အန်ဖီးမှာ ဘာစီလိုနာ တို့ ဘာကြောင့် ရှုံးနိမ့် ခဲ့သလဲ ဆိုတာ ပြောသွားခဲ့တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာ တုန်းက သူ့ရဲ့ ဘာစီလိုနာ အသင်း အန်ဖီးမှာ ဘာကြောင့် ရှံုးနိမ့် သွားခဲ့သလဲ ဆိုတာကို ပြောပြ သွားခဲ့ ပါတယ်။ ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ လီဗာပူး အသင်း နဲ့ တွေ့ဆုံ ခဲ့ပြီး နူးကမ့်မှာ ကစား ခဲ့တဲ့ ပထမ အကျော့ ပွဲစဉ်မှာ လူးဝစ်ဆွာရက် ၊ မက်ဆီ ( ၂ ဂိုး ) တို့ရဲ့ ဂိုးတွေနဲ့ အတူ ပရီးမီးယားလိဂ် ကလပ်ကို အနိုင် ရရှိ ခဲ့ပါတယ်။

ဒါပေမယ့်လည်း အန်ဖီးမှာ ကစား ခဲ့တဲ့ ဒုတိယ အကျော့ မှာတော့ ယာဂန်ကလော့ ရဲ့ အသင်းဟာ ဒီဗို့အိုရီဂီ ( ၂ ဂိုး ) ၊ ဂျီနီ ၀ိုင်နယ်ဒန် ( ၂ ဂိုး ) တို့ရဲ့ ဂိုးတွေနဲ့ အတူ ဘာစီလိုနာကို အံ့ဖွယ် come back နဲ့ အနိုင်ယူ ခဲ့ပြီး ၂ ကျော့ပေါင်း ၄ ဂိုး ၃ ဂိုး နဲ့ မက်ဒရစ်မှာ ကျင်းပခဲ့တဲ့ ဖိုင်နယ်ကို တက်လှမ်း သွားခဲ့ ပါတယ်။

အာဂျင်တီးနား စတားဟာ လီဗာပူး မှာ ရှံုးနိမ့် ခဲ့တဲ့ ပွဲစဉ် အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြ သွားခဲ့တဲ့ အပြင် ကာလရှည် လွဲချော် နေခဲ့တဲ့ ချန်ပီယံလိဂ် ဖလား ကို ပြန်လည် ရယူချင်တဲ့ သူ့ရဲ့ ရည်မှန်းချက် ကိုလည်း ပြောပြ သွားခဲ့ ပါတယ်။ ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ ရိုးမား ( ကွာတားဖိုင်နယ် ) ၊ လီဗာပူး တို့ကို ရှံံုးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရတာကြောင့် နည်းပြ အာနက်တို ဗယ်ဗာဒီ ဟာ ဝေဖန် ပြစ်တင်မှုတွေ များစွာ ခံခဲ့ ရပြီး မက်ဆီ ကတော့ ဒီစွပ်စွဲမှု တွေကို ငြင်းဆန် သွားခဲ့ ပါတယ်။

မက်ဆီက “လီဗာပူး ကို ရှံုးနိမ့် ခဲ့ခြင်းဟာ ကျွန်တော်တို့ရဲ့ အမှား ဖြစ်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အသင်း ဖြစ်ပျက် ခဲ့သမျှ အရာ တွေဟာ လက်ခံ နို်င်စရာ မရှိပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် ပိတ်ဆို့ တားဆီး ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီနှစ် မတိုင်မီ ကျွန်တော်တို့ ရိုးမား နဲ့ ပွဲမှာ ဒီလို ဖြစ်ခဲ့ဖူး ပြီးလို့ပါ။ ဒါဟာ နည်းပြ တစ်ဦး တည်းကြောင့် ဖြစ်ခဲ့တာ မဟုတ်ပါဘူး။

ဒါ့အပြင် သူ ဒီနေမှာ ဆက်ရှိနေဖို့ အတွက် ဆုံးဖြတ်ချက် ကိုလည်း ကျွန်တော် ချမှတ် ခဲ့တာ မဟုတ်ပါဘူး။ တစ်နေရာရာ ကနေ ဒီလိုမျိုး ပြောနေတာကို ကြားခဲ့ ရလို့ပါ။ ချန်ပီယံလိ်ဂ် ဖလား ကို မဆွတ်ခူး နိုင်တဲ့ နောက်ထပ် တစ်ရာသီကို ထပ်ပြီး ဖြတ်သန်း ရမယ် ဆိုရင် ကျွန်တော် စိတ်ပျက်လက်ပျက် ဖြစ်မိ မှာပါ။” လို့ ဆိုသွား ပါတယ်။

ဆက်လက်ပြီး မက်ဆီက သူဟာ ဘာစီလိုနာ ဥက္ကဋ္ဌ ဂျိုးဆက်မာရီယာ ဘာတိုမြူ နဲ့ ပြီးခဲ့တဲ့ ရာသီ ကတည်းက စကား မပြော ဖြစ်ခဲ့ ဘူးလို့ ဖွင့်ဟ ခဲ့ပါတယ်။

မက်ဆီ က “လီဗာပူး ကို အန်ဖီး မှာ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် ပြီးကတည်းက ကျွန်တော် ဥက္ကဋ္ဌ နဲ့ စကား မပြော ဖြစ်သေး ပါဘူး။ အဲဒီပွဲမှာ နောက်ဆုံး အကြိမ် ပြောခဲ့ တာပါ။ ကျွန်တော် ဥက္ကဋ္ဌနဲ့ ဘာပြသနာမှ မရှိပါဘူး။ အရာအားလုံး ကောင်းပါတယ်။ ကျွန်တော်တို့ အဲဒီ တုန်းက စကားတော့ ပြောခဲ့ ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့တာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒါဟာ သင့်တော်တဲ့ အချိန် မဟုတ်လို့ပါ။

ကျွန်တော်တို့ဟာ တစ်ဦး အကြောင်း တစ်ဦး နားလည် သလို တစ်ဦးကို တစ်ဦးလည်း ယုံကြည် ပါတယ်။ ပြောစရာ ရှိရင်တော့ ပြောရမှာပါ။ ကျွန်တော်တို့ ဒီလို လုပ်ပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့ကြား ဘာပြသနာမှ မရှိပါဘူး။” လို့ ဆိုလိုက် ပါတယ်။

SM

Zawgyi

အန္ဖီးမွာ ဘာစီလိုနာ တုိ႕ ဘာေၾကာင့္ ရွံဳးနိမ့္ ခဲ့သလဲ ဆုိတာ ေျပာသြားခဲ့တဲ့ လီယြန္နယ္မက္ဆီ

လီယြန္နယ္ မက္ဆီဟာ ျပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ မွာ တုန္းက သူ႕ရဲ႕ ဘာစီလိုနာ အသင္း အန္ဖီးမွာ ဘာေၾကာင့္ ရွံဳးနိမ့္ သြားခဲ့သလဲ ဆုိတာကို ေျပာျပ သြားခဲ့ ပါတယ္။ ဘာစီလိုနာ အသင္းဟာ ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ အဆင့္မွာ လီဗာပူး အသင္း နဲ႕ ေတြ႕ဆံု ခဲ့ျပီး ႏူးကမ့္မွာ ကစား ခဲ့တဲ့ ပထမ အေက်ာ့ ပြဲစဥ္မွာ လူး၀စ္ဆြာရက္ ၊ မက္ဆီ ( ၂ ဂိုး ) တုိ႕ရဲ႕ ဂိုးေတြနဲ႕ အတူ ပရီးမီးယားလိဂ္ ကလပ္ကို အႏုိင္ ရရွိ ခဲ့ပါတယ္။

ဒါေပမယ့္လည္း အန္ဖီးမွာ ကစား ခဲ့တဲ့ ဒုတိယ အေက်ာ့ မွာေတာ့ ယာဂန္ကေလာ့ ရဲ႕ အသင္းဟာ ဒီဗုိ႕အိုရီဂီ ( ၂ ဂုိး ) ၊ ဂ်ီနီ ၀ိုင္နယ္ဒန္ ( ၂ ဂိုး ) တို႕ရဲ႕ ဂိုးေတြနဲ႕ အတူ ဘာစီလိုနာကို အံ့ဖြယ္ come back နဲ႕ အႏုိင္ယူ ခဲ့ျပီး ၂ ေက်ာ့ေပါင္း ၄ ဂိုး ၃ ဂိုး နဲ႕ မက္ဒရစ္မွာ က်င္းပခဲ့တဲ့ ဖိုင္နယ္ကို တက္လွမ္း သြားခဲ့ ပါတယ္။

အာဂ်င္တီးနား စတားဟာ လီဗာပူး မွာ ရွံဳးနိမ့္ ခဲ့တဲ့ ပြဲစဥ္ အေၾကာင္းကို ပြင့္ပြင့္လင္းလင္း ေျပာျပ သြားခဲ့တဲ့ အျပင္ ကာလရွည္ လြဲေခ်ာ္ ေနခဲ့တဲ့ ခ်န္ပီယံလိဂ္ ဖလား ကုိ ျပန္လည္ ရယူခ်င္တဲ့ သူ႕ရဲ႕ ရည္မွန္းခ်က္ ကိုလည္း ေျပာျပ သြားခဲ့ ပါတယ္။ ဘာစီလိုနာ အသင္းဟာ ျပီးခဲ့တဲ့ ၂ ရာသီမွာ ရုိးမား ( ကြာတားဖိုင္နယ္ ) ၊ လီဗာပူး တုိ႕ကို ရွံံဳးနိမ့္ကာ ျပိဳင္ပြဲ ကေန ထြက္ခြာ ခဲ့၇တာေၾကာင့္ နည္းျပ အာနက္တုိ ဗယ္ဗာဒီ ဟာ ေ၀ဖန္ ျပစ္တင္မွဳေတြ မ်ားစြာ ခံခဲ့ ရျပီး မက္ဆီ ကေတာ့ ဒီစြပ္စြဲမွဳ ေတြကို ျငင္းဆန္ သြားခဲ့ ပါတယ္။

မက္ဆီက “လီဗာပူး ကို ရွံဳးနိမ့္ ခဲ့ျခင္းဟာ ကၽြန္ေတာ္တုိ႕ရဲ႕ အမွား ျဖစ္ပါတယ္။ ဒီပြဲမွာ ကၽြန္ေတာ္တုိ႕ အသင္း ျဖစ္ပ်က္ ခဲ့သမွ် အရာ ေတြဟာ လက္ခံ ႏုိ္င္စရာ မရွိပါဘူး။ ကၽြန္ေတာ္တုိ႕ဟာ ကိုယ့္ကုိကုိယ္ ပိတ္ဆို႕ တားဆီး ခဲ့ၾကတာ ျဖစ္ပါတယ္။ ဘာလို႕လဲ ဆိုေတာ့ အဲဒီႏွစ္ မတုိင္မီ ကၽြန္ေတာ္တုိ႕ ရုိးမား နဲ႕ ပြဲမွာ ဒီလို ျဖစ္ခဲ့ဖူး ျပီးလို႕ပါ။ ဒါဟာ နည္းျပ တစ္ဦး တည္းေၾကာင့္ ျဖစ္ခဲ့တာ မဟုတ္ပါဘူး။

ဒါ့အျပင္ သူ ဒီေနမွာ ဆက္ရွိေနဖို႕ အတြက္ ဆံုးျဖတ္ခ်က္ ကိုလည္း ကၽြန္ေတာ္ ခ်မွတ္ ခဲ့တာ မဟုတ္ပါဘူး။ တစ္ေနရာရာ ကေန ဒီလိုမ်ိဳး ေျပာေနတာကို ၾကားခဲ့ ရလို႕ပါ။ ခ်န္ပီယံလိ္ဂ္ ဖလား ကို မဆြတ္ခူး ႏိုင္တဲ့ ေနာက္ထပ္ တစ္ရာသီကုိ ထပ္ျပီး ျဖတ္သန္း ရမယ္ ဆုိရင္ ကၽြန္ေတာ္ စိတ္ပ်က္လက္ပ်က္ ျဖစ္မိ မွာပါ။” လို႕ ဆုိသြား ပါတယ္။

ဆက္လက္ျပီး မက္ဆီက သူဟာ ဘာစီလိုနာ ဥကၠ႒ ဂ်ိဳးဆက္မာရီယာ ဘာတုိျမဴ နဲ႕ ျပီးခဲ့တဲ့ ရာသီ ကတည္းက စကား မေျပာ ျဖစ္ခဲ့ ဘူးလို႕ ဖြင့္ဟ ခဲ့ပါတယ္။

မက္ဆီ က “လီဗာပူး ကို အန္ဖီး မွာ ရံွဳးနိမ့္ ခဲ့တဲ့ ပြဲစဥ္ ျပီးကတည္းက ကၽြန္ေတာ္ ဥကၠ႒ နဲ႕ စကား မေျပာ ျဖစ္ေသး ပါဘူး။ အဲဒီပြဲမွာ ေနာက္ဆံုး အၾကိမ္ ေျပာခဲ့ တာပါ။ ကၽြန္ေတာ္ ဥကၠ႒နဲ႕ ဘာျပသနာမွ မရွိပါဘူး။ အရာအားလံုး ေကာင္းပါတယ္။ ကၽြန္ေတာ္တုိ႕ အဲဒီ တုန္းက စကားေတာ့ ေျပာခဲ့ ပါတယ္။ ဒါေပမယ့္ ကုိယ္တိုင္ကုိယ္က် ေတြ႕ခဲ့တာ မဟုတ္ပါဘူး။ ဘာလို႕လဲ ဆိုေတာ့ ဒါဟာ သင့္ေတာ္တဲ့ အခ်ိန္ မဟုတ္လို႕ပါ။

ကၽြန္ေတာ္တုိ႕ဟာ တစ္ဦး အေၾကာင္း တစ္ဦး နားလည္ သလို တစ္ဦးကို တစ္ဦးလည္း ယံုၾကည္ ပါတယ္။ ေျပာစရာ ရွိရင္ေတာ့ ေျပာရမွာပါ။ ကၽြန္ေတာ္တုိ႕ ဒီလို လုပ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတ္ာတုိ႕ၾကား ဘာျပသနာမွ မရွိပါဘူး။” လို႕ ဆုိလိုက္ ပါတယ္။

SM