giroud

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ယူရို၂၀၂၀ ခြေစစ်ပွဲ အုပ်စု အဆင့်ပွဲစဉ်မှာ ပြင်သစ် အသင်း
က အိုက်စ်လန် အသင်းကို အဝေးကွင်း
မှာ ၀-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပွဲချိန်
၆၆ မိနစ် မှာ ရရှိခဲ့တဲ့ တိုက်စစ်မှူး ဂျီရူးရဲ့ ပင်နယ်တီဂိုးက ဒီပွဲကို အဆုံးအဖြတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၃၃နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ဂျီရူး ဟာ အာဆင်နယ်အသင်းကနေ ချဲဆီးလ်ကို ပြောင်းရွှေ့သွားအပြီးကတည်း
က ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်ရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ဒီရာသီမှာလည်း လူငယ်ကြယ်ပွင်လေးအေဘရာ
ရဲ့ ခြေစွမ်းတွေကြောင့် အရံခုံရောက်နေတာဖြစ်ပါတယ်။

အေဘရာဟင်ဟာ ဒီရာသီပြိုင်ပွဲစုံ မှာစုစုပေါင်း ၉ ဂိုးအထိသွင်းယူပေးထားပြီး အသင်းရဲ့ ဂိုးအများဆုံး ကစားသမားအဖြစ်လည်းရပ်တည်နေတာဖြစ်ပါတယ်။ဂျီရူးကလည်းပြင်သစ်အသင်းမှာ ပွဲထွက်ရနေသူဖြစ်ပြီးနောက်ဆုံး ၃ပွဲမှာ ၂ ဂိုးသွင်းယူပေးထားပါတယ်။

ဒါပေမယ့် သူဟာ ဒီရာသီချဲဆီးလ်အသင်းမှာ ၅ပွဲသာပါဝင်ခွင့်ရထားပြီး ပွဲထွက်၁၁ဦး စာရင်းမှာလည်း ၂ကြိမ်သာပါဝင်ခွင့်ရထားသေးတာဖြစ်ပါတယ်။ဒီအခြေအနေအပေါ် ဂျီရူးက Le Pelerin နဲ့ အင်တာဗျူးမှာ –

” ကျွန်တော့်အနေနဲ့ ဒီလိုအနေအထားကို လက်ခံရမှာလားဗျာ။ လက်မခံနိုင်ပါဘူး။တချို့အခြေအနေတွေမှာဆိုရင် ကံကြမ္မာကိုပဲအသေအကြေ ယုံနေလို့မဖြစ်ပါဘူး။ကျွန်တော်ဟာအမြဲတမ်း လေးစားမှုထားပြီး အမိန့်တွေလည်း နာခံထားခဲ့ပါတယ်။

နည်းပြ နဲ့ သဘောမတူညီဘူး ဆိုရင်တောင် သူ့ကို အပြစ်တင်မှာတော့ မဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် ဒါကို လက်မခံပါဘူး။ကွင်းအတွင်းမှာ ကျွန်တော်ဘယ်လိုထိုက်တန်တယ်ဆိုတာ သိပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကဆို ရင်တော့ ပွဲတွေ မှာ ပါဝင်ခွင့်ရဖို့ ကျွန်တော်ထိုက်တန် တယ်လို့ ခံစားရတိုင်း မှာ နည်းပြဆီကနေ ဖြေရှင်းချက်တွေ တောင်းခံ ခဲ့ဖူးပါသေးတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂျီရူးဟာအာဆင်နယ်အသင်း မှာ ၆ရာသီ နီးပါး ကစားခဲ့ပြီး ဂိုးတွေလည်း အများကြီးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် လည်း အမ်းမရိတ်မြေကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာမလွယ်ဘူး လို့
ဝန်ခံသွား ခဲ့ပါတယ်။

ဂျီရူးက ဆက်လက်ပြီး – ” လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက အာဆင်နယ်ကနေ ချဲဆီးလ်ကိုပြောင်းလာခဲ့ရတာဟာတကယ်မလွယ်ပါဘူး။ကျွန်တော် အာဆင်နယ် အသင်းကို ချစ်ပါတယ်။ဒါပေမယ့် ချဲဆီးလ်ဟာ နောက်ဆုံးဆယ်နှစ်အတွင်း မန်စီးတီးနဲ့ အတူ ဆုဖလားအများဆုံးရခဲ့တဲ့ အသင်းဖြစ်လို့ ဒီကိုရောက်လာတာဟာ တိုးတက်မှုဖြစ်ပါတယ်။

တိုက်စစ်မှာ မိုရာတာ၊ ဟီဂွာရင်တို့ နဲ့ ကျွန်တော် ယှဉ်ပြိုင်ခဲ့ရပါသေးတယ်။
နောက်ဆုံးမှာတော့ကျွန်တော်က အသာရခဲ့ပြီး ၂၀၁၈ FA ဖလား ဖိုင်နယ်နဲ့ ၂၀၁၉ ဥရောပဖလား ဖိုင်နယ်ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် အခုနှစ်မှာလည်း ပွဲထွက် စာရင်းမှာ ပါဝင် ခွင့်ရဖို့ အတွက် တဖန်ပြန်
ပြီး ရုန်းကန်နေရပြန်ပါပြီ။ကျွန်တော့်ရဲ့ ညီအကိုတဦးပြောသလိုပဲ ကျွန်တော့်ဟာဘဝကို အခက်အခဲဒုက္ခတွေနဲ့တည်ဆောက်ထားခဲ့ရတာဖြစ်ပါတယ်။အဲ့လိုမဖြစ်ချင်ပေမယ့် ဖြစ်နေခဲ့ရတာပါပဲ ” လို့ပြောသွားခဲ့ပါတယ်။

ျပင္သစ္မွာ ပြဲထြက္ခြင့္ရေနေပမယ့္ ခ်ဲဆီးလ္မွာအရံျဖစ္ေနတဲ႔အေပၚ မွတ္ခ်က္ေပးလိုက္တဲ႔ #ဂ်ီရူး
===================================

ယေန႔ နံနက္ အေစာပိုင္းမွာ ကစားသြားခဲ႔တဲ႕ ယူရို၂၀၂၀ ေျခစစ္ပြဲ အုပ္စု အဆင့္ပြဲစဥ္မွာ ျပင္သစ္ အသင္း
က အိုက္စ္လန္ အသင္းကို အေဝးကြင္း
မွာ ၀-၁ ဂိုးနဲ႔ အႏိုင္ရခဲ႕ပါတယ္။ပြဲခ်ိန္
၆၆ မိနစ္ မွာ ရရွိခဲ႔တဲ႔ တိုက္စစ္မွဴး ဂ်ီရူးရဲ႕ ပင္နယ္တီဂိုးက ဒီပြဲကို အဆံုးအျဖတ္ေပးခဲ႔တာလည္းျဖစ္ပါတယ္။

အသက္ ၃၃ႏွစ္ အရြယ္ရွိေနျပီျဖစ္တဲ႔ ဂ်ီရူး ဟာ အာဆင္နယ္အသင္းကေန ခ်ဲဆီးလ္ကို ေျပာင္းေရႊ႕သြားအျပီးကတည္း
က ပြဲထြက္စာရင္းမွာ ပါဝင္ခြင့္ရဖို႔ ရုန္းကန္ေနခဲ႔ရတာျဖစ္ပါတယ္။ဒီရာသီမွာလည္း လူငယ္ျကယ္ပြင္ေလးေအဘရာ
ရဲ႕ ေျခစြမ္းေတြေျကာင့္ အရံခံုေရာက္ေနတာျဖစ္ပါတယ္။

ေအဘရာဟင္ဟာ ဒီရာသီျပိဳင္ပြဲစံု မွာစုစုေပါင္း ၉ ဂိုးအထိသြင္းယူေပးထားျပီး အသင္းရဲ႔ ဂိုးအမ်ားဆံုး ကစားသမားအျဖစ္လည္းရပ္တည္ေနတာျဖစ္ပါတယ္။ဂ်ီရူးကလည္းျပင္သစ္အသင္းမွာ ပြဲထြက္ရေနသူျဖစ္ျပီးေနာက္ဆံုး ၃ပြဲမွာ ၂ ဂိုးသြင္းယူေပးထားပါတယ္။

ဒါေပမယ့္ သူဟာ ဒီရာသီခ်ဲဆီးလ္အသင္းမွာ ၅ပြဲသာပါဝင္ခြင့္ရထားျပီး ပြဲထြက္၁၁ဦး စာရင္းမွာလည္း ၂ျကိမ္သာပါဝင္ခြင့္ရထားေသးတာျဖစ္ပါတယ္။ဒီအေျခအေနအေပၚ ဂ်ီရူးက Le Pelerin နဲ႔ အင္တာဗ်ဴးမွာ –

” က်ြန္ေတာ့္အေနနဲ႔ ဒီလိုအေနအထားကို လက္ခံရမွာလားဗ်ာ။ လက္မခံႏိုင္ပါဘူး။တခ်ိဳ႔အေျခအေနေတြမွာဆုိရင္ ကံျကမၼာကိုပဲအေသအေျက ယံုေနလို႔မျဖစ္ပါဘူး။က်ြန္ေတာ္ဟာအျမဲတမ္း ေလးစားမွဳထားျပီး အမိန့္ေတြလည္း နာခံထားခဲ႕ပါတယ္။

နည္းျပ နဲ႕ သေဘာမတူညီဘူး ဆိုရင္ေတာင္ သူ႔ကို အျပစ္တင္မွာေတာ့ မဟုတ္ပါဘူး။ဒါေပမယ့္ က်ြန္ေတာ့္ကိုယ္က်ြန္ေတာ္ ဒါကို လက္မခံပါဘူး။ကြင္းအတြင္းမွာ က်ြန္ေတာ္ဘယ္လိုထိုက္တန္တယ္ဆိုတာ သိပါတယ္။

ျပီးခ့ဲတဲ႔ရာသီတုန္းကဆို ရင္ေတာ့ ပြဲေတြ မွာ ပါဝင္ခြင့္ရဖို႕ က်ြန္ေတာ္ထိုက္တန္ တယ္လို႕ ခံစားရတိုင္း မွာ နည္းျပဆီကေန ေျဖရွင္းခ်က္ေတြ ေတာင္းခံ ခဲ႔ဖူးပါေသးတယ္ ” လို႔ေျပာသြားခ႔ဲတာျဖစ္ပါတယ္။

ဂ်ီရူးဟာအာဆင္နယ္အသင္း မွာ ၆ရာသီ နီးပါး ကစားခ႕ဲျပီး ဂိုးေတြလည္း အမ်ားျကီးသြင္းယူေပးႏိုင္ခဲ႔တာျဖစ္ပါတယ္။ဒါေျကာင့္ လည္း အမ္းမရိတ္ေျမကို စြန္႔ခြာဖို႔ ဆံုးျဖတ္ခဲ႔ရတာမလြယ္ဘူး လို႔
ဝန္ခံသြား ခဲ႕ပါတယ္။

ဂ်ီရူးက ဆက္လက္ျပီး – ” လြန္ခဲ႔တဲ႔ ၂ႏွစ္ေလာက္တုန္းက အာဆင္နယ္ကေန ခ်ဲဆီးလ္ကိုေျပာင္းလာခဲ႔ရတာဟာတကယ္မလြယ္ပါဘူး။က်ြန္ေတာ္ အာဆင္နယ္ အသင္းကို ခ်စ္ပါတယ္။ဒါေပမယ့္ ခ်ဲဆီးလ္ဟာ ေနာက္ဆံုးဆယ္ႏွစ္အတြင္း မန္စီးတီးနဲ႕ အတူ ဆုဖလားအမ်ားဆံုးရခဲ႔တဲ႔ အသင္းျဖစ္လို႕ ဒီကိုေရာက္လာတာဟာ တိုးတက္မွဳျဖစ္ပါတယ္။

တိုက္စစ္မွာ မိုရာတာ၊ ဟီဂြာရင္တို႔ နဲ႔ က်ြန္ေတာ္ ယွဥ္ျပိဳင္ခဲ႕ရပါေသးတယ္။
ေနာက္ဆံုးမွာေတာ့က်ြန္ေတာ္က အသာရခဲ႔ျပီး ၂၀၁၈ FA ဖလား ဖိုင္နယ္နဲ႔ ၂၀၁၉ ဥေရာပဖလား ဖိုင္နယ္ပြဲေတြမွာ ပါဝင္ခြင့္ရခ႔ဲပါတယ္။

ဒါေပမယ့္ အခုႏွစ္မွာလည္း ပြဲထြက္ စာရင္းမွာ ပါဝင္ ခြင့္ရဖို႕ အတြက္ တဖန္ျပန္
ျပီး ရုန္းကန္ေနရျပန္ပါျပီ။က်ြန္ေတာ့္ရဲ႕ ညီအကိုတဦးေျပာသလိုပဲ က်ြန္ေတာ့္ဟာဘဝကို အခက္အခဲဒုကၡေတြနဲ႔တည္ေဆာက္ထားခဲ႔ရတာျဖစ္ပါတယ္။အဲ႔လိုမျဖစ္ခ်င္ေပမယ့္ ျဖစ္ေနခဲ႕ရတာပါပဲ ” လို႕ေျပာသြားခဲ႔ပါတယ္။