အာဆင်နယ် အသင်းဟာ ဥရောပ ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ၂၅ နှစ် ကျော်ကြာ ရှိနေပြီလည်း ဖြစ်ပါတယ် ။ ဒီရာသီမှာတော့ ကွင်းလယ်လူ ဂရန်းနစ် ရှာကာက ယူရိုပါလိဂ် ဖလားကို အရယူပြီး ဥရောပ ပြိုင်ပွဲကြီးတွေမှာ ဆုဖလား နဲ့ အချိန်အတော်ကြာ ဝေးကွာနေမှုကို အဆုံးသတ်ဖို့ ဆန္ဒ ရှိကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာ ဗလန်စီယာ အသင်းကို လေးဂိုး နှစ်ဂိုး နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၇ နဲ့ အဇာဘိုင်ဂျန် နိုင်ငံ ၊ ဘာကူမြို့ မှာ ကစားမယ့် ဗိုလ်လုပွဲကို တက်လှမ်း သွားခဲ့ပါတယ် ။ ဗိုလ်လုပွဲမှာတော့ အာဆင်နယ် အသင်းဟာ လန်ဒန်မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်းနဲ့ ကစားရမှာပါ ။

အာဆင်နယ် အသင်းဟာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ဥရောပ ပြိုင်ပွဲကြီးတွေမှာ ပထမဆုံးအကြိမ် အဖြစ် ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်း နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ၁၉၉၄ ခုနှစ်တုန်းက Cup Winners Cup ဗိုလ်လုပွဲမှာ စီရီးအေ ကလပ် ပါးမား အသင်းကို အနိုင်ရပြီး နောက်ပိုင်း ဥရောပ ဆုဖလား အောင်မြင်မှုတွေ နဲ့ ကွာဝေး နေတာပါ ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် မှာ အဆင့်လေး အတွင်း ဝင်ဖို့ မျှော်လင့်ချက် ကုန်ဆုံးသလောက်နီးပါး ဖြစ်သွားတာကြောင့် လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ လိုအပ် နေတာလည်း ဖြစ်ပါတယ် ။

ရှာကာ က GOAL နဲ့ အင်တာဗျူးမှာ ဥရောပ ဖလား အောင်မြင်မှုတွေ နဲ့ အချိန် ကြာမြင့်စွာ ဝေးကွာနေတဲ့ အာဆင်နယ် အသင်းအတွက် ယူရိုပါလိဂ် ဖလား အရ ယူပေးဖို့ စိတ်ဆန္ဒ ပြင်းပြ နေကြောင်း ပြောကြား လိုက်ပါတယ် ။

ရှာကာ က ” ၂၅ နှစ်ဆိုတဲ့ အချိန်ကာလ က အတော်လေး ကြာနေပါပြီ ။ ကျနော်တို့ အခု ဗိုလ်လုပွဲ ရောက်နေပါပြီ ။ အသင်းအတွက် ၊ ပရိသတ်တွေအတွက် ၊ ကျနော်တို့ ကိုယ်တိုင် အတွက်ရော ဆုဖလား တစ်လုံး ရယူပေးချင်ပါတယ် ။ ”

” အတိတ် သမိုင်းကြောင်းထဲက အခိုက်အတန့်တိုင်းက ဂုဏ်ယူစရာတွေချည်းပါပဲ ။ ခမ်းနားလှတဲ့ အာဆင်နယ် အသင်းရဲ့ သမိုင်းကြောင်းထဲမှာ ကိုယ်တိုင် ပါဝင်ခွင့် ရမယ်ဆိုရင်တော့ သိပ်ကို ဂုဏ်ယူဖို့ ကောင်းမှာပါ ။ ဒါပေမယ့် ပထမဦးဆုံးအနေနဲ့ အနိုင်ရအောင် ကစားနိုင်ဖို့တော့ လိုပါတယ် ။ ”

Arsenal’s Spanish head coach Unai Emery gestures on the touchline during the English Premier League football match between Tottenham Hotspur and Arsenal at Wembley Stadium in London, on March 2, 2019. (Photo by Daniel LEAL-OLIVAS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

” ဆုဖလားတိုင်းကတော့ အရေးပါ ကြတာချည်းပါပဲ ။ ဒီဆုဖလား ကိုသာ အရ ယူနိုင်ခဲ့ရင် ချန်ပီယံလိဂ် ကစားခွင့် ရမှာ ဖြစ်တာကြောင့် အရမ်း အရေးကြီးပါတယ် ။ အရင်တုန်းကတော့ ကျနော်တို့ အနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့်လေး အတွင်း ဝင်အောင် ကန်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရယူချင်တာပါ ။ ဒါပေမယ့် ဒါက အတိတ်က ကိစ္စတွေ ဖြစ်သွားပါပြီ ။ အခု အချိန်မှာတော့ ရှေ့ဆက် လုပ်စရာ ရှိတာကိုပဲ လုပ်ဆောင်သွားရမှာပေါ့ဗျာ ။ ”

ဆက်လက်ပြီး ရှာကာ က ” ကစားသမားတိုင်းကတော့ ဆုဖလား လိုချင်ကြတာပါပဲ ။ အသင်းက ကစားသမား အများစုဆို အခုမှ ဗိုလ်လုပွဲကို ပထမဆုံး အကြိမ် ရောက်ဖူးကြ တဲ့ သူတွေပါ ။ ဒါပေမယ့် ကျနော်တို့မှာ အတွေ့ အကြုံ တွေ အများကြီး ရှိပါတယ် ၊ ဗိုလ်လုပွဲ အတွက် ကျနော်တို့ အားလုံး အဆင်သင့် ဖြစ်နေပါပြီ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR