Unicode

ဘောလုံး စတား ၊ ကုန် ပစ္စည်း မော်ဒယ် ၊ ကိုယ်ပိုင် လုပ်ငန်း နဲ့ ဘောလုံး အသင်း ပိုင်ရှင် ဆိုတဲ့ အမည် နာမ တွေ အပြီး မှာတော့ အင်္ဂလန် လက်ရွေးစင် အသင်းသား ဟောင်းကြီး ဒေးဗစ် ဘက်ခမ်း ဟာ နောက်ထပ် ခြေလှမ်း တစ်ခု ကို လှမ်း တက်လိုက် ပြန်ပါပြီ ။ ဒါက တော့ ဘောလုံး အေးဂျင့် အလုပ် ပါပဲ ။ လက်ရှိ အချိန် မှာ တင် ဘက်ခမ်း ဟာ အလုပ်အပ် သူ ၃ ဦး အထိ လက်ခံ ရရှိ ထားပြီ လို့ ကြားသိ ရ ပါတယ် ။

ဘက်ခမ်း ဟာ ပြီး ခဲ့တဲ့ လ တုန်းက Footwork Management Ltd ကို တည်ထောင် စာရင်းသွင်း ခဲ့ပြီး မိတ်ဆွေ ဒေ့ဗ် ဂတ်နာ ၊ PR အကြီးအကဲ ဟောင်း နီကိုလာ ဟောင်ဆင် ( ဒါရိုက်တာ ) ၊ နော်တင်ဟမ် ဖောရက်စ် တိုက်စစ်မှုး ဟောင်း ဒေးဗစ် ဂျွန်ဆင် တို့ နဲ့ ဖွဲ့စည်း ခဲ့တာ ဖြစ် ပါတယ် ။

ဒါ့ အပြင် ဘက်ခမ်း ဟာ ဘောလုံး စတား တွေ ရဲ့ အပြောင်း အရွှေ့ ကို လည်း စီမံ ခန့်ခွဲ ကိုင်တွယ် ပေးဖို့ ဆန္ဒ ရှိ ထားပြီး ပြင်သစ် နဲ့ PSG တိုက်စစ် မှုးလေး ကိုင်လီယန် အမ်ဘာပေ ကို သူ့ရဲ့ ပထမ ဦးဆုံး သော ဘောလုံး သမား ဖောက်သည် အဖြစ် ရယူ သွားလို တယ် လို့ သိရ ပါတယ် ။

 

ဘာပေ ဟာ အနာဂါတ် ဘောလုံး ကမ္ဘာ ရဲ့ အတောက်ပ ဆုံးသော စတား တစ်ဦး ဖြစ်လာ မယ် လို့ မြင့်မား တဲ့ မျှော်လင့်ချက် တွေ ထားရှိ ခြင်း ခံ ထားရသူ တစ်ဦး ဖြစ်ပြီး လက်ရှိ ငယ်ရွယ် စဉ်မှာ ပင် ကြီးမားတဲ့ အောင်မြင်မှု တွေ ၊ ဆုတံဆိပ် တွေ ကို ရယူ ထားနိုင် ခဲ့ပြီး ဖြစ် ပါတယ် ။

PSG ရဲ့ အဓိက ကစား သမား တစ်ဦး ဖြစ်သလို ရီးရဲမက်ဒရစ် အပါ အဝင် ဥရောပ ထိပ်သီး ကလပ် အသင်းတွေ ရဲ့ စိတ်ဝင်စား မှု ကို လည်း ရရှိ ထားတဲ့ ကစား သမား ဖြစ် ပါတယ် ။ PSG ကတော့ ဘာပေ ကို အသင်း မှာ နှစ်ပေါင်းများ စွာ ကြာအောင် ဆက်လက် ထိန်းထား နိုင်ဖို့ အတွက် အထူး အခွင့် အရေးတွေ ပေးဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

မော်ဒန် ဘောလုံး လောက မှာ အေးဂျင့် တွေ ရဲ့ အခန်းကဏ္ဍ တွေ ဟာ အသင်း တွေ အတွက် အလွန် အရေးပါ လာခဲ့ပြီး ကစား သမား ထက် အေးဂျင့် နဲ့ ညှိနှိုင်းမှု အောင်မြင် ရေးကို ပိုမို အလေးထား လုပ်ဆောင် လာခဲ့ ကြပါတယ် ။ လက်ရှိ မှာတော့ ရွိုင်းအိုလာ ၊ ဂျော့မန်ဒက် တို့လို နာမည်ကျော် အေးဂျင့်တွေ က စတား ကစား သမား အများအပြား ရဲ့ အပြောင်း အရွှေ့ တွေ ကို ချုပ်ကိုင် ထားလျက် ရှိ ပါတယ်

ဒေးဗစ် ဘက်ခမ်း ကတော့ ဘောလုံး သမား တွေ ရဲ့ အပြောင်း အရွှေ့ ကို သာ မက သူတို့ရဲ့ နေထိုင် သွားလာမှု ကအစ ကိစ္စ အဝဝ ကို တာဝန်ယူ ဆောင်ရွက် ပေးနိုင်တဲ့ ၀န်ဆောင်မှု မျိုး ကို ပေးစွမ်း သွားနိုင် ဖို့ အထိ ရည်ရွယ် ထားတယ် လို့ လည်း ကြားသိ ရ ပါတယ် ။

SPORTS MYANMAR

Zawgyi

နာမည္ေက်ာ္ ေဘာလံုး စတား ရဲ႕ ေအးဂ်င့္အျဖစ္ လုပ္ကိုင္လိုတယ္လို႔ ဖြင့္ဟလာတဲ့ ေဒးဗစ္ဘက္ခမ္း

========================================

ေဘာလံုး စတား ၊ ကုန္ ပစၥည္း ေမာ္ဒယ္ ၊ ကိုယ္ပုိင္ လုပ္ငန္း နဲ႔ ေဘာလံုး အသင္း ပုိင္ရွင္ ဆိုတဲ့ အမည္ နာမ ေတြ အၿပီး မွာေတာ့ အဂၤလန္ လက္ေရြးစင္ အသင္းသား ေဟာင္းႀကီး ေဒးဗစ္ ဘက္ခမ္း ဟာ ေနာက္ထပ္ ေျခလွမ္း တစ္ခု ကို လွမ္း တက္လုိက္ ျပန္ပါၿပီ ။ ဒါက ေတာ့ ေဘာလံုး ေအးဂ်င့္ အလုပ္ ပါပဲ ။ လက္ရွိ အခ်ိန္ မွာ တင္ ဘက္ခမ္း ဟာ အလုပ္အပ္ သူ ၃ ဦး အထိ လက္ခံ ရရွိ ထားၿပီ လို႔ ၾကားသိ ရ ပါတယ္ ။

ဘက္ခမ္း ဟာ ၿပီး ခဲ့တဲ့ လ တုန္းက Footwork Management Ltd ကို တည္ေထာင္ စာရင္းသြင္း ခဲ့ၿပီး မိတ္ေဆြ ေဒ့ဗ္ ဂတ္နာ ၊ PR အႀကီးအကဲ ေဟာင္း နီကိုလာ ေဟာင္ဆင္ ( ဒါရုိက္တာ ) ၊ ေနာ္တင္ဟမ္ ေဖာရက္စ္ တုိက္စစ္မႈး ေဟာင္း ေဒးဗစ္ ဂြ်န္ဆင္ တုိ႔ နဲ႔ ဖြဲ႕စည္း ခဲ့တာ ျဖစ္ ပါတယ္ ။

ဒါ့ အျပင္ ဘက္ခမ္း ဟာ ေဘာလံုး စတား ေတြ ရဲ႕ အေျပာင္း အေရႊ႕ ကို လည္း စီမံ ခန္႔ခြဲ ကိုင္တြယ္ ေပးဖို႔ ဆႏၵ ရွိ ထားၿပီး ျပင္သစ္ နဲ႔ PSG တိုက္စစ္ မႈးေလး ကိုင္လီယန္ အမ္ဘာေပ ကို သူ႔ရဲ႕ ပထမ ဦးဆံုး ေသာ ေဘာလံုး သမား ေဖာက္သည္ အျဖစ္ ရယူ သြားလုိ တယ္ လို႔ သိရ ပါတယ္ ။

ဘာေပ ဟာ အနာဂါတ္ ေဘာလံုး ကမၻာ ရဲ႕ အေတာက္ပ ဆံုးေသာ စတား တစ္ဦး ျဖစ္လာ မယ္ လုိ႔ ျမင့္မား တဲ့ ေမွ်ာ္လင့္ခ်က္ ေတြ ထားရွိ ျခင္း ခံ ထားရသူ တစ္ဦး ျဖစ္ၿပီး လက္ရွိ ငယ္ရြယ္ စဥ္မွာ ပင္ ႀကီးမားတဲ့ ေအာင္ျမင္မႈ ေတြ ၊ ဆုတံဆိပ္ ေတြ ကို ရယူ ထားႏုိင္ ခဲ့ၿပီး ျဖစ္ ပါတယ္ ။

PSG ရဲ႕ အဓိက ကစား သမား တစ္ဦး ျဖစ္သလို ရီးရဲမက္ဒရစ္ အပါ အ၀င္ ဥေရာပ ထိပ္သီး ကလပ္ အသင္းေတြ ရဲ႕ စိတ္၀င္စား မႈ ကို လည္း ရရွိ ထားတဲ့ ကစား သမား ျဖစ္ ပါတယ္ ။ PSG ကေတာ့ ဘာေပ ကို အသင္း မွာ ႏွစ္ေပါင္းမ်ား စြာ ၾကာေအာင္ ဆက္လက္ ထိန္းထား ႏုိင္ဖို႔ အတြက္ အထူး အခြင့္ အေရးေတြ ေပးဖို႔ ျပင္ဆင္ ေနတယ္ လို႔ သိရ ပါတယ္ ။

ေမာ္ဒန္ ေဘာလံုး ေလာက မွာ ေအးဂ်င့္ ေတြ ရဲ႕ အခန္းက႑ ေတြ ဟာ အသင္း ေတြ အတြက္ အလြန္ အေရးပါ လာခဲ့ၿပီး ကစား သမား ထက္ ေအးဂ်င့္ နဲ႔ ညွိႏႈိင္းမႈ ေအာင္ျမင္ ေရးကို ပိုမို အေလးထား လုပ္ေဆာင္ လာခဲ့ ၾကပါတယ္ ။ လက္ရွိ မွာေတာ့ ရြဳိင္းအိုလာ ၊ ေဂ်ာ့မန္ဒက္ တို႔လို နာမည္ေက်ာ္ ေအးဂ်င့္ေတြ က စတား ကစား သမား အမ်ားအျပား ရဲ႕ အေျပာင္း အေရႊ႕ ေတြ ကို ခ်ဳပ္ကိုင္ ထားလ်က္ ရွိ ပါတယ္

ေဒးဗစ္ ဘက္ခမ္း ကေတာ့ ေဘာလံုး သမား ေတြ ရဲ႕ အေျပာင္း အေရႊ႕ ကို သာ မက သူတို႔ရဲ႕ ေနထုိင္ သြားလာမႈ ကအစ ကိစၥ အ၀၀ ကို တာ၀န္ယူ ေဆာင္ရြက္ ေပးႏုိင္တဲ့ ၀န္ေဆာင္မႈ မ်ဳိး ကို ေပးစြမ္း သြားႏုိင္ ဖို႔ အထိ ရည္ရြယ္ ထားတယ္ လို႔ လည္း ၾကားသိ ရ ပါတယ္ ။

SPORTS MYANMAR