Unicode

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဝါရင့် ကွင်းလယ် ကစားသမား ဖြစ်သူ ဟွမ် မာတာ က အသင်း ဖော် အန်သိုနီ မာရှယ်ဟာ ပါရမီ ကောင်းမွန် လှတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အိုးလ် ထရပ်ဖို့ဒ်မှာ မယုံနိုင် စရာ ကောင်းအောင် ထူးခြား ကောင်းမွန် တဲ့ အနာဂတ် တစ်ခု ကို ပိုင်ဆိုင် နိုင် လိမ့်မယ် လို့ ယုံကြည် ကြောင်း ဟောကိန်း ထုတ်သွား ခဲ့လိုက် ပါတယ် ။

အန်သိုနီ မာရှယ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို စတင် ရောက်ရှိ ခဲ့စဉ် တုန်းက တော့ နည်းပြ လူးဝစ် ဗန်ဟားလ် လက်အောက် ထူးခြား ကောင်းမွန် တဲ့ ခြေစွမ်း ပြသ နိုင် ခဲ့တဲ့ အတွက် အနာဂတ် မှာ ယူနိုက်တက် တို့ အားကိုး လို့ ရနိုင်မယ့် ကစားသမား တစ်ဦး ဖြစ်လာ လိမ်မယ် လို့ မှတ်ချက် ပေးခံ ခဲ့ရ သူပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် သူဟာ ယခင် နည်းပြ ဟိုဆေး မော်ရင်ဟို လက်အောက် မှာ ဝေဖန် မှုတွေ ကို ဆက်တိုက် ခံခဲ့ ရ သလို ချစ်သူ မီးဖွား တဲ့ အချိန် အသင်း နဲ့ ပူးပေါင်း ဖို့ နောက်ကျ ခဲ့တဲ့ အတွက် ဒဏ်ကြေး လည်း ပေးဆောင် ခဲ့ရ ပါ သေးတယ် ။ ထို့အတူ သူဟာ ပွဲထွက် ကစားသမား အဖြစ် ပုံမှန် ပွဲထွက် ခွင့် ရရှိ ဖို့လည်း ရုန်းကန် ခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် ကွင်းလယ်လူ ဟွမ် မာတာ က ဝေဖန်မှု တွေအောက် ကျရောက် ခဲ့ရတဲ့ ပြင်သစ် လက်ရွေးစင် ဟာ အသင်း မှာ ခမ်းနား တဲ့ အနာဂတ် တစ်ခု ကို ပိုင်ဆိုင် နိုင် လိမ့်မယ် လို့ ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူ့ရဲ့ အနာဂတ် က တစ်ကယ့် ကို ကြီးကျယ် ခမ်းနား ဖို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ။ သူဟာ မယုံကြည် နိုင်လောက် အောင် ပါရမီ ထူးခြား ကောင်းမွန် လှတဲ့ ကစားသမား တစ်ဦး ပါပဲ ။ အဲ့တာ ကို သူ ယူနိုက်တက် ဆီ စတင် ရောက်ရှိ တုန်းက လီဗာပူး နဲ့ ကစား ခဲ့တဲ့ ပထမဆုံး ပွဲစဉ် မှာပဲ ပြသ သွားနိုင် ခဲ့ ပါတယ် ”

” အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် တိုင်းမှာ သူရဲ့ ဘောလုံး ကို ထိတွေ့ ပုံနဲ့ လူတွေ ကို ကျော်ဖြတ် ကစားပြ ပုံ တွေက တစ်ကယ် ပဲ ကောင်းမွန် လှ ပါတယ် ။ သူဟာ သူ့ရဲ့ အရည် အသွေး နဲ့ပဲ ပွဲစဉ် တစ်ပွဲ ကို အနိုင်ယူ ပြနိုင် စွမ်းတွေ ရှိနေ ပါတယ် ”

” ကျွန်တော် ဟာ အခုလို ပါရမီ ထူးခြား ကောင်းမွန် လှတဲ့ ကစားသမား တွေကို တစ်ကယ် ပဲ နှစ်သက် လှ ပါတယ် ။ သူတို့ တွေနဲ့ အတူ အသင်း တစ်သင်း ထဲမှာ တွဲဖက် ကစား ရတဲ့ အတွက် တစ်ကယ် ပဲ ပျော်ရွှင် ကျေနပ် မိ ပါတယ် ”

” သူ ( မာရှယ် ) ဟာ အရမ်း အရမ်း ကို ခြေစွမ်း ကောင်းမွန် လှတဲ့ ကစားသမား တစ်ဦး ပါ ။ သူဟာ အခု ထက်ထိ အသက် ငယ်ရွယ် သေးတဲ့ ကစားသမား တစ်ဦး ပါပဲ ။ ဒါကြောင့် ရှေ့ဆက်ပြီး ခမ်းနား ကောင်းမွန် တဲ့ အနာဂတ် တစ်ခု ပိုင်ဆိုင် ဖို့ ကျွန်တော် မျှော်လင့် ပါတယ် ” လို့ မာတာ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မာရှယ် ဟာ ယူနိုက်တက် တို့ အိုးလ် ထရပ်ဖို့ဒ် မှာ ခရစ္စတယ် ပဲလေ့စ် အသင်း ကို 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့သူ ဖြစ်ပြီး နောက် တစ်ပါတ် လီဗာပူး အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် အမီ သက်သာ ကောင်းမွန် လာဖို့ ရှိ နေတယ် လို့ သတင်း တွေ ထွက်ပေါ် နေ ပါတယ် ။

#Sports_Myanmar

Zawgyi

ယူနိုက်တက်မှာ ထူးခြားကောင်းမွန် တဲ့ အနာဂတ် ပိုင်ဆိုင် နိုင်မယ့် အသင်းဖော် အကြောင်း ဖွင့်ဟလိုက်တဲ့ #မာတာ

=================










#Sports_Myanmar