ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီစျေးကွက် အတွင်း မှာကွင်းလယ် လူ ဖရက်ဒ်ကို ရှက်တာ ဒိုးနက်စ်အသင်းကနေ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီဘရာဇီးလ်သားဟာ အခုချိန်အထိ အိုးထရက်ဖို့ဒ် မြေမှာ ခြေစွမ်းကောင်းပြသနိုင့်ခင်း မရှိသေးတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ယူကရိန်းမြေမှာ ခြေစွမ်းပြနေတဲ့့ ဖရက်ဒ်ကို ခေါ်ယူဖို့ အခြားဥရောပအချို့ နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး စုစုပေါင်း ပေါင် ၅၂သန်းအထိတောင်ပေးချေထားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီလိုတန်ကြေးနဲ့ ထိုက်တန်မှု မရှိတဲ့ ကစားသမားမျိုးကိုခေါ်ယူခဲ့တဲ့ မော်ရင်ဟို အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသေးတာဖြစ်ပါတယ်။

ဒါပေမယ့် အမှန် စင်စစ် မော်ရင်ဟို ကိုယ်တိုင်ကလည်း ဖရက်ဒ်ကို ကြိုက်နှစ် သက်ခြင်း မရှိပဲ အသင်းကနေ ခေါ်ယူပေးခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ The Atletic သတင်းစာကဆိုပါတယ်။ဖရက်ဒ်ဟာ ယူနိုက်တက် အသင်းနဲ့ သင့်တော်မှာ မဟုတ်ဘူးဆိုတာကို မော်ရင်ဟိုက သိထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမှု ဆောင်ချုပ် ဖြစ်သူ အက်ဝုဒ်ဝက်ဒ်က နောက်ထပ် ကွင်းလယ် ကစားသမားတွေ ထပ်ပြီးခေါ်ယူပေးဖို့ မသေချာတာကြောင့် ဖရက်ဒ်ကို လက်ခံခဲ့တာဖြစ်တယ်လို့ လည်းအဆိုပါ သတင်းစာကဆိုပါတယ်။

တကယ်တမ်းမှာလည်း ဖရက်ဒ်ဟာ အဆိုပါ နှစ် နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းမှာ တမိနစ်တောင်ပါဝင်ခွင့် မရခဲ့့သလို ယူနိုက်တက် အသင်းမှာလည်းထင်ထားခဲ့တဲ့ အတိုင်းပဲ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။သူဟာ မော်ရင်ဟိုလက်ထက်နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ၆ပွဲမှာတပွဲသာပါဝင်ခွင့်ရခဲ့ သလို ဆိုးလ်ရှားလက်ထက်မှာပါ ပွဲထွက်ခွင့်တနေရာအတွက် မသေချာသေးတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနော်ဝေသားနည်းပြကြီးက
သူ့အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ်ဟာ
အခြေအနေတွေကို အလှည့်အပြောင်း လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပုံပါပဲ။မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုးလ်ရှားက –

” ယူကရိန်း လိဂ်မှာ ကစားခဲ့တဲ့ ကစားသမား တဦးက အင်္ဂလန် မြေကို
ရောက်စမှာ အနည်းငယ် ရုန်းကန်ရ မှုကို ကြုံတွေ့ရမယ်ဆိုတာကို ခင်ဗျားတို့လည်း အံ့အားမသင့်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ဒါပေမယ့်လည်း သူ့ရဲ့ ပါရမီကို ကျွန်တော်တို့သိနားလည်ပါတယ်။

ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ဖရက်ဒ်က အသင်းအတွက် ကျွန်တော်တို့ကို ဘာတွေ ပေးစွမ်းနိုင်တယ်ဆိုတာမြင်ထားပြီးပါပြီ။
PSG ၊ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ပွဲတွေမှာဖြစ်ပါတယ်။သူ ဟာအခုရာသီမှာ ခြေစွမ်းပိုင်းနောက်တဆင့်မြင့်တက်ဖို့
မျှော်လင့်ရတဲ့ကစားသမားတွေထဲကတဦးဖြစ်တယ်ဆိုတာ အမှန်ပါပဲ။

သူဟာ အခုရာသီကြို ကာလတွေအတွင်း
မှာတော့ လက်ထပ်ပွဲ အခမ်းအနားအတွက် ၁၀ရက် အိမ်ပြန်ထားခဲ့ပါသေးတယ်။ဒါပေမယ့် လည်း ဒီကိစ္စဟာ သူ့ရဲ့ ခြေစွမ်းကို အကြာကြီး ရုန်းကန်စေရဖို့ မဖြစ်စေလောက်ပါဘူး “လို့ပြောခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ္သား ဖရက္ဒ္ကို ေခၚယူရာမွာ ေမာ္ရင္ဟိုရဲ႔ ဆႏၵ တကယ္ေကာပါဝင္ခဲ႔လား ?

==================================

ယူႏိုက္တက္ အသင္းဟာ ျပီးခဲ႔တဲ႔ႏွစ္ ေႏြရာသီေစ်းကြက္ အတြင္း မွာကြင္းလယ္ လူ ဖရက္ဒ္ကို ရွက္တာ ဒိုးနက္စ္အသင္းကေန ေခၚယူထားခဲ႔တာ ျဖစ္ပါတယ္။ဒါေပမယ့္လည္း ဒီဘရာဇီးလ္သားဟာ အခုခ်ိန္အထိ အိုးထရက္ဖို႕ဒ္ ေျမမွာ ေျခစြမ္းေကာင္းျပသႏိုင့္ခင္း မရွိေသးတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ယူကရိန္းေျမမွာ ေျခစြမ္းျပေနတ႔႔ဲ ဖရက္ဒ္ကို ေခၚယူဖို႕ အျခားဥေရာပအခ်ိဳ႔ နဲ႔ ယွဥ္ျပိဳင္ခဲ႔ရျပီး စုစုေပါင္း ေပါင္ ၅၂သန္းအထိေတာင္ေပးေခ်ထားခဲ႕ရတာျဖစ္ပါတယ္။ဒါေျကာင့္လည္း ဒီလိုတန္ေျကးနဲ႔ ထိုက္တန္မွဳ မရွိတဲ႔ ကစားသမားမ်ိဳးကိုေခၚယူခဲ႔တဲ႔ ေမာ္ရင္ဟို အေပၚ ျပင္းျပင္းထန္ထန္ေဝဖန္ခဲ႔ျကေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ အမွန္ စင္စစ္ ေမာ္ရင္ဟုိ ကုိယ္တိုင္ကလည္း ဖရက္ဒ္ကို ျကိုက္ႏွစ္ သက္ျခင္း မရွိပဲ အသင္းကေန ေခၚယူေပးျခင္းကို ခံခဲ႔ရတာျဖစ္တယ္လို႕ The Atletic သတင္းစာကဆိုပါတယ္။ဖရက္ဒ္ဟာ ယူႏိုက္တက္ အသင္းနဲ႔ သင့္ေတာ္မွာ မဟုတ္ဘူးဆိုတာကို ေမာ္ရင္ဟုိက သိထားခဲ႔တာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမွဳ ေဆာင္ခ်ဳပ္ ျဖစ္သူ အက္ဝုဒ္ဝက္ဒ္က ေနာက္ထပ္ ကြင္းလယ္ ကစားသမားေတြ ထပ္ျပီးေခၚယူေပးဖုိ႔ မေသခ်ာတာေျကာင့္ ဖရက္ဒ္ကို လက္ခံခဲ႔တာျဖစ္တယ္လို႕ လည္းအဆိုပါ သတင္းစာကဆိုပါတယ္။

တကယ္တမ္းမွာလည္း ဖရက္ဒ္ဟာ အဆိုပါ ႏွစ္ ေႏြရာသီ ကမၻာ့ဖလားျပိဳင္ပြဲဝင္ ဘရာဇီးလ္အသင္းမွာ တမိနစ္ေတာင္ပါဝင္ခြင့္ မရခ႔႔ဲသလို ယူႏိုက္တက္ အသင္းမွာလည္းထင္ထားခဲ႔တဲ႕ အတိုင္းပဲ ရုန္းကန္ေနခဲ႔ရတာျဖစ္ပါတယ္။သူဟာ ေမာ္ရင္ဟိုလက္ထက္ေနာက္ဆံုးကိုင္တြယ္ခဲ႔တဲ႔ ၆ပြဲမွာတပြဲသာပါဝင္ခြင့္ရခဲ႔ သလို ဆိုးလ္ရွားလက္ထက္မွာပါ ပြဲထြက္ခြင့္တေနရာအတြက္ မေသခ်ာေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီေနာ္ေဝသားနည္းျပျကီးက
သူ႔အသင္းရဲ႕ ကြင္းလယ္လူ ဖရက္ဒ္ဟာ
အေျခအေနေတြကို အလွည့္အေျပာင္း လုပ္ႏိုင္စြမ္းရွိတယ္လို႔ ယံုျကည္ေနပုံပါပဲ။မျကာေသးမီက ျပဳလုပ္ခဲ႔တဲ႔ အင္တာဗ်ဴးမွာ ဆိုးလ္ရွားက –

” ယူကရိန္း လိဂ္မွာ ကစားခဲ႔တဲ႔ ကစားသမား တဦးက အဂၤလန္ ေျမကို
ေရာက္စမွာ အနည္းငယ္ ရုန္းကန္ရ မွဳကို ျကံုေတြ႕ရမယ္ဆိုတာကို ခင္ဗ်ားတုိ႔လည္း အံ့အားမသင့္ေလာက္ဘူးလို႔ က်ြန္ေတာ္ထင္ပါတယ္။ဒါေပမယ့္လည္း သူ႔ရဲ႕ ပါရမီကို က်ြန္ေတာ္တုိ႔သိနားလည္ပါတယ္။

ျပီးခ႕ဲတဲ့ရာသီကုန္ခါနီးမွာ ဖရက္ဒ္က အသင္းအတြက္ က်ြန္ေတာ္တို႔ကို ဘာေတြ ေပးစြမ္းႏိုင္တယ္ဆုိတာျမင္ထားျပီးပါျပီ။
PSG ၊ အာဆင္နယ္၊ မန္စီးတီးတို႔နဲ႔ ပြဲေတြမွာျဖစ္ပါတယ္။သူ ဟာအခုရာသီမွာ ေျခစြမ္းပိုင္းေနာက္တဆင့္ျမင့္တက္ဖို႔
ေမ်ွာ္လင့္ရတဲ႕ကစားသမားေတြထဲကတဦးျဖစ္တယ္ဆိုတာ အမွန္ပါပဲ။

သူဟာ အခုရာသီျကို ကာလေတြအတြင္း
မွာေတာ့ လက္ထပ္ပြဲ အခမ္းအနားအတြက္ ၁၀ရက္ အိမ္ျပန္ထားခဲ႔ပါေသးတယ္။ဒါေပမယ့္ လည္း ဒီကိစၥဟာ သူ႔ရဲ႕ ေျခစြမ္းကို အျကာျကီး ရုန္းကန္ေစရဖို႔ မျဖစ္ေစေလာက္ပါဘူး “လို႔ေျပာခဲ႔တာျဖစ္ပါတယ္။