မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဗဟို ခံစစ် ကစားသမားဟောင်း ဖြစ်သူ နီမန်ဂျာ ဗီဒစ် ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ရှိနေ ခဲ့တဲ့ 8 နှစ်တာ အချိန် ကာလ အတွင်း ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ တိုက်စစ် ကစားသမား ကောင်းတွေ များစွာ ကို ပြိုင်ဖက် အဖြစ် ရင်ဆိုင် ကစား ခဲ့ဖူး ပါတယ် ။

ဗီဒစ်ဟာ ယူနိုက်တက် မှာ ကစား ခဲ့တဲ့ အဆိုပါ အချိန် ကာလ အတွင်း ကြိုးကြာနီ တို့ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ ဖာနန်ဒို တောရက်စ် ရဲ့ ဒုက္ခ ပေးမှု တွေကို များစွာ ခံထား ခဲ့ ရဖူး ပေမယ့် သူ ရင်ဆိုင် ခဲ့တဲ့ ပရီးမီးယား လိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး စာရင်း မှာတော့ ဗီဒစ် ဟာ စပိန် လက်ရွေးစင် ကို ထူးထူးခြားခြား ချန်လှပ် သွားခဲ့ ပါတယ် ။

အဲ့ဒီ အစား သူဟာ တောရက်စ် ရဲ့ လီဗာပူး အသင်း ဖော်ဟောင်း ဖြစ်သူ ပီတာ ခရော့ချ် ကို ရင်ဆိုင် ရ ခက်ခဲ လှတဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦး အဖြစ် ဦးစား ပေးပြီး ရွေးချယ် သွားခဲ့ လိုက်ပြီး ခရော့ချ် ဟာ သူ့ကို ခက်ခဲ မှုတွေ စတင် ပေးနိုင် ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

” ကျွန်တော့် ရဲ့ ပထမဆုံး အတွေ့ အကြုံ ကတော့ ပီတာ ခရော့ချ် နဲ့ စတင် ခဲ့ ပါတယ် ။ အဲ့ဒီ မတိုင်ခင် တုန်းက ကျွန်တော် ဟာ 2 မီတာ လောက် အထိ အရပ် ရှည်တဲ့ ပြိုင်ဖက် တိုက်စစ် ကစား သမား မျိုး မမြင် တွေ့ခဲ့ ဖူး ပါဘူး ”

” အဲ့ဒီ တုန်းက သူဟာ လီဗာပူး အသင်း အတွက် ကစား ပေးနေ ခဲ့ပြီး ကျွန်တော် တို့ အန်ဖီးလ် မှာ လိဂ် ဖလား ပွဲစဉ် တစ်ပွဲ သွားရောက် ကစား ခဲ့ ကြတဲ့ အချိန် ပေါ့ ။ သူ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထဲ မှာတော့ ‘ ဝိုး ၊ ဒီ ကောင်ကြီး နဲ့ ငါ ဒီနေ ဘယ်လို ကစား ရ မလဲ ? ‘ ဆိုပြီး တွေးတော နေခဲ့ ပါတယ် ”

” အဲ့ဒီနောက် ကျွန်တော် ဟာ ဘယ်လာမီ နဲ့ ရင်ဆိုင် ကစား ခဲ့ရ ပါတယ် ။ သူဟာ ဘောလုံး ကိုင် ကစား တာ ကောင်းလွန်း တဲ့ ကစားသမား တစ်ဦး တော့ မဟုတ် ပါဘူး ။ ဒါပေမယ့် သူ အရမ်း မြန် ပါတယ် ။ သူဟာ နေရာ လွတ်တွေ ဆီ လျှက်တပြတ် ပြေးလွှား ဝင်ရောက် နိုင် သလို ခရော့ချ် ဟာ လေထဲ က ဘောလုံး တိုင်းကို ဦးယူ နိုင် ပါတယ် ။ ကျွန်တော် အရင် တုန်းက ဒီလို ပြိုင်ဖက် မျိုး မတွေ့ မြင်ခဲ့ ဖူး ပါဘူး ”

” သူနဲ့ ရင်ဆိုင် ပြီးတော့ နောက်ပိုင်း ကျွန်တော် ဟာ သူ့လောက် မြန်တဲ့ ၊ ဉာဏ်ကောင်း လှတဲ့ နံပါတ် 9 ကစားသမား မတွေ့ ခဲ့ရ ပါဘူး ။ သူတို့ တစ်ဦးချင်း စီကို ဘယ်လို ရင်ဆိုင် ရ မလဲ ဆိုတာ ကျွန်တော် သိ ပါတယ် ။ ဒါပေမယ့် သူတို့ နှစ်ယောက် လုံးကို တစ်ပြိုင် တည်း ဘယ်လို ရင်ဆိုင် ကစား ရ မလဲ ဆိုတာ တော့ ကျွန်တော် လည်း မသိ ပါဘူး ”

” အဲ့ဒီ တုန်းက ကျွန်တော် ဟာ အသင်း ရဲ့ ခံစစ် မှာ အသင်း ဖော် ဝက်စ် ဘရောင်း နဲ့ အတူ ပူးတွဲ ကစား ခဲ့ရ ပါတယ် ။ တစ်ကယ့် ကို ခက်ခဲ ပြီး ပွဲချိန် ကြာတဲ့ ပွဲ တစ်ခု လို့ ကျွန်တော် ခံစား ခဲ့ရ သလို ကျွန်တော် တို့ 1 – 0 နဲ့ ရှံုးနိမ့် ခဲ့ရ ပါတယ် ” လို့ ဗီဒစ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ဗီဒစ် ဟာ ပြိုင်ဖက် ကစားသမား တွေ အဖြစ် ရင်ဆိုင် ကစား ခဲ့ ရတဲ့ ချဲလ်ဆီး တိုက်စစ် မှူးဟောင်း ဒရော့ဂ်ဘာ ၊ မန်စီးတီး တိုက်စစ်မှူး ဟောင်း အဂူရို နဲ့ လီဗာပူး တိုက်စစ် မှူးဟောင်း လူးဝစ် ဆွာရက်ဇ် တို့ကို ဆက်လက် ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

သူဟာ ချဲလ်ဆီး အသင်း ရဲ့ ဂန္ဓဝင် တိုက်စစ်မှူး ဟောင်း ဖြစ်တဲ့ ဒီဒီယာ ဒရော့ဂ်ဘာ ကို ဉာဏ်ကောင်း လွန်းသူ ၊ ပြိုင်ဖက် ခံစစ် ကစား သမား တွေ ဘာကို တွေးတော နေကြ သလဲ ဆိုတာ ကို ထွင်းဖောက် သိမြင် နိုင်သူ လို့ အထူး ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် အဂူရို နဲ့ ပတ်သက် လို့ 2013 တုန်းက မန်စီးတီး ကို 4 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှံူးနိမ့် ခဲ့တဲ့ ပွဲစဉ် ဟာ ယူနိုက်တက် အတွက် အဆိုးရွားဆုံး ပွဲစဉ် ဖြစ်ခဲ့ ကြောင်း ၊ ဆွာရက်ဇ် ဟာ ဂိုးသွင်း ကောင်းတဲ့ ပင်ကိုယ် စရိုက် လက္ခဏာ ရှိသူ ဖြစ်ပြီး ပြိုင်ဖက် ကို အင်တိုက် အားတိုက် ထိုးဖောက် ကစား နိုင်သူ ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

သူရင္ဆုိင္ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆံုး တုိက္စစ္မွဴး အမည္ေတြကို ေျပာၾကားလိုက္တဲ့ ယူနုိက္တက္ ခံစစ္ကစားသမားေဟာင္း #ဗီဒစ္

==================

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဗဟို ခံစစ္ ကစားသမားေဟာင္း ျဖစ္သူ နီမန္ဂ်ာ ဗီဒစ္ ဟာ အိုးလ္ ထရပ္ဖုိ့ဒ္ မွာ ရွိေန ခဲ့တဲ့ 8 နွစ္တာ အခ်ိန္ ကာလ အတြင္း ပရီးမီးယား လိဂ္ ျပိဳင္ပြဲ မွာ တုိက္စစ္ ကစားသမား ေကာင္းေတြ မ်ားစြာ ကို ျပိဳင္ဖက္ အျဖစ္ ရင္ဆုိင္ ကစား ခဲ့ဖူး ပါတယ္ ။

ဗီဒစ္ဟာ ယူနုိက္တက္ မွာ ကစား ခဲ့တဲ့ အဆုိပါ အခ်ိန္ ကာလ အတြင္း ၾကိဳးၾကာနီ တုိ့ရဲ့ တုိက္စစ္မွဴး ေဟာင္း ျဖစ္သူ ဖာနန္ဒို ေတာရက္စ္ ရဲ့ ဒုကၡ ေပးမွဳ ေတြကို မ်ားစြာ ခံထား ခဲ့ ရဖူး ေပမယ့္ သူ ရင္ဆုိင္ ခဲ့တဲ့ ပရီးမီးယား လိဂ္ရဲ့ အေကာင္းဆံုး တုိက္စစ္မွဴး စာရင္း မွာေတာ့ ဗီဒစ္ ဟာ စပိန္ လက္ေရြးစင္ ကို ထူးထူးျခားျခား ခ်န္လွပ္ သြားခဲ့ ပါတယ္ ။

အဲ့ဒီ အစား သူဟာ ေတာရက္စ္ ရ့ဲ လီဗာပူး အသင္း ေဖာ္ေဟာင္း ျဖစ္သူ ပီတာ ခေရာ့ခ်္ ကို ရင္ဆုိင္ ရ ခက္ခဲ လွတဲ့ အေကာင္းဆံုး တုိက္စစ္မွဴး တစ္ဦး အျဖစ္ ဦးစား ေပးျပီး ေရြးခ်ယ္ သြားခဲ့ လိုက္ျပီး ခေရာ့ခ်္ ဟာ သူ့ကို ခက္ခဲ မွဳေတြ စတင္ ေပးနုိင္ ခဲ့တဲ့ ပထမဆံုး ကစားသမား ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။

” က်ြန္ေတာ့္ ရဲ့ ပထမဆံုး အေတြ့ အၾကံဳ ကေတာ့ ပီတာ ခေရာ့ခ်္ နဲ့ စတင္ ခဲ့ ပါတယ္ ။ အဲ့ဒီ မတိုင္ခင္ တုန္းက က်ြန္ေတာ္ ဟာ 2 မီတာ ေလာက္ အထိ အရပ္ ရွည္တဲ့ ျပိဳင္ဖက္ တုိက္စစ္ ကစား သမား မ်ိဳး မျမင္ ေတြ့ခဲ့ ဖူး ပါဘူး ”

” အဲ့ဒီ တုန္းက သူဟာ လီဗာပူး အသင္း အတြက္ ကစား ေပးေန ခဲ့ျပီး က်ြန္ေတာ္ တုိ့ အန္ဖီးလ္ မွာ လိဂ္ ဖလား ပြဲစဥ္ တစ္ပြဲ သြားေရာက္ ကစား ခဲ့ ၾကတဲ့ အခ်ိန္ ေပါ့ ။ သူ့ကို ၾကည့္ျပီး က်ြန္ေတာ္ စိတ္ထဲ မွာေတာ့ ‘ ဝုိး ၊ ဒီ ေကာင္ၾကီး နဲ့ ငါ ဒီေန ဘယ္လို ကစား ရ မလဲ ? ‘ ဆုိျပီး ေတြးေတာ ေနခဲ့ ပါတယ္ ”

” အဲ့ဒီေနာက္ က်ြန္ေတာ္ ဟာ ဘယ္လာမီ နဲ့ ရင္ဆုိင္ ကစား ခဲ့ရ ပါတယ္ ။ သူဟာ ေဘာလံုး ကိုင္ ကစား တာ ေကာင္းလြန္း တဲ့ ကစားသမား တစ္ဦး ေတာ့ မဟုတ္ ပါဘူး ။ ဒါေပမယ့္ သူ အရမ္း ျမန္ ပါတယ္ ။ သူဟာ ေနရာ လြတ္ေတြ ဆီ လ်ွက္တျပတ္ ေျပးလႊား ဝင္ေရာက္ နုိင္ သလို ခေရာ့ခ်္ ဟာ ေလထဲ က ေဘာလံုး တုိင္းကို ဦးယူ နုိင္ ပါတယ္ ။ က်ြန္ေတာ္ အရင္ တုန္းက ဒီလို ျပိဳင္ဖက္ မ်ိဳး မေတြ့ ျမင္ခဲ့ ဖူး ပါဘူး ”

” သူနဲ့ ရင္ဆုိင္ ျပီးေတာ့ ေနာက္ပိုင္း က်ြန္ေတာ္ ဟာ သူ႔ေလာက္ ျမန္တဲ့ ၊ ဥာဏ္ေကာင္း လွတဲ့ နံပါတ္ 9 ကစားသမား မေတြ့ ခဲ့ရ ပါဘူး ။ သူတုိ့ တစ္ဦးခ်င္း စီကို ဘယ္လို ရင္ဆုိင္ ရ မလဲ ဆုိတာ က်ြန္ေတာ္ သိ ပါတယ္ ။ ဒါေပမယ့္ သူတုိ့ ႏွစ္ေယာက္ လံုးကို တစ္ျပိဳင္ တည္း ဘယ္လို ရင္ဆုိင္ ကစား ရ မလဲ ဆုိတာ ေတာ့ က်ြန္ေတာ္ လည္း မသိ ပါဘူး ”

” အဲ့ဒီ တုန္းက က်ြန္ေတာ္ ဟာ အသင္း ရဲ့ ခံစစ္ မွာ အသင္း ေဖာ္ ဝက္စ္ ဘေရာင္း နဲ့ အတူ ပူးတြဲ ကစား ခဲ့ရ ပါတယ္ ။ တစ္ကယ့္ ကို ခက္ခဲ ျပီး ပြဲခ်ိန္ ၾကာတဲ့ ပြဲ တစ္ခု လို့ က်ြန္ေတာ္ ခံစား ခဲ့ရ သလို က်ြန္ေတာ္ တုိ့ 1 – 0 နဲ့ ရွံဳးနိမ့္ ခဲ့ရ ပါတယ္ ” လို့ ဗီဒစ္ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အဲ့ဒီေနာက္ ဗီဒစ္ ဟာ ျပိဳင္ဖက္ ကစားသမား ေတြ အျဖစ္ ရင္ဆုိင္ ကစား ခဲ့ ရတဲ့ ခ်ဲလ္ဆီး တုိက္စစ္ မွဴးေဟာင္း ဒေရာ့ဂ္ဘာ ၊ မန္စီးတီး တုိက္စစ္မွဴး ေဟာင္း အဂူရို နဲ႔ လီဗာပူး တုိက္စစ္ မွဴးေဟာင္း လူးဝစ္ ဆြာရက္ဇ္ တုိ့ကို ဆက္လက္ ခ်ီးက်ဴး စကား ဆုိသြား ခဲ့လိုက္ ပါတယ္ ။

သူဟာ ခ်ဲလ္ဆီး အသင္း ရဲ့ ဂႏၶဝင္ တုိက္စစ္မွဴး ေဟာင္း ျဖစ္တဲ့ ဒီဒီယာ ဒေရာ့ဂ္ဘာ ကို ဥာဏ္ေကာင္း လြန္းသူ ၊ ျပိဳင္ဖက္ ခံစစ္ ကစား သမား ေတြ ဘာကို ေတြးေတာ ေနၾက သလဲ ဆုိတာ ကို ထြင္းေဖာက္ သိျမင္ နုိင္သူ လို႔ အထူး ခ်ီးက်ဴး သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ အဂူရို နဲ့ ပတ္သက္ လို့ 2013 တုန္းက မန္စီးတီး ကို 4 – 1 ဆုိတဲ့ ရလဒ္ နဲ့ ရွံဴးနိမ့္ ခဲ့တဲ့ ပြဲစဥ္ ဟာ ယူနုိက္တက္ အတြက္ အဆုိးရြားဆံုး ပြဲစဥ္ ျဖစ္ခဲ့ ေၾကာင္း ၊ ဆြာရက္ဇ္ ဟာ ဂိုးသြင္း ေကာင္းတဲ့ ပင္ကုိယ္ စရိုက္ လကၡဏာ ရွိသူ ျဖစ္ျပီး ျပိဳင္ဖက္ ကို အင္တုိက္ အားတုိက္ ထိုးေဖာက္ ကစား နုိင္သူ ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။