Unicode

Greatest of All Time ( GOAT ) ဆိုတဲ့ စကား ကို အားကစား နယ်ပယ်တွေ မှာ အသုံးများ ကြပါတယ် ။ ဒီ အားကစား ( တင်းနစ် ၊ ဘောလုံး စသည် ) ရဲ့ ဖြစ်တည် လာတဲ့ သမိုင်း တစ်လျောက် မှာ အကြီး ကျယ် အခမ်း နားဆုံး ၊ အကောင်းဆုံး ကစား သမား ဆိုတဲ့ သဘောပါ ။ ဘောလုံး မှာတော့ ဒီ GOAT ကိစ္စ နဲ့ ပတ်သက် ပြီး အငြင်း အခုန် တွေ ဖြစ် နေကြ ပါတယ် ။

အများစု က ဘာစီလိုနာ နဲ့ အာဂျင် တီးနား တိုက်စစ်မှုး မက်ဆီ ဟာ ဘောလုံး သမိုင်း ရဲ့ တစ်ဦး တည်းသော GOAT လို့ သတ်မှတ် ခဲ့ကြ ပါတယ် ။ အချို့ ကတော့ မက်ဆီ ရော ခရစ္စတီယာနို ရိုနယ်ဒို ကိုပါ ပူးတွဲ ပေးချင် ခဲ့ကြ ပြီး အနည်းငယ် ကတော့ ဘယ် ကစား သမား က မှ ဒီလောက် ကြီးမြတ်တဲ့ ဂုဏ်ပုဒ် နဲ့ ထိုက်တန်အောင် ပြီးပြည့်စုံခြင်း မရှိ သေးဘူး လို့ ပြောလာခဲ့ ကြပါတယ် ။

အခု ဒီ GOAT ကိစ္စ ထဲ ကို ၀င်ရောက် ဆွေးနွေး လာခဲ့သူ ကတော့ မော်ရင်ဟို ပါပဲ ။ ပေါ်တို ၊ အင်တာ ၊ ချဲလ်ဆီး ၊ ရီးရဲ မက်ဒရစ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေ ကို ကိုင်တွယ် ပြီး ကမ္ဘာ့ အကောင်း ဆုံး နည်းပြ တွေ ထဲ က တစ်ဦး ဖြစ်ခဲ့သူ မော်ရင်ဟို က တော့ မက်ဆီ ရော ခရစ္စတီယာနို ရိုနယ်ဒို ကို ပါ GOAT အဖြစ် မသတ်မှတ် လိုခဲ့ ပါဘူး ။

“အရည် အသွေး အကြောင်း ပြောရရင် တော့ သူက အမြဲတမ်း ထိပ်ဆုံးက ဖြစ်နေ မှာပါ” လို့ ဆိုပြီး မော်ရင်ဟို ရွေးချယ် ခဲ့တဲ့ အကြီးမြတ်ဆုံး သော ဘောလုံး သမား ကတော့ ဘရာဇီး တိုက်စစ်မှုးကြီး ရိုနယ်ဒို နာဇာရီယို ပဲ ဖြစ် ပါတယ် ။

“ရိုနယ်ဒို နဲ့ မက်ဆီ တို့ ဟာ ထိပ်တန်း အဆင့် ကို နှစ်ပေါင်း များစွာ ကြာအောင် ထိန်း ထားနိုင် ခဲ့ ပါတယ် ။ သူတို့ ခြေစွမ်း ပြလာ တာ ၁၅ နှစ် ကျော် ခဲ့ ပါပြီ ။ ဒါမျိုး ကို ဘယ် ကစား သမား က မှ မလုပ်ပြ နိုင် ခဲ့ ပါဘူး ။ သူတို့ ၂ ယောက် စလုံး ဟာ ဘောလုံး သမိုင်း မှာ မြင်တွေ့ ရခဲလွန်း တဲ့ ကစား သမားတွေပါ”

“ဒါပေမယ့် ဘောလုံး အရည် အသွေး နဲ့ လုပ်နိုင်စွမ်း အကြောင်း ကို ပြောမယ် ဆိုရင်တော့ ရိုနယ်ဒို နာဇာရီယို က အကြီးမြတ်ဆုံး သော ဘောလုံး သမား ဖြစ် နေမှာပါ ။ အခု အချိန် အထိ သူ့ရဲ့ ဘောလုံး စွမ်းရည် ကို ဘယ်သူ မှ မကျော်ဖြတ် နိုင်သေး ပါဘူး”

“ဘာစီလိုနာ မှာတုန်း ကတည်းက ရိုနယ်ဒို ဟာ ကမ္ဘာ့ အကောင်းဆုံး ဖြစ်လာ မယ် လို့ ကျွန်တော် ယုံကြည် နေခဲ့ တာပါ ။ သူ ဟာ ကွင်းထဲ မှာ ဘယ်သူ မှ မစွမ်းဆောင် ပြနိုင်တဲ့ အရည် အသွေး ပေါင်းများစွာ ကို တစ်ပွဲ တည်းနဲ့ ပြသ နိုင်တဲ့ သူပါပဲ”

“စိတ်မကောင်း စရာ ကတော့ ဒဏ်ရာ တွေ က သူ့ဘဝ ကို သတ်ခဲ့ တာပါ ။ တကယ်လို့ သူဟာ အခု မက်ဆီ တို့လောက် ကြာအောင် ကစားနိုင် မယ် ဆိုရင် GOAT အဖြစ် သတ်မှတ် ဖို့ ဘယ်သူမှ ငြင်းကြမယ် မထင် ပါဘူး” လို့ မော်ရင်ဟို က ပြောပြ သွားခဲ့ ပါတယ် ။

ရိုနယ်ဒို နာဇာရီယို ဟာ နယ်သာလန် ကလပ် PSV နဲ့ အတူ ဥရောပ ဘောလုံး လောက ထဲ ကို စတင် ခြေချ ခဲ့ပြီး နယ်သာလန် မှာ ပြသ နေတဲ့ ခြေစွမ်း တွေ ကြောင့် ဘာစီလိုနာ နည်းပြကြီး ဘော်ဘီ ရော့ဘ်ဆင် ရဲ့ ခေါ်ယူခြင်း ကို ခံခဲ့ ရ ပါတယ် ။

ဘာစီလိုနာ မှာ တော့ ရိုနယ်ဒို ဟာ အထူး တောက်ပ ခဲ့ပြီး အချိန် အနည်းငယ် သာ ကစားခဲ့ရ ပေမယ့် အကောင်းဆုံး ဘောလုံး သမား တစ်ဦး အဖြစ် ကို ရောက်ရှိ နေပြီ ဆိုတာ အားလုံးက လက်ခံ ခဲ့ကြ ပါတယ် ။ ရိုနယ်ဒို ရဲ့ အတောက်ပဆုံး ကာလ တွေ ကတော့ အီတလီ စီးရီးအေ ကလပ် အင်တာ မီလန် နဲ့ ဖြစ်ပြီး စီးရီးအေ ရွှေခေတ် မှာ အခြား သော ကမ္ဘာ ကျော် ဘောလုံး သမားတွေ ထက် ပိုပြီး ရိုနယ်ဒို က ကျော်ကြားခဲ့ ပါတယ် ။

နိုင်ငံ လက်ရွေးစင် ဖြစ်တဲ့ ဘရာဇီး မှာလည်း ရိုနယ်ဒို ဟာ အောင်မြင်မှု များစွာ ရရှိ ခဲ့ပြီး ကမ္ဘာ့ ဖလား အပါ အဝင် ကိုပါ အမေရိက ဖလားတွေကို ဆွတ်ခူး ရယူနိုင် ခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ရွှေဘောလုံး ဆု ကို ၃ ကြိမ် ရရှိ ခဲ့ ဖူးပြီး ဒဏ်ရာတွေ ကြောင့် အကောင်းဆုံး ခြေစွမ်းတွေ ကို စောစီးစွာ ဆုံးရှုံး ခဲ့ရသူ ဖြစ် ပါတယ် ။

လက်ရှိ မှာတော့ စပိန် လာလီဂါ ကလပ် အသင်း တစ်သင်း ကို ၀ယ်ယူပြီး စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းတွေ ကို လုပ်ဆောင် ကာ ဘောလုံး လောက အတွင်းမှာ ဆက်လက် နေထိုင်လျက် ရှိ ပါတယ် ။ မော်ရင်ဟို ကတော့ ရိုနယ်ဒို ဘာစီလိုနာ ကို ရောက်လာ ချိန် မှာ နည်းပြ ရော့ဘ်ဆင် ရဲ့ စကားပြန် ၊ လက်ထောက် နည်းပြ အဖြစ် နဲ့ ရှိနေ ခဲ့ပြီး ရိုနယ်ဒို အပါ အဝင် လက်ရှိ မန်စီးတီး နည်းပြ ဂွာဒီယိုလာ ၊ ဘာကာ နဲ့ စပိန် နည်းပြဟောင်း လူးဝစ် အင်းနရစ် တို့ကို နည်းပေး လမ်းပြ ခဲ့ဖူး သူ ဖြစ် ပါတယ်

SPORTS MYANMAR

Zawgyi

တပည့်ဟောင်း ဟာ ဘောလုံးသမိုင်းရဲ့ အကြီးမြတ်ဆုံး ကစားသမား ( GOAT ) လို့ ဆိုခဲ့တဲ့ မော်ရင်ဟို

===========================================













SPORTS MYANMAR