Unicode

စပို့တင်း အသင်းကတော့ သူတို့ရဲ့ အကယ်ဒမီ ကနေ မွေးထုတ်ပေးလိုက်တဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲ က တစ်ဦးအဖြစ် ပါဝင်လျှက် ရှိနေတဲ့ တိုက်စစ် ကစားသမားကြီး ရိုနာဒို ကို ဂုဏ်ပြုတဲ့ အနေနဲ့ အသင်းရဲ့ ကွင်းအမည်ကို ပြောင်းလဲကာ ၊ ခရစ္စတီယာနို ရိုနာဒို အရီနာ လို့ သတ်မှတ်ခေါ်ဝေါ်ဖို့ စိတ်ကူးရှိနေတဲ့ အကြောင်း အသင်း ဥက္ကဌကြီး ကိုယ်တိုင် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရိုနာဒိုဟာ 2003 ခုနှစ်မှာ ယူနိုက်တက် ကို ပြောင်းရွှေ့ လာခဲ့ပြီးနောက်ပိုင်း ၊ သူ့ရဲ့ ကမ္ဘာ့ဘောလုံး စင်မြင့်ထက်ကို တက်ရောက်နိုင်မယ့် စာမျက်နှာတွေကို တစ်ဖြေးဖြေး ဖွင့်လှစ်လာခဲ့ကာ နောက်ဆုံးမှာတော့ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ကစားသမား တစ်ယောက် အဖြစ်ပါ သတ်မှတ်ခဲ့ထားရပြီ ဖြစ်ပါတယ်။

အထူးသဖြင့် သူ့ရဲ့ ပုံရိပ် နဲ့ စွမ်းဆောင်ရည်ဟာ မွေးရပ်မြေ ပေါ်တူဂီမှာ ပိုပြီးတော့တောင် ကြီးမားလွန်းပြီး ၊ နိုင်ငံ့ရဲ့ ရတနာ တစ်ပါး အဖြစ်ပါ တင်စားနေကြတာကြောင့် ၊ အခုလို စပို့တင်း အသင်းဘက်က ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီ ရဲ့ ဘောလုံးသမိုင်းကြောင်း တစ်လျှောက်မှာ ကမ္ဘာကျော် ဘောလုံးသမားပေါင်း မြှောက်များစွာ ပေါ်ထွက်ထားခဲ့သည့်နိုင်အောင် ၊ လက်ရွေးစင် အသင်းရဲ့ အောင်မြင်မှုကိုတော့ မည်သူကမှ ဦးဆောင်ပြီး ရယူနိုင်ခဲ့ခြင်း မရှိပဲ ၊ ရိုနာဒို ရဲ့ လက်ထက်မှသာ ပထမဆုံး သမိုင်းဝင် အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရိုနာဒိုဟာ ပေါ်တူဂီ အသင်းအတွက် ယူရို ဖလား နဲ့ ဥရောပ နေးရှင်းလိဂ် ဖလားတွေကိုပါ ဆွတ်ထားပေးနိုင်ခဲ့ပြီးနောက် ၊ လက်ရွေးစင် သွင်းဂိုးကလဲ စုစုပေါင်း 94 ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ကာ ၊ ဥရောပ ရဲ့ နိုင်ငံတကာသွင်းဂိုး အများဆုံး ဘောလုံးသမား တစ်ယောက် အဖြစ် ရပ်တည်လျှက် ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ မတူညီတဲ့ ဥရောပ ထိပ်သီးလိဂ် 3 ခုမှာ ဆုဖလးတွေ ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးထားတာက ဂုဏ်ယူစရာ ကောင်းသလို ၊ ချန်ပီယံလိဂ် လို ဘောလုံးပြိုင်ပွဲကြီးမှာတောင် အမြင့်ဆုံး မှတ်တမ်းတွေ သွင်းဂိုးတွေ ရယူထားတာက ကျေနပ်စရာပါ။

အဲဒီလို အမျိုးမျိုးသော အောင်မြင်မှုတွေကို သိမ်းပိုက်ထားတဲ့ အတွက်ကြောင့်ပဲ စပို့တင်း အသင်းဟာ သူတို့ရဲ့ ပုံရိပ်ကို မြှင့်တင်ရင်း ၊ အကယ်ဒမီ ကနေ မွေးထုတ်ပေးခဲ့တဲ့ ကစားသမား တစ်ယောက်ကို ဂုဏ်ပြုဖို့ စိတ်ကူးလာခဲ့တဲ့ အကြောင်းကို အခုလို ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။\

“ အသင်း ရဲ့ အမည်ကို ရိုနာဒို ရဲ့ နာမည် ပြောင်းလဲ သတ်မှတ်ဖို့က ကျနော်တို့ ရဲ့ ကနဦး စဉ်းစားနေတဲ့ အိုက်ဒီယာ တစ်ခုပါ။ တကယ်လဲ ဆောင်ရွက်ဖြစ်ခဲ့တယ် ဆိုရင်တော့ အရမ်းကို ဂုဏ်ယူစွာနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရိုနာဒို ဆိုတာ ကျနော်တို့ စပို့တင်းရဲ့ သင်္ကေတ တစ်ခုဖြစ်သလို ၊ အသင်းရဲ့ သမိုင်းကြောင်းမှာလဲ တစ်နေရာ ကနေ မားမားမတ်မတ် ရပ်တည်နေမှာ သေချာပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး နဲ့ ကလပ် အသင်းတို့အကြား ဆက်နွှယ်နေတဲ့ သံယောဇဉ်တွေကို ကျနော်တို့က ထာဝရ ခိုင်မြဲအောင် ထိန်းသိမ်း တည်ဆောက်သွားချင်တာပါ” လို့ စပို့တင်း ဥက္ကဌ ဖက်ဒရီကို ဗာရန်ဒက် က ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

စပို့တင်း အသင်းရဲ့ လက်ရှိ ကွင်းအမည်ဟာ အက်စ်တာဒီယို ဟိုဆေး အယ်ဗာလာဒီ ဖြစ်ပြီး ၊ စုစုပေါင်း ပရိသတ် 50000 အထိ ဝင်ဆံတာ ဖြစ်ပါတယ်။ 2003 ခုနှစ် ကတော့ ဥရောပ ဖလားပွဲစဉ်တွေ လက်ခံ ကျင်းပမှာဖြစ်တာကြောင့် ၊ ပြုပြင်တည်ဆောက်မှုတွေ ရှိခဲ့သလို ၊ ကွင်းရဲ့ အမည်ကိုလဲ ပြောင်းလဲခဲ့ခြင်း မရှိတာ 1956 ခုနှစ် ကတည်းကလို့ သိရပါတယ်။

 

တကယ်လို့သာ ရိုနာဒို ရဲ့ အမည် အဖြစ် ပြောင်းလဲ သတ်မှတ်ပေးလိုက်မယ် ဆိုရင်တော့ ကစားသမား အတွက် နောက်ထပ် ဂုဏ်ယူစရာ ကောင်းတဲ့ အောင်မြင်မှု တစ်ခုကို ရယူသွားမှာလို့ ဆိုရမှာ ဖြစ်သလို ၊ လက်ရှိ မော်ဒန် ဘောလုံး သမားတွေထဲမှာ အဲဒီလိုမျိုး ဂုဏ်ပြုခံရတဲ့ ရှားရှားပါးပါး ကစားသမား အဖြစ်လဲ ရပ်တည်သွားမှာ ဖြစ်ပါတယ်။

ရိုနာဒို ဆိုတာ အဲဒီလို ထင်ရှားတဲ့ ဂုဏ်ပြု ချီးမြှင့်မှုတွေ နဲ့လဲ ထိုက်တန်တဲ့သူ တစ်ယောက်ပါဗျာ………

SM

Zawgyi

ကြင္းရဲ့ နာမည္ကို ရိုနာဒို လို႔ ေျပာင္းလဲၿပီး ဂုဏ္ျပဳေပးဖို႔ စိတ္ကူးရွိေနတဲ့ စပို႔တင္း
*******************************************

စပို႔တင္း အသင္းကေတာ့ သူတို႔ရဲ့ အကယ္ဒမီ ကေန ေမြးထုတ္ေပးလိုက္တဲ့ လက္ရွိ ကမၻာ့အေကာင္းဆုံး ေဘာလုံးသမားေတြထဲ က တစ္ဦးအျဖစ္ ပါဝင္လၽွက္ ရွိေနတဲ့ တိုက္စစ္ ကစားသမားႀကီး ရိုနာဒို ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ အသင္းရဲ့ ကြင္းအမည္ကို ေျပာင္းလဲကာ ၊ ခရစၥတီယာနို ရိုနာဒို အရီနာ လို႔ သတ္မွတ္ေခၚေဝၚဖို႔ စိတ္ကူးရွိေနတဲ့ အေၾကာင္း အသင္း ဥကၠဌႀကီး ကိုယ္တိုင္ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ရိုနာဒိုဟာ 2003 ခုႏွစ္မွာ ယူနိုက္တက္ ကို ေျပာင္းေရႊ႕ လာခဲ့ၿပီးေနာက္ပိုင္း ၊ သူ႔ရဲ့ ကမၻာ့ေဘာလုံး စင္ျမင့္ထက္ကို တက္ေရာက္နိုင္မယ့္ စာမ်က္ႏွာေတြကို တစ္ေျဖးေျဖး ဖြင့္လွစ္လာခဲ့ကာ ေနာက္ဆုံးမွာေတာ့ ေဘာလုံးေလာကရဲ့ အေအာင္ျမင္ဆုံး ကစားသမား တစ္ေယာက္ အျဖစ္ပါ သတ္မွတ္ခဲ့ထားရၿပီ ျဖစ္ပါတယ္။

အထူးသျဖင့္ သူ႔ရဲ့ ပုံရိပ္ နဲ႔ စြမ္းေဆာင္ရည္ဟာ ေမြးရပ္ေၿမ ေပၚတူဂီမွာ ပိုၿပီးေတာ့ေတာင္ ႀကီးမားလြန္းၿပီး ၊ နိုင္ငံ့ရဲ့ ရတနာ တစ္ပါး အျဖစ္ပါ တင္စားေနၾကတာေၾကာင့္ ၊ အခုလို စပို႔တင္း အသင္းဘက္က ျပင္ဆင္လာခဲ့တာ ျဖစ္ပါတယ္။

ေပၚတူဂီ ရဲ့ ေဘာလုံးသမိုင္းေၾကာင္း တစ္ေလၽွာက္မွာ ကမၻာေက်ာ္ ေဘာလုံးသမားေပါင္း ေျမႇာက္မ်ားစြာ ေပၚထြက္ထားခဲ့သည့္နိုင္ေအာင္ ၊ လက္ေရြးစင္ အသင္းရဲ့ ေအာင္ျမင္မွုကိုေတာ့ မည္သူကမွ ဦးေဆာင္ၿပီး ရယူနိုင္ခဲ့ျခင္း မရွိပဲ ၊ ရိုနာဒို ရဲ့ လက္ထက္မွသာ ပထမဆုံး သမိုင္းဝင္ ေအာင္ျမင္မွုေတြ ရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။

ရိုနာဒိုဟာ ေပၚတူဂီ အသင္းအတြက္ ယူရို ဖလား နဲ႔ ဥေရာပ ေနးရွင္းလိဂ္ ဖလားေတြကိုပါ ဆြတ္ထားေပးနိုင္ခဲ့ၿပီးေနာက္ ၊ လက္ေရြးစင္ သြင္းဂိုးကလဲ စုစုေပါင္း 94 ဂိုးအထိ ရွိလာခဲ့ၿပီ ျဖစ္ကာ ၊ ဥေရာပ ရဲ့ နိုင္ငံတကာသြင္းဂိုး အမ်ားဆုံး ေဘာလုံးသမား တစ္ေယာက္ အျဖစ္ ရပ္တည္လၽွက္ ရွိေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ သူ႔ရဲ့ မတူညီတဲ့ ဥေရာပ ထိပ္သီးလိဂ္ 3 ခုမွာ ဆုဖလးေတြ ဆြတ္ခူးနိုင္ေအာင္ စြမ္းေဆာင္ေပးထားတာက ဂုဏ္ယူစရာ ေကာင္းသလို ၊ ခ်န္ပီယံလိဂ္ လို ေဘာလုံးၿပိဳင္ပြဲႀကီးမွာေတာင္ အျမင့္ဆုံး မွတ္တမ္းေတြ သြင္းဂိုးေတြ ရယူထားတာက ေက်နပ္စရာပါ။

အဲဒီလို အမ်ိဳးမ်ိဳးေသာ ေအာင္ျမင္မွုေတြကို သိမ္းပိုက္ထားတဲ့ အတြက္ေၾကာင့္ပဲ စပို႔တင္း အသင္းဟာ သူတို႔ရဲ့ ပုံရိပ္ကို ျမႇင့္တင္ရင္း ၊ အကယ္ဒမီ ကေန ေမြးထုတ္ေပးခဲ့တဲ့ ကစားသမား တစ္ေယာက္ကို ဂုဏ္ျပဳဖို႔ စိတ္ကူးလာခဲ့တဲ့ အေၾကာင္းကို အခုလို ထုတ္ေဖာ္ ေျပာဆိုလာခဲ့ ပါတယ္။

“ အသင္း ရဲ့ အမည္ကို ရိုနာဒို ရဲ့ နာမည္ ေျပာင္းလဲ သတ္မွတ္ဖို႔က က်ေနာ္တို႔ ရဲ့ ကနဦး စဥ္းစားေနတဲ့ အိုက္ဒီယာ တစ္ခုပါ။ တကယ္လဲ ေဆာင္ရြက္ျဖစ္ခဲ့တယ္ ဆိုရင္ေတာ့ အရမ္းကို ဂုဏ္ယူစြာနဲ႔ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ရိုနာဒို ဆိုတာ က်ေနာ္တို႔ စပို႔တင္းရဲ့ သေကၤတ တစ္ခုျဖစ္သလို ၊ အသင္းရဲ့ သမိုင္းေၾကာင္းမွာလဲ တစ္ေနရာ ကေန မားမားမတ္မတ္ ရပ္တည္ေနမွာ ေသခ်ာပါတယ္။ ဒါေၾကာင့္မို႔ ကမၻာ့အေကာင္းဆုံး ကစားသမား တစ္ဦး နဲ႔ ကလပ္ အသင္းတို႔အၾကား ဆက္ႏႊယ္ေနတဲ့ သံေယာဇဥ္ေတြကို က်ေနာ္တို႔က ထာဝရ ခိုင္ျမဲေအာင္ ထိန္းသိမ္း တည္ေဆာက္သြားခ်င္တာပါ” လို႔ စပို႔တင္း ဥကၠဌ ဖက္ဒရီကို ဗာရန္ဒက္ က ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

စပို႔တင္း အသင္းရဲ့ လက္ရွိ ကြင္းအမည္ဟာ အက္စ္တာဒီယို ဟိုေဆး အယ္ဗာလာဒီ ျဖစ္ၿပီး ၊ စုစုေပါင္း ပရိသတ္ 50000 အထိ ဝင္ဆံတာ ျဖစ္ပါတယ္။ 2003 ခုႏွစ္ ကေတာ့ ဥေရာပ ဖလားပြဲစဥ္ေတြ လက္ခံ က်င္းပမွာျဖစ္တာေၾကာင့္ ၊ ျပဳျပင္တည္ေဆာက္မွုေတြ ရွိခဲ့သလို ၊ ကြင္းရဲ့ အမည္ကိုလဲ ေျပာင္းလဲခဲ့ျခင္း မရွိတာ 1956 ခုႏွစ္ ကတည္းကလို႔ သိရပါတယ္။

တကယ္လို႔သာ ရိုနာဒို ရဲ့ အမည္ အျဖစ္ ေျပာင္းလဲ သတ္မွတ္ေပးလိုက္မယ္ ဆိုရင္ေတာ့ ကစားသမား အတြက္ ေနာက္ထပ္ ဂုဏ္ယူစရာ ေကာင္းတဲ့ ေအာင္ျမင္မွု တစ္ခုကို ရယူသြားမွာလို႔ ဆိုရမွာ ျဖစ္သလို ၊ လက္ရွိ ေမာ္ဒန္ ေဘာလုံး သမားေတြထဲမွာ အဲဒီလိုမ်ိဳး ဂုဏ္ျပဳခံရတဲ့ ရွားရွားပါးပါး ကစားသမား အျဖစ္လဲ ရပ္တည္သြားမွာ ျဖစ္ပါတယ္။

ရိုနာဒို ဆိုတာ အဲဒီလို ထင္ရွားတဲ့ ဂုဏ္ျပဳ ခ်ီးျမႇင့္မွုေတြ နဲ႔လဲ ထိုက္တန္တဲ့သူ တစ္ေယာက္ပါဗ်ာ………

SM