guordiola

Unicode

မန်ချက်စတာစီးတီး အသင်းဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အတွက် လိုတာထက်တောင် ပိုကောင်း နေပေမယ့် ပက်ဂွာဒီယိုလာ ရဲ့ အသင်း အနေနဲ့ ဒီရာသီ ဥရောပ ဆုဖလားကို ကိုင်မြှောက် နိုင်ဖို့ အတွက် ဆိုရင် ကံတရား အနည်းငယ်တော့ လိုအပ် နေတယ်လို့ ကွင်းလယ် ကစားသမားဟောင်း ကယ်ဗင်ဟားလော့က ပြောလိုက် ပါတယ်။

စီးတီးဟာ ဥရောပ ရဲ့ အမြင့်ဆုံး ဆုဖလားကို သမိုင်းတစ်လျှောက် တစ်ကြိမ်မှ ဆွတ်ခူး ထားခဲ့ခြင်း မရှိသေးဘဲ အဆိုပါ ပြိုင်ပွဲမှာ ၎င်းတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်မှု ကတော့ လွန်ခဲ့တဲ့ ၂၀၁၅-၁၆ ဘောလုံး ရာသီက နည်းပြ မန်နူရယ် ပယ်လီဂရီနီ ရဲ့ လက်အောက်မှာ ဆီမီးဖိုင်နယ် အဆင့်ထိ တက်နိုင် ခဲ့တာပဲ ဖြစ်ပါတယ်။

cup

ပက်ဂွာဒီယိုလာဟာ အဆိုပါ နွေရာသီမှာ ပယ်လီဂရီနီရဲ့ နေရာကို အစားထိုး ၀င်ရောက် လာခဲ့ပြီး ဘာစီလိုနာ အသင်းကို ချန်ပီယံလိဂ် ဖလား ၂ ကြိမ် ဆွတ်ခူး ပေးခဲ့တဲ့ စပိန် နည်းပြရဲ့ မှတ်တမ်းကြောင့် စီးတီး တို့ဟာ သူတို့ အသင်းကို ဥရောပ အောင်မြင်မှု ရယူ ပေးနိုင်မယ်လို့ မျှော်လင့် ထားခဲ့ ကြပါတယ်။

ဒါပေမယ့်လည်း ဂွာဒီယိုလာဟာ စီးတီးမှာ ကွာတားဖိုင်နယ် အဆင့်ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိသေးဘဲ သူရဲ့ ပထမရာသီမှာ မိုနာကို အသင်းကို နောက်ဆုံး ၁၆ သင်း ရှုံးထွက် အဆင့်မှာ ရှံုးနိမ့် ခဲ့သလို နောက်ရာသီ မှာလည်း လီဗာပူးကို ကွာတားဖိုင်နယ်မှာ ရှံုးကာ ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရာသီကလည်း မန်စီးတီးဟာ တော့တင်ဟမ် နဲ့ အကြိတ်အနယ် ကစားခဲ့ရပြီး အဝေးကွင်းမှာ ၁-၀ နဲ့ ရှံုးခဲ့ကာ အီတီဟတ် မှာ ၄-၃ နဲ့ နိုင်ခဲ့ပြီး ပွဲချိန် နောက်ဆုံး မိနစ်မှာ ဂိုးရခဲ့ ပေမယ့် VAR နဲ့ ပြန်လည် ပယ်ဖျက်ခြင်း ခံခဲ့ ရပြီး ကံမကောင်းစွာနဲ့ ကွာတားဖိုင်နယ် အဆင့်ကပဲ ထွက်ခွာ ခဲ့ရပါတယ်။

VAR

စီးတီးဟာ သူတို့ရဲ့ ဥရောပ ပြိုင်ပွဲမှာ စိတ်ပျက် ခဲ့ရမှုကို ပြည်တွင်း ပြိုင်ပွဲမှာ ပြန်လည် ဖာထေး နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ဖလားကို ၂ နှစ်ဆက် ဆွတ်ခူး ထားခဲ့သလို ပြီးခဲ့တဲ့ ရာသီက တစ်ရာသီ အတွင်း ပြည်တွင်း ဖလား ၃ လုံး စလုံးကို သိမ်းပိုက် နိုင်တဲ့ ပထမဦးဆုံး အသင်း ဖြစ်ခဲ့ပါတယ်။

စီးတီး အတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားပေးခဲ့တဲ့ မြောက်အိုင်ယာလန် လက်ရွေးစင်ဟောငး် ဟားလော့ ကတော့ လက်ရှိ စီးတီးရဲ့ လူအင်အားဟာ ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်စွမ်း ရှိလောက်အောင်ကို ကောင်းမွန်မှု ရှိတယ်လို့ ဆိုလိုက်ပြီး ဂွာဒီယိုလာ ရဲ့ အသင်း အနေနဲ့ ပြိုင်ပွဲလမ်းကြောင်းမှာ ကံကောင်းမှု အချို့ပဲ လိုတယ်လို့ မှတ်ချက် ပေးသွားပါတယ်။

ဟားလော့က “ချန်ပီယံလိဂ်ဟာ ရယူဖို့ ခက်ခဲတဲ့ ဖလားလို့ ကျွန်တော် ထင်ပါတယ်။ စီးတီးတို့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်တယ်လို့ ပြောရတာ ကျွန်တော် အရမ်း ကြိုက်ပါတယ်။ ဒါ ဖြစ်လည်း ဖြစ်နိုင် ပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးဖို့ ရေပန်း အစားဆုံး ၃ ၄ သင်းထဲမှာ ပါ၀င်ပါတယ်။ သူတို့ဟာ ဒီဖလားကို ဆွတ်ခူး နိုင်စွမ်း ရှိတဲ့ အသင်းတွေ ထဲက တစ်သင်း ဖြစ်တယ် ဆိုတာ သေချာပါတယ်။

ပြီးခဲ့တဲ့ ရာသီ တော့တင်ဟမ် နဲ့ ပွဲက လက်ထိဘောတို့ ဘာတို့ ဖြစ်ခဲ့တာတွေကို ကြည့်ရင် ဒါလိုအပ် နေတယ် ဆိုတာ သိနိုင်ပါတယ်။ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အတွက် ဆိုရင်တော့ ကံတရားရဲ့ ဖေးမမှု အနည်းငယ် လိုအပ် ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဖြစ်နိုင်စွမ်း ရှိတာထက်ကို ပိုပါတယ်။” လို့ ဆိုသွား ပါတယ်။

စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ် မှာ အစကောင်းနေပြီး ကစားထားခဲ့ပြီး ဖြစ်တဲ့ အုပ်စု ပွဲစဉ် ၂ ပွဲစလုံးကို ပေးဂိုး မရှိဘဲ အနိုင် ရထားပါတယ်။ ဒ့ါကြောင့် စီးတီးဟာ အုပ်စု စီ မှာ ၃ မှတ် အသာနဲ့ ဦးဆောင်နေပြီး လာမည့် ပွဲစဉ်ကိုတော့ အောက်တိုဘာ ၂၂ ရက်နေ့ အတ္တလန်တာ ကွင်းမှာ သွားကန် ရမှာ ဖြစ်ပါတယ်။

SM

Zawgyi

ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူးႏုိင္ဖို႕ မန္စီးတီးတုိ႕ ဘာလိုအပ္ေနလဲ? – ဟားေလာ့

မန္ခ်က္စတာစီးတီး အသင္းဟာ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူး ႏုိင္ဖို႕ အတြက္ လိုတာထက္ေတာင္ ပိုေကာင္း ေနေပမယ့္ ပက္ဂြာဒီယိုလာ ရဲ႕ အသင္း အေနနဲ႕ ဒီရာသီ ဥေရာပ ဆုဖလားကုိ ကုိင္ေျမွာက္ ႏုိင္ဖို႕ အတြက္ ဆုိရင္ ကံတရား အနည္းငယ္ေတာ့ လိုအပ္ ေနတယ္လို႕ ကြင္းလယ္ ကစားသမားေဟာင္း ကယ္ဗင္ဟားေလာ့က ေျပာလိုက္ ပါတယ္။

စီးတီးဟာ ဥေရာပ ရဲ႕ အျမင့္ဆံုး ဆုဖလားကို သမုိင္းတစ္ေလွ်ာက္ တစ္ၾကိမ္မွ ဆြတ္ခူး ထားခဲ့ျခင္း မရွိေသးဘဲ အဆိုပါ ျပိဳင္ပြဲမွာ ၎တုိ႕ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္မွဳ ကေတာ့ လြန္ခဲ့တဲ့ ၂၀၁၅-၁၆ ေဘာလံုး ရာသီက နည္းျပ မန္ႏူရယ္ ပယ္လီဂရီနီ ရဲ႕ လက္ေအာက္မွာ ဆီမီးဖုိင္နယ္ အဆင့္ထိ တက္ႏုိင္ ခဲ့တာပဲ ျဖစ္ပါတယ္။

ပက္ဂြာဒီယုိလာဟာ အဆုိပါ ေႏြရာသီမွာ ပယ္လီဂရီနီရဲ႕ ေနရာကို အစားထိုး ၀င္ေရာက္ လာခဲ့ျပီး ဘာစီလိုနာ အသင္းကို ခ်န္ပီယံလိဂ္ ဖလား ၂ ၾကိမ္ ဆြတ္ခူး ေပးခဲ့တဲ့ စပိန္ နည္းျပရဲ႕ မွတ္တမ္းေၾကာင့္ စီးတီး တုိ႕ဟာ သူတုိ႕ အသင္းကို ဥေရာပ ေအာင္ျမင္မွဳ ရယူ ေပးႏုိင္မယ္လို႕ ေမွ်ာ္လင့္ ထားခဲ့ ၾကပါတယ္။

ဒါေပမယ့္လည္း ဂြာဒီယိုလာဟာ စီးတီးမွာ ကြာတားဖိုင္နယ္ အဆင့္ကို ေက်ာ္ျဖတ္ ႏုိင္ခဲ့ျခင္း မရွိေသးဘဲ သူရဲ႕ ပထမရာသီမွာ မုိနာကို အသင္းကို ေနာက္ဆံုး ၁၆ သင္း ရွံဳးထြက္ အဆင့္မွာ ရွံဳးနိမ့္ ခဲ့သလို ေနာက္ရာသီ မွာလည္း လီဗာပူးကို ကြာတားဖိုင္နယ္မွာ ရွံဳးကာ ျပိဳင္ပြဲမွ ထြက္ခြာ ခဲ့ရပါတယ္။

ျပီးခဲ့တဲ့ ရာသီကလည္း မန္စီးတီးဟာ ေတာ့တင္ဟမ္ နဲ႕ အၾကိတ္အနယ္ ကစားခဲ့ရျပီး အေ၀းကြင္းမွာ ၁-၀ နဲ႕ ရွံဳးခဲ့ကာ အီတီဟတ္ မွာ ၄-၃ နဲ႕ ႏုိင္ခဲ့ျပီး ပြဲခ်ိန္ ေနာက္ဆံုး မိနစ္မွာ ဂိုးရခဲ့ ေပမယ့္ VAR နဲ႕ ျပန္လည္ ပယ္ဖ်က္ျခင္း ခံခဲ့ ရျပီး ကံမေကာင္းစြာနဲ႕ ကြာတားဖိုင္နယ္ အဆင့္ကပဲ ထြက္ခြာ ခဲ့ရပါတယ္။

စီးတီးဟာ သူတုိ႕ရဲ႕ ဥေရာပ ျပိဳင္ပြဲမွာ စိတ္ပ်က္ ခဲ့ရမွဳကို ျပည္တြင္း ျပိဳင္ပြဲမွာ ျပန္လည္ ဖာေထး ႏုိင္ခဲ့ျပီး ပရီးမီးယားလိဂ္ ဖလားကို ၂ ႏွစ္ဆက္ ဆြတ္ခူး ထားခဲ့သလို ျပီးခဲ့တဲ့ ရာသီက တစ္ရာသီ အတြင္း ျပည္တြင္း ဖလား ၃ လံုး စလံုးကို သိမ္းပိုက္ ႏုိင္တဲ့ ပထမဦးဆံုး အသင္း ျဖစ္ခဲ့ပါတယ္။

စီးတီး အတြက္ ပြဲေပါင္း ၂၀၀ ေက်ာ္ ကစားေပးခဲ့တဲ့ ေျမာက္အုိင္ယာလန္ လက္ေရြးစင္ေဟာငး္ ဟားေလာ့ ကေတာ့ လက္ရွိ စီးတီးရဲ႕ လူအင္အားဟာ ခ်န္ပီယံလိဂ္ ဖလားကို ကုိင္ေျမွာက္ႏုိင္စြမ္း ရွိေလာက္ေအာင္ကို ေကာင္းမြန္မွု ရွိတယ္လို႕ ဆုိလိုက္ျပီး ဂြာဒီယိုလာ ရဲ႕ အသင္း အေနနဲ႕ ျပိဳင္ပြဲလမ္းေၾကာင္းမွာ ကံေကာင္းမွု အခ်ိဳ႕ပဲ လိုတယ္လို႕ မွတ္ခ်က္ ေပးသြားပါတယ္။

ဟားေလာ့က “ခ်န္ပီယံလိဂ္ဟာ ရယူဖို႕ ခက္ခဲတဲ့ ဖလားလို႕ ကၽြန္ေတာ္ ထင္ပါတယ္။ စီးတီးတုိ႕ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူး ႏုိင္တယ္လို႕ ေျပာရတာ ကၽြန္ေတာ္ အရမ္း ၾကိဳက္ပါတယ္။ ဒါ ျဖစ္လည္း ျဖစ္ႏုိင္ ပါတယ္။ သူတုိ႕ဟာ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူးဖို႕ ေရပန္း အစားဆံုး ၃ ၄ သင္းထဲမွာ ပါ၀င္ပါတယ္။ သူတုိ႕ဟာ ဒီဖလားကို ဆြတ္ခူး ႏုိင္စြမ္း ရွိတဲ့ အသင္းေတြ ထဲက တစ္သင္း ျဖစ္တယ္ ဆုိတာ ေသခ်ာပါတယ္။

ျပီးခဲ့တဲ့ ရာသီ ေတာ့တင္ဟမ္ နဲ႕ ပြဲက လက္ထိေဘာတုိ႕ ဘာတုိ႕ ျဖစ္ခဲ့တာေတြကို ၾကည့္ရင္ ဒါလိုအပ္ ေနတယ္ ဆိုတာ သိႏုိင္ပါတယ္။ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူး ႏုိင္ဖို႕ အတြက္ ဆုိရင္ေတာ့ ကံတရားရဲ႕ ေဖးမမွဳ အနည္းငယ္ လိုအပ္ ပါတယ္။ ဒါေပမယ့္ သူတုိ႕ဟာ ျဖစ္ႏုိင္စြမ္း ရွိတာထက္ကုိ ပိုပါတယ္။” လို႕ ဆုိသြား ပါတယ္။

စီးတီးဟာ ဒီရာသီ ခ်န္ပီယံလိဂ္ မွာ အစေကာင္းေနျပီး ကစားထားခဲ့ျပီး ျဖစ္တဲ့ အုပ္စု ပြဲစဥ္ ၂ ပြဲစလံုးကို ေပးဂိုး မရွိဘဲ အႏုိင္ ရထားပါတယ္။ ဒ့ါေၾကာင့္ စီးတီးဟာ အုပ္စု စီ မွာ ၃ မွတ္ အသာနဲ႕ ဦးေဆာင္ေနျပီး လာမည့္ ပြဲစဥ္ကိုေတာ့ ေအာက္တုိဘာ ၂၂ ရက္ေန႕ အတၱလန္တာ ကြင္းမွာ သြားကန္ ရမွာ ျဖစ္ပါတယ္။

SM