေး ထွက်ခွာသွားရတဲ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ် ။ အာဆင်နယ် အသင်းရဲ့ အလွန့်အလွန် ညံ့ဖျင်းလွန်းတဲ့ စီးပွားရေး တွက်ကိန်းပါပဲ ။ ”

” အခုဆို ရမ်ဆေး နေရာမှာ ဖြည့်တင်းဖို့ လူထပ် ခေါ်ရပါတော့မယ် ။ လာမယ့် နွေရာသီမှာ အမ်မရီ အနေနဲ့ အသုံးစရိတ် ပေါင် ၄၅ သန်းပဲ ရမယ်လို့ ကောလဟလတွေ ထွက်နေပါတယ် ။ ရမ်ဆေးကိုသာ ထိန်းသိမ်းထားနိုင်ရင် ပိုက်ဆံ ထပ်ကုန်စရာ မရှိပါဘူး ။ ”

” ရမ်ဆေးက ထိပ်တန်း ကစားသမားတစ်ဦးပါ ။ အသင်းရဲ့ ဆိုးရွားလှတဲ့ စီးပွားရေး စနစ်ပါပဲ ။ လက်ရှိ တာဝန်ရှိသူတွေကို မဝေဖန်ချင်ပါဘူး ၊ ကျနော်ကတော့ ဂါဇီဒစ် ကိုပဲ ဝေဖန် ပြစ်တင် ချင်ပါတယ် ။ အာရွန် ရမ်ဆေး အသင်းသစ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ် ၊ သူက အသင်းအပေါ် တာဝန်ကျေပွန်တဲ့ ကစားသမားတစ်ဦးပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဂါဇီဒစ် ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အေစီမီလန် အသင်းကို ပြောင်းရွေ့ သွားခဲ့ပြီး ရမ်ဆေး နဲ့ အာဆင်နယ် အသင်းတို့ စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီမှု ပျက်ပြယ် သွားခဲ့တာဟာလည်း စက်တင်ဘာလ အတွင်းမှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR