စတီဗင် ဂျာရတ် က ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာစီလိုနာ အသင်း နဲ့ ပွဲစဉ်မှာ လီဗာပူး တို့ အကောင်းဆုံး come back နဲ့ ပြန်လာ နိုင်ခဲ့ပြီးနောက် သူ့ရဲ့ အသင်းဟောင်း အနေနဲ့ တစ်စုံတစ်ရာ ချွတ်ချော် သွားမှာကို စိုးရိမ်လွန်း နေတဲ့ သူ့ရဲ့ စိတ်ကို မထိန်းချုပ် နိုင်တာကြောင့် အန်ဖီးကွင်း ကနေ ပွဲမပြီးခင် စောစောစီးစီးပဲ ထွက်ခွာ ခဲ့တယ်လို့ ထုတ်ဖော် သွားခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကစား ခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာ ကို လူးဝစ်ဆွာရက် ၊ လီယွန်မယ် မက်ဆီ တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၃ – ၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ အပြင် ဒုတိယအကျော့ မှာ အသင်းရဲ့ အဓိက ကစားသမား အချို့ ဒဏ်ရာပြသနာ တွေနဲ့ ရင်ဆိုင် ခဲ့ရတာကြောင့် ဖိုင်နယ်ကို တက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ လူတော်တော်များများ ယူဆ ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ အန်ဖီးမှာတော့ ဒီဗို့အိုရီဂီ ၊ ဂျီနီ ၀ိုင်နယ်ဒန် တို့ရဲ့ ဂိုးတွေ နဲ့ အတူ ၄ – ၀ နဲ့ ပြန်လည် အနိုင်ကစားကာ လာမည့် ဇွန်လ ၁ ရက်နေ့ မက်ဒရစ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက် ခဲ့ပါတယ်။

လီဗာပူးကို လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ချန်ပီယံလိဂ် ဖလား ရယူ ပေးခဲ့တဲ့ ဂျာရတ်က “ပြီးခဲ့တဲ့ နေ့က အန်ဖီးမှာ ကျွန်တော့်ရဲ့ စိတ်လှုပ်ရှားမှုဟာ ထိန်းချုပ်ရ အရမ်း ခက်ခဲ ခဲ့ပါတယ်။ ပွဲဟာ ၄ – ၀ ဖြစ်သွားတာနဲ့ ပွဲမပြီးခင်မှာ ကျွန်တော် ကွင်းထဲကနေ ထွက်ခွာ ခဲ့ရပါတယ်။ ကျွန်တော် ဒီပွဲကို ၇ နှစ် အရွယ် သမီးကို ခေါ်လာ ခဲ့ပါတယ်။ သူ့ကို နောက်နေ့ ကျောင်းပို့ဖို့ ရှိတာကြောင့် ဒီလို ထွက်ခွာ ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော် အသုံးချခဲ့ ပါတယ်။

ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော့်ရဲ့ စိတ်လှုပ်ရှားမှုကြောင့် ဒီလို လုပ်ခဲ့တာက ပိုပါတယ်။ ကစားသမားတွေ ဘာတွေ ကျော်ဖြတ် ခဲ့ရသလဲ ဆိုတာ ဘုရားသခင် သိပါတယ်။ ကျွန်တော်ကတော့ မက်ဆီ ၊ ဆွာရက် ၊ ကော်တင်ညို တို့ တစ်ဦးဦး ကျွန်တော့် အသဲခွဲသွားတဲ့ မြင်ကွင်းကို ဘယ်လို ရင်ဆိုင် ဖြေရှင်း သွားရမလဲ ဆိုတာ မသိပါဘူး။ ဒ့ါကြောင့် ကျွန်တော်ဟာ တစ်စုံတစ်ရာ မမှားယွင်းမီ ယာဉ်ကျော ပိတ်ဆို့မှုကို ရှောင်ရှားကာ ကွင်းထဲကနေ ထွက်ခွာ သွားဖို့ အတွက် ဆုံဖြတ် ခဲ့ပါတယ်။

ဒီလို အခြေအနေမှာ မန်နေဂျာ တစ်ဦး အနေနဲ့ ဆိုရင်တော့ ခြားနားပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဟာ ပွဲကြီးပွဲကောင်းတွေ အတွက် ကိုယ့်ကိုကိုယ် ပြင်ဆင် ထားလို့ပါ။ ပြင်းထန်တဲ့ စိတ်ဓာတ်ကို ကိုယ့်ကိုကိုယ် သွင်းထား နိုင်ပါတယ်။ ဒါပေမယ့် ပရိတ်သတ် တစ်ဦး အနေနဲ့ အေးအေးဆေးဆေး ပွဲသွားကြည့် ရင်းနဲ့ ရုတ်တရက် ဆိုသလို အရမ်းကို ကောင်းတဲ့ ပွဲထွက်မှု နဲ့ စလိုက်မယ် ဆိုရင် ‘Wow’ ဆိုပြီး ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ က လီဗာပူး တို့ ၁ – ၀ ဖြစ်သွား ချိန်မှာ ကျွန်တော်တို့ နောက်ထပ် တစ်ဂိုးသာ ရခဲ့မယ် ဆိုရင် ပွဲကတော့ လှပြီလို့ ကျွန်တော်တွေး ခဲ့ပါတယ်။ အဲဒီနောက် ဒီလို come back ဖြစ်လာခဲ့ ပါတယ်။

ဒါပေမယ့် ပွဲကြာလေလေ ၊ ကွင်းထဲက အရည်အသွေးမြင့် ကစားသမား များစွာကြောင့် ကျွန်တော် စိတ်လှုပ်ရှားလေလေ ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် စောစောပဲ ထွက်ခွာ ခဲ့ရတာပါ။ လီဗာပူး ပရိတ်သတ် တစ်ဦး အနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ဟာ ကျွန်တော် အန်ဖီးမှာ မြင်တွေ့ ခဲ့ဖူးခဲ့တဲ့ အထဲက အကောင်းဆုံး ကွင်း အငွေ့အသက် ဖြစ်နိုင်ပါတယ်။ ဒါဟာ ကျွန်တော့် ကစားသမား ဘ၀မှာ ကိုယ်တိုင် တွေ့ကြုံ ခဲ့ရတဲ့ ပွဲကြီးပွဲကောင်းတွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာ လူးဝစ်ဂါစီယာ ဂိုးသွင်းလိုက်တဲ့ အချိန် ၊ အိုလီပီယာကော့စ်ကို နိုင်ခဲ့တဲ့ပွဲ ဒါ တွေကို ပြန်လည် သတိ ရစေခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာက ရက်ပစ်ဗီယင်နာ နဲ့ ယူရိုပါလိဂ် ပွဲစဉ် ရဲ့ နောက်ဆုံး ၁၅ မိနစ် မှာ Old Firm ရဲ့ အငွေ့အသက်ကို ပြန်လည် သတိရစေ ခဲ့ပါတယ်။ ရိန်းဂျား အသင်းရဲ့ မန်နေဂျာ တစ်ဦး အနေနဲ့ ကျွန်တော် ဒီလိုမျိုး ညတွေကို ဘောလုံးလောကရဲ့ စပယ်ရှယ် ကွင်းတစ်ခု ဖြစ်တဲ့ အန်ဖီးမှာ လိုမျိုး Ibrox မှာ ထပ်ပြီး မြင်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် နဲ့ ကစားသမားတွေဟာ ပရိတ်သတ်တွေကို ကောင်းမွန်တဲ့ အချိန်တွေ ပေးစွမ်းဖို့ အတွက် တာဝန်ရှိ ပါတယ်။ အန်ဖီးမှာ ပွဲကြည့်ရင်းနဲ့ ဒီပ၇ိတ်သတ်တွေကို အောင်မြင်မှု အချို့ ပေးနိုင်ခဲ့မယ် ဆိုရင် ဘယ်လောက် စပယ်ရှယ် ဖြစ်မလဲ ဆိုတာ တွေးမိခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM