တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ ဒီနေ့ နံနက် ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် အေဂျက် အသင်း နဲ့ အမ်စတာဒမ် မှာ ရင်ဆိုင် ကစား ခဲ့ ရပြီး 2 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ် ။

တော့တင်ဟမ် ဟာ ပထမ အကျော့ တုန်းက အင်္ဂလန် မြေမှာ 0 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ထားခဲ့ ပါ သေးတယ် ။ ဒါ့အပြင် ဒု – အကျော့ ရဲ့ ပထမ ပိုင်း မှာလည်း 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ထားခဲ့ ပါ သေးတယ် ။

ဒါပေမဲ့ ဒုတိယ ပိုင်း မှာတော့ အကောင်းဆုံး ပုံစံ နဲ့ ပြန်လာ နိုင်ခဲ့ ပြီး လူးကပ်စ် မော်ရာရဲ့ ဟတ်ထရစ် သွင်းဂိုး နဲ့ အတူ 2 – 3 ဆိုတဲ့ ရလဒ် ၊ နှစ်ကျော့ ပေါင်း 3 – 3 ဆိုတဲ့ ရလဒ် ၊ အဝေး ဂိုး စည်မျဉ်း နဲ့ အတူ အသင်း ရဲ့ သမိုင်း တစ်လျောက် ပထမ ဆုံး အကြိမ် အဖြစ် ချန်ပီယံ လိဂ် ဖိုင်နယ် အဆင့် ကို တက်ရောက် နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ နည်းပြ ဖြစ်သူ ပိုချက်တီနို က စိတ်လှုပ်ရှား မှုတွေ နဲ့ အတူ ငိုကြွေး ခဲ့ပြီး BT Sport နဲ့ အင်တာဗျူး မှာ သူ့ရဲ့ ကစား သမား တွေက ဟီးရိုးတွေ ဖြစ်ကြောင်း ချီးမွမ်း သွားခဲ့ ပါတယ် ။

” အခု ထက်ထိ စကား ပြောဆို ရ ခက်ခဲ နေတုန်း ပါပဲ ။ ကျွန်တော် တို့ရဲ့ စိတ် ခံစားချက် တွေက အံ့ချီးဖွယ် ပါပဲ ။ ကျေးဇူး ပါပဲ ဘောလုံး အား ကစား ကြီးရေ ”

” ကျွန်တော့် ကစားသမား တွေက ဟီးရိုး တွေ ပါပဲ ။ ပြီး ခဲ့တဲ့ နှစ် တုန်းက ဆို အသင်း ရဲ့ ကစားသမား တိုင်းက ဟီးရိုး တွေပါ လို့ ကျွန်တော် ပြောခဲ့ ပါ သေးတယ် ။ ဒုတိယ ပိုင်းမှာ သူတို့ တွေဟာ အံ့ချီးဖွယ် တွေ ဖြစ်ခဲ့ ကြ ပါတယ် ။ ကျေးဇူး ပဲ ဘောလုံး အား ကစား ရေ ”

” ဘောလုံး မရှိ ပဲ ဒီလို ခံစားချက် မျိုး ပိုင်ဆိုင် နိုင်ဖို့ ဆိုတာ ဖြစ်နိုင် ခြေ မရှိ တဲ့ အရာ တစ်ခု ပါ ။ ကျွန်တော် တို့ကို ယုံကြည် ပေးခဲ့ ကြတဲ့ သူ တစ်ဦး ချင်းစီ ကို ကျေးဇူး တင် ပါတယ် ။ ဒါကို စကားလုံး နဲ့ ဖော်ပြ နိုင်ဖို့ ဆိုတာ တစ်ကယ့် ကို ခက်ခဲ လွန်းလှ ပါတယ် ”

” ပွဲစဉ် မတိုင်ခင် ကတည်းက အလုပ် လုပ်နေ တယ် ၊ အလုပ် အပေါ် ချစ်မြတ်နိုး တယ် ဆိုတာ ဖိအား ခံစား ရခြင်း မဟုတ် ပဲ အား ကစား အပေါ် ချစ်စိတ် မျိုးသာ ဖြစ်ကြောင်း ကျွန်တော် တို့ ပြောကြား ခဲ့ကြ ပါ သေးတယ် ”

” ကျွန်တော် တို့ ဒီ အား ကစား ၊ ဘောလုံး ကို ချစ်မြတ်နိုး ကြတယ် ဆိုတာ ပြသ နိုင်ခဲ့ ကြ ပါတယ် ။ ဒီနေ့ ကတော့ တစ်ကယ့် ကို အံ့အား သင့်ဖွယ် ပါပဲ ။ ဒီလို ပွဲစဉ် မျိုးကို စောင့်ကြည့် ရတယ် ဆိုတာ ပျော်ရွှင် ကြည်နူး စရာ ပါပဲ ”

” ဒီလို အဆင့် မှာ ယှဉ်ပြိုင် နိုင်ဖို့ ဆိုတာ ခက်ခဲ လှ ပါတယ် ။ ကျွန်တော် အသင်း ရဲ့ နည်းပြ ဖြစ်နေ ရတဲ့ အတွက် အရမ်း ကို ဂုဏ်ယူ မိ ပါတယ် ။ ဘောလုံး လောက မှာ ရှိနေ ရလို့ ၊ ဒီလို ပွဲစဉ် အကြား ရှင်သန် ခွင့် ရရှိ နေလို့ ပေါ့ဗျာ ”

” သူတို့ အားလုံး က ဟီးရိုး တွေ ပါပဲ ။ ဒါပေမဲ့ လူးကပ်စ် ကတော့ စူပါ ဟီးရိုး ဖြစ်ခဲ့ ပါတယ် ။ ပထမ ဆုံး ကစား ခဲ့တဲ့ အချိန် နဲ့ အခု အချိန် အကြား ၊ ငါး နှစ်တာ ကာလ အတွင်း မှာပေါ့ ၊ ဒါဟာ ကျွန်တော် တို့ရဲ့ အခက်ခဲ ဆုံး တိုက်ပွဲ ဖြစ်ခဲ့ ရ ပါတယ် ”

” ကျွန်တော် မိသားစု တွေကို အမှတ် ရစေ ချင် ပါတယ် ။ ဒါဟာ သူတို့ အတွက် အံ့ချီးဖွယ် ချီးမြှင့် ခံ ရမှု ပါပဲ ။ ကျွန်တော် တို့ နောက် တစ်ပါတ် အဆင်သင့် ဖြစ်နေ ဖို့ လိုအပ် နေ ပါပြီ ။ အဲ့တာ ပြီးရင် ဖိုင်နယ် အတွက် ပြင်ဆင် ရတော့ မှာပါ ” လို့ ပိုချက်တီနို က စိတ်လှုပ်ရှား မှုတွေ အပြည့် နဲ့ သူ့ရဲ့ ခံစားချက် တွေကို ဖွင့်ဟ သွားခဲ့ ပါတယ် ။

#Sports_Myanmar