Unicode

အာဆင်နယ် အသင်း ရဲ့ အကြီးအကဲ ဖြစ်သူ ရာအူးလ် ဆမ်လက်ဟီ က ကွင်းလယ်လူ အိုဇေးလ် ဟာ လေ့ကျင့်ရေးကွင်းမှာ နည်းပြ အူနိုင်း အမ်မရီ လိုချင်တဲ့ ကြိုးစား အားထုတ်မှုမျိုး မပြသနိုင်တာကြောင့် ပွဲထွက် လူစာရင်းကနေ ချန်လှပ် ခံနေရတာ ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြား လိုက်ပါတယ် ။

 

အိုဇေးလ် ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၂ ပွဲသာ ပါဝင် ကစားပေးထားရပြီး ဝက်ဖိုဒ့် အသင်း နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ နဲ့ နော်တင်ဟမ် ဖောရက် အသင်း နဲ့ ကာရာဘောင်း ဖလားပွဲ တွေမှာသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။

အသက် ၃၀ အရွယ်ရှိပြီ ဖြစ်တဲ့ အိုဇေးလ် ဟာ အာဆင်နယ် အသင်းရဲ့ နောက်ဆုံး သုံးပွဲဆက်တိုက် လူစာရင်း ကနေ ချန်လှပ် ခံခဲ့ရပြီး နည်းပြ အမ်မရီ ကတော့ အိုဇေးလ် ထက် ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် ချန်လှပ်ခဲ့ရတာ ဖြစ်တယ်လို့ ဖြေရှင်း ထားပါတယ်။

နည်းပြ အမ်မရီ က စတန်းဒက်လိဂ် အသင်း နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ” ကျနော်ကတော့ အချိန်တိုင်း ပွဲတစ်ပွဲချင်းစီမှာ ဘယ်ကစားသမားတွေကို ပွဲထွက် ကစားခိုင်းတာက အသင်းအတွက် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကိုပဲ စဉ်းစားပါတယ် ၊ ကျနော် လူစာရင်းမှာ သူ့(အိုဇေးလ်)ကို မရွေးဖူးဆိုတာက တခြား ကစားသမားတွေက ကစားခွင့်နဲ့ ပိုမို ထိုက်တန် နေလို့ပါ ။ သူ့အနေနဲ့ ကိုယ့်အလုပ်ကို ဆက်လုပ်သွားရပါမယ်။ ” လို့ ပြောကြား ခဲ့ပါတယ် ။

 

အာဆင်နယ် အသင်း ရဲ့ ဘောလုံး အကြီးအကဲ ဖြစ်သူ ရာအူးလ် ဆမ်ဟက်လီ ကတော့ မနေ့က ပြုလုပ် ခဲ့တဲ့ ပရိသတ် တွေ့ဆုံပွဲမှာ အိုဇေးလ် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အပေါ် ယခုလို မှတ်ချက် စကား ပြောကြား သွားခဲ့ပါတယ် ။

ဆမ်ဟက်လီ က ” အူနိုင်း ရဲ့ မူဝါဒ ကတော့ လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန် ကြိုးစားတဲ့ သူကိုပဲ ပွဲထွက် ကစားခွင့် ပေးတာပါ ။ ” လို့ ပရိသတ်တွေရဲ့ မေးမြန်းမှုကို လိုရင်းတိုရှင်းပဲ ဖြေကြား သွားခဲ့ပါတယ် ။ ဒါကြောင့် အိုဇေးလ် တစ်ယောက် အမ်မရီ စိတ်ကြိုက် ကြိုးစား အားထုတ်မှု အားနည်းတာကြောင့် ပွဲထွက်ခွင့် ပျောက်ဆုံးနေတာလား ဆိုတာက စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

အိုဇေးလ် ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းကမှ အာဆင်နယ် အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်း တိုးထားပြီး တစ်ပတ် လစာ ပေါင် ၃၅၀၀၀၀ နဲ့ အသင်းမှာ လစာ အများဆုံး ရရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကွင်းလယ်လူ အိုဇေးလ် ကို ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့လည သိရပါတယ် ။ဖီနာဘာချီ အသင်းဟာ အာဆင်နယ် အသင်း ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ကို ခေါ်ယူဖို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထပ်မံ ကြိုးပမ်း သွားမယ်လို့ တူရကီ အခြေစိုက် သတင်းဌာန တွေမှာ ဖော်ပြ နေကြပါတယ် ။

SPORTS MYANMAR

Zawgyi

နည္းၿပ အမ္မရီ အေနနဲ႔ အိုေဇးလ္ ကို ဘာေၾကာင့္ ပြဲထြက္ အသုံးမျပဳတာလဲဆိုတာ အရိပ္အႁမြက္ ေျပာၾကားလိုက္တဲ့ ဆမ္လက္ဟီ
==================================

အာဆင္နယ္ အသင္း ရဲ့ အႀကီးအကဲ ျဖစ္သူ ရာအူးလ္ ဆမ္လက္ဟီ က ကြင္းလယ္လူ အိုေဇးလ္ ဟာ ေလ့က်င့္ေရးကြင္းမွာ နည္းၿပ အူနိုင္း အမ္မရီ လိုခ်င္တဲ့ ႀကိဳးစား အားထုတ္မွုမ်ိဳး မျပသနိုင္တာေၾကာင့္ ပြဲထြက္ လူစာရင္းကေန ခ်န္လွပ္ ခံေနရတာ ျဖစ္နိုင္ေၾကာင္း အရိပ္အႁမြက္ ေျပာၾကား လိုက္ပါတယ္ ။

အိုေဇးလ္ ဟာ ဒီရာသီမွာ အာဆင္နယ္ အသင္းအတြက္ ၂ ပြဲသာ ပါဝင္ ကစားေပးထားရၿပီး ဝက္ဖိုဒ့္ အသင္း နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ နဲ႔ ေနာ္တင္ဟမ္ ေဖာရက္ အသင္း နဲ႔ ကာရာေဘာင္း ဖလားပြဲ ေတြမွာသာ ပြဲထြက္ ကစားခြင့္ ရထားပါတယ္ ။

အသက္ ၃၀ အရြယ္ရွိၿပီ ျဖစ္တဲ့ အိုေဇးလ္ ဟာ အာဆင္နယ္ အသင္းရဲ့ ေနာက္ဆုံး သုံးပြဲဆက္တိုက္ လူစာရင္း ကေန ခ်န္လွပ္ ခံခဲ့ရၿပီး နည္းၿပ အမ္မရီ ကေတာ့ အိုေဇးလ္ ထက္ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္တဲ့ ကစားသမားေတြ ရွိေနတာေၾကာင့္ ခ်န္လွပ္ခဲ့ရတာ ျဖစ္တယ္လို႔ ေျဖရွင္း ထားပါတယ္။

နည္းၿပ အမ္မရီ က စတန္းဒက္လိဂ္ အသင္း နဲ႔ ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ” က်ေနာ္ကေတာ့ အခ်ိန္တိုင္း ပြဲတစ္ပြဲခ်င္းစီမွာ ဘယ္ကစားသမားေတြကို ပြဲထြက္ ကစားခိုင္းတာက အသင္းအတြက္ အေကာင္းဆုံး ျဖစ္မလဲ ဆိုတာကိုပဲ စဥ္းစားပါတယ္ ၊ က်ေနာ္ လူစာရင္းမွာ သူ႔(အိုေဇးလ္)ကို မေရြးဖူးဆိုတာက တျခား ကစားသမားေတြက ကစားခြင့္နဲ႔ ပိုမို ထိုက္တန္ ေနလို႔ပါ ။ သူ႔အေနနဲ႔ ကိုယ့္အလုပ္ကို ဆက္လုပ္သြားရပါမယ္။ ” လို႔ ေျပာၾကား ခဲ့ပါတယ္ ။

အာဆင္နယ္ အသင္း ရဲ့ ေဘာလုံး အႀကီးအကဲ ျဖစ္သူ ရာအူးလ္ ဆမ္ဟက္လီ ကေတာ့ မေန႔က ျပဳလုပ္ ခဲ့တဲ့ ပရိသတ္ ေတြ႕ဆုံပြဲမွာ အိုေဇးလ္ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ အေပၚ ယခုလို မွတ္ခ်က္ စကား ေျပာၾကား သြားခဲ့ပါတယ္ ။

ဆမ္ဟက္လီ က ” အူနိုင္း ရဲ့ မူဝါဒ ကေတာ့ ေလ့က်င့္ေရးကြင္းမွာ အျပင္းအထန္ ႀကိဳးစားတဲ့ သူကိုပဲ ပြဲထြက္ ကစားခြင့္ ေပးတာပါ ။ ” လို႔ ပရိသတ္ေတြရဲ့ ေမးျမန္းမွုကို လိုရင္းတိုရွင္းပဲ ေျဖၾကား သြားခဲ့ပါတယ္ ။ ဒါေၾကာင့္ အိုေဇးလ္ တစ္ေယာက္ အမ္မရီ စိတ္ႀကိဳက္ ႀကိဳးစား အားထုတ္မွု အားနည္းတာေၾကာင့္ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတာလား ဆိုတာက စိတ္ဝင္စားစရာ ျဖစ္လာခဲ့ပါတယ္။

အိုေဇးလ္ ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႕ တုန္းကမွ အာဆင္နယ္ အသင္းနဲ႔ သုံးႏွစ္ခြဲ စာခ်ဳပ္ သက္တမ္း တိုးထားၿပီး တစ္ပတ္ လစာ ေပါင္ ၃၅၀၀၀၀ နဲ႔ အသင္းမွာ လစာ အမ်ားဆုံး ရရွိေနတဲ့ ကစားသမားလည္း ျဖစ္ပါတယ္ ။

အာဆင္နယ္ အသင္း ဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကာလမွာ ကြင္းလယ္လူ အိုေဇးလ္ ကို ေရာင္းထုတ္ဖို႔ စီစဥ္ေနတယ္လို႔လည သိရပါတယ္ ။ဖီနာဘာခ်ီ အသင္းဟာ အာဆင္နယ္ အသင္း ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ ကို ေခၚယူဖို႔ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ထပ္မံ ႀကိဳးပမ္း သြားမယ္လို႔ တူရကီ အေျခစိုက္ သတင္းဌာန ေတြမွာ ေဖာ္ၿပ ေနၾကပါတယ္ ။

SPORTS MYANMAR

SPORTS MYANMAR