ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ ထွက် လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ချန်ပီယံရှစ် ကလပ် ဒါဘီ အသင်း နဲ့ အတူ ခြေစွမ်း တောက်ပ လာခဲ့ပြီး ဂန္တဝင် ကွင်းလယ်လူ ဖရန့် လမ်းပတ် ချယ်လ်ဆီး ကို ကိုင်တွယ် တာနဲ့ တပြိုင်နက် နေရာ ရလာပြီး အထူး ခြေစွမ်း ပြနေသူ ဖြစ်ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၄ဂိုး အထိ ရရှိလာပြီ ဖြစ်တဲ့ မေဆင်မောင့် ဟာ လမ်းပတ် ရဲ့ တိုက်စစ် အသားပေး ကစားဟန် ရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမား အဖြစ် ရပ်တည် နေပါတယ် ။ ဒါ့အပြင် ၄င်း နဲ့ တမ်မီ အေဘရာဟမ် တိုက်စစ် တွဲလုံး ဟာ ဒီ ရာသီ မှာ ကြောက်စရာ ကောင်းတဲ့ တိုက်စစ် အတွဲအဖက် လို့လည်း သတ်မှတ် လို့ ရပါတယ် ။

ချယ်လ်ဆီး နဲ့ ဖူလ်ဟမ် ဂိုးသမားဟောင်း မာ့ခ် ရှဝါဇာ ကတော့ မေဆင်မောင့် ဟာ အလားအလာ ကောင်းတဲ့ လူငယ် ခြေတက် တဦး ဖြစ်ကာ ၊ အံ့သြစရာ ကောင်းတဲ့ အနာဂတ် တွေ ပိုင်ဆိုင် ထားတယ် လို့ Optus Sport ရဲ့ အစီအစဉ် တခု မှာ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

ရှဝါဇာ က ” ကျွန်တော် ကတော့ မောင့် ဟာ ဒီနှစ် ဘောလုံး ရာသီ အတော်လေး စွမ်းဆောင်ရည် မြင့်မား နေပြီ လို့ ထင်ပါတယ် ။ သူ့ရဲ့ ကစားပုံ ကို ကြည့်ရတာဟာ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းပါတယ် ။ အစွမ်းအစ ကောင်း များစွာ ပိုင်ဆိုင် ထားသလို ၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဖရန့် လမ်းပတ် လက်အောက် မှာ အတော်လေး တိုးတက် လာခဲ့ပါတယ် ။ ဒါကြောင့်မို့ ဖရန့် ဟာ သူ့ အကြောင်း ကို သေချာ သိထားသူပါ ။ ”

” မောင့် နဲ့ ပတ်သက်ပြီး ကျွန်တော် သဘောကျ မိတဲ့ အချက် တချို့ ရှိပါတယ် ။ သူ့ရဲ့ ကစားပုံ ၊ အတိုးအလှုပ် ၊ ပြိုင်ဖက် အပေါ် ဖိအားပေးမှု ၊ ဘောလုံး သယ်ဆောင်မှု ။ နောက်ပြီး အသင်းဖော် တွေနဲ့ သူ့ရဲ့ တွဲဖက် ကစားပုံ က အရမ်း ကောင်းပါတယ် ။ တမ်မီ အေဘရာဟမ် နဲ့ သူ့ အကြား က နားလည်မှု က အတော်လေး အချိတ်အဆက် မိပါတယ် ။ အခုလို သူ တဟုန်ထိုး တိုးတက် လာတာ ကို ကျွန်တော် သဘောကျ မိပါတယ် ။ ”

” အသင်း ရဲ့ အတွေ့အကြုံရင့် ဝါရင့် ကစားသမား တွေ ဖြစ်ကြတဲ့ ဝီလီယံ ၊ ပတ်ဒရို တို့နဲ့ ပိုပြီး နားလည်မှု ရှိလာတဲ့ အခါ မောင့် ရဲ့ ခြေစွမ်း က ဘယ်လောက် အတိုင်းအတာ အထိ တိုးတက် လာနိုင်မလဲ ဆိုတာ စိတ်ဝင်စား စရာ ကောင်းလာနိုင်ပါတယ် ။ ပိုပြီး တည်ငြိမ် တဲ့ စွမ်းဆောင်ရည် တွေ မြင်တွေ့ ရမလား စောင့်ကြည့် ရမှာပါ ။ ”

” ဒါကြောင့်မို့ သူ့မှာ အံ့သြစရာ ကောင်းတဲ့ အနာဂတ် ကို ပိုင်ဆိုင် ထားတယ် လို့ ယူဆ ရတာပါ ။ လူတိုင်း လည်း ကျွန်တော့ နည်းတူ သုံးသပ် မိကြမယ် လို့ ယူဆ မိိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ မေဆင်မောင့် ဟာ မနေ့ည က ချက်လက်ရွေးစင် အသင်း နဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် မှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့် ရရှိ ခဲ့ပါတယ် ။

SPORTS MYANMAR