Unicode

တိုတောင်းလွန်းလှတဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ ဘောလုံးသမားတွေဟာ သူတို့ရဲ့ ပရော်ဖက်ရှင်ဘဝကို အမြင့်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ ဖြတ်သန်းပြနိုင်ဖို့ အပြင်းအထန် ကြိုးစားလေ့ရှိပါတယ်။ အဲဒီလို ကြိုးစားကြသူတွေထဲမှာ တစ်ကမ္ဘာလုံးက စံနမူနာ အဖြစ် သတ်မှတ်ထားကြတဲ့ ကစားသမား တစ်ဦးကတော့ ရိုနာဒို ပါ။

သူ့ရဲ့ အမြင့်ဆုံးမှာပဲ အမြဲတမ်းကို ရပ်တည်နေနိုင်ရမယ် ဆိုတဲ့ ပြင်းထန်တဲ့ ခံယူချက်ကြောင့်ပဲ ၊ ရိုနာဒိုဟာ အခုဆိုရင် ဘောလုံးလောကရဲ့ ပြယုဂ် တစ်ခုအဖြစ်တောင် ရပ်တည်နေပြီ ဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရို 2020 ခြေစစ်ပွဲစဉ်မှာတော့ ပေါ်တူဂီ အသင်းဟာ လူဇင်ဘတ် အသင်းကို 3-0 နဲ့ အနိုင်ရရှိခဲ့ပြီး ၊ အသင်းခေါင်းဆောင် ရိုနာဒို ကတော့ ဒုတိယ အနိုင်ဂိုးကို ပြိုင်ဘက် ဂိုးသမားကို ကျော်ကာ ၊ လှလှပပ သွင်းယူ ပြသွားခဲ့ပါတယ်။ သူ့ရဲ့ အဲဒီ သွင်းဂိုးကြောင့်ပဲ အခုဆိုရင် ရိုနာဒိုဟာ ကစားသမားဘဝမှာ စုစုပေါင်း သွင်းဂိုး 700 ပြည့်မြောက်ဖို့ 1 ဂိုးသာ လိုတော့သာ ဖြစ်ပါတယ်။

တိုတောင်းလွန်းလှတဲ့ ပရို ဘောလုံးသမားဘ၀ အတွင်းမှာ သွင်းဂိုးပေါင်း 699 ဂိုး အထိ သွင်းယူပြနိုင်ဖို့ဆိုတာ တော်ရုံ ဘောလုံးသမား တစ်ယောက်အတွက်တော့ အိပ်မက်ကို မက်ဖူးမှာ မဟုတ်ပါဘူး။ သို့သော် ရိုနာဒို ကတော့ အဲဒီ ပမာဏမျိုးအထိ သွင်းယူပြနိုင်ခဲ့ပြီ ဖြစ်သလို ၊ အဲဒီအထဲက အများစုဟာ ဥရောပ ထိပ်သီးလိဂ်တွေ နဲ့ ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တဲ့ ဂိုးတွေ ဖြစ်လို့လဲ ၊ သူ့ကို ဂြိုဟ်သား တစ်ဦးအဖြစ် တင်စားနေကြတာ ဖြစ်ပါတယ်။

သူဟာ ဘောလုံးသမားဘဝမှာ စုစုပေါင်း 972 ပွဲ အထိ ပါဝင် ကစားပေးထားခဲ့ပြီ ဖြစ်ပြီး ၊ သွင်းဂိုးပေါင်းက 699 ဂိုး အထိ ရှိနေပြီ ဖြစ်ကာ ၊ ဂိုးဖန်တီးမှုပေါင်း ကလဲ 219 ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အဲဒီ အထဲက 605 ဂိုးကို ကလပ် ကစားသမားဘဝမှာ သွင်းယူ ပြနိုင်ခဲ့တာ ဖြစ်ပြီး ၊ လက်ရွေးစင် ကစားသမားဘဝမှာတော့ 94 ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယခင် ကတော့ ဥရောပ တိုက်ရဲ့ လက်ရွေးစင် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ဟန်ဂေရီ နဲ့ စပိန် ကစားသမားကြီး ပုစ်ကပ်က စုစုပေါင်း 84 ဂိုး နဲ့ စံချိန်တင်ထားခဲ့တာ ဖြစ်ပေမယ့် ၊ ရိုနာဒို ဟာ အခုဆိုရင် အဲဒီ စံချိန်ကို ကျော်ဖြတ်ထားခဲ့တာ 10 ဂိုးတောင် ကျော်လွန်နေခဲ့ပြီ ဖြစ်ပါတယ်။

ရိုနာဒိုဟာ 2018 ကမ္ဘာ့ဖလားပွဲစဉ် အဖြစ် ကစားခဲ့တဲ့ မော်ရိုကို အသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူရင်း ပုစ်ကပ် ရဲ့ စံချိန်ကို ဖြတ်ကျော် နိုင်ခဲ့တာပါ။ အဲဒီနောက် ဥရောပ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဆွစ်ဇာလန် အသင်းဘက်ကို ဟတ်ထရစ် သွင်းယူခဲ့သလို ၊ ပြီးခဲ့တဲ့ လက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆားဘီးယား အသင်းနဲ့ ပွဲမှာ 1 ဂိုး ၊ လစ်သူယေးနီးယား နဲ့ ပွဲစဉ်မှာ 4 ဂိုး စီး ထပ်မံ သွင်းယူခဲ့ပါတယ်။

အခုဆိုရင် ရိုနာဒိုဟာ ပေါ်တူဂီ အသင်းအတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ 5 ပွဲမှာ စုစုပေါင်း သွင်းဂိုးက 9 ဂိုး အထိ ရှိလာခဲ့ပါပြီ။

ဒါ့အပြင် ဘောလုံးသမိုင်းကြောင်း တစ်လျှောက် လက်ရွေးစင် ကစားသမားဘဝမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ အီရန် တိုက်စစ်မှုး အလီဒါယီ (109 ဂိုး) ကို အမှီလိုက်နိုင်ဖို့ အတွက်လဲ 15 ဂိုးသာ လိုတော့သာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုနာဒိုဟာ မကြာခင်မှာပဲ အဲဒီ စံချိန်ကို ကျော်တက်နိုင်ဖို့ အားထုတ်ကြိုးစားလာဖွယ်ရှိနေပါတယ်။

ဥရောပ ရဲ့ လက်ရွေးစင် သွင်းဂိုး အများဆုံး ဘောလုံးသမားများ

94 ဂိုး – ရိုနာဒို (ပေါ်တူဂီ)
84 ဂိုး – ပုစ်ကပ် (ဟန်ဂေရီ ၊ စပိန်)
75 ဂိုး – ကော့ဆစ် (ဟန်ဂေရီ)
71 ဂိုး – ကလိုဆေး (ဂျာမဏီ)
68 ဂိုး – ဂတ်မူလာ (အနောက် ဂျာမဏီ)
68 ဂိုး – ရော်ဘီကိန်း (အိုင်ယာလန်)
62 ဂိုး – မိုဗစ် (ဆွီဒင်)

SPORTS MYANMAR

Zawgyi

ကစားသမားဘ၀ သွင်းဂိုး 700 ပြည့်ဖို့ နီးစပ်နေပြီ ဖြစ်တဲ့ #ရိုနာဒို










 


71 ဂိုး – ကလိုဆေး (ဂျာမဏီ)
62 ဂိုး – မိုဗစ် (ဆွီဒင်)

SPORTS MYANMAR