Unicode
nicodeမန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ဘောလုံး ရာသီ အတွင်း ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေ ခဲ့တဲ့ အတွက် နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ဟာ အသင်း မှာ ဆက်လက် ရှိနေ နိုင်တော့ မလား ၊ ဆိုးလ်ရှား out ဆိုတဲ့ ပရိသတ် တွေရဲ့ အော်သံ တွေကြား သူဟာ ထုတ်ပယ် ခံလိုက် ရ မလား ဆိုတဲ့ မေးခွန်း တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။
ဒါပေမယ့် ယူနိုက်တက် အသင်း ရဲ့ နောက်ခံ ကစားသမား ဟောင်း ဖြစ်သူ ရီယို ဖာဒီနန် က ယူနိုက်တက် မှာ ဆိုးလ်ရှား ရဲ့ အနေအထား တွေက အန္တရာယ် အောက် ကျရောက် နေတယ် လို့ မယုံကြည် ကြောင်း ၊ အသင်း ဟောင်း အနေ နဲ့ ဆိုးလ်ရှား ဖက်က ခိုင်မြဲစွာ ရပ်တည် ပေးနိုင် ဖို့ လိုအပ် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ကလပ် အသင်း ဖက်က ဒါကို အလွယ်တကူ ဖြတ်သန်း နိုင် လိမ့်မယ် လို့ တွေးတော သွား စရာ အကြောင်း မရှိ ပါဘူး ။ လက်ရှိ အသင်း က အတွေ့ အကြုံ နည်းပါး လှတဲ့ အသင်း တစ်သင်း ပါ ။ ဒါ့ကြောင့် လက်ရှိ အနေ အထား တွေက ဒီည ကုန်ဆုံး သွားတာ နဲ့ ပြေလည် အောင် ဖြေရှင်း လို့ ရနိုင် မယ့် အရာ တစ်ခု လို့ တွေးတော နေလို့ မရနိုင် ပါဘူး ”
” လက်ရှိ အသင်း ကို ပြန်လည် တည်ဆောက် နေတဲ့ ပုံစံ ကိုက အစပိုင်း မှာ နာကျင်မှု တွေကို ခံစား ရမှာ ပါပဲ ။ ဒီလို အခိုက် အတန့် တွေမှာ ရလဒ် တွေက ကျွန်တော် တို့တွေ ထင်မှတ် မျှော်လင့် နေသလို ဖြစ်လာ နိုင်ဖို့ မလွယ် ပါဘူး ။ အထူး သဖြင့် သူတို့ အခု ဖြည့်တင်း ထားတဲ့ ကစားသမား အင်အား ၊ လူငယ် လေးတွေ နဲ့ မျှော်လင့် ထားသလို အကြီးကြီး တွေ ဖြစ် မလာ နိုင် ပါဘူး ”
” ဒါ့ကြောင့် ကျွန်တော် တို့ အသင်း ကို လွယ်ကူ ရိုးရှင်းစွာ ချက်ချင်း ပြောင်းလဲ ပစ်လို့ မရ နိုင်ဘူး လို့ ကျွန်တော် တွေးနေ ပါတယ် ။ အကယ်လို့ ကျွန်တော် ဟာ မနက် အိပ်ယာ နိုးတဲ့ အချိန် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အနေအထား တွေက ရုတ်ချည်း ပြောင်းလဲ သွားပြီ လို့ သတင်းစာ (သို့) ဖုန်း app ထဲမှာ ဖတ်လိုက် ရမယ် ဆိုရင် ကျွန်တော် အရမ်း အံ့သြ သွားမှာပါ ”
” သူတို့ တွေက တစ်ကယ့် ကို အရည်အသွေး ကောင်းမွန် လှတဲ့ လူငယ် ကစားသမား လေးတွေ ကို ပိုင်ဆိုင် ထားကြ ပါတယ် ။ ဒန်နီယယ် ဂျိမ်းစ် ဟာ ဆိုရင် ဒီ အသင်း မှာ အခု လောက် မြန်မြန် အသားကျ သွား လိမ့်မယ် လို့ ဘယ်သူ မှ ထင်မှတ် ကြမှာ မဟုတ် ပါဘူး ။ သူဟာ အသင်း မှာ တစ်ကယ့် ကို ကောင်းမွန်စွာ ကစား ပြနိုင် ခဲ့ပြီး အသင်း အပေါ် လွှမ်းမိုး မှု ရှိနိုင် တဲ့ ကစားသမား မျိုး ဖြစ်လာ နိုင်ခဲ့ ပါတယ် ”
james
” လက်ရှိ အသင်း ရဲ့ လူစာရင်း နဲ့ ပတ်သက် လို့ ဘာတွေ ပြောကြ ရမလဲ ? အကယ်လို့ ခင်ဗျား က ဆွမ်ဆီး လို အသင်း တစ်သင်း ကနေ ကစားသမား တစ်ဦး ကို ခေါ်ယူ လိုက်မယ် ဆိုရင် သူဟာ ရေရှည် အသင်း မှာ ခြေစွမ်း ပြနိုင် လိမ့်မယ် လို့ မျှော်လင့် နေမှာ ပါပဲ ။ အဲ့ဒီလို ကစားသမား တစ်ဦး က အရံ အနေ အထား မှာ ရှိနေ သင့်တဲ့ အချိန် ပွဲထွက် ကစားသမား စာရင်း ထဲကို အမြန်ဆုံး ပါဝင် နိုင်ခဲ့ ပါတယ် ”
” လူတွေ ကတော့ ယူနိုက်တက် အသင်း ဟာ လက်ရှိ ဘယ် နေရာ မှာ ရှိနေ သလဲ ဆိုတဲ့ အကြောင်း ကိုပဲ အဓိက ထားပြီး ပြောကြ ပါ လိမ့်မယ် ။ ဒါပေမယ့် လက်ရှိ အနေအထား မှာ အချိန် ဟာ တစ်ကယ် ပဲ လိုအပ် တဲ့ အရာ တစ်ခု လို့ ကျွန်တော် ထင် ပါတယ် ။ လက်ရှိ အချိန် အသင်း ရဲ့ ကစားသမား တွေဆီ က အကြီးကြီး တွေ မျှော်လင့် ထားလို့ မဖြစ်သေး ပါဘူး ”
” အုုိလီ ဟာ နောက်ထပ် ကစားသမား တွေကို ပိုင်ဆိုင် နိုင်ဖို့ အတွက် အခြား အပြောင်း အရွှေ့ ကာလ တွေကို လိုအပ် နေပါ သေးတယ် ။ အပြောင်း အလဲ တွေ လုပ်ဖို့ လိုအပ် နေ သေးပြီး ပို ကောင်းတဲ့ စွမ်းဆောင်ရည် တွေ ထွက်ပေါ် လာအောင် လုပ်ဆောင် ဖို့ လိုအပ် နေပါ သေးတယ် ။ အဲ့တာ တွေ ပြီးရင် တော့ ခင်ဗျား ဟာ သူနဲ့ ပတ်သက်လို့ ဝေဖန်တာ ၊ ငြင်းခုံတာ တွေကို လုပ်ဆောင် လို့ ရနိုင် ပါပြီ ” လို့ ဖာဒီနန် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
ယူနိုက်တက်မှာ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ ဘယ်လို ဖြစ်နေပြီလဲ ဆိုတာ ပြောကြားလိုက်တဲ့ #ဖာဒီနန်
=================
#Sports_Myanmar