အာဆင်နယ်အသင်းကို ဆယ်စုနှစ် ၂ခုကြာ ကိုင်တွယ်သွားခဲ့ဖူးတဲ့နည်းပြ ကြီး အာဆင်ဝင်းဂါးက မန်စီးတီး အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး စတာလင် ကို ဥရောပရဲ့ အကောင်းဆုံး တွေထဲတဦးအဖြစ် ချီးကျူးလိုက်ပါတယ်။ဒါပေမယ့် ဒီအင်္ဂလန်သားလေးဟာ မက်ဆီ၊ ရော်နယ်ဒို တို့လိုအဆင့်အနေအထားကို ရောက်ရှိနိုင်ဖို့ အပေါ်ကို အာဆင်ဝင်းဂါးက သံသယရှိနေပုံပါပဲ။အသက် ၂၄နှစ်အရွယ်သာရှိသေးတဲ့ စတာလင်ဟာ နောက်ပိုင်းနှစ်တွေ အတွင်းမန်စီးတီး အသင်းရဲ့အကောင်းဆုံးကစားသမား တဦးအဖြစ်ရှိနေပြီး သွင်းဂိုးတွေအတွက် တိုက်စစ်မှူး စစ်စစ်တွေလို အားကိုးနေရတဲ့ တောင်ပံကစားသမားလေးဖြစ်ပါတယ်။

သူဟာ ဒီီရာသီမှာ လည်း ပရီးမီးယားလိဂ် ရပွဲ ပါဝင် ကစားပေးထားပြီး ၆ဂိုးသွင်းယူပေးထားပါတယ်။သူ့ရဲ့ ခြေစွမ်းနဲ့ ပါရမီတွေကြောင့်လည်း အာဆင်ဝင်းဂါး ရဲ့ အထင်ကြီးလေးစားမှုကို ခံထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် စတာလင်ဟာ မက်ဆီ၊ ရော်နယ်ဒို တို့လို ကစားသမားတွေနဲ့ ယှဉ်နိုင်စွမ်းရှိနေပြီလားလို့ မေးမြန်းရာမှာတော့ အာဆင်ဝင်းဂါးက -” ဒီအချိန်မှာတော့ ကျွန်တော်က No လို့ပဲ ဖြေမိမှာ ဖြစ်ပါတယ်။ကျွန်တော်ဟာ စတာလင်ကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ဒါပေမယ့်လည်း တရာသီကို ဂိုး၅၀ လောက် ဆယ်ရာသီဆက် သွင်းထားတဲ့ ကစားသမားအကြောင်းကိုတော့ ဂရုစိုက်ပြီးပြောဖို့လိုပါတယ်။

ဒါကြောင့် လည်းစတာလင်ဟာ အဲ့ဒီီလို အဆင့်အနေထားမျိုးကို မရောက်သေးဘူးလို့ ကျွန်တော်ရဲ့ တကိုယ်တည်းအမြင်အရ ယူဆမိပါတယ်။ဒါပေမယ့်သူဟာ ပရီးမီးယားလိဂ်ရဲ့ထင်ရှားပေါ်လွင်တဲ့ကစား သမားတဦးဖြစ်နေပါပြီ။ဥရောပရဲ့ အကောင်းဆုံးတွေထဲက တဦးလည်းဖြစ်ပါတယ် ” လို့ဖြေသွားခဲ့တာဖြစ်ပါတယ်။အာဆင်ဝင်းဂါးဟာ အာဆင်နယ်ကို ကိုင်တွယ်နေစဉ်ကတည်းက စတာလင်ရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်ပြီး ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။ဂန်းနားတို့ရဲ့ ကစားသမားဟောင်းကြီးတဦးဖြစ်တဲ့ အိုဗားမားစ် လို အသွေးအမွေး မျိုးကို စတာလင်ဆီမှာ မြင်နေရပြီလို့ လည်းသူက ယုံကြည်နေပါတယ်။

အာဆင်ဝင်းဂါးကဆက်လက်ပြီး – ” သူ လူငယ် ကစားသမား ဘဝ လောက်ကတည်းက မယုံနိုင်စရာ လျင်မြင်မှု မျိုးနဲ့ အဲ့ဒီအဟုန်ကို ထပ်ခါထပ်ခါလုပ်နိုင်ဖို့မယုံနိုင်လောက်တဲ့ စွမ်းအင် ပမာဏ မျိုးကို ပိုင်ဆိုင်ထားတယ်ဆိုပြီး တွေးခဲ့မိပါတယ်။သူနဲ့ဆာနေးက ဒီလိဂ်မှာ လုပ်အားနှုန်း မြင့်မားအလျင်မြန်ဆုံး တွေဖြစ်ပါတယ်။သူ့ရဲ့ ခြေစွမ်းက ရပ်တန့်လို့ မရတဲ့ အနေအထားမျိုးဖြစ်ပြီး အိုဗားမားစ်ကို တောင် အမှတ်ရစေပါတယ်။အရင်တုန်းကဆိိုရင် သူ့ဆီမှာ တည်ငြိမ်တဲ့ အဆုံးသစ်စွမ်းရည်မရှိခဲ့ပါဘူး။အခုတော့ သူ့မှာ ရှိနေပါပြီ။

ကစားပုံ လျင်မြန်တဲ့ ကစားသမားတွေ ဟာ တခါတလေမှာ အဆုံးသတ်ကန်ချက်တွေကို အလောတကြီးဆန်ဆန် ပြီးလုပ်တတ်ကြပါတယ်။သူကတော့ ဒီအပိုင်းမှာ တိုးတက်ပြီး ယုုံကြည်မှု လည်းရှိနေပါပြီ။သူ့ရဲ့ကန်သွင်းချက် တချို့ လွဲချော်နေဆဲဖြစ်ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်မှု နှုန်းက တိုးတက်လာဖို့ ရှိနိုင်နေသေးပေမယ့် သူ့မှာ သူမတူတဲ့ ပါရမီမျိုးရှိပါတယ်။သူဟာ ဘယ်သူ တွေကိုမဆို နာကျင် ထိခိုက်အောင် ဒုက္ခပေးနိုင်စွမ်း ရှိပါတယ် ” လို့ပြောခဲ့ပါတယ်။

SM