သူနဲ့ ပတ်သက်လို့ ယူနိုက်တက် ပရိသတ် တွေဆီ တောင်းဆိုမှု တစ်ခု ပြုလုပ် သွားတဲ့ #မက်ဂွားယား
ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက လက်စတာ စီးတီး အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ခံစစ် ကစား သမား တစ်ဦး အတွက် ကမ႓ာ့ စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ခု ဖြစ်တဲ့ ပေါင် သန်း 80 နဲ့ ရောက်ရှိ လာခဲ့သူ ဟယ်ရီ မက်ဂွားယားက အချိန် များစွာ ပေးပြီးမှ သူ့ရဲ့ ခြေစွမ်း အပေါ် ဝေဖန် ဆန်းစစ် ကြဖို့ တောင်းဆို မှု တစ်ရပ် ပြုလုပ် သွားခဲ့ ပါတယ် ။
မက်ဂွားယား ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ရောက်ရှိ ကတည်းက အသင်း ရဲ့ ပရီးမီးယား လိဂ် ပွဲစဉ် တိုင်းကို ပွဲချိန် အပြည့် ပွဲထွက် ပါဝင် ကစား ခွင့် ရရှိ ထားခဲ့ ပါတယ် ။ ဒါပေမယ့် သူဟာ အသင်းမှာ အောင်မြင် နိုင် မလား ဆိုတာ ကို ဝေဖန် ထောက်ရှုှ ဖို့ အတွက် အချိန်ပေး စောင်းဆိုင်း ကြဖို့ ပရိသတ် တွေကို တောင်းဆို သွားခဲ့ ပါတယ် ။
” ဒါဟာ ရေရှည် စောင့်ကြည့် ရမယ့် ကိစ္စ လို့ ကျွန်တော် တွေး ပါတယ် ။ အဲ့တာ က အဓိက ကျတဲ့ တဲ့ အချက် တစ်ခု ပါပဲ ။ ဒါ့ ကြောင့် ကျွန်တော့် ကို အချိန် 5 နှစ် ၊ 6 နှစ်လောက် စောင့်ကြည့် ပြီးမှ မန်ချက်စတာ ယူနိုက်တက် မှာ အောင်မြင် သလား ဆိုတာ ဝေဖန် ပိုင်းခြား ပေး ကြပါ ”
” ဒီ အတွက် ကျွန်တော် ယုံကြည်မှု အပြည့် ရှိ သလို နောင် 5 နှစ် ၊ 6 နှစ် အတွင်း သေချာပေါက် အောင်မြင် နိုင် လိမ့်မယ် လို့ အမှန် အကန် ယုံကြည် ထား ပါတယ် ။ ကျွန်တော် တို့ ဒီမှာ ကောင်းမွန် လှတဲ့ အချိန် တွေ အများကြီး ပိုင်ဆိုင် လိမ့်မယ် လို့ သေချာပေါက် ပြောရဲ ပါတယ် ” လို့ မက်ဂွားယား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အဲဲ့ဒီနောက် သူဟာ ယူနိုက်တက် အသင်း ဆီကို ခံစစ် ကစား သမား တစ်ဦး အတွက် ကမ႓ာ့ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ရောက်ရှိ လာ ခဲ့တဲ့ အပေါ် ဒါဟာ သူ့ အတွက် ဖိအား တွေ ၊ ဝန်ထုတ် ဝန်ပိုး တွေ မဖြစ် စေကြောင်း ပြောကြာ သွားခဲ့ လိုက် ပါတယ် ။
” အဲ့တာ က ကျွန်တော့် ကို ဘယ်လို မှ စိတ် အနှောက် အယှက် မပေး ပါဘူး ။ အဲ့တာ က ကျွန်တော့် အပေါ် ဘယ်လို မှ သက်ရောက် မှု ပေးမှာ မဟုတ် ပါဘူး ။ လက်စတာ က ကျွန်တော့် ကို အသင်း မှာ ထိန်းသိမ်း ထားနိုင် ဖို့ လုပ်ဆောင် ထားခဲ့ ပါတယ် ။ သူတို့ ဟာ ကလပ် အသင်း တစ်ခု အဖြစ် ကောင်းမွန် တဲ့ အနေအထား တစ်ခု မှာ ရှိနေ ကြ ပါတယ် ”
” မန်ချက်စတာ ယူနိုက်တက် အသင်း က ကျွန်တော့် ကို ခေါ်ယူ ချင် ခဲ့တယ် ။ သူတို့ သဘော တူညီ မှု ရယူ နိုင်ခဲ့ ကြ ပါတယ် ။ ဒါဟာ နှစ်ဦး နှစ်ဖက် အတွက် တစ်ကယ့် ကို ကောင်းမွန် တဲ့ အပြောင်း အရွှေ့ တစ်ခု ဖြစ်သွား ခဲ့ရ ပါတယ် ”
” အခုတော့ ကျွန်တော် ဟာ ဘောလုံး ကို ဘယ် အသင်း အတွက် အာရုံစိုက် ကစား ပေးရ မလဲ ဆိုတာ ထင်ရှား စေခဲ့ ပါပြီ ။ ကျွန်တော် တို့ တွေဟာ အသင်း တစ်သင်း အဖြစ် ဆက်လက် တိုးတက် ကောင်းမွန် အောင် ကြိုးစား ကြရ ပါ့မယ် ။ ကျွန်တော် တစ်ယောက် တည်း သီးခြား ကြိုးစား သွားလို့ မရနိုင် ပါဘူး ”
” ကျွန်တော် တို့ တွေဟာ အသင်း အဖွဲ့ တစ်ခု အဖြစ် ပိုမို တိုးတက် ကောင်းမွန် လာပြီ ဆိုရင် ပဲ ကျွန်တော် လည်း အောင်မြင် နေပြီ လို့ ခံစား သွားနိုင် မှာပါ ” လို့ မက်ဂွားယား က သူ့ရဲ့ ခံယူချက် ကို ထုတ်ဖော် ရှင်းပြ သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
================
ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက လက်စတာ စီးတီး အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ခံစစ် ကစား သမား တစ်ဦး အတွက် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ခု ဖြစ်တဲ့ ပေါင် သန်း 80 နဲ့ ရောက်ရှိ လာခဲ့သူ ဟယ်ရီ မက်ဂွားယားက အချိန် များစွာ ပေးပြီးမှ သူ့ရဲ့ ခြေစွမ်း အပေါ် ဝေဖန် ဆန်းစစ် ကြဖို့ တောင်းဆို မှု တစ်ရပ် ပြုလုပ် သွားခဲ့ ပါတယ် ။
အဲ့ဒီနောက် သူဟာ ယူနိုက်တက် အသင်း ဆီကို ခံစစ် ကစား သမား တစ်ဦး အတွက် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ရောက်ရှိ လာ ခဲ့တဲ့ အပေါ် ဒါဟာ သူ့ အတွက် ဖိအား တွေ ၊ ဝန်ထုတ် ဝန်ပိုး တွေ မဖြစ် စေကြောင်း ပြောကြာ သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar