Unicode

အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမွန်နီ ဟာ အန်ဖီး နဲ့ ဘိုရပ်ရှားဒေ့ါမွန် တို့မှာ သူရဲကောင်း ဆန်ဆန် လုပ်ပြခဲ့တဲ့ လီဗာပူး မန်နေဂျာ ယာဂန်ကလော့ကို ချီးကျူး သွားခဲ့ပါတယ်။ ကလော့ဟာ လီဗာပူးကို စတင် တာဝန်ယူ ကိုင်တွယ် ခဲ့တဲ့ လေးနှစ်တာ ကာလ အတွင်း အန်ဖီးရဲ့ ကံကြမ္မာတွေကို လုံးဝ ပြောင်းလဲ ပေးနိုင်ခဲ့ကာ လီဗာပူးဟာ ၎င်း စတင် ရောက်လာ ခဲ့စဉ်က Top 4 အတွက်သာ အဓိက ရည်မှန်း နေရတဲ့ အသင်း ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ထိပ်တန်း အသင်း တွေနဲ့ ကွာဟချက်ကို လျော့ချ နိုင်ခဲ့တဲ့ အပြင် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်လာ ခဲ့ပြီး ကြိုးကြာနီ တို့ဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ပြိုင်ပွဲမှာ ၉၇ မှတ်ထိ ရယူ နိုင်ခဲ့ပြီး ချန်ပီယံဆုကို ၁ မှတ်နဲ့ ကပ်လွဲ ခဲ့ပါတယ်။

ကလော့ဟာ လီဗာပူး အသင်းကို ပြီးခဲ့တဲ့ ဘောလုံး ရာသီက ချန်ပီယံလိဂ် ဖလား အောင်မြင်မှု ရယူ ပေးနိုင် ခဲ့ပြီး ဒီရာသီ မှာလည်း ယူအီးအက်ဖ်အေ စူပါဖလား ကိုပါ ဆွတ်ခူး ပေးထား ခဲ့ကာ ဂျာမန် နည်းပြဟာ သူ့ရဲ့ အသင်းဟောင်း ဒေ့ါမွန် မှာတုန်းကလည်း ကြီးမားတဲ့ ဂုဏ်ပုဒ်ကို တည်ဆောက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ကလော့ဟာ ဘိုင်ယန်မြူးနစ် ရဲ့ လွှမ်းမိုးမှုကို ဖြတ်ကျော်ကာ ဒေါ့မွန် အသင်းကို ဘွန်ဒက်လီဂါ ဖလား ၂ ကြိမ် ဆွတ်ခူး ပေးထားခဲ့တဲ့ အပြင် ၂၀၁၃ ခုနှစ် ကလည်း ဒေ့ါမွန်ကို ချန်ပီယံလိဂ် ဖိုင်နယ်ထိ ပို့ဆောင် ပေးခဲ့ ပေမယ့် ဗိုလ်လုပွဲမှာ ဘိုင်ယန်ကို ရှုံးခဲ့တာကြောင့်သာ ဒုတိယဆု နဲ့ ကျေနပ် ခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲ ကစား ပြီးချိန်မှာ ၈ ပွဲစလုံး အနိုင်ရကာ ဒုတိယ နေရာက အသင်းကို ၈ မှတ်ထိ ဖြတ်ထား နိုင်ခဲ့တာကြောင့် နှစ် ၃၀ အတွင်း ပထမဦးဆုံး အကြိမ် အမှတ်ပေးဖလား ဆွတ်ခူး နိုင်ဖို့ မျှော်လင့်ချက်တွေ အားကောင်း လာခဲ့ပါတယ်။ အသက် ၅၂ နှစ် အရွယ် ယခုလို စွမ်းဆောင် ပေးမှု တွေကြောင့် သူ့ရဲ့ ကစားသမားတွေ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှု တွေကို ခံနေရပါတယ်။

အက်သလက်တီကို မက်ဒရစ်ကို ချန်ပီယံလိဂ် ဖိုင်နယ် ၂ ကြိမ် ပို့ဆောင် ပေးခဲ့ပြီး လာလီဂါ နဲ့ ယူရိုပါလိဂ် ဖလားတွေ ဆွတ်ခူး ပေးခဲ့တဲ့ ဆီမွန်နီ လို နည်းပြ ကတောင်မှ ကလော့ကို ချီးကျူး ဂုဏ်ပြု ခဲ့ပါတယ်။ အထူး သဖြင့် ဆီမွန်နီဟာ သူ့ မန်နေဂျာ ဘဝမှာ ကလော့ရဲ့ ကစားဟန် ကို အထူး နှစ်သက်နေခဲ့ပြီး လီဗာပူး နည်းပြဟာ သူ အနှစ်သက်ဆုံး နည်းပြ ဖြစ်တယ်လို့ ထုတ်ဖော် လိုက်ပါတယ်။

Spain radio station Cadena Ser နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဆီမွန်နီ က “ကျွန်တော် အနှစ်သက်ဆုံး နည်းပြလား ? ယာဂန်ကလော့ ပါပဲ။ လုံးဝ အကြွင်းမဲ့ ပါပဲ။ သူဟာ အရာ တော်တော်များများ ရှံုးနိမ့် ခဲ့သလို လှပတဲ့ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အမြဲတမ်း တူညီတဲ့ စတိုင်နဲ့ပဲ သွားပါတယ်။ ပြီးတော့ သူဟာ သူ့ကစားသမားတွေ နဲ့ အရမ်းကို ရင်းနှီးဖော်ရွေတဲ့ ဆက်ဆံရေး ရှိိနေတာကို ကျွန်တော် တွေ့နေရ ပါတယ်။” လို့ ဆိုသွား ပါတယ်။

ကလော့ဟာ ကဏ္ဍ အမျိုးမျိုးမှာ great manager အဖြစ် သတ်မှတ် ခံထား ရသူ ဖြစ်ပေမယ့် ဆီမွန်နီလို နည်းပြ တစ်ဦးရဲ့ ယခုလို ပြောဆိုမှု ကတော့ အကောင်းဆုံး သက်သေ တစ်ခုပဲ ဖြစ်ပါတယ်။ ကလော့ဟာ သူကိုယ်တိုင် အရည်အသွေးမြင့် နည်းပြ တစ်ဦး ဖြစ်နေရုံ သာမက ကစားသမားတွေနဲ့ အရမ်း ကောင်းတဲ့ ဆက်ဆံရေးကြောင့် သူ့အသင်းဟာ ပွဲတစ်ပွဲကို အစွမ်းကုန် ပေးဆပ် ကစားလေ့ ရှိပြီး အရေးကြီးဆုံး ကတော့ ပရိတ်သတ်တွေရဲ့ တစ်ခဲနက် ထောက်ခံ အားပေးမှုကိုပါ ရနေတာ ဖြစ်ပါတယ်။

ကလပ်ရဲ့ အစိတ်အပိုင်း ပေါင်းစုံမှာ လီဗာပူးဟာ ဦးတည်ချက် တစ်ခုတည်း ဖြစ်နေပြီး ဒါတွေ တော်တော်များများဟာ ကလော့ ရဲ့ စွမ်းဆောင်ချက်တွေ ဖြစ်ပါတယ်။

SM

Zawgyi

သူ အႏွစ္သက္ဆံုး ပရီးမီးယားလိဂ္ မန္ေနဂ်ာ တစ္ဦးကို ေျပာျပလိုက္တဲ့ အက္သလက္တီကို နည္းျပ ဆီမြန္နီ

အက္သလက္တီကို မက္ဒရစ္ နည္းျပ ဒီေယဂို ဆီမြန္နီ ဟာ အန္ဖီး နဲ႕ ဘုိရပ္ရွားေဒ့ါမြန္ တုိ႕မွာ သူရဲေကာင္း ဆန္ဆန္ လုပ္ျပခဲ့တဲ့ လီဗာပူး မန္ေနဂ်ာ ယာဂန္ကေလာ့ကို ခ်ီးက်ဴး သြားခဲ့ပါတယ္။ ကေလာ့ဟာ လီဗာပူးကုိ စတင္ တာ၀န္ယူ ကိုင္တြယ္ ခဲ့တဲ့ ေလးႏွစ္တာ ကာလ အတြင္း အန္ဖီးရဲ႕ ကံၾကမၼာေတြကို လံုး၀ ေျပာင္းလဲ ေပးႏုိင္ခဲ့ကာ လီဗာပူးဟာ ၎ စတင္ ေရာက္လာ ခဲ့စဥ္က Top 4 အတြက္သာ အဓိက ရည္မွန္း ေနရတဲ့ အသင္း ျဖစ္ခဲ့ေပမယ့္ ေနာက္ပုိင္း မွာေတာ့ ထိပ္တန္း အသင္း ေတြနဲ႕ ကြာဟခ်က္ကုိ ေလ်ာ့ခ် ႏုိင္ခဲ့တဲ့ အျပင္ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္တဲ့ အသင္း ျဖစ္လာ ခဲ့ျပီး ၾကိဳးၾကာနီ တုိ႕ဟာ ျပီးခဲ့တဲ့ ရာသီက လိဂ္ျပိဳင္ပြဲမွာ ၉၇ မွတ္ထိ ရယူ ႏုိင္ခဲ့ျပီး ခ်န္ပီယံဆုကို ၁ မွတ္နဲ႕ ကပ္လြဲ ခဲ့ပါတယ္။

ကေလာ့ဟာ လီဗာပူး အသင္းကို ျပီးခဲ့တဲ့ ေဘာလံုး ရာသီက ခ်န္ပီယံလိဂ္ ဖလား ေအာင္ျမင္မွဳ ရယူ ေပးႏုိင္ ခဲ့ျပီး ဒီရာသီ မွာလည္း ယူအီးအက္ဖ္ေအ စူပါဖလား ကိုပါ ဆြတ္ခူး ေပးထား ခဲ့ကာ ဂ်ာမန္ နည္းျပဟာ သူ႕ရဲ႕ အသင္းေဟာင္း ေဒ့ါမြန္ မွာတုန္းကလည္း ၾကီးမားတဲ့ ဂုဏ္ပုဒ္ကို တည္ေဆာက္ ႏုိင္ခဲ့ျပီး ျဖစ္ပါတယ္။

ကေလာ့ဟာ ဘိုင္ယန္ျမဴးနစ္ ရဲ႕ လႊမ္းမိုးမွဳကို ျဖတ္ေက်ာ္ကာ ေဒါ့မြန္ အသင္းကို ဘြန္ဒက္လီဂါ ဖလား ၂ ၾကိမ္ ဆြတ္ခူး ေပးထားခဲ့တဲ့ အျပင္ ၂၀၁၃ ခုႏွစ္ ကလည္း ေဒ့ါမြန္ကို ခ်န္ပီယံလိဂ္ ဖုိင္နယ္ထိ ပို႕ေဆာင္ ေပးခဲ့ ေပမယ့္ ဗုိလ္လုပြဲမွာ ဘုိင္ယန္ကုိ ရွံဳးခဲ့တာေၾကာင့္သာ ဒုတိယဆု နဲ႕ ေက်နပ္ ခဲ့ရတာ ျဖစ္ပါတယ္။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၈ ပြဲ ကစား ျပီးခ်ိန္မွာ ၈ ပြဲစလံုး အႏုိင္ရကာ ဒုတိယ ေနရာက အသင္းကို ၈ မွတ္ထိ ျဖတ္ထား ႏုိင္ခဲ့တာေၾကာင့္ ႏွစ္ ၃၀ အတြင္း ပထမဦးဆံုး အၾကိမ္ အမွတ္ေပးဖလား ဆြတ္ခူး ႏိုင္ဖို႕ ေမွ်ာ္လင့္ခ်က္ေတြ အားေကာင္း လာခဲ့ပါတယ္။ အသက္ ၅၂ ႏွစ္ အရြယ္ ယခုလို စြမ္းေဆာင္ ေပးမွဳ ေတြေၾကာင့္ သူ႕ရဲ႕ ကစားသမားေတြ ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္မွဳ ေတြကို ခံေနရပါတယ္။

အက္သလက္တီကို မက္ဒရစ္ကို ခ်န္ပီယံလိဂ္ ဖိုင္နယ္ ၂ ၾကိမ္ ပို႕ေဆာင္ ေပးခဲ့ျပီး လာလီဂါ နဲ႕ ယူရိုပါလိဂ္ ဖလားေတြ ဆြတ္ခူး ေပးခဲ့တဲ့ ဆီမြန္နီ လို နည္းျပ ကေတာင္မွ ကေလာ့ကို ခ်ီးက်ဴး ဂုဏ္ျပဳ ခဲ့ပါတယ္။ အထူး သျဖင့္ ဆီမြန္နီဟာ သူ႕ မန္ေနဂ်ာ ဘ၀မွာ ကေလာ့ရဲ႕ ကစားဟန္ ကို အထူး ႏွစ္သက္ေနခဲ့ျပီး လီဗာပူး နည္းျပဟာ သူ အႏွစ္သက္ဆံုး နည္းျပ ျဖစ္တယ္လို႕ ထုတ္ေဖာ္ လုိက္ပါတယ္။

Spain radio station Cadena Ser နဲ႕ ေတြ႕ဆံု ေမးျမန္းခန္းမွာ ဆီမြန္နီ က “ကၽြန္ေတာ္ အႏွစ္သက္ဆံုး နည္းျပလား ? ယာဂန္ကေလာ့ ပါပဲ။ လံုး၀ အၾကြင္းမဲ့ ပါပဲ။ သူဟာ အရာ ေတာ္ေတာ္မ်ားမ်ား ရွံဳးနိမ့္ ခဲ့သလို လွပတဲ့ ေအာင္ျမင္မွဳေတြလည္း ရခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ အျမဲတမ္း တူညီတဲ့ စတုိင္နဲ႕ပဲ သြားပါတယ္။ ျပီးေတာ့ သူဟာ သူ႕ကစားသမားေတြ နဲ႕ အရမ္းကို ရင္းႏွီးေဖာ္ေရြတဲ့ ဆက္ဆံေရး ရိွိေနတာကို ကၽြန္ေတာ္ ေတြ႕ေနရ ပါတယ္။” လို႕ ဆုိသြား ပါတယ္။

ကေလာ့ဟာ က႑ အမ်ိဳးမ်ိဳးမွာ great manager အျဖစ္ သတ္မွတ္ ခံထား ရသူ ျဖစ္ေပမယ့္ ဆီမြန္နီလို နည္းျပ တစ္ဦးရဲ႕ ယခုလို ေျပာဆုိမွဳ ကေတာ့ အေကာင္းဆံုး သက္ေသ တစ္ခုပဲ ျဖစ္ပါတယ္။ ကေလာ့ဟာ သူကိုယ္တုိင္ အရည္အေသြးျမင့္ နည္းျပ တစ္ဦး ျဖစ္ေနရံု သာမက ကစားသမားေတြနဲ႕ အရမ္း ေကာင္းတဲ့ ဆက္ဆံေရးေၾကာင့္ သူ႕အသင္းဟာ ပြဲတစ္ပြဲကို အစြမ္းကုန္ ေပးဆပ္ ကစားေလ့ ရွိျပီး အေရးၾကီးဆံုး ကေတာ့ ပရိတ္သတ္ေတြရဲ႕ တစ္ခဲနက္ ေထာက္ခံ အားေပးမွဳကိုပါ ရေနတာ ျဖစ္ပါတယ္။

ကလပ္ရဲ႕ အစိတ္အပိုင္း ေပါင္းစံုမွာ လီဗာပူးဟာ ဦးတည္ခ်က္ တစ္ခုတည္း ျဖစ္ေနျပီး ဒါေတြ ေတာ္ေတာ္မ်ားမ်ားဟာ ကေလာ့ ရဲ႕ စြမ္းေဆာင္ခ်က္ေတြ ျဖစ္ပါတယ္။

SM