အာဆင်နယ် အသင်းရဲ့ အားနည်းချက်က နောက်တန်းလား ၊ ကွင်းလယ်လား ဆိုတာ ပြောပြလိုက်တဲ့ ခရိတ်ဘာလေ

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ခရိတ်ဘာလေ က အာဆင်နယ် အသင်း အဓိက ပြင်ဆင်ဖို့ လိုအပ်နေတဲ့ နေရာဟာ ကွင်းလယ် ဖြစ်ကြောင်း ထောက်ပြ လိုက်ပြီး ဂန်းနားတို့ရဲ့ ကွင်းလယ်ဟာ မန်စီးတီး ၊ လီဗာပူး တို့နဲ့ ယှဉ်ပြိုင် နိုင်စွမ်း မရှိသေးကြောင်း ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၈) အပြီးမှာ တစ်ပွဲသာ ရှုံးနိမ့်ထားပြီး အဆင့် သုံးနေရာမှာ ရပ်တည် နေပါတယ်။ဒါ့အပြင် အူနိုင်း အမ်မရီ ရဲ့ အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း အခြေအနေ ကောင်းနေပြီး နှစ်ပွဲကစား၊နှစ်ပွဲနိုင်၊သွင်းဂိုး ၇ ဂိုး ၊ ပေးဂိုး လုံးဝ မရှိသေးဘဲ အုပ်စု ပထမ နေရာမှာ ရပ်တည် နေပါတယ်။

ဆဲလ်တစ် နဲ့ ဒါဘီ အသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ခရိတ်ဘာလေ က အာဆင်နယ် အသင်းရဲ့ တိုက်စစ် အင်အားဟာ အားရစရာကောင်းသလို နောက်တန်းဟာလည်း တိုးတက် ကောင်းမွန်နေပေမယ့် ကွင်းလယ်ကတော့ မန်စီးတီး ၊ လီဗာပူး တို့ကို ယှဉ်နိုင်စွမ်း မရှိသေးကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းမှာ ကွင်းလယ် ကစားသမားတွေ အဖြစ် တော်ရီးယား ၊ ရှာကာ ၊ ဂွမ်ဒူဇီ ၊ စီဘယ်လောစ့် ၊ အိုဇေးလ် ၊ ဝီးလောခ့် ၊ မိတ်လန်နိုင်းလ်စ်၊ စမစ်ရို တို့ ရှိနေပေမယ့် ခရိတ်ဘာလေ က ဂန်းနားတို့ရဲ့ ကွင်းလယ် အင်အား အကြိုက်မတွေ့ကြောင်း ဆိုပါတယ် ။

ဘာလေ က ESPN မှာ ” ကျနော်ကတော့ အာဆင်နယ် အသင်းရဲ့ လက်ရှိ ခြေစွမ်းကို သိပ်သဘောမကျပါဘူး ၊ တကယ်တမ်း ပြောရရင် မန်စီးတီး ၊ လီဗာပူး ကလွဲရင် တခြား ဘယ်အသင်းကိုမှ အကြိုက် မတွေ့မိသေးတာပါ ။ စီးတီး ကတော့ အခု အချိန်မှာ အမှားတွေ လုပ်နေပါတယ် ။ ”

” အာဆင်နယ် အသင်းမှာ တကယ့်ကို ထူးချွန် ကောင်းမွန်တဲ့ တိုက်စစ်မှူး နှစ်ဦး ရှိပါတယ် ၊ လာကာဇက် ကတော့ အခု အချိန်မှာ ဒဏ်ရာကြောင့် နားနေ ရပါတယ် ၊ သူသာ ပြန်ကစားနိုင်ရင် တိုက်စစ်မှာ အူဘာမီယန်း နဲ့ အတူ သွင်းဂိုးတွေ ပြန်မြင် ရဦးမှာပါ ။ ”

” နောက်ပြီး သူတို့မှာ ခြေစွမ်းကောင်းတဲ့ လူငယ်ကြယ်ပွင့် အချို့လည်း ရှိပါတယ် ၊ အူနိုင်း အမ်မရီ ကလည်း သူတို့ကို သေချာပေါက် နေရာ ပေးသွားဖွယ် ရှိနေပါတယ် ၊ ကြားရက်မှာတုန်းက ကျနော်တို့ အားလုံး မာတီနယ်လီ ရဲ့ အစွမ်းအစကို မြင်တွေ့ခဲ့ကြပြီးပါပြီ ။ ”

” အာဆင်နယ် အသင်း ကွင်းလယ် စုဖွဲ့မှုကိုတော့ လုံးဝ မကြိုက်ပါဘူး ၊ ဒီတိုင်း မကြိုက်ရုံပါပဲ ၊ ဘယ်လာရင် ၊ တီယာနေး တို့ ကစားတဲ့ ပွဲကျရင် သူတို့နှစ်ဦးက အမ်မရီ ရဲ့ နည်းစနစ်ကို ဘယ်လောက်အထိ ကူညီပေးနိုင်သလဲဆိုတာ ကြည့်ခွင့်ရတော့မှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ကတော့ ဘုန်းမောက် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင် ရခဲ့တဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ တီယာနေး ၊ ဘယ်လာရင် ၊ ဟိုးလ်ဒင်း တို့ သုံးဦးစလုံးဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားဖို့ အလွန် နီးစပ် နေပြီ ဖြစ်ကြောင်း ပြောကြား ထားပါတယ်။

SPORTS MYANMAR

Zawgyi

အာဆင္နယ္ အသင္းရဲ့ အားနည္းခ်က္က ေနာက္တန္းလား ၊ ကြင္းလယ္လား ဆိုတာ ေျပာျပလိုက္တဲ့ ခရိတ္ဘာေလ
==================================

ခ်ဲလ္ဆီး ကြင္းလယ္လူေဟာင္း ခရိတ္ဘာေလ က အာဆင္နယ္ အသင္း အဓိက ျပင္ဆင္ဖို႔ လိုအပ္ေနတဲ့ ေနရာဟာ ကြင္းလယ္ ျဖစ္ေၾကာင္း ေထာက္ၿပ လိုက္ၿပီး ဂန္းနားတို႔ရဲ့ ကြင္းလယ္ဟာ မန္စီးတီး ၊ လီဗာပူး တို႔နဲ႔ ယွဥ္ၿပိဳင္ နိုင္စြမ္း မရွိေသးေၾကာင္း ဆိုပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္(၈) အၿပီးမွာ တစ္ပြဲသာ ရွုံးနိမ့္ထားၿပီး အဆင့္ သုံးေနရာမွာ ရပ္တည္ ေနပါတယ္။ဒါ့အျပင္ အူနိုင္း အမ္မရီ ရဲ့ အာဆင္နယ္ အသင္းဟာ ယူရိုပါလိဂ္ ၿပိဳင္ပြဲမွာလည္း အေျခအေန ေကာင္းေနၿပီး ႏွစ္ပြဲကစား၊ႏွစ္ပြဲနိုင္၊သြင္းဂိုး ၇ ဂိုး ၊ ေပးဂိုး လုံးဝ မရွိေသးဘဲ အုပ္စု ပထမ ေနရာမွာ ရပ္တည္ ေနပါတယ္။

ဆဲလ္တစ္ နဲ႔ ဒါဘီ အသင္းေတြမွာလည္း ကစားခဲ့ဖူးတဲ့ ကြင္းလယ္လူေဟာင္း ခရိတ္ဘာေလ က အာဆင္နယ္ အသင္းရဲ့ တိုက္စစ္ အင္အားဟာ အားရစရာေကာင္းသလို ေနာက္တန္းဟာလည္း တိုးတက္ ေကာင္းမြန္ေနေပမယ့္ ကြင္းလယ္ကေတာ့ မန္စီးတီး ၊ လီဗာပူး တို႔ကို ယွဥ္နိုင္စြမ္း မရွိေသးေၾကာင္း ေျပာၾကား လိုက္ပါတယ္ ။

အာဆင္နယ္ အသင္းမွာ ကြင္းလယ္ ကစားသမားေတြ အျဖစ္ ေတာ္ရီးယား ၊ ရွာကာ ၊ ဂြမ္ဒူဇီ ၊ စီဘယ္ေလာစ့္ ၊ အိုေဇးလ္ ၊ ဝီးေလာခ့္ ၊ မိတ္လန္နိုင္းလ္စ္၊ စမစ္ရို တို႔ ရွိေနေပမယ့္ ခရိတ္ဘာေလ က ဂန္းနားတို႔ရဲ့ ကြင္းလယ္ အင္အား အႀကိဳက္မေတြ႕ေၾကာင္း ဆိုပါတယ္ ။

ဘာေလ က ESPN မွာ ” က်ေနာ္ကေတာ့ အာဆင္နယ္ အသင္းရဲ့ လက္ရွိ ေျခစြမ္းကို သိပ္သေဘာမက်ပါဘူး ၊ တကယ္တမ္း ေျပာရရင္ မန္စီးတီး ၊ လီဗာပူး ကလြဲရင္ တျခား ဘယ္အသင္းကိုမွ အႀကိဳက္ မေတြ႕မိေသးတာပါ ။ စီးတီး ကေတာ့ အခု အခ်ိန္မွာ အမွားေတြ လုပ္ေနပါတယ္ ။ ”

” အာဆင္နယ္ အသင္းမွာ တကယ့္ကို ထူးခၽြန္ ေကာင္းမြန္တဲ့ တိုက္စစ္မွူး ႏွစ္ဦး ရွိပါတယ္ ၊ လာကာဇက္ ကေတာ့ အခု အခ်ိန္မွာ ဒဏ္ရာေၾကာင့္ နားေန ရပါတယ္ ၊ သူသာ ျပန္ကစားနိုင္ရင္ တိုက္စစ္မွာ အူဘာမီယန္း နဲ႔ အတူ သြင္းဂိုးေတြ ျပန္ျမင္ ရဦးမွာပါ ။ ”

” ေနာက္ၿပီး သူတို႔မွာ ေျခစြမ္းေကာင္းတဲ့ လူငယ္ၾကယ္ပြင့္ အခ်ိဳ႕လည္း ရွိပါတယ္ ၊ အူနိုင္း အမ္မရီ ကလည္း သူတို႔ကို ေသခ်ာေပါက္ ေနရာ ေပးသြားဖြယ္ ရွိေနပါတယ္ ၊ ၾကားရက္မွာတုန္းက က်ေနာ္တို႔ အားလုံး မာတီနယ္လီ ရဲ့ အစြမ္းအစကို ျမင္ေတြ႕ခဲ့ၾကၿပီးပါၿပီ ။ ”

” အာဆင္နယ္ အသင္း ကြင္းလယ္ စုဖြဲ႕မွုကိုေတာ့ လုံးဝ မႀကိဳက္ပါဘူး ၊ ဒီတိုင္း မႀကိဳက္႐ုံပါပဲ ၊ ဘယ္လာရင္ ၊ တီယာေနး တို႔ ကစားတဲ့ ပြဲက်ရင္ သူတို႔ႏွစ္ဦးက အမ္မရီ ရဲ့ နည္းစနစ္ကို ဘယ္ေလာက္အထိ ကူညီေပးနိုင္သလဲဆိုတာ ၾကည့္ခြင့္ရေတာ့မွာပါ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ ကေတာ့ ဘုန္းေမာက္ အသင္းကို တစ္ဂိုး ဂိုးမရွိနဲ႔ အနိုင္ ရခဲ့တဲ့ ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ တီယာေနး ၊ ဘယ္လာရင္ ၊ ဟိုးလ္ဒင္း တို႔ သုံးဦးစလုံးဟာ ပရီးမီးယားလိဂ္မွာ ပြဲထြက္ ကစားဖို႔ အလြန္ နီးစပ္ ေနၿပီ ျဖစ္ေၾကာင္း ေျပာၾကား ထားပါတယ္။

SPORTS MYANMAR