Unicode

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ယူရို၂၀၂၀ခြေစစ်ပွဲ အုပ်စု ပွဲစဉ်မှာ ချက်အသင်းက အင်္ဂလန် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။နာမည်ကြီး အင်္ဂလန်အသင်းအတွက်တော့အုပ်စုတွင်းမှာ ရာနှုန်းပြည့်အနိုင်နဲ့ ရှေ့ဆက်နေမှု ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၉ ခုနှစ် နောက်ပိုင်းယူရိုခြေစစ်ပွဲတွေမှာပထဆုံးအကြိမ်အဖြစ်ပြန်ပြီးအရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာအခုပွဲမှာ ပွဲချိန်၅မိနစ်မှာရခဲ့တဲ့ ဟယ်ရီကိန်းရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၅မိနစ်အတွင်းမှာပဲဘရာဘက်စ်က ချေပခဲ့ပါတယ်။

ဒါ့အပြင် ပွဲပြီးဖို့ ၅မိနစ်အလိုမှာ အွန်ဒရာဆက်ခ် က နောက်ထပ်တဂိုးထပ်သွင်းပေးခဲ့ လို့ ချက်အသင်းအဖိုးတန် ၃မှတ်ရခဲ့တာ ဖြစ်ပါတယ်။အင်္ဂလန်အတွက်တော့ အခုပွဲအနိုင်ရခဲ့ပါက ခြေစစ်ပွဲအောင်မြင်နိုင်ဖို့ရှိနေတဲ့ အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့်တနင်္လာနေ့ မှာ ဘူဂေးရီးယားအသင်းနဲ့ ဆက်ကစားသွားရမှာဖြစ်ပြီး ချက်အသင်းကို အရေးနိမ့်ထားခဲ့မှုကနေ ပြန်တုန့်ပြန်သွားဖို့ နည်းပြဆောက်ဂိတ်က ဆိုလိုက်ပါတယ်။သတင်းထောက်တွေနဲ့ အင်တာဗျူးမှာဆောက်ဂိတ်က-

“ဒီနေ့ရှံုးပွဲဟာ ကျွန်တော်တို့ဟာ ချီးကျူးထောပနာပေးမှုတွေကို အများကြီးရထားခဲ့တယ်ဆိုပေမယ့် အမှန်တကယ်ထိပ်တန်းအသင်းဖြစ်ဖိုု့ လုပ်စရာတွေအများကြီးလိုသေးတယ်ဆိုတဲ့ အချက်ပေးသံလိုပါပဲ။ကျွန်တော်တို့ဟာတာဝန်ယူမှု တာဝန်ခံမှုကိုအမြဲရှိထားဖို့လိုပါတယ်။

 

 

ကစားသမားတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း သက်ဆိုင်ရာကလပ်အသင်းတွေမှာကောင်းကောင်းမစားထားနိုင်သေးတဲ့လူတွေရှိနေပါတယ်။ဒါပေမယ့် ဒီနေ့လို အခြေအနေအတွက် ကျွန်တော်အပါအဝင် အားလုံးက စုပေါင်းတာဝန်ယူလက်ခံရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ မှန်ကန်သင့်တော်တဲ့ ပုံစံနဲ့တုန့်ပြန်ရမှာဖြစ်ပြီး ပရိသတ်တွေကို အခုထက်ပိုကောင်းတဲ့ ခြေစွမ်းနဲ့ပြန်ပေးဆပ်ပြဖို့ အချိန်ရှိပါသေးတယ်။အကောင်းမြင်စရာအများအပြားမရှိပဲနဲ့ရှံုးပွဲကြံုလိုက်ရတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံရမှာဖြစ်ပါတယ် “လို့ပြောခဲ့ပါတယ်။

ဒီနေ့ ပွဲမှာ အင်္ဂလန်အတွက် ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့တာကြောင့် ဟယ်ရီကိန်းအတွက် ၂၄ဂိုးမြောက်နိုင်ငံတကာဂိုးဖြစ်လာပါတယ်။အင်္ဂလန်အသင်းရဲ့ ခြေစွမ်းအဆင့်အတန်းဟာ ပုံမှန်အောက်မှာရှိနေခဲ့တယ်ဆိုတဲ့ ဆောက်ဂိတ်ရဲ့မှတ်ချက်ကိုတော့ ဟယ်ရီကိန်းက သဘောတူတယ်လို့ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိန်းက -” ဒီရှံးပွဲဟာကျွန်တော်တို့ ကြောင့်ရှံုးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဟာဘောလုံးကိုဖြစ်ကတတ်ဆန်း ကစားသွားခဲ့ပြီးပုံမှန်လုပ်နေကြအတိုင်း ပြိုင်ဘက်ကို ကောင်းကောင်းဖိအားပေးမသွားနိုင်ခဲ့ပါဘူး။ဥရောပမှာ ကစားရတဲ့ အဝေးကွင်းပွဲစဉ်တိုင်းက ခက်ခဲပါတယ်။အိမ်ရှင်တွေရဲ့ နောက်မှာ ပရိသတ်အင်အားကရှိနေတာဖြစ်ပါတယ်။ကွင်းပြင်တွေကလည်းတခါတလေ ကစားရခက်ပါတယ်။ဒါပေမယ့် ဆင်ခြေပေးစရာမရှိပါဘူး။ကျွန်တော်တို့ကို တပ်လှန့်နှိုးလိုက်တဲ့ ပွဲတပွဲပါပဲ။လုပ်စရာတွေအများကြီးရှိနေတယ်ဆိုတာ သေချာပါတယ်။ကျွန်တော်တို့ရဲ့ အဝေးဘောပေးပို့မှုတွေဟာ တန်ဖိုးကင်းမဲ့ခဲ့ပါတယ်။ကျွန်တော်တို့ ဟာ ဒီနေ့ပွဲကြောင့်ဘာအထိတ်တလန့်မှာဖြစ်စရာမလိုပါဘူး။တနင်္လာနေ့မှာပွဲထပ်ပြီးကစားရဦးမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM

Zawgyi

ခ်က္အသင္းကို ရွံုးနိမ့္ခဲ႔မွဳအေပၚ အသီး သီးမွတ္ခ်က္ေပးလိုက္ျကတဲ႔ ေဆာက္ဂိတ္နဲ႕ ဟယ္ရီကိန္း
================================

ယေန႔ နံနက္ အေစာပိုင္းမွာ ကစားသြားခဲ႕တဲ႕ ယူရို၂၀၂၀ေျခစစ္ပြဲ အုပ္စု ပြဲစဥ္မွာ ခ်က္အသင္းက အဂၤလန္ အသင္းကို ၂-၁ ဂိုးနဲ႕ အႏိုင္ရခဲ႔ပါတယ္။နာမည္ျကီး အဂၤလန္အသင္းအတြက္ေတာ့အုပ္စုတြင္းမွာ ရာႏွုန္းျပည့္အႏိုင္နဲ႔ ေရွ႔ဆက္ေနမွဳ ရပ္တန္႔သြားခဲ႔ရတာျဖစ္ပါတယ္။

ဒါ့အျပင္ ၂၀၀၉ ခုႏွစ္ ေနာက္ပိုင္းယူရိုေျခစစ္ပြဲေတြမွာပထဆံုးအျကိမ္အျဖစ္ျပန္ျပီးအေရးနိမ့္ခဲ႔ရတာျဖစ္ပါတယ္။အဂၤလန္အသင္းဟာအခုပြဲမွာ ပြဲခ်ိန္၅မိနစ္မွာရခဲ႔တဲ႔ ဟယ္ရီကိန္းရဲ႕ ပင္နယ္တီဂိုးနဲ႕ ဦးေဆာင္ႏိုင္ခဲ႔ေပမယ့္ ၅မိနစ္အတြင္းမွာပဲဘရာဘက္စ္က ေခ်ပခဲ႔ပါတယ္။

ဒါ့အျပင္ ပြဲျပီးဖို႕ ၅မိနစ္အလိုမွာ အြန္ဒရာဆက္ခ္ က ေနာက္ထပ္တဂိုးထပ္သြင္းေပးခဲ႔ လို႕ ခ်က္အသင္းအဖိုးတန္ ၃မွတ္ရခဲ႔တာ ျဖစ္ပါတယ္။အဂၤလန္အတြက္ေတာ့ အခုပြဲအႏိုင္ရခဲ႔ပါက ေျခစစ္ပြဲေအာင္ျမင္ႏိုင္ဖို႕ရွိေနတဲ႔ အခြင့္အေရးကို လြဲေခ်ာ္ခ႔ဲတာျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ လာမယ့္တနလၤာေန႔ မွာ ဘူေဂးရီးယားအသင္းနဲ႔ ဆက္ကစားသြားရမွာျဖစ္ျပီး ခ်က္အသင္းကို အေရးနိမ့္ထားခဲ႕မွဳကေန ျပန္တုန္႔ျပန္သြားဖို႔ နည္းျပေဆာက္ဂိတ္က ဆိုလိုက္ပါတယ္။သတင္းေထာက္ေတြနဲ႔ အင္တာဗ်ဴးမွာေဆာက္ဂိတ္က-

“ဒီေန႔ရွံုးပြဲဟာ က်ြန္ေတာ္တို႕ဟာ ခ်ီးက်ဴးေထာပနာေပးမွဳေတြကို အမ်ားျကီးရထားခဲ႔တယ္ဆိုေပမယ့္ အမွန္တကယ္ထိပ္တန္းအသင္းျဖစ္ဖိုု႕ လုပ္စရာေတြအမ်ားျကီးလိုေသးတယ္ဆိုတဲ႔ အခ်က္ေပးသံလိုပါပဲ။က်ြန္ေတာ္တို႔ဟာတာဝန္ယူမွဳ တာဝန္ခံမွဳကိုအျမဲရွိထားဖို႔လိုပါတယ္။

ကစားသမားေတြအေနနဲ႔ ျကည့္မယ္ဆိုရင္လည္း သက္ဆိုင္ရာကလပ္အသင္းေတြမွာေကာင္းေကာင္းမစားထားႏိုင္ေသးတဲ႔လူေတြရွိေနပါတယ္။ဒါေပမယ့္ ဒီေန႔လို အေျခအေနအတြက္ က်ြန္ေတာ္အပါအဝင္ အားလံုးက စုေပါင္းတာဝန္ယူလက္ခံရမွာျဖစ္ပါတယ္။

က်ြန္ေတာ္တို႔ဟာ မွန္ကန္သင့္ေတာ္တဲ႔ ပံုစံနဲ႕တုန္႔ျပန္ရမွာျဖစ္ျပီး ပရိသတ္ေတြကို အခုထက္ပိုေကာင္းတဲ႔ ေျခစြမ္းန႔ဲျပန္ေပးဆပ္ျပဖို႕ အခ်ိန္ရွိပါေသးတယ္။အေကာင္းျမင္စရာအမ်ားအျပားမရွိပဲနဲ႔ရွံုးပြဲျကံုလိုက္ရတယ္ဆိုတာကို က်ြန္ေတာ္တုိ႔ လက္ခံရမွာျဖစ္ပါတယ္ “လို႔ေျပာခဲ႔ပါတယ္။

ဒီေန႔ ပြဲမွာ အဂၤလန္အတြက္ ဦးေဆာင္ဂိုးသြင္းေပးႏိုင္ခဲ႔တာေျကာင့္ ဟယ္ရီကိန္းအတြက္ ၂၄ဂိုးေျမာက္ႏိုင္ငံတကာဂိုးျဖစ္လာပါတယ္။အဂၤလန္အသင္းရဲ႕ ေျခစြမ္းအဆင့္အတန္းဟာ ပံုမွန္ေအာက္မွာရွိေနခဲ႔တယ္ဆိုတဲ႔ ေဆာက္ဂိတ္ရဲ႕မွတ္ခ်က္ကိုေတာ့ ဟယ္ရီကိန္းက သေဘာတူတယ္လို႔ဆိုပါတယ္။

ဒီအေျကာင္းနဲ႕ပတ္သက္ျပီး ကိန္းက -” ဒီရွံးပြဲဟာက်ြန္ေတာ္တို႔ ေျကာင့္ရွံုးခဲ႔တာျဖစ္ပါတယ္။က်ြန္ေတာ္တို႔ဟာေဘာလံုးကိုျဖစ္ကတတ္ဆန္း ကစားသြားခဲ႔ျပီးပံုမွန္လုပ္ေနျကအတိုင္း ျပိဳင္ဘက္ကို ေကာင္းေကာင္းဖိအားေပးမသြားႏိုင္ခဲ႕ပါဘူး။ဥေရာပမွာ ကစားရတဲ႔ အေဝးကြင္းပြဲစဥ္တိုင္းက ခက္ခဲပါတယ္။အိမ္ရွင္ေတြရဲ႕ ေနာက္မွာ ပရိသတ္အင္အားကရွိေနတာျဖစ္ပါတယ္။ကြင္းျပင္ေတြကလည္းတခါတေလ ကစားရခက္ပါတယ္။ဒါေပမယ့္ ဆင္ေျခေပးစရာမရွိပါဘူး။က်ြန္ေတာ္တို႔ကို တပ္လွန္႔ႏွိဳးလိုက္တဲ႔ ပြဲတပြဲပါပဲ။လုပ္စရာေတြအမ်ားျကီးရွိေနတယ္ဆိုတာ ေသခ်ာပါတယ္။က်ြန္ေတာ္တို႔ရဲ႕ အေဝးေဘာေပးပို႕မွဳေတြဟာ တန္ဖိုးကင္းမဲ႔ခဲ႔ပါတယ္။က်ြန္ေတာ္တို႔ ဟာ ဒီေန႔ပြဲေျကာင့္ဘာအထိတ္တလန္႔မွာျဖစ္စရာမလိုပါဘူး။တနလၤာေန႔မွာပြဲထပ္ျပီးကစားရဦးမွာျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SM