Unicode

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းဟာ မနေ့ညက အင်္ဂလန် အသင်း ပရက်မှာ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း ပထမဦးဆုံး ရှုံးနိမ့် သွားခဲ့တဲ့ ခြေစစ်ပွဲစဉ်မှာ အင်္ဂလန် ဘယ်နောက်ခံလူ ဒန်နီရို့စ်ရဲ့ ခြေစွမ်းကို ပြင်းထန်စွာ ဝေဖန် သွားခဲ့ပါတယ်။ ချက်အသင်းဟာ ဦးဆောင်ဂိုး ပေးခဲ့ ရပေမယ့်လည်း နောက်ကနေ လိုက်ကစားကာ အင်္ဂလန် ကို ၂ – ၁ နဲ့ အနိုုင်ယူ ပြခဲ့တာ ဖြစ်ပြီး အိမ်ရှင် အတွက် အနိုင်ဂိုး ကိုတော့ ပွဲပြီးခါနီး ငါးမိနစ် အလိုမှာ အသက် ၃၀ အရွယ် တိုက်စစ်မှုး အွန်ဒရာဆပ်က သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ အင်္ဂလန် အတွက် ၅ မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် ဦးဆောင်ဂိုး ရယူ ပေးခဲ့ ပေမယ့် သိပ်မကြာမီ မှာပင် ချက်နောက်ခံလူ ဘရာဘက်က ထောင့်ကန်ဘော ကနေ တဆင့် ချေပဂိုး သွင်းပေး ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် အနေနဲ့ အဆိုပါ ပွဲကို ရှံုးနိမ့် သွားခဲ့တာကြောင့် ခြေစစ်ပွဲ စောစောစီးစီး အောင်မြင်မယ့် အခွင့်အရေးကို လက်လွှတ် လိုက်ရပါတယ်။

ကိ်န်း က “သွေးပျက် နေစရာတော့ မလိုပါဘူး။ ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်း ဂါရက်ရဲ့ မှတ်တမ်း တွေဟာ အရမ်းကို ကောင်းလွန်း ပါတယ်။ ဒါပေမယ့် လိုအပ်နေတဲ့ အခြား အစိတ်အပိုင်း တွေတော့ ရှိနေ ပါသေးတယ်။ ကျွန်တော်တို့ အလုပ် မဖြစ်တဲ့ ကစားသမားတွေ အကြောင်း ပြောချင် ပါတယ်။ လက်ပစ်ဘော ကနေ စပြီး ကျွန်တော်တို့ ပြောစရာ ဗီဒီယို clips အချို့ ရှိပါတယ်။

ပြီးတော့ မိုက်ကယ်ကိန်း တို့ ဟယ်ရီ မက်ဂွိုင်းယား တို့လို ကစားသမားတွေ အတွက် ကျွန်တော် စိုးရိမ်တဲ့ အရာ ကတော့ သူတို့ဟာ အသက် ၂၅ ပတ်ဝန်းကျင် ဖြစ်နေ ပါပြီ။ ဒါပေမယ့် တစ်ခါတစ်ရံ ဒီကစားသမား တွေဟာ လေ့လာ သင်ယူမှု မလုပ်ကြ ပါဘူး။ ဒီလူတွေ အတွက် ဆက်ပြီး စောင့်ဆုုိင်း နေလို့ မရပါဘူး။

ဒီညမှာ ရို့စ် ပြသခဲ့တဲ့ ခြေစွမ်း ကတော့…တကယ့်ကို အ့ံအားသင့် စရာ ပါပဲ။ တစ်စုံတစ်ယောက် သူ့ကို ခေါ်ပြီး ပြောခဲ့ သင့်ပါတယ်။ ကျွန်တော် ကတော့ သူဟာ အံ့ဖွယ် ကောင်းလောက်အောင် ဆိုးရွား လွန်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူဟာ နောက်ထပ် ၃ နှစ် ၄ နှစ်လောက် ဒါလိုမျိုးပဲ ဖြစ်နေ ပါလိမ့်မယ်။ တစ်ချို့ ကစားသမား တွေဟာ သူတို့ရဲ့ အမှားတွေ ကနေ သင်ယူနိုင်ခြင်း မရှိပါဘူး။ ဒါဟာ ကြီးမားတဲ့ ပြသနာ ဖြစ်ပါတယ်။ အမြင့်ဆုံး အဆင့် မှာ ဆိုရင် သူတို့ ဒုက္ခ ကောင်းကောင်း ကြံုရ ပါလိမ့်မယ်။” လို့ ဆိုသွား ပါတယ်။

အွန်ဒရာဆပ် ရဲ့ အနိုင်ဂိုး နဲ့ ပက်သက်ပြီး သုံးသပ်မှု လုပ်ရာမှာ ကိန်းဟာ ရို့စ်ကို ဝေဖန်မှု လုပ်ခဲ့ ပါသေးတယ်။

ကိန်း က “အင်္ဂလန်ဟာ သရေကျဖို့ ငါးမိနစ်ပဲ လိုပါတော့တယ်။ ဒါဟာ အဆိုးဝါးဆုံး ရလဒ်တော့ မဟုတ်ပါဘူး။ အင်္ဂလန် ဟာ စိတ်ကြီးဝင်မှုတွေ ရှိခဲ့ ပါတယ်။ ဒန်နီရို့စ်ဟာ ခေါင်းတိုက်ဘော တစ်ခါမှ အသာ မရ ခဲ့ပါဘူး။ ကျွန်တော်တောင် သူ့ထက် စာရင် ပြိုင်ဘက်နဲ့ ခေါင်းယှဉ် တိုက်တဲ့ အခါ အသာရဖို့ အခွင့်အရေး ပိုများ ပါတယ်။

ပြီးတော့ မက်ဂွိုင်းယား .. သူ့လို အတွေ့အကြံုရှိ ကစားသမား တစ်ဦး အနေနဲ့ ဘောလုံး ပွဲတစ်ပွဲရဲ့ အန္တရာယ်ကို အာရုံခံ နိုင်ရပါမယ်။ သူဟာ သာသာယာယာ လမ်းလျှောက် နေခဲ့ ပါတယ်။ ဒီလူတွေ နိုးထ သင့်ပါပြီ။ ဒါဟာ အင်္ဂလန် ရဲ့ ဒီည ခြေစွမ်း အနှစ်ချုပ် ပါပဲ။” လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ကိန်း က “သူတို့ဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ အရာ ပြန်ရတာပါ။ အထနှေး ခဲ့သလို တစ်ပွဲလုံး ခြေစွမ်းက တက်မလာ ခဲ့ပါဘူး။ ပွဲရဲ့ အစိတ်အပိုင်း တော်တော် များများမှာ တိုက်ပွဲဝင်မှု မရှိ ၊ အပြင်းအထန် အားထုတ်မှု မရှိပါဘူး။ ပွဲတစ်ပွဲမှာ အထ နှေးနေ ခဲ့မယ် ဆိုရင် ပြန်လာဖို့ ဆိုတာ အတော် ခက်ခဲပါတယ်။

ပြသနာတွေ ကတော့ အများကြီးပါ။ အထူးသဖြင့် အနိုင်ဂိုးကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ် ဒုက္ခ ပေးတာ ပါပဲ။ ပြီးခဲ့တဲ့ ပွဲတွေမှာ ဒါကို ကျွန်တော်တို့ တွေ့ခဲ့ ရပါတယ်။ သူတို့ အနေနဲ့ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိပါဘူး။ ကိုယ့်ကိုကိုယ်သာ အပြစ်တင် ရမှာပါ။” လို့ ဆိုသွားပါတယ်။

SPORTS MYANMAR

Zawgyi

အဂၤလန္ ကစားသမား တစ္ဦးရဲ႕ ေျခစြမ္းဟာ ကမ္းကုန္ေအာင္ ဆုိးရြားလြန္းတယ္လို႕ ျပင္းထန္စြာ ေ၀ဖန္လိုက္တဲ့ ရြိဳင္ကိန္း

မန္ခ်က္စတာ ယူႏုိက္တက္ ဂႏၱ၀င္ ရြိဳင္ကိန္းဟာ မေန႕ညက အဂၤလန္ အသင္း ပရက္မွာ ျပီးခဲ့တဲ့ ၁၀ ႏွစ္ အတြင္း ပထမဦးဆံုး ရွံဳးနိမ့္ သြားခဲ့တဲ့ ေျခစစ္ပြဲစဥ္မွာ အဂၤလန္ ဘယ္ေနာက္ခံလူ ဒန္နီရို႕စ္ရဲ႕ ေျခစြမ္းကို ျပင္းထန္စြာ ေ၀ဖန္ သြားခဲ့ပါတယ္။ ခ်က္အသင္းဟာ ဦးေဆာင္ဂုိး ေပးခဲ့ ရေပမယ့္လည္း ေနာက္ကေန လိုက္ကစားကာ အဂၤလန္ ကို ၂ – ၁ နဲ႕ အႏိုုင္ယူ ျပခဲ့တာ ျဖစ္ျပီး အိမ္ရွင္ အတြက္ အႏိုင္ဂိုး ကုိေတာ့ ပြဲျပီးခါနီး ငါးမိနစ္ အလိုမွာ အသက္ ၃၀ အရြယ္ တုိက္စစ္မွဳး အြန္ဒရာဆပ္က သြင္းယူ ေပးခဲ့တာ ျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာ အဂၤလန္ အတြက္ ၅ မိနစ္မွာ ပင္နယ္တီ ကေန တဆင့္ ဦးေဆာင္ဂုိး ရယူ ေပးခဲ့ ေပမယ့္ သိပ္မၾကာမီ မွာပင္ ခ်က္ေနာက္ခံလူ ဘရာဘက္က ေထာင့္ကန္ေဘာ ကေန တဆင့္ ေခ်ပဂိုး သြင္းေပး ခဲ့တာ ျဖစ္ပါတယ္။ အဂၤလန္ အေနနဲ႕ အဆုိပါ ပြဲကို ရွံဳးနိမ့္ သြားခဲ့တာေၾကာင့္ ေျခစစ္ပြဲ ေစာေစာစီးစီး ေအာင္ျမင္မယ့္ အခြင့္အေရးကုိ လက္လႊတ္ လိုက္ရပါတယ္။

ကိ္န္း က “ေသြးပ်က္ ေနစရာေတာ့ မလုိပါဘူး။ ျပီးခဲ့တဲ့ ႏွစ္ အနည္းငယ္ အတြင္း ဂါရက္ရဲ႕ မွတ္တမ္း ေတြဟာ အရမ္းကို ေကာင္းလြန္း ပါတယ္။ ဒါေပမယ့္ လိုအပ္ေနတဲ့ အျခား အစိတ္အပုိင္း ေတြေတာ့ ရွိေန ပါေသးတယ္။ ကၽြန္ေတာ္တုိ႕ အလုပ္ မျဖစ္တဲ့ ကစားသမားေတြ အေၾကာင္း ေျပာခ်င္ ပါတယ္။ လက္ပစ္ေဘာ ကေန စျပီး ကၽြန္ေတာ္တုိ႕ ေျပာစရာ ဗီဒီယုိ clips အခ်ိဳ႕ ရွိပါတယ္။

ျပီးေတာ့ မုိက္ကယ္ကိန္း တုိ႕ ဟယ္ရီ မက္ဂြိဳင္းယား တုိ႕လို ကစားသမားေတြ အတြက္ ကၽြန္ေတာ္ စုိးရိမ္တဲ့ အရာ ကေတာ့ သူတုိ႕ဟာ အသက္ ၂၅ ပတ္၀န္းက်င္ ျဖစ္ေန ပါျပီ။ ဒါေပမယ့္ တစ္ခါတစ္ရံ ဒီကစားသမား ေတြဟာ ေလ့လာ သင္ယူမွဳ မလုပ္ၾက ပါဘူး။ ဒီလူေတြ အတြက္ ဆက္ျပီး ေစာင့္ဆုုိင္း ေနလို႕ မရပါဘူး။

ဒီညမွာ ရုိ႕စ္ ျပသခဲ့တဲ့ ေျခစြမ္း ကေတာ့…တကယ့္ကို အ့ံအားသင့္ စရာ ပါပဲ။ တစ္စံုတစ္ေယာက္ သူ႕ကို ေခၚျပီး ေျပာခဲ့ သင့္ပါတယ္။ ကၽြန္ေတာ္ ကေတာ့ သူဟာ အံ့ဖြယ္ ေကာင္းေလာက္ေအာင္ ဆုိးရြား လြန္းတယ္လို႕ ထင္ပါတယ္။ ဒါေပမယ့္ သူဟာ ေနာက္ထပ္ ၃ ႏွစ္ ၄ ႏွစ္ေလာက္ ဒါလုိမ်ိဳးပဲ ျဖစ္ေန ပါလိမ့္မယ္။ တစ္ခ်ိဳ႕ ကစားသမား ေတြဟာ သူတုိ႕ရဲ႕ အမွားေတြ ကေန သင္ယူႏုိင္ျခင္း မရွိပါဘူး။ ဒါဟာ ၾကီးမားတဲ့ ျပသနာ ျဖစ္ပါတယ္။ အျမင့္ဆံုး အဆင့္ မွာ ဆုိရင္ သူတုိ႕ ဒုကၡ ေကာင္းေကာင္း ၾကံဳရ ပါလိမ့္မယ္။” လို႕ ဆုိသြား ပါတယ္။

အြန္ဒရာဆပ္ ရဲ႕ အႏုိင္ဂိုး နဲ႕ ပက္သက္ျပီး သံုးသပ္မွဳ လုပ္ရာမွာ ကိန္းဟာ ရုိ႕စ္ကို ေ၀ဖန္မွဳ လုပ္ခဲ့ ပါေသးတယ္။

ကိန္း က “အဂၤလန္ဟာ သေရက်ဖို႕ ငါးမိနစ္ပဲ လိုပါေတာ့တယ္။ ဒါဟာ အဆိုး၀ါးဆံုး ရလဒ္ေတာ့ မဟုတ္ပါဘူး။ အဂၤလန္ ဟာ စိတ္ၾကီး၀င္မွဳေတြ ရွိခဲ့ ပါတယ္။ ဒန္နီရို႕စ္ဟာ ေခါင္းတုိက္ေဘာ တစ္ခါမွ အသာ မရ ခဲ့ပါဘူး။ ကၽြန္ေတာ္ေတာင္ သူ႕ထက္ စာရင္ ျပိဳင္ဘက္နဲ႕ ေခါင္းယွဥ္ တုိက္တဲ့ အခါ အသာရဖို႕ အခြင့္အေရး ပိုမ်ား ပါတယ္။

ျပီးေတာ့ မက္ဂြိဳင္းယား .. သူ႕လို အေတြ႕အၾကံဳရွိ ကစားသမား တစ္ဦး အေနနဲ႕ ေဘာလံုး ပြဲတစ္ပြဲရဲ႕ အႏၱ၇ာယ္ကို အာရံုခံ ႏုိင္ရပါမယ္။ သူဟာ သာသာယာယာ လမ္းေလွ်ာက္ ေနခဲ့ ပါတယ္။ ဒီလူေတြ ႏိုးထ သင့္ပါျပီ။ ဒါဟာ အဂၤလန္ ရဲ႕ ဒီည ေျခစြမ္း အႏွစ္ခ်ဳပ္ ပါပဲ။” လို႕ ေျပာလိုက္ပါတယ္။

ဆက္လက္ျပီး ကိန္း က “သူတုိ႕ဟာ ကုိယ္နဲ႕ ထုိက္တန္တဲ့ အရာ ျပန္ရတာပါ။ အထေႏွး ခဲ့သလို တစ္ပြဲလံုး ေျခစြမ္းက တက္မလာ ခဲ့ပါဘူး။ ပြဲရဲ႕ အစိတ္အပိုင္း ေတာ္ေတာ္ မ်ားမ်ားမွာ တုိက္ပြဲ၀င္မွဳ မရွိ ၊ အျပင္းအထန္ အားထုတ္မွဳ မရွိပါဘူး။ ပြဲတစ္ပြဲမွာ အထ ေႏွးေန ခဲ့မယ္ ဆုိရင္ ျပန္လာဖို႕ ဆုိတာ အေတာ္ ခက္ခဲပါတယ္။

ျပသနာေတြ ကေတာ့ အမ်ားၾကီးပါ။ အထူးသျဖင့္ အနုိင္ဂိုးကို ၾကည့္လိုက္ရင္ သိႏုိင္ပါတယ္။ ဒါဟာ ကုိယ့္ကိုကိုယ္ ဒုကၡ ေပးတာ ပါပဲ။ ျပီးခဲ့တဲ့ ပြဲေတြမွာ ဒါကို ကၽြန္ေတာ္တုိ႕ ေတြ႕ခဲ့ ရပါတယ္။ သူတုိ႕ အေနနဲ႕ ဘယ္သူ႕ကိုမွ အျပစ္တင္စရာ မရွိပါဘူး။ ကုိယ့္ကုိကုိယ္သာ အျပစ္တင္ ရမွာပါ။” လို႕ ဆုိသြားပါတယ္။

SPORTS MYANMAR