Unicode
ကစားသမား အငှားစျေးကွက် ဟာ ဘောလုံးအသင်းတိုင်းအတွက်သူ့အထွာနဲ့သူ အကျိုးဖြစ်ထွန်းစေသိလို သက်ဆိုင်ရာကစားသမားတွေအတွက်လည်း မိခင်အသင်းမှာ သို့မဟုတ် အခြားထိပ်တန်းအသင်းတွေမှာနေရာရဖို့ အခွင့်အရေး မျိုးရစေတာဖြစ်ပါတယ်။
ငွေကြေး အင်အားချမ်းသာပေမယ့် နောက်ပိုင်းမှာ သတ်မှတ်ထားခဲ့တဲ့ FFP နည်းမျဉ်းတွေကြောင့် အပြောင်းအရွှေ့ဘတ်ဂျက်ကို အကန့်အသတ်နဲ့လုပ်ဆောင် နေရတဲ့ ဥရောပထိပ်တန်းအသင်းတွေအတွက်လည်း အငှားခေါ်ယူမှုဆိုတာ လက်တစ်လုံးခြား လုပ်ရပ်တခုလိုဖြစ်လာနေတာဖြစ်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် ၂၀၁၇ မှာနေမာကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ခေါ်ယူအပြီး မှာ အမ်ဘာပေကို တရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ PSG ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ကစားသမားတွေကိုဥရောပထိပ်တန်းလိဂ်၅ခုမှာ အရေအတွက်အများဆုံးအငှားချထားတဲ့ အသင်းတွေကတော့-
၇။နာပိုလီ ( ၄၁ ဦး )
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အဆိုပါ နေပယ်လ်မြို့ခံအသင်းကနေ အငှားချထားခဲ့တဲ့ ကစားသမားအရေအတွက်က ၄၁ဦးအထိရှိခဲ့ပြီး လက်ရှိမှာ ၂၁ဦးကဥရောပထိပ်တန်းလိဂ်၅ခုကအသင်းတွေမှာ အငှားသွားရောက်ကစားနေဆဲဖြစ်ပါတယ်။ဆမ်ဒိုးရီးယားထံကို အငှားချထားအပြီး အပြီးသတ်ရောင်းထုတ်ထားခဲ့တဲ့ ဇာပတာ ရဲ့ အတ္တလန်တာအသင်းမှာပြသနေတဲ့ခြေစွမ်းကိုမြင်နေရတာဟာနာပိုလီအတွက် မျက်နှာကိုကြက်ဥနဲ့အပေါက်ခံခဲ့ရလိုဖြစ်နေမှာသေချာပါတယ်။
၆။မန်စီးတီး ( ၄၁ ဦး )
မန်စီးတီးလို အသင်းကြီးတသင်းရဲ့ လူငယ်အကယ်ဒမီကနေ အခုထက်ပိုများတဲ့ လူငယ်ကြယ်ပွင့်တွေထွက်ပေါ်ပြီးအငှား
ထွက်ကစားနေကြမယ်လို့အားလုံးကမျှော်လင့်မိကြမယ်ဆိုတာသေချာပါတယ်။ဒါပေမယ့်လည်းနောက်ပိုင်းနှစ်တွေအတွင်း နာမည်ကြီးကစားသမားတွေကိုခေါ်ယူရေးဖက်မှာ အာရုံပိုစိုက်နေခဲ့တာကြောင့် အဆင့် ၆နေရာမှာသာရှိနေတာဖြစ်ပါတယ်။
၅။ ရိုးမား ( ၄၃ ဦး )
နွေရာသီစျေးကွက်အတွင်းမှာ ရိုးမားအသင်းဟာ မစ်ခီတာရန်း၊ စမောလင်းတို့ကို ကစားသမားကောင်းတွေ အငှားခေါ်ယူလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ကာဂလီယာရီကိုအငှားချထားအပြီး ဂျူဗီကိုပြောင်းသွားခဲ့တဲ့ ပယ်လီဂရီနီ၊ဂရန်နာဒါကို အငှားချထားခဲ့တဲ့ ဂွန်နာလွန်တို့လို ကစားသမားတွေရှိနေခဲ့သေးတာဖြစ်ပါတယ်။ဆယ်စုနှစ်အတွင်းမှာ ဥရောပထိပ်တန်းလိဂ်၅ခုကို ရိုးမားအသင်းကနေ အငှားထွက်ကစားခဲ့သူ ၄၃ဦးအထိရှိထားခဲ့တာဖြစ်ပါတယ်။
၄။ ဂျူဗီ ( ၅၁ဦး )
အီတလီ ထိပ်သီး ဂျူဗီ အသင်းဟာ ဒီရာသီ မှာ အတော်လေးကိုများပြားတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတာဖြစ်ပေမယ့် အငှားချထားခဲ့တာ ၂ဦးတည်းရှိနေတာဖြစ်ပါတယ်။ဒါဟာပြီးခဲ့တဲ့ရာသီမှာ ၁၃ဦး အထိ အငှားချခဲ့တာနဲ့ယှဉ်ရင် အတော်လေးကို နည်းပါးတာဖြစ်ပါတယ်။ဆယ်စုနှစ်အတွင်းမှာ တူရင်မြေကနေအငှားထွက်ကစားနေခဲ့ရသူတွေထဲမှာ အထင်ရှားဆုံးကတော့အေစီ၊ ချဲဆီးလ်အသင်းတွေကိုသွားကစားခဲ့ရတဲ့ ဟီဂွာရင်ပဲဖြစ်ပါတယ်။
၃။အင်တာမီလန် ( ၅၃ဦး )
ကစားသမားတွေကို အပြီးသတ်ရောင်းထုတ်တာထက် အငှားချတာကို ပိုနှစ်သက်တဲ့ အသင်းတွေထဲ အင်တာမီလန်လည်းပါဝင်တာဖြစ်ပါတယ်။သူတို့ဟာ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ အိုင်ကာဒီလို ကစားသမားကိုတောင် PSG ထံ အငှားပဲချခဲ့တာဖြစ်ပါတယ်။ဆယ်စုနှစ်အတွင်းမှာ ဥရောပထိပ်တန်းလိဂ်၅ခုက အသင်းတွေကို သူတို့ အငှားချထားတဲ့ ကစားသမားအရေအတွက်က ၅၃ဦးအထိရှိနေပြီဖြစ်ပါတယ်။
၂။ ချဲဆီးလ် ( ၅၇ ဦး )
နောက်ပိုင်းနှစ်တွေအတွင်းလူငယ် ကြယ်ပွင့် လေးတွေကို အငှားချမှု ကို အများအပြားပြုလုပ်နေတာက ချဲဆီးလ်အသင်းဖြစ်ပါတယ်။ဒါပေမယ့် အပြောင်း
အရွှေ့ပိတ် ပြစ်ဒဏ်ကျခံနေရချိန်မှာ
အေဘရာဟင်၊ မေဆင်မောင့်၊ တွန်မိုရီ တို့လို လူငယ်တွေကို ပြန်ခေါ်ပြီး ရှေ့ဆက်နေရတာဖြစ်ပါတယ်။ဒါပေမယ့် လတ်တလောမှာ စတန်းဖို့ဒ်ဘရစ်ချ်ရဲ့ အဝေးကို အငှားထွက်နေရတဲ့ ကစားသမား ၂၇ဦး အထိရှိနေသေးတာဖြစ်ပါတယ်။
၁။ အူဒီးနိစ် ( ၆၂ဦး )
ကစားသမား တွေ အငှား ချရတာကို ကြိုက်နှစ်သက်ဆုံး အသင်းတွေထဲမှာ အူဒီးနိစ်က ထိပ်ဆုံးမှာရှိနေတာဖြစ်ပြီး အထူးသဖြင့် ဝက်ဖို့ဒ် အသင်းကို စေလွှတ်ထားတာဖြစ်ပါတယ်။သူတို့၂သင်းကို တူညီတဲ့ ပိုင်ရှင်တွေက ပိုင်ဆိုင်ထားလို့ ဒီကိစ္စဟာ တိုက်ဆိုင်တာတော့မဟုတ်တာသေချာပါတယ်။ လာလီဂါ ကလပ် ဂရန်နာဒါနဲ့ လည်း အလားတူပဲဖြစ်ပါတယ်။
SM 
Zawgyi
အခုဆယ်စုနှစ်အတွင်း မှာ ကစားသမား အငှားချထားမှု အများဆုံး အသင်း ၇သင်း
=================================
ကစားသမား အငှားဈေးကွက် ဟာ ဘောလုံးအသင်းတိုင်းအတွက်သူ့အထွာနဲ့သူ အကျိုးဖြစ်ထွန်းစေသိလို သက်ဆိုင်ရာကစားသမားတွေအတွက်လည်း မိခင်အသင်းမှာ သို့မဟုတ် အခြားထိပ်တန်းအသင်းတွေမှာနေရာရဖို့ အခွင့်အရေး မျိုးရစေတာဖြစ်ပါတယ်။
၇။နာပိုလီ ( ၄၁ ဦး )
၆။မန်စီးတီး ( ၄၁ ဦး )
၅။ ရိုးမား ( ၄၃ ဦး )
၎။ ဂျူဗီ ( ၅၁ဦး )
၃။အင်တာမီလန် ( ၅၃ဦး )
၂။ ချဲဆီးလ် ( ၅၇ ဦး )
၁။ အူဒီးနိစ် ( ၆၂ဦး )
ပွဲထွက်ခွင့်အတွက် ဒီဂီယာနဲ့ အပြိုင်ဖြစ်နေခဲ့တာ စပိန်အသင်းတွက် ဘာဖြစ်စေနိုင်မလဲဆိုတာပြောပြလိုက်တဲ့ #ကီပါ
SM