ရီးရဲယ်မက်ဒရစ် အသင်းထံ ပြောင်းလာ စေချင်တဲ့ ဘောလုံး စူပါစတား တစ်ဦးကို ပြောလိုက်တဲ့ ဗာရန်း

ရာဖေးဗာရန်း က သူဟာ ပီအက်ဂျီစတား ကီလီယန်အမ်ဘက်ပေ ကို သူ့ရဲ့ ကလပ် အသင်းဖော် အဖြစ် အမြဲ မြင်ချင်တဲ့ ဆန္ဒ ရှိတယ်လို့ ပြောလိုက်ပြီး ပြင်သစ် တိုက်စစ်မှုး ရီးရဲယ်မက်ဒရစ် အသင်းကို ပြောင်းလာနိုင်ခြေ ရှိနေတယ် ဆိုတဲ့ သတင်းတွေကို ကျယ်လောင် စေခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ တစ်လျှောက်လုံး ပီအက်ဂျီ စတားကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပေမယ့် အမ်ဘက်ပေဟာ ပဲရစ်မှာပဲ ဆက်ရှိ နေခဲ့ပါတယ်။

အမ်ဘက်ပေ ရဲ့ ပြင်သစ် လက်ရွေးစင် အသင်းဖော် ဖြစ်သူ ဗာရန်း ကတော့ သူနဲ့ ပီအက်ဂျီ စတား တို့ဟာ လက်ရွေးစင် အသင်းမှာ အနာဂတ် အပြောင်းအရွေ့ နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ဆွေးနွေးမှု မရှိခဲ့ ပေမယ့် အကယ်၍များ အမ်ဘက်ပေ ဘက်က အပြောင်းအရွေ့ ကိစ္စ အတွက် တစ်စုံတစ်ရာ အကြံတောင်းခံ လာခဲ့မယ် ဆိုရင် သူ့အနေနဲ့ ရီးရဲယ်မက်ဒရစ် အသင်းကို ပြောင်းလာဖို့ အတွက် တိုက်တွန်း သွားမှာ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

ဗာရန်း က “ကျွန်တော်ရဲ့ အသင်းမှာ အမ်ဘက်ပေ အမြဲတမ်း အလို ရှိပါတယ်။ အကယ်၍ သူ တစ်နေ့နေ့ တစ်ချိန်ချိန် အပြောင်းအရွေ့ ကိစ္စနဲ့ ပက်သက်ပြီး ပြောလာ ခဲ့မယ် ဆိုရင် ကျွန်တော် ကတော့ ရီးရဲယ်မက်ဒရစ် အသင်း ရဲ့ ကောင်းကြောင်း တွေကို သူ့ကို ပြောပြ သွားမှာပါ။” လို့ ဆိုလိုက် ပါတယ်။

အမ်ဘက်ပေဟာ ဒီရာသီ အစပိုင်းမှာ ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန် နေခဲ့ ရပြီး ဒီရာသီ ပီအက်ဂျီ ရဲ့ လီဂူးဝမ်း ပွဲစဉ် ၅ ပွဲကို လွဲချော် ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်ဂျီ စတားဟာ အခုမှ ပြန်လည် နလန်ထခါစ ရှိသေးတာကြောင့် လာမည့် သောကြာနေ့ အိုက်စလန် ၊ လာမည့် တစ်ပတ် တနင်္လာနေ့ တူရကီ နဲ့ ကစား ရမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေ အတွက် ပြင်သစ် လက်ရွေးစင် အသင်းမှာ မပါ၀င် ခဲ့ပါဘူး။

တစ်ချိန်တည်း မှာပဲ ဗာရန်းနဲ့ ရီးရဲယ်မက်ဒရစ် အသင်းတို့ဟာ ဒီရာသီ ချန်ပီယံလိဂ် ၂ ပွဲ အပြီးမှာ ရမှတ် ၁ မှတ်သာ ရထားပြီး ရုန်းကန် နေခဲ့ ရပေမယ့်လည်း လာလီဂါ မှာတော့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည် နေပါတယ်။ ရီးရဲယ်မက်ဒရစ် တို့ ဘယ်နေရာမှာပဲ ရုန်းကန် နေရသည် ဖြစ်စေ ဖိအားတွေ ကတော့ များပြား နေမှာ ဖြစ်ပြီး ဗာရန်း ကတော့ သူတို့ အနေနဲ့ ခံစစ်ပိုင်း ပြသနာသာ ဖြေရှင်း နိုင်ခဲ့မယ် ဆိုရင် တိုးတက်မှုတွေ မြင်တွေ့ ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ဗာရန်း က “ကျွန်တော်တို့ဟာ အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်း ဖြစ်ပြီး နိုင်ပွဲတွေ ဆက်တိုက် ရချင်တဲ့ ဆန္ဒတွေ ကတော့ ရှိကြပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဖြစ်ပျက် ခဲ့တာတွေ အတွက် စိတ််ဓာတ် ပင်ပန်းမှု ကတော့ ရှိနိုင်ပါတယ်။ ရီးရဲယ်မက်ဒရစ် အသင်းမှာ ကစား ရတာ ဖြစ်တာကြောင့် အောင်မြင်မှုကို ဆာလောင်တဲ့ ဖိအား နဲ့ အနိုင်ရဖို့ အတွက်သာ ရည်ရွယ်ပြီး ကစား ရတဲ့ ဖိအား ကတော့ အမြဲ ရှိပါတယ်။”

ဆက်လက်ပြီး ပြင်သစ် နောက်ခံလူက “ဂိုးတွေ ပေးရတာဟာ နောက်ခံလူတွေရဲ့ အမှားပဲ မဟုတ်ပါဘူး။ ဒါဟာ တစ်သင်းလုံးနဲ့ သက်ဆိုင်တဲ့ အရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာတော့ တိုးတက်မှုတွေ ရှိခဲ့ ပေမယ့် ဒါဟာ စိတ်ကို ပေါ့ပေါ့ ထားတယ် ဆိုတဲ့ ပြသနာထက် ပိုပါတယ်။ ပြသနာ ကတော့ ကျွန်တော်တို့ အနေနဲ့ တစ်ပွဲလုံး ကောင်းမွန်တဲ့ level ကို ဆက်လက် ထိန်းသိမ်း ထားဖို့ပါ။” လို့ ဆိုသွား ပါတယ်။

နိုင်ငံတကာ ပွဲစဉ်တွေ ပြီးနောက် ရီးရဲယ်မက်ဒရစ် အသင်းဟာ မာယော့ နဲ့ ကစား ရမှာ ဖြစ်ပြီး အဲဒီနောက် ဂါလာတာစာရေး နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ကစား ရမှာ ဖြစ်ပါတယ်။ ပီအက်ဂျီ အသင်း ကတော့ နိစ် အသင်းနဲ့ လီဂူးဝမ်း ပွဲစဉ်ပြီးနောက် ကလပ်ဘရုချ်နဲ့ ချန်ပီယံလိဂ် ပွဲကစား ရမှာ ဖြစ်ပါတယ်။

SM

Zawgyi

ရီးရဲယ္မက္ဒရစ္ အသင္းထံ ေျပာင္းလာ ေစခ်င္တဲ့ ေဘာလံုး စူပါစတား တစ္ဦးကို ေျပာလိုက္တဲ့ ဗာရန္း

ရာေဖးဗာရန္း က သူဟာ ပီအက္ဂ်ီစတား ကီလီယန္အမ္ဘက္ေပ ကုိ သူ႕ရဲ႕ ကလပ္ အသင္းေဖာ္ အျဖစ္ အျမဲ ျမင္ခ်င္တဲ့ ဆႏၵ ရွိတယ္လို႕ ေျပာလိုက္ျပီး ျပင္သစ္ တုိက္စစ္မွဳး ရီးရဲယ္မက္ဒရစ္ အသင္းကို ေျပာင္းလာႏုိင္ေျခ ရွိေနတယ္ ဆုိတဲ့ သတင္းေတြကို က်ယ္ေလာင္ ေစခဲ့ပါတယ္။ ရီးရဲယ္မက္ဒရစ္ အသင္းဟာ ျပီးခဲ့တဲ့ ေႏြရာသီ တစ္ေလွ်ာက္လံုး ပီအက္ဂ်ီ စတားကုိ ေခၚယူမယ္လို႕ သတင္းေတြ ထြက္ေပၚ ခဲ့ေပမယ့္ အမ္ဘက္ေပဟာ ပဲရစ္မွာပဲ ဆက္ရွိ ေနခဲ့ပါတယ္။

အမ္ဘက္ေပ ရဲ႕ ျပင္သစ္ လက္ေရြးစင္ အသင္းေဖာ္ ျဖစ္သူ ဗာရန္း ကေတာ့ သူနဲ႕ ပီအက္ဂ်ီ စတား တုိ႕ဟာ လက္ေရြးစင္ အသင္းမွာ အနာဂတ္ အေျပာင္းအေရြ႕ နဲ႕ ပက္သက္ျပီး တစ္စံုတစ္ရာ ေဆြးေႏြးမွဳ မရွိခဲ့ ေပမယ့္ အကယ္၍မ်ား အမ္ဘက္ေပ ဘက္က အေျပာင္းအေရြ႕ ကိစၥ အတြက္ တစ္စံုတစ္ရာ အၾကံေတာင္းခံ လာခဲ့မယ္ ဆုိရင္ သူ႕အေနနဲ႕ ရီးရဲယ္မက္ဒရစ္ အသင္းကုိ ေျပာင္းလာဖို႕ အတြက္ တုိက္တြန္း သြားမွာ ျဖစ္တယ္လို႕ ဆုိလိုက္ ပါတယ္။

ဗာရန္း က “ကၽြန္ေတာ္ရဲ႕ အသင္းမွာ အမ္ဘက္ေပ အျမဲတမ္း အလို ရွိပါတယ္။ အကယ္၍ သူ တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္ အေျပာင္းအေရြ႕ ကိစၥနဲ႕ ပက္သက္ျပီး ေျပာလာ ခဲ့မယ္ ဆုိရင္ ကၽြန္ေတာ္ ကေတာ့ ရီးရဲယ္မက္ဒရစ္ အသင္း ရဲ႕ ေကာင္းေၾကာင္း ေတြကို သူ႕ကို ေျပာျပ သြားမွာပါ။” လို႕ ဆုိလုိက္ ပါတယ္။

အမ္ဘက္ေပဟာ ဒီရာသီ အစပိုင္းမွာ ဒဏ္ရာ ျပသနာေတြနဲ႕ ရုန္းကန္ ေနခဲ့ ရျပီး ဒီရာသီ ပီအက္ဂ်ီ ရဲ႕ လီဂူး၀မ္း ပြဲစဥ္ ၅ ပြဲကို လြဲေခ်ာ္ ထားခဲ့ျပီး ျဖစ္ပါတယ္။ ဒါ့အျပင္ ပီအက္ဂ်ီ စတားဟာ အခုမွ ျပန္လည္ နလန္ထခါစ ရွိေသးတာေၾကာင့္ လာမည့္ ေသာၾကာေန႕ အုိက္စလန္ ၊ လာမည့္ တစ္ပတ္ တနလၤာေန႕ တူရကီ နဲ႕ ကစား ရမယ့္ ယူရုိ ၂၀၂၀ ေျခစစ္ပြဲစဥ္ေတြ အတြက္ ျပင္သစ္ လက္ေရြးစင္ အသင္းမွာ မပါ၀င္ ခဲ့ပါဘူး။

တစ္ခ်ိန္တည္း မွာပဲ ဗာရန္းနဲ႕ ရီးရဲယ္မက္ဒရစ္ အသင္းတုိ႕ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ၂ ပြဲ အျပီးမွာ ရမွတ္ ၁ မွတ္သာ ရထားျပီး ရုန္းကန္ ေနခဲ့ ရေပမယ့္လည္း လာလီဂါ မွာေတာ့ အမွတ္ေပးဇယားရဲ႕ ထိပ္ဆံုး ေနရာမွာ ရပ္တည္ ေနပါတယ္။ ရီးရဲယ္မက္ဒရစ္ တုိ႕ ဘယ္ေနရာမွာပဲ ရုန္းကန္ ေနရသည္ ျဖစ္ေစ ဖိအားေတြ ကေတာ့ မ်ားျပား ေနမွာ ျဖစ္ျပီး ဗာရန္း ကေတာ့ သူတုိ႕ အေနနဲ႕ ခံစစ္ပုိင္း ျပသနာသာ ေျဖရွင္း ႏုိင္ခဲ့မယ္ ဆုိရင္ တုိးတက္မွဳေတြ ျမင္ေတြ႕ ရလိမ့္မယ္လို႕ ေျပာလိုက္ပါတယ္။

ဗာရန္း က “ကၽြန္ေတာ္တုိ႕ဟာ အရမ္းကို ျပိဳင္ဆုိင္မွဳ ျပင္းထန္တဲ့ အသင္း ျဖစ္ျပီး ႏုိင္ပြဲေတြ ဆက္တုိက္ ရခ်င္တဲ့ ဆႏၵေတြ ကေတာ့ ရွိၾကပါတယ္။ ျပီးခဲ့တဲ့ ႏွစ္က ျဖစ္ပ်က္ ခဲ့တာေတြ အတြက္ စိတ္္ဓာတ္ ပင္ပန္းမွဳ ကေတာ့ ရွိႏုိင္ပါတယ္။ ရီးရဲယ္မက္ဒရစ္ အသင္းမွာ ကစား ရတာ ျဖစ္တာေၾကာင့္ ေအာင္ျမင္မွဳကို ဆာေလာင္တဲ့ ဖိအား နဲ႕ အႏုိင္ရဖို႕ အတြက္သာ ရည္ရြယ္ျပီး ကစား ရတဲ့ ဖိအား ကေတာ့ အျမဲ ရွိပါတယ္။”

ဆက္လက္ျပီး ျပင္သစ္ ေနာက္ခံလူက “ဂိုးေတြ ေပးရတာဟာ ေနာက္ခံလူေတြရဲ႕ အမွားပဲ မဟုတ္ပါဘူး။ ဒါဟာ တစ္သင္းလံုးနဲ႕ သက္ဆုိင္တဲ့ အရာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ပြဲေတြမွာေတာ့ တုိးတက္မွဳေတြ ရွိခဲ့ ေပမယ့္ ဒါဟာ စိတ္ကို ေပါ့ေပါ့ ထားတယ္ ဆုိတဲ့ ျပသနာထက္ ပိုပါတယ္။ ျပသနာ ကေတာ့ ကၽြန္ေတာ္တုိ႕ အေနနဲ႕ တစ္ပြဲလံုး ေကာင္းမြန္တဲ့ level ကို ဆက္လက္ ထိန္းသိမ္း ထားဖို႕ပါ။” လို႕ ဆုိသြား ပါတယ္။

ႏုိင္ငံတကာ ပြဲစဥ္ေတြ ျပီးေနာက္ ရီးရဲယ္မက္ဒရစ္ အသင္းဟာ မာေယာ့ နဲ႕ ကစား ရမွာ ျဖစ္ျပီး အဲဒီေနာက္ ဂါလာတာစာေရး နဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္ကို ကစား ရမွာ ျဖစ္ပါတယ္။ ပီအက္ဂ်ီ အသင္း ကေတာ့ နိစ္ အသင္းနဲ႕ လီဂူး၀မ္း ပြဲစဥ္ျပီးေနာက္ ကလပ္ဘရုခ်္နဲ႕ ခ်န္ပီယံလိဂ္ ပြဲကစား ရမွာ ျဖစ္ပါတယ္။

SM