ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဝက်ဖို့ဒ် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ လော့ဖ်တပ်စ်ချိခ် ၊ ဒေးဗစ် လူးဝဇ် ၊ ဟီဂွာအင် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၃ဂိုးပြတ် နဲ့ အနိုင်ရ ခဲ့တာကြောင့် အဆင့် ၃ နေရာ သို့ ရောက်ရှိ လာခဲ့ပြီး လာမယ့် ဘောလုံး ရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ကိုပါ ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ထို ပွဲစဉ် ရဲ့ ပထမပိုင်း ၁၀ မိနစ် အတွင်း မှာ အသင်းရဲ့ အမာခံ ကွင်းလယ် ကစားသမား အန်ဂိုလို ကန်တေ ပေါင်ကြွက်သား ဒဏ်ရာ ရခဲ့တဲ့ အတွက် လော့ဖ်တပ်စ်ချိခ် နဲ့ အစားထိုး ခဲ့ရပါတယ် ။ ချယ်လ်ဆီး နည်းပြ ဆာရီ ကတော့ သူ့ အနေနဲ့ ကန်တေ လာမယ့် ယူရိုပါလိဂ် ဒုတိယ အကျော့ မှာလည်း ဆက်လက် လွဲချော် ဦးမှာ ဖြစ်ပေမယ့် ဖိုင်နယ် တက်ခဲ့မဟ် ဆိုရင် လွဲချော် မှာလား ဆိုတာတော့ မသိကြောင်း ဖြေကြား ခဲ့ပါတယ် ။

ဆာရီ က ” ကျွန်တော် မသိပါဘူး ။ အန်ဂိုလို ရဲ့ ဒဏ်ရာ က ပေါင်ကြွက်သား ဒဏ်ရာ ဖြစ်ပါတယ် ။ ပွဲထွက် ကစားသမား စာရင်း မှာ ကျွန်တော် သူ့ကို ထည့်သွင်း ခဲ့တာ ကျွန်တော့ အမှားလို့ ထင်ပါတယ် ။ သူဟာ ဒီနေ့ပွဲမှာ အနားယူဖို့ လိုနေခဲ့ပါတယ် ။ တခါတလေ ကျရင် သူ နဲ့ ဟာဇတ် တို့လို ကစားသမား မျိုးတွေကို အရန်ခုံ ပို့ဖို့ ခဲယဉ်းတဲ့ အခြေအနေ တွေနဲ့ ကြုံတွေ့ ရလေ့ ရှိပါတယ် ။ ”

” ဒါပေမယ့် ခင်ဗျား သူတို့ကို မဖြစ်မနေ ပွဲထွက် လူစားရင်း မှာ ထည့်ကို ထည့်ရမှာပါ ။ ဒီလိုမှ မဟုတ်ရင် ခင်ဗျား စွန့်စားရာ ကျမှာ ဖြစ်ပြီး ပိုကြီးတဲ့ အမှားကို ကျူးလွန် မိသလို ဖြစ်သွားမှာပါ ။ ကန်တေ ရဲ့ ဒဏ်ရာ ပြင်းထန် သလား ဆိုတာတော့ ကျွန်တော် လည်း မသိပါဘူး ။ ကျွန်တော် တို့ မနက်ဖြန် မနက် မှာ ရမယ့် ဆေးစစ်ချက် ကို စောင့်ကြည့် ရမှာပါ ။ ဒါပေမယ့် ကျွန်တော် ကတော့ သူ့ကို လာမယ့် ၂ပွဲ အတွက် ဒဏ်ရာ ကင်းကင်းစင်စင် နဲ့ ပြန်လာ လိမ့်မယ် လို့ မထင်မိပါဘူး ။ ”

” ဒါပေမယ့် ကျွန်တော် တို့ဟာ ယူရိုပါလိဂ် ဖိုင်နယ် ကို ကစားချင်တဲ့ အတွက် သူ ကံကောင်း နိုင်ပါတယ် ။ ကျွန်တော် တို့ ဖိုင်နယ် တက်မယ် ဆိုရင်တော့ သူ့ ဒဏ်ရာ အခြေအနေ ကောင်း တခု ကို စောင့်ကြည့် သွားမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

မနေ့က ပွဲစဉ် ရဲ့ ပထမပိုင်း အတွင်း မှာ ချယ်လ်ဆီး ပရိသတ် တွေဟာ အရေးကြီး နေတဲ့ အချိန် အသင်း ကစားကွက် တည်မရ ဖြစ်နေခဲ့တာ ကို အားမရ ခဲ့ပဲ စတမ်းဖို့ဒ် ဘရစ်ခ်ျ ကွင်းထဲမှာ လှောင်ပြောင်တဲ့ အနေနဲ့ Boo လုပ်ခဲ့ကြပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဆာရီ က ယင်း အဖြစ်အပျက် နဲ့ ပတ်သက်ပြီး အခုလိုပဲ ဖြေရှင်းချက် ပေးခဲ့ပါတယ် ။

ဆာရီ က ” ဘာကြောင့် ဒီလိုမျိုး ပရိသတ် တွေ လုပ်ကြတာလဲ ဆိုတာ ကျွန်တော် မသိပါဘူး ။ ပထမပိုင်း မှာ ကျွန်တော် တို့ဟာ ကစားကွက် ကိုတောင် ရိုးရိုးရှင်းရှင်း ဖြစ်အောင် တည်မကစား နိုင်ခဲ့ပါဘူး ။ တိုက်စစ်ကို ဘောလုံး သယ်လာမယ် ၊ အချိတ်အဆက် မိမိ နဲ့ ပြိုင်ဖက် ဧရိယာ ထဲကို အလုံးအဝန်း နဲ့ ထိုးဖောက်မယ် ၊ ဒီလို ရိုးရိုးရှင်းရှင်း ကစားဟန် ကိုတောင် ကျွန်တော် တို့ မလုပ်နိုင် ခဲ့ကြပါဘူး ။ ”

” ကိုယ့်ရဲ့ ကြံ့ခိုင်မှု အခြေအနေ ရာနှုန်းပြည့် မကောင်းနေဘူး ဆိုရင် ဘောလုံး ကို ဉာဏ်သုံးပြီး တချက်ထိ ၊ ၂ချက် ထိ အပေးအယူ လေးနဲ့ ကစား နိုင်ဖို့ လိုပါတယ် ။ ဘောလုံး က ဘယ်လိုမှ ပင်ပန်း မှာ မဟုတ်ပါဘူး ။ လူပဲ ပင်ပန်းမှာပါ ။ အဲ့ဒီနောက် ဒုတိယပိုင်း မှာ ကျွန်တော်တို့ ကစားပုံ ပိုပိုပြီး ကောင်းလာခဲ့ပါတယ် ။ ကျွန်တော် ထင်ကတော့ အဖွင့်ဂိုး စောစောစီးစီး ရသွားတာကြောင့် ဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR