ယူနိုက်တက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ဘယ်လောက် လိုချင်သလဲ ဆိုတာ ပြောကြားခဲ့တဲ့ #ပေါ့ဂ်ဘာ

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ က အသင်း ဖက်မှ စာချုပ် သစ် ကမ်းလှမ်း ခဲ့တာ ကို ပယ်ချ လိုက်ပြီး တစ်နှစ် ယူရို သန်း 30 အထိ အလိုရှိ နေတယ် လို့ သတင်း တွေ ဖော်ပြ လိုက်ကြ ပါတယ် ။

တူရင် အခြေစိုက် သတင်းစာ တစ်ခု ဖြစ်တဲ့ Tottosport က ယူနိုက်တက် ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ကို အသင်း ဟောင်း ဂျူဗင်တပ် အပါအဝင် စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ကလည်း ဆက်လက် အလိုရှိ နေကြ ဆဲ ဖြစ်ကြောင်း အခိုင် အမာ ဖော်ပြ သွားခဲ့ ပါတယ် ။

အဆိုပါ အသင်း နှစ်သင်း ဟာ ပြီး ခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက ပြင်သစ် လက်ရွေးစင် ကို ခေါ်ယူ နိုင်ဖို့ အတွက် အထူး စိတ်ဝင်စား ခဲ့ကြ ပေမယ့် နောက်ဆုံး မှာတော့ ယူနိုက်တက် ဖက်က ပြောင်းရွှေ့ကြေး မြှင့်တင် လိုက်မှု ကြောင့် လက်ရှောင် ခဲ့ကြ ပါတယ် ။

လက်ရှိ ပေါ့ဂ်ဘာ ဖက်မှ အလိုရှိ နေတယ် ဆိုတဲ့ တစ်နှစ် ယူရို သန်း 30 ဆိုတဲ့ ပမာဏ ဟာ တစ်ပါတ် ယူရို ငါးသိန်း ဆိုတဲ့ မြင့်မား လှတဲ့ လစာ ငွေနဲ့ တူညီ နေ ပါတယ် ။ ဒါဟာ ဂျူဗင်တပ် အသင်း ရဲ့ အဓိက ကစားသမား ဖြစ်သူ စီ ရော်နယ်ဒို လက်ရှိ ရရှိ နေတဲ့ လစာ ငွေနဲ့ တူညီ တဲ့ ပမာဏ တစ်ခု ကို တောင်းဆို လိုက်ခြင်း ပါပဲ ။

ယခင် တုန်းက တော့ စပိန် သတင်းစာ တစ်ခု ဖြစ်တဲ့ မာကာ က ပေါ့ဂ်ဘာ ဟာ ချဲလ်ဆီး ကစားသမား ဟောင်း ဖြစ်သူ အီဒင် ဟာဇက် ရဲ့ လမ်းစဉ် ကို လိုက်ပြီး ယူနိုက်တက် မှာ စိတ်ရှည်ရှည် ထားဖို့ ရှိနေ ကြောင်း ၊ သူဟာ အဆုံးသတ် မှာ ရီးယဲ မက်ဒရစ် အသင်း ဆီပဲ သေချာပေါက် ပြောင်းရွှေ့ မယ်လို့ ဆုံးဖြတ် ထားကြောင်း ဖော်ပြ ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ယူနိုက်တက် ဖက်က ကစားသမား ကို အသင်း မှာပဲ ဆက်လက် ရှိနေ စေလို တယ် ဆိုတာ နွေ အပြောင်း အရွှေ့ ကတည်းက သိသာ ထင်ရှား ခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အတွက် ရောက်လာ ခဲ့ သမျှ ကမ်းလှမ်း မှု တွေကို ပယ်ချ ခဲ့ပြီး ကစားသမား ရဲ့ ပြောင်းရွှေ့ ကြေး ကို ပေါင် သန်း 150 အထိ သတ်မှတ် ထားခဲ့ ပါတယ် ။

ယခင် တုန်းက တော့ စပိန် မီဒီယာ တွေက ပေါ့ဂ်ဘာ ဟာ ကမ႓ာ့ အကောင်းဆုံး ကစားသမား ဆု ဖြစ်တဲ့ Balloon D’ Or ကို ရယူ ဆွတ်ခူး နိုင်ဖို့ ပစ်မှတ် ထားနေ သူ ဖြစ်ပြီး ယူနိုက်တက် မှာ ဆက်လက် ရှိနေ ပါက သူ့ရဲ့ ဆန္ဒ တွေဟာ မပြည့်ဝ မှာ သေချာ သလောက် ရှိနေ တာကြောင့် အသင်း ပြောင်း လိုတာ ဖြစ်ကြောင်း ဖော်ပြ ခဲ့ကြ ပါ သေးတယ် ။

ပေါ့ဂ်ဘာ ဟာ 2016 ခုနှစ် တုန်းက ဂျူဗင်တပ် အသင်း မှ ယူနိုက်တက် ဆီကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး အသင်း မှာ ရလဒ် တွေ ဆိုးရွား နေမှု ၊ သူ့ရဲ့ အနေအထား တွေ မကောင်းမွန် ခဲ့မှု အတွက် ကြောင့် အသင်း ပြောင်းဖို့ ဆန္ဒ ရှိနေ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar

Zawgyi


================







ယခင် တုန်းက တော့ စပိန် မီဒီယာ တွေက ပေါ့ဂ်ဘာ ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆု ဖြစ်တဲ့ Balloon D’ Or ကို ရယူ ဆွတ်ခူး နိုင်ဖို့ ပစ်မှတ် ထားနေ သူ ဖြစ်ပြီး ယူနိုက်တက် မှာ ဆက်လက် ရှိနေ ပါက သူ့ရဲ့ ဆန္ဒ တွေဟာ မပြည့်ဝ မှာ သေချာ သလောက် ရှိနေ တာကြောင့် အသင်း ပြောင်း လိုတာ ဖြစ်ကြောင်း ဖော်ပြ ခဲ့ကြ ပါ သေးတယ် ။


#Sports_Myanmar