Unicode

ချယ်လ်ဆီး အသင်း ရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ မနေ့ည က ကစား သွားခဲ့တဲ့ အိုက်စလန် – ပြင်သစ် ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် မတိုင်မီ သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ရင်း ခြေထောက် ကြွက်သား ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရပါတယ် ။

ထို့ အတွက်ကြောင့် ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် ဟာ နဂို က ပွဲထွက် စာရင်း မှာ ထည့်သွင်း ထားခဲ့တဲ့ ကန်တေ ကို တော့တင်ဟမ် အသင်း ရဲ့ ကွင်းလယ်လူ မူဆာ ဆစ်ဆိုခို နဲ့ အစားထိုး ပွဲထုတ် ခဲ့ရပါတယ် ။

ထို ပွဲစဉ် မှာ ပြင်သစ် အသင်း ဟာ ဒုတိယပိုင်း မှာ ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ရဲ့ တလုံးတည်းသော ပင်နယ်တီ သွင်းဂိုး နဲ့ အတူ အနိုင်ရကာ အုပ်စု H ကို တူရကီ အသင်း နဲဲ့ အတူ ဦးဆောင် ထားနိုင်ခဲ့ပါတယ် ။

 

သို့ပေမယ့် လည်း ကန်တေ ရဲ့ ဒဏ်ရာ ကြောင့် ချယ်လ်ဆီး အသင်း ပရိသတ် တွေ အတော်လေး စိတ်ပျက် နေကြသလို ၊ လက်ရွေးစင် အသင်း သို့ ခေါ်ဆောင် လာတဲ့ ပြင်သစ် နည်းပြ ဒက်စ်ချမ့်စ် အပေါ် မှာလည်း အတော်လေး ဒေါသ ထွက်နေကြပါတယ် ။

ကန်တေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ခါနီး က ရရှိခဲ့တဲ့ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ကြောင့် ကာလရှည် အနားယူ ခဲ့ရကာ အခုနှစ် ဘောလုံး ရာသီ အစောပိုင်း မှာ ပြန်လည် သက်သာ လာပေမယ့် ကြံ့ခိုင်မှု မပြည့်ပဲ ဝင်ကစား ခဲ့တာကြောင့် ဒဏ်ရာဟောင်း ပြန်ထ လာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ လိုင်လီ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှသာ ကန်တေ ဟာ ကြံ့ခိုင်မှု အပြည့် နဲ့ ပွဲချိန်ပြည့် ပြန်ကစား ပေးနိုင် ခဲ့ပါတယ် ။

ချယ်လ်ဆီး မန်နေဂျာ ဖရန့် လမ်းပတ် ကလည်း ကန်တေ ကို ယူရို ခြေစစ် ပွဲ နောက်ဆုံး အခေါက် မှာ မရွေးချယ် ဖို့ ပြင်သစ် နည်းပြ ဒက်စ်ချမ့်စ် ကို တောင်းဆို ထားခဲ့ပါတယ် ။ ကန်တေ ပါဝင် ကစားခွင့် ရတဲ့ ပွဲစဉ် တွေနဲ့ မပါဝင်ခဲ့တဲ့ ပွဲစဉ် တွေမှာ ချယ်လ်ဆီး အသင်း ရဲ့ ခြေစွမ်း က အတော်လေး ကွာခြားလွန်းတာ ကို တွေ့ရမှာ ဖြစ်ပါတယ် ။

အိုက်စလန် နဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် က ကန်တေရဲ့ ဒဏ်ရာ အခြေအနေ နဲ့ ပတ်သက်ပြီး ” အန်ဂိုလို ဟာ ခြေထောက် ကြွက်သား နေရာမှာ အနည်းငယ် နာကျင်မှု ခံစား ခဲ့ရတယ် လို့ ပြောပါတယ် ။ ဒီနေ့ ပွဲစဉ် အတွက် သူ့အဖို့ ကစားဖို့ သက်တောင့်သက်သာ အနေအထား မှာ မရှိခဲ့လို့ ကျွန်တော် တို့ သူ့ကို ပွဲထွက် စာရင်း ကနေ ချန်လှပ် ခဲ့ရပါတယ် ။ ”

” ကန်တေ ကို ထည့်မသုံးတော့ဖို့ ကျွန်တော် ကိုယ်တိုင်ပဲ ဆုံးဖြတ် ခဲ့တာပါ ။ ဘာကြောင့်လဲ ဆိုတော့ အခု ဖြစ်နေတဲ့ ဒဏ်ရာ ကို ပိုပြီး ကြီးမားအောင် မလုပ်ချင် လို့ပါ ။ ကံကောင်းစွာ နဲ့ပဲ ကျွန်တော် တို့ အသင်း မှာ အန်ဂိုလို ရဲ့ နေရာ ကို အစားထိုးဖို့ မူဆာ ( ဆစ်ဆိုခို ) ရှိနေ ခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ဒက်စ်ချမ့်စ် က လာမယ့် တူရကီ နဲ့ အုပ်စုဗိုလ် အဆုံးအဖြတ် ပွဲစဉ် မှာရော ကန်တေ ပြန်ပါနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး ” အခု လက်ရှိ ဒဏ်ရာ က အန်ဂိုလို အတွက် ပြင်းထန် တဲ့ အနေအထား လို့ မထင်မိပါဘူး ။ ဒါပေမယ့် သူ တူရကီ နဲ့ ပွဲမှာ ပြန်ပါ နိုင်မလား ဆိုတာကိုတော့ အခု ချက်ချင်း ကျွန်တော် အဖြေပေး လို့ မရသေးပါဘူး ။ ” လို့ ဖြေကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

အုိက္စလန္ နဲ႕ ယူရို ေျခစစ္ပြဲ မတိုင္မီ ဒဏ္ရာ ရခဲ့တဲ့ ကန္ေတ ရဲ႕ ေနာက္ဆံုးရ အေျခအေန အေၾကာင္း ခ်ယ္လ္ဆီး ပရိသတ္ ေတြကို အသိေပးလိုက္တဲ့ #ဒက္စ္ခ်မ့္စ္

ခ်ယ္လ္ဆီး အသင္း ရဲ႕ ျပင္သစ္ လက္ေရြးစင္ ကြင္းလယ္လူ အန္ဂိုလို ကန္ေတ ဟာ မေန႕ည က ကစား သြားခဲ့တဲ့ အိုက္စလန္ – ျပင္သစ္ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ မတိုင္မီ ေသြးပူ ေလ့က်င့္ခန္း ျပဳလုပ္ရင္း ေျခေထာက္ ၾကြက္သား ဒဏ္ရာ ရရွိ ခဲ့ေၾကာင္း သိရပါတယ္ ။

ထို႕ အတြက္ေၾကာင့္ ျပင္သစ္ လက္ေရြးစင္ နည္းျပ ဒီဒီယာ ဒက္စ္ခ်မ့္စ္ ဟာ နဂို က ပြဲထြက္ စာရင္း မွာ ထည့္သြင္း ထားခဲ့တဲ့ ကန္ေတ ကို ေတာ့တင္ဟမ္ အသင္း ရဲ႕ ကြင္းလယ္လူ မူဆာ ဆစ္ဆိုခို နဲ႕ အစားထိုး ပြဲထုတ္ ခဲ့ရပါတယ္ ။

ထို ပြဲစဥ္ မွာ ျပင္သစ္ အသင္း ဟာ ဒုတိယပိုင္း မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ရဲ႕ တလံုးတည္းေသာ ပင္နယ္တီ သြင္းဂိုး နဲ႕ အတူ အႏိုင္ရကာ အုပ္စု H ကို တူရကီ အသင္း နဲဲ႕ အတူ ဦးေဆာင္ ထားႏိုင္ခဲ့ပါတယ္ ။

သို႕ေပမယ့္ လည္း ကန္ေတ ရဲ႕ ဒဏ္ရာ ေၾကာင့္ ခ်ယ္လ္ဆီး အသင္း ပရိသတ္ ေတြ အေတာ္ေလး စိတ္ပ်က္ ေနၾကသလို ၊ လက္ေရြးစင္ အသင္း သို႕ ေခၚေဆာင္ လာတဲ့ ျပင္သစ္ နည္းျပ ဒက္စ္ခ်မ့္စ္ အေပၚ မွာလည္း အေတာ္ေလး ေဒါသ ထြက္ေနၾကပါတယ္ ။

ကန္ေတ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကုန္ခါနီး က ရရွိခဲ့တဲ့ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ေၾကာင့္ ကာလရွည္ အနားယူ ခဲ့ရကာ အခုႏွစ္ ေဘာလံုး ရာသီ အေစာပိုင္း မွာ ျပန္လည္ သက္သာ လာေပမယ့္ ၾကံ့ခိုင္မႈ မျပည့္ပဲ ဝင္ကစား ခဲ့တာေၾကာင့္ ဒဏ္ရာေဟာင္း ျပန္ထ လာခဲ့ပါတယ္ ။ ျပီးခဲ့တဲ့ လိုင္လီ အသင္း နဲ႕ ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္ မွသာ ကန္ေတ ဟာ ၾကံ့ခိုင္မႈ အျပည့္ နဲ႕ ပြဲခ်ိန္ျပည့္ ျပန္ကစား ေပးႏိုင္ ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး မန္ေနဂ်ာ ဖရန္႕ လမ္းပတ္ ကလည္း ကန္ေတ ကို ယူရို ေျခစစ္ ပြဲ ေနာက္ဆံုး အေခါက္ မွာ မေရြးခ်ယ္ ဖို႕ ျပင္သစ္ နည္းျပ ဒက္စ္ခ်မ့္စ္ ကို ေတာင္းဆို ထားခဲ့ပါတယ္ ။ ကန္ေတ ပါဝင္ ကစားခြင့္ ရတဲ့ ပြဲစဥ္ ေတြနဲ႕ မပါဝင္ခဲ့တဲ့ ပြဲစဥ္ ေတြမွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေျခစြမ္း က အေတာ္ေလး ကြာျခားလြန္းတာ ကို ေတြ႕ရမွာ ျဖစ္ပါတယ္ ။

အိုက္စလန္ နဲ႕ ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ျပင္သစ္ လက္ေရြးစင္ နည္းျပ ဒီဒီယာ ဒက္စ္ခ်မ့္စ္ က ကန္ေတရဲ႕ ဒဏ္ရာ အေျခအေန နဲ႕ ပတ္သက္ျပီး ” အန္ဂိုလို ဟာ ေျခေထာက္ ၾကြက္သား ေနရာမွာ အနည္းငယ္ နာက်င္မႈ ခံစား ခဲ့ရတယ္ လို႕ ေျပာပါတယ္ ။ ဒီေန႕ ပြဲစဥ္ အတြက္ သူ႕အဖို႕ ကစားဖို႕ သက္ေတာင့္သက္သာ အေနအထား မွာ မရွိခဲ့လို႕ ကြ်န္ေတာ္ တို႕ သူ႕ကို ပြဲထြက္ စာရင္း ကေန ခ်န္လွပ္ ခဲ့ရပါတယ္ ။ ”

” ကန္ေတ ကို ထည့္မသံုးေတာ့ဖို႕ ကြ်န္ေတာ္ ကိုယ္တိုင္ပဲ ဆံုးျဖတ္ ခဲ့တာပါ ။ ဘာေၾကာင့္လဲ ဆိုေတာ့ အခု ျဖစ္ေနတဲ့ ဒဏ္ရာ ကို ပိုျပီး ၾကီးမားေအာင္ မလုပ္ခ်င္ လို႔ပါ ။ ကံေကာင္းစြာ နဲ႕ပဲ ကြ်န္ေတာ္ တို႕ အသင္း မွာ အန္ဂုိလုိ ရဲ႕ ေနရာ ကို အစားထိုးဖို႕ မူဆာ ( ဆစ္ဆိုခို ) ရွိေန ခဲ့ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ဒက္စ္ခ်မ့္စ္ က လာမယ့္ တူရကီ နဲ႕ အုပ္စုဗိုလ္ အဆံုးအျဖတ္ ပြဲစဥ္ မွာေရာ ကန္ေတ ျပန္ပါႏိုင္မလား ဆိုတာနဲ႕ ပတ္သက္ျပီး ” အခု လက္ရွိ ဒဏ္ရာ က အန္ဂိုလို အတြက္ ျပင္းထန္ တဲ့ အေနအထား လို႕ မထင္မိပါဘူး ။ ဒါေပမယ့္ သူ တူရကီ နဲ႕ ပြဲမွာ ျပန္ပါ ႏိုင္မလား ဆိုတာကိုေတာ့ အခု ခ်က္ခ်င္း ကြ်န္ေတာ္ အေျဖေပး လို႕ မရေသးပါဘူး ။ ” လို႕ ေျဖၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR