solskjaer
Unicode
မန်ချက်စတာ ယူနိုက်တက် အသင်း ဘာ လက်ရှိ ဘောလုံး ရာသီ မှာ ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေ ခဲ့တဲ့ အပေါ် အသင်း ရဲ့ ပရိသတ် တွေက အလွန် အမင်း စိတ်ပျက် နေခဲ့ ကြပြီး ကွင်းလယ် မှ ဂိုး ဖန်တီး နိုင်အား နည်းပါး နေမှု ၊ တိုက်စစ် ပိုင်းမှာ သွင်းဂိုး တွေ မမြင် တွေ့ ရတဲ့ အပေါ် လည်း အားမလို အားမရ ဖြစ်ခဲ့ ကြ ပါတယ် ။
အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေက လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ ကာလ မှာ အသင်း ကို အင်အား တိုးမြှင့် သွားဖို့ အတွက် အလို ရှိနေ ကြပြီး ကစား သမား သစ် လေးဦး အထိ ကို ခေါ်ယူ ပေးဖို့ အတွက် လူမှု ကွန်ယက် မှ တစ်ဆင့် အသင်း ဆီ ကိုယ်စီ တောင်းဆို ခဲ့ကြ တယ်လို့ သိရှိ လိုက်ရ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ အပြောင်း အရွှေ့ တွေ တုန်းက ကစားသမား အချို့ကို ဆုံးရှုံး ထားခဲ့ ပြီး အင်အား ပြန်လည် မဖြည့်တင်း နိုင်ခဲ့ သလို လက်ရှိ ဘောလုံး ရာသီီ အတွင်း မှာလည်း အဓိက ကစားသမား တွေ ဒဏ်ရာ ပြသနာ ကိုယ်စီ ကြံုတွေ့ နေခဲ့ ကြတာ ကြောင့် ရလဒ် ကောင်း ပိုင်ဆိုင် နိုင်ဖို့ ရုန်းကန် ခဲ့ကြ ရ ပါတယ် ။
အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ပွဲစဉ် 8 ပွဲ ကစား ပြီးတဲ့ အချိန် 2 ပွဲ နိုင် ၊ 3 ပွဲ သရေ ၊ 3 ပွဲ ရှုံး ရလဒ် နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 12 နေရာ ၊ တန်းဆင်းဇုန် အထက် 2 မှတ် အကွာ မှာ ရပ်တည် နေခဲ့ ရ ပါတယ် ။
အခုတော့ မန်ချက်စတာ ညနေခင်း သတင်း မှ ဖော်ပြချက်တွေ အရ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေဟာ လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မှာ လက်စတာ စီးတီး အသင်း မှ ကွင်းလယ် ဖန်တီး ရှင် ဂျိမ်းစ် မက်ဒီဆင် နဲ့ နောက်ခံလူ ဘန် ချီဝဲလ် တို့ကို ခေါ်ယူ ပေးသွား ဖို့ အသင်း ဆီ တောင်းဆို ခဲ့ ကြတယ် လို့ သိရှိ လိုက်ရ ပါတယ် ။
ဒါ့အပြင် အသင်း ရဲ့ ကွင်းလယ် ခံစစ် နေရာ ကို အင်အား ဖြည့်တင်း သွားဖို့ အတွက် ဝက်စ်ဟမ်း အသင်း မှ ဒီကလန် ရိုက်စ် ၊ အားထား ရတဲ့ ကစားသမား ကောင်း မရှိ တဲ့ ညာ တောင်ပံ တိုက်စစ် နေရာ ကို အင်အား ဖြည့်တင်း ဖို့ အတွက် ဒေါ့မွန် အသင်း မှ ဂျေဒန် ဆန်ချို ကိုလည်း ယူနိုက်တက် ပရိသတ် တွေက ခေါ်ယူ စေလို ကြ နေတယ် လို့ သိရှိ ရ ပါတယ် ။
လက်ရှိ ထွက်ပေါ် နေတဲ့ သတင်း တွေ အရ တော့ ဂျေဒန် ဆန်ချို ဟာ လာမယ့် နွေ အပြောင်း အရွှေ့ မတိုင်မီ အထိ အသင်း ပြောင်းရွှေ့ ဖို့ ဆန္ဒ မရှိဘူး လို့ သိရှိ နေရ ပါတယ် ။ ဒါကြောင့် ယူနိုက်တက် တို့ ခေါ်ယူ လို ပါက အခြား ကစားသမား သုံးဦး ကိုတော့ ခေါ်ယူ ရရှိ နိုင်ခြေ ရှိနေ ပါတယ် ။
MEN မှ ‘ ဇန်နဝါရီ အပြောင်း အရွှေ့ အတွင်း အသင်း ဆီကို ဘယ် ကစားသမား တွေ ဦးစား ပေး ခေါ်ယူ စေလို သလဲ ‘ လို့ လူမှု ကွန်ယက် မှ တစ်ဆင့် ဆန္ဒမဲ ကောက်ခံ ခဲ့ရာ မှာ ယူနိုက်တက် ပရိသတ် အများစု က လက်စတာ စီးတီး အသင်း မှ မက်ဒီဆင် ကို တစ်ပေး ရွေးချယ် ခဲ့ကြ ပါတယ် ။
အဆိုပါ မဲပေးမှု ကိုတော့ ယူနိုက်တက် ပရိသတ် 9414 ဦးက လုပ်ဆောင် ခဲ့ကြပြီး ပရိသတ် 83 % က မက်ဒီဆင် ကို ရွေးချယ် သွားခဲ့ ကြတာ ပဲ ဖြစ်ပါတယ် ။ ဒုတိယ နေရာ မှာတော့ အခြား သူကို ခေါ်ယူ သင့်တယ် ဆိုတဲ့ မဲပေး ရွေးချယ် မှုက 9% အထိ ရှိခဲ့ ပါတယ် ။
ယူနိုက်တက် ပရိသတ် တွေရဲ့ တတိယ ဦးစားပေး ကစားသမားး ကတော့ ဒီကလန် ရိုက်စ် ( 5 % ) ၊ စတုတ္ထ ဦးစားပေး က ဘန် ချီဝဲလ် ( 2 % ) တို့ ဖြစ်ခဲ့ ကြ ပါတယ် ။ မဲ အရည်အတွက် 1 % တောင် မပြည့် ခဲ့တဲ့ ဂျေဒန် ဆန်ချို ကတော့ ပဥ္စမ မြောက် အများဆုံး ရွေးချယ်မှု အဖြစ် ရှိခဲ့ ပါတယ် ။
အဆိုပါ မဲပေး မှု မှာတော့ ယူနိုက်တက် ပရိသတ် အနည်းစု က စပို့တင်း လစ္စဘွန်း မှာ ခြေစွမ်း ဆက်လက် ပြသ နေတဲ့ ဘရူနို ဖာနန်ဒက်စ် ၊ ဆဲလ်ဘာ့ချ် အသင်း နဲ့ အတူ တောက်ပ နေတဲ့ အားလင်း ဂရုထ် ဟားလန်း နဲ့ လိုင်ယွန် မှာ ဂိုးတွေ မြူးနေ တဲ့ မူဆာ ဒမ်ဘီလီ တို့ကို ရွေးချယ် ခဲ့ကြ ပါတယ် ။
#Sports_Myanmar
Zawgyi
ကစားသမား လေးဦး ခေါ်ယူ ပေးဖို့ ယူနိုက်တက် အသင်းဆီ တောင်းဆိုခဲ့ ကြတဲ့ ပရိသတ်များ
===================
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ အပြောင်း အရွှေ့ တွေ တုန်းက ကစားသမား အချို့ကို ဆုံးရှုံး ထားခဲ့ ပြီး အင်အား ပြန်လည် မဖြည့်တင်း နိုင်ခဲ့ သလို လက်ရှိ ဘောလုံး ရာသီ အတွင်း မှာလည်း အဓိက ကစားသမား တွေ ဒဏ်ရာ ပြသနာ ကိုယ်စီ ကြုံတွေ့ နေခဲ့ ကြတာ ကြောင့် ရလဒ် ကောင်း ပိုင်ဆိုင် နိုင်ဖို့ ရုန်းကန် ခဲ့ကြ ရ ပါတယ် ။
အဆိုပါ မဲပေး မှု မှာတော့ ယူနိုက်တက် ပရိသတ် အနည်းစု က စပို့တင်း လစ္စဘွန်း မှာ ခြေစွမ်း ဆက်လက် ပြသ နေတဲ့ ဘရူနို ဖာနန်ဒက်စ် ၊ ဆဲလ်ဘာ့ခ်ျ အသင်း နဲ့ အတူ တောက်ပ နေတဲ့ အားလင်း ဂရုထ် ဟားလန်း နဲ့ လိုင်ယွန် မှာ ဂိုးတွေ မြူးနေ တဲ့ မူဆာ ဒမ်ဘီလီ တို့ကို ရွေးချယ် ခဲ့ကြ ပါတယ် ။
#Sports_Myanmar