Unicode

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ အတွက် ရာသီကြို ခြေစမ်း ခရီးစဉ် တွေ မစတင်မီ လစ်လပ် နေတဲ့ မန်နေဂျာ ရာထူး နေရာ မှာ အသင်း ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ကို ၃နှစ် စာချုပ် နဲ့ ခေါ်ယူ ခန့်အပ် ခဲ့ပါတယ် ။ လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ မန်နေဂျာ လောက သို့ ချန်ပီယံရှစ် ကလပ် ဒါဘီ အသင်း နဲ့ အတူ ဝင်ရောက် လာခဲ့ပါတယ် ။

ဒါဘီ အသင်း မှာ လမ်းပတ် ရဲ့ စွမ်းဆောင်ရည် က ပြောစမှတ် ဖြစ်ခဲ့ရသလို ၊ ၄င်းဟာ ဒါဘီ အသင်း ကို ပရီးမီးယားလိဂ် သို့ ပြန်လည် တန်းတက် လုနီးပါး ဖြစ်အောင် စွမ်းဆောင် နိုင်ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတာကြောင့် အသင်း ရဲ့ အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေကို နေရာ ပေးတတ်တဲ့ မန်နေဂျာ တဦး ကို ခန့်အပ်ဖို့ အလိုရှိ နေရာ ဖရန့် လမ်းပတ် က ချယ်လ်ဆီး မန်နေဂျာ နေရာ ကို ဝင်ရောက်ဖို့ အလျဉ်းသင့် ခဲ့ပါတယ် ။

လမ်းပတ် ဟာ မြန်နှုန်းမြင့် ကစားဟန် ကို အသုံးပြု ကစားတတ်တဲ့ မန်နေဂျာ တဦး ဖြစ်တာကြောင့် အသင်းသား တွေကို ပြင်းထန် တဲ့ လေ့ကျင့်မှု တွေကို ရာသီကြို ကာလ မှာ တောက်လျှောက် ပြုလုပ် စေခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် ချယ်လ်ဆီး အသင်းသား တွေဟာ ရာသီ အစောပိုင်း ပွဲစဉ် တွေမှာ လမ်းပတ် ရဲ့ နည်းစနစ် မှာ ကျင့်သား မရသေးတာကြောင့် ပထမပိုင်း မှာ ကစားအား ကောင်းသလောက် ၊ ဒုတိယပိုင်း မှာ အာရုံစိုက်မှု အားနည်း လာခဲ့ရပါတယ် ။

မနေ့ က The Athletics နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် က ၄င်း အပါအဝင် ချယ်လ်ဆီး အသင်းသား တွေ အားလုံး ဟာ အစောပိုင်း မှာ ဖရန့် လမ်းပတ် ရဲ့ ပြင်းထန်တဲ့ နည်းစနစ် တွေကို အတော်လေး စိတ်ပျက် ညည်းညူ ခဲ့ရကြောင်း ၊ သို့ပေမယ့် လည်း အဲ့ဒီ ကတည်းက ပြင်းပြင်းထန်ထန် လေ့ကျင့် ခဲ့တာကြောင့် အခု အခါမှာ ကျင့်သား ရနေပြီ ဖြစ်ကြောင်း ဆိုခဲ့ပါတယ် ။

အေဘရာဟမ် က ” ရာသီကြို ခြေစမ်း ခရီးစဉ် မှာ ပြုလုပ် ခဲ့ရတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေး အစီအစဉ် တွေကို ကျွန်တော် အပါအဝင် ကစားသမား တွေ အတော်များများ ညည်းညူ ခဲ့ကြပါတယ် ။ ဒါပေမယ့် အဲ့ဒီ ကတည်းက ကြိုးစား လေ့ကျင့် ခဲ့လို့ ပဲ ရခဲ့တဲ့ အကျိုးအမြတ် ကို ကျွန်တော် တို့ ခံစား ရရှိ နေကြတာ ဖြစ်ပါတယ် ။ ”

” အခုတော့ ကျွန်တော် တို့ ကြိုးစား ရုန်းကန် ထားသမျှ အကုန် အရာ ထင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဒါကြောင့် ကျွန်တော် တို့ဟာ ပြင်းထန်တဲ့ ရာသီကြို ကာလ ကို ဖြတ်သန်း ခဲ့ရတာပါ ။ မန်နေဂျာ အသင်း ကို စရောက် ကတည်းက သူ ဘယ်လို ကစားပုံ ၊ စတိုင်လ် မျိုး လိုချင်လဲ ၊ ဘယ်လို ဖိအားပေး ကစားတဲ့ နည်းလမ်း ကို အသုံးပြုမယ် ဆိုတာ သေချာ လမ်းညွှန် ပြီးသားပါ ။ ”

 

” ပထမ တော့ ကျွန်တော် ဟာ ဖရန့် ရဲ့ ပြင်းထန်တဲ့ နည်းစနစ် တွေ အားလုံး ကို လိုက်နာ နိုင်ဖို့ အားအင် အပြည့်အဝ မရှိခဲ့ပါဘူး ။ ဒါပေမယ့် အခုတော့ ဘောလုံး ရာသီ က စတင် နေပြီ ဖြစ်လို့ ကျွန်တော် တို့ အားလုံး ဒီ နည်းစနစ် တွေ အပေါ် ကျင့်သား ရနေပါပြီ ။ ဖရန့် ဘယ်လို ပုံစံ ကစား စေချင်လဲ ၊ ပြိုင်ဖက် တွေကို ဘယ်လို ပုံစံ ဖိအား ပေးစေချင်လဲ ဆိုတာ ကျွန်တော် တို့သိနေပါပြီ ။ ”

” ပြိုင်ဖက် ခံစစ် ကစားသမား တွေကို ဘောလုံး ကိုင်ဖို့ အချိန် မပေးရအောင် အထိ ကျွန်တော် တို့ဖက်က ဖိအားပေး ကစား နိုင်ရပါမယ် ။ ဒါပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ အေဘရာဟမ် ဟာ အခု အခါမှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပါဝင် ရွေးချယ် ခံထားရပြီး ယနေ့ည ချက်လက်ရွေးစင် အသင်း နဲ့ ယူရို ခြေစစ်ပွဲ မှာ ပါဝင်ခွင့် ရမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR

Zawgyi

ရာသီၾကိဳ ေျခစမ္း ကာလ က ဖရန္႕ လမ္းပတ္ ရဲ႕ ျပင္းထန္တဲ့ ေလ့က်င့္ေရး အစီအစဥ္ ေတြနဲ႕ ပတ္သက္ျပီး အသင္းသား ေတြရဲ႕ သေဘာထား ကို ထုတ္ေဖာ္ ေျပာဆိုလာတဲ့ #ေအဘရာဟမ္

ခ်ယ္လ္ဆီး အသင္း ဟာ ယခုႏွစ္ ေဘာလံုး ရာသီ အတြက္ ရာသီၾကိဳ ေျခစမ္း ခရီးစဥ္ ေတြ မစတင္မီ လစ္လပ္ ေနတဲ့ မန္ေနဂ်ာ ရာထူး ေနရာ မွာ အသင္း ဂႏၲဝင္ ကြင္းလယ္လူေဟာင္း ဖရန္႕ လမ္းပတ္ ကို ၃ႏွစ္ စာခ်ဳပ္ နဲ႕ ေခၚယူ ခန္႕အပ္ ခဲ့ပါတယ္ ။ လမ္းပတ္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကမွ မန္ေနဂ်ာ ေလာက သို႕ ခ်န္ပီယံရွစ္ ကလပ္ ဒါဘီ အသင္း နဲ႕ အတူ ဝင္ေရာက္ လာခဲ့ပါတယ္ ။

ဒါဘီ အသင္း မွာ လမ္းပတ္ ရဲ႕ စြမ္းေဆာင္ရည္ က ေျပာစမွတ္ ျဖစ္ခဲ့ရသလို ၊ ၄င္းဟာ ဒါဘီ အသင္း ကို ပရီးမီးယားလိဂ္ သို႕ ျပန္လည္ တန္းတက္ လုနီးပါး ျဖစ္ေအာင္ စြမ္းေဆာင္ ႏိုင္ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ကစားသမားသစ္ ေခၚယူခြင့္ အပိတ္ ခံထား ရတာေၾကာင့္ အသင္း ရဲ႕ အကယ္ဒမီ ထြက္ လူငယ္ ကစားသမား ေတြကို ေနရာ ေပးတတ္တဲ့ မန္ေနဂ်ာ တဦး ကို ခန္႕အပ္ဖို႕ အလိုရွိ ေနရာ ဖရန္႕ လမ္းပတ္ က ခ်ယ္လ္ဆီး မန္ေနဂ်ာ ေနရာ ကို ဝင္ေရာက္ဖို႕ အလ်ဥ္းသင့္ ခဲ့ပါတယ္ ။

လမ္းပတ္ ဟာ ျမန္ႏႈန္းျမင့္ ကစားဟန္ ကို အသံုးျပဳ ကစားတတ္တဲ့ မန္ေနဂ်ာ တဦး ျဖစ္တာေၾကာင့္ အသင္းသား ေတြကို ျပင္းထန္ တဲ့ ေလ့က်င့္မႈ ေတြကို ရာသီၾကိဳ ကာလ မွာ ေတာက္ေလွ်ာက္ ျပဳလုပ္ ေစခဲ့ပါတယ္ ။ ထို႔ အတြက္ေၾကာင့္ ခ်ယ္လ္ဆီး အသင္းသား ေတြဟာ ရာသီ အေစာပိုင္း ပြဲစဥ္ ေတြမွာ လမ္းပတ္ ရဲ႕ နည္းစနစ္ မွာ က်င့္သား မရေသးတာေၾကာင့္ ပထမပိုင္း မွာ ကစားအား ေကာင္းသေလာက္ ၊ ဒုတိယပိုင္း မွာ အာရုံစုိက္မႈ အားနည္း လာခဲ့ရပါတယ္ ။

မေန႕ က The Athletics နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ က ၄င္း အပါအဝင္ ခ်ယ္လ္ဆီး အသင္းသား ေတြ အားလံုး ဟာ အေစာပိုင္း မွာ ဖရန္႕ လမ္းပတ္ ရဲ႕ ျပင္းထန္တဲ့ နည္းစနစ္ ေတြကို အေတာ္ေလး စိတ္ပ်က္ ညည္းညဴ ခဲ့ရေၾကာင္း ၊ သို႕ေပမယ့္ လည္း အဲ့ဒီ ကတည္းက ျပင္းျပင္းထန္ထန္ ေလ့က်င့္ ခဲ့တာေၾကာင့္ အခု အခါမွာ က်င့္သား ရေနျပီ ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္ ။

ေအဘရာဟမ္ က ” ရာသီၾကိဳ ေျခစမ္း ခရီးစဥ္ မွာ ျပဳလုပ္ ခဲ့ရတဲ့ ျပင္းထန္တဲ့ ေလ့က်င့္ေရး အစီအစဥ္ ေတြကို ကြ်န္ေတာ္ အပါအဝင္ ကစားသမား ေတြ အေတာ္မ်ားမ်ား ညည္းညဴ ခဲ့ၾကပါတယ္ ။ ဒါေပမယ့္ အဲ့ဒီ ကတည္းက ၾကိဳးစား ေလ့က်င့္ ခဲ့လို႕ ပဲ ရခဲ့တ့ဲ အက်ိဳးအျမတ္ ကို ကြ်န္ေတာ္ တို႕ ခံစား ရရွိ ေနၾကတာ ျဖစ္ပါတယ္ ။ ”

” အခုေတာ့ ကြ်န္ေတာ္ တို႕ ၾကိဳးစား ရုန္းကန္ ထားသမွ် အကုန္ အရာ ထင္ခဲ့ျပီ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ကြ်န္ေတာ္ တို႕ဟာ ျပင္းထန္တဲ့ ရာသီၾကိဳ ကာလ ကို ျဖတ္သန္း ခဲ့ရတာပါ ။ မန္ေနဂ်ာ အသင္း ကို စေရာက္ ကတည္းက သူ ဘယ္လို ကစားပံု ၊ စတိုင္လ္ မ်ိဳး လိုခ်င္လဲ ၊ ဘယ္လို ဖိအားေပး ကစားတဲ့ နည္းလမ္း ကို အသံုးျပဳမယ္ ဆိုတာ ေသခ်ာ လမ္းညႊန္ ျပီးသားပါ ။ ”

” ပထမ ေတာ့ ကြ်န္ေတာ္ ဟာ ဖရန္႕ ရဲ႕ ျပင္းထန္တဲ့ နည္းစနစ္ ေတြ အားလံုး ကို လိုက္နာ ႏိုင္ဖို႕ အားအင္ အျပည့္အဝ မရွိခဲ့ပါဘူး ။ ဒါေပမယ့္ အခုေတာ့ ေဘာလံုး ရာသီ က စတင္ ေနျပီ ျဖစ္လို႕ ကြ်န္ေတာ္ တို႕ အားလံုး ဒီ နည္းစနစ္ ေတြ အေပၚ က်င့္သား ရေနပါျပီ ။ ဖရန္႕ ဘယ္လို ပံုစံ ကစား ေစခ်င္လဲ ၊ ျပိဳင္ဖက္ ေတြကို ဘယ္လို ပံုစံ ဖိအား ေပးေစခ်င္လဲ ဆိုတာ ကြ်န္ေတာ္ တို႕သိေနပါျပီ ။ ”

” ျပိဳင္ဖက္ ခံစစ္ ကစားသမား ေတြကို ေဘာလံုး ကိုင္ဖို႕ အခ်ိန္ မေပးရေအာင္ အထိ ကြ်န္ေတာ္ တို႕ဖက္က ဖိအားေပး ကစား ႏိုင္ရပါမယ္ ။ ဒါပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ေအဘရာဟမ္ ဟာ အခု အခါမွာ အဂၤလန္ လက္ေရြးစင္ အသင္း အတြက္ ပါဝင္ ေရြးခ်ယ္ ခံထားရျပီး ယေန႕ည ခ်က္လက္ေရြးစင္ အသင္း နဲ႕ ယူရို ေျခစစ္ပြဲ မွာ ပါဝင္ခြင့္ ရမလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္ ။

SPORTS MYANMAR