Unicode

ဂျာမနီ အသင်း နည်းပြ ဂျိုအာချင်လို က ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားတုန်းက အာဆင်နယ် ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ဟာ လူငယ် ကြယ်ပွင့် ဂနာဘရီ ကို ရွေးချယ်ဖို့ သူ့ကို တိုက်တွန်း အကြံဉာဏ် ပေးခဲ့တယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဂျာမနီ တောင်ပံ ကစားသမား ဂနာဘရီ ဟာ ယခု လက်ရှိ အချိန်မှာ ဥရောပရဲ့ စိတ်အလှုပ်ရှားစရာ အကောင်ဆုံး တိုက်စစ် ကစားသမား တစ်ဦး အဖြစ် သတ်မှတ် ခံထားရပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း တော့တင်ဟမ် အသင်းဘက်ကို တစ်ဦးတည်း လေးဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ဒါ့အပြင် ဂနာဘရီ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကအာဂျင်တီးနား အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ဂိုးသွင်းယူ နိုင်ခဲ့ပြီး ဂျာမနီ လက်ရွေးစင် အသင်းအတွက် ပွဲအနည်းဆုံး ကစားပြီး သွင်းဂိုး ၁၀
ဂိုး (၁၁ ပွဲ ) အမြန်ဆုံး ပြည့်မြောက်တဲ့ ကစားသမား ဖြစ်လာ ခဲ့ပါတယ် ။

ဂျာမနီ နည်းပြ ဂျိုအာချင်လို က အက်စ်တိုနီးယား အသင်း နဲ့ ယူရို ခြေစစ်ပွဲ မတိုင်မှီ ခြေစမ်းပွဲမှာ ဂနာဘရီ နဲ့ ပတ်သက်ပြီး ” သူ(ဂနာဘရီ) အသက် ၁၈ နှစ် အရွယ်ပဲ ရှိသေးတဲ့ အချိန် ၊ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား တုန်းက သူ့ကို လက်ရွေးစင် အသင်းကြီးမှာ အမှန်တကယ် ရွေးချယ် ခဲ့ချင်တာပါ ။ ”

” ပါမာတီဆက်ကာ နဲ့ မီဆွတ် အိုဇေးလ် တို့က ဂနာဘရီ ဟာ လေ့ကျင့်ရေးကွင်းမှာ အရမ်းမိုက်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ကြောင်း နဲ့ အရမ်းလည်း မြန်ဆန်ကြောင်း ကျနော့်ကို ပြောပါတယ် ၊ နောက်တော့ သူ ဒဏ်ရာ ရသွားခဲ့ပါတယ် ။ ”

” သူ့မှာ သိပ်ကို ထူးခြား ကောင်းမွန်တဲ့ အရည်အသွေးကို ပိုင်ဆိုင် ထားပြီး ထိပ်တန်း အဆင့်မှာ ကစားနိုင်စွမ်း ရှိတဲ့သူပါ ၊ ကြံ့ခိုင်မှု ပြည့်ဝ လာတဲ့ အချိန်မှာတော့ သူဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေ ပြသနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဂနာဘရီ ဟာ ၂၀၁၁ ခုနှစ်တုန်းက စတုဂတ် အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိ လာသူ ဖြစ်ပြီး နောက်တစ်နှစ် အကြာမှာပဲ အသင်းကြီးမှာ စတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဂနာဘရီ ဟာ အာဆင်နယ် အသင်း ကစားသမား ဘဝ ပထမဆုံးဂိုးကို ဆွမ်ဆီး အသင်း နဲ့ ပွဲမှာ သွင်းယူ နိုင်ခဲ့ပါတယ် ။

ဂနာဘရီ ဟာ ခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်လာတဲ့ အချိန်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက် ဝက်စ်ဘရွန်း အသင်းကို အငှားထွက် ကစားခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဂနာဘရီ ဟာ ဝက်စ်ဘရွန်း အသင်းမှာ ၃ ပွဲသာ ကစားခွင့် ရခဲ့ပြီး လူငယ် အသင်းကို ပို့ဆောင် ခံခဲ့ရပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာဆင်ဝင်းဂါး ဟာဂနာဘရီ ကို ကာလရှည် စာချုပ် သက်တမ်း တိုးဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကို ပြောင်းရွှေ့ လိုတာကြောင့် ဝါဒါဘရီမင် အသင်းကို ပေါင် ၅ သန်းနဲ့အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

ဂနာဘရီ ဟာ ဝါဒါဘရီမင် ၁၁ ဂိုး အထိ သွင်းယူပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ရာသီကုန် အမှာပဲ ဘိုင်ယန်မြူးနစ် အသင်းက ပြောင်းရွှေ့ ကြေး ယူရို ၈ သန်းနဲ့ အရ ခေါ်ယူ ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဘိုင်ယန် မြူးနစ် အသင်းဟာ ဂနာဘရီ ကို ဟော့ဖန်ဟိမ် အသင်းထံ တစ်ရာသီအငှား ပြန်ချထား ခဲ့ပါတယ် ။

ဟော့ဖန်ဟိမ်း အသင်းမှာလည်း ဂနာဘရီ ဟာ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု၇ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ ဂနာဘရီ ကို အသင်းကြီးထံ ပြန်လည် ခေါ်ယူခဲ့ပြီး ပုံမှန် ပွဲထွက်ခွင့် ကစားပေးခဲ့ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂနာဘရီ ဟာ သူ့ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားခွင့် ရခဲ့ပြီး ၁၃ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။ဒါ့အပြင် ဂနာဘရီ ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ ပြည်တွင်းဖလား နှစ်လုံး ရရှိခဲ့သလို တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

၂၀၁၄ ခုႏွစ္ ကမၻာ့ဖလားတုန္းက အာဆင္နယ္ လူငယ္ၾကယ္ပြင့္ကို ေရြးခ်ယ္ဖို႔ ဂ်ိဳအာခ်င္လို ကို တိုက္တြန္း အႀကံဉာဏ္ေပးခဲ့တဲ့ အိုေဇးလ္
==================================

ဂ်ာမနီ အသင္း နည္းၿပ ဂ်ိဳအာခ်င္လို က ၂၀၁၄ ခုႏွစ္ ကမၻာ့ဖလားတုန္းက အာဆင္နယ္ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ ဟာ လူငယ္ ၾကယ္ပြင့္ ဂနာဘရီ ကို ေရြးခ်ယ္ဖို႔ သူ႔ကို တိုက္တြန္း အႀကံဉာဏ္ ေပးခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာၾကား လိုက္ပါတယ္ ။

ဂ်ာမနီ ေတာင္ပံ ကစားသမား ဂနာဘရီ ဟာ ယခု လက္ရွိ အခ်ိန္မွာ ဥေရာပရဲ့ စိတ္အလွုပ္ရွားစရာ အေကာင္ဆုံး တိုက္စစ္ ကစားသမား တစ္ဦး အျဖစ္ သတ္မွတ္ ခံထားရၿပီး ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာလည္း ေတာ့တင္ဟမ္ အသင္းဘက္ကို တစ္ဦးတည္း ေလးဂိုး သြင္းယူ ေပးခဲ့ပါတယ္ ။

ဒါ့အျပင္ ဂနာဘရီ ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကအာဂ်င္တီးနား အသင္းနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာလည္း ဂိုးသြင္းယူ နိုင္ခဲ့ၿပီး ဂ်ာမနီ လက္ေရြးစင္ အသင္းအတြက္ ပြဲအနည္းဆုံး ကစားၿပီး သြင္းဂိုး ၁၀
ဂိုး (၁၁ ပြဲ ) အျမန္ဆုံး ျပည့္ေျမာက္တဲ့ ကစားသမား ျဖစ္လာ ခဲ့ပါတယ္ ။

ဂ်ာမနီ နည္းၿပ ဂ်ိဳအာခ်င္လို က အက္စ္တိုနီးယား အသင္း နဲ႔ ယူရို ေျခစစ္ပြဲ မတိုင္မွီ ေျခစမ္းပြဲမွာ ဂနာဘရီ နဲ႔ ပတ္သက္ၿပီး ” သူ(ဂနာဘရီ) အသက္ ၁၈ ႏွစ္ အရြယ္ပဲ ရွိေသးတဲ့ အခ်ိန္ ၊ ၂၀၁၄ ခုႏွစ္ ကမၻာ့ဖလား တုန္းက သူ႔ကို လက္ေရြးစင္ အသင္းႀကီးမွာ အမွန္တကယ္ ေရြးခ်ယ္ ခဲ့ခ်င္တာပါ ။ ”

” ပါမာတီဆက္ကာ နဲ႔ မီဆြတ္ အိုေဇးလ္ တို႔က ဂနာဘရီ ဟာ ေလ့က်င့္ေရးကြင္းမွာ အရမ္းမိုက္တဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသနိုင္ေၾကာင္း နဲ႔ အရမ္းလည္း ျမန္ဆန္ေၾကာင္း က်ေနာ့္ကို ေျပာပါတယ္ ၊ ေနာက္ေတာ့ သူ ဒဏ္ရာ ရသြားခဲ့ပါတယ္ ။ ”

” သူ႔မွာ သိပ္ကို ထူးျခား ေကာင္းမြန္တဲ့ အရည္အေသြးကို ပိုင္ဆိုင္ ထားၿပီး ထိပ္တန္း အဆင့္မွာ ကစားနိုင္စြမ္း ရွိတဲ့သူပါ ၊ ႀကံ့ခိုင္မွု ျပည့္ဝ လာတဲ့ အခ်ိန္မွာေတာ့ သူဟာ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္သူ ျဖစ္ေၾကာင္း သက္ေသ ျပသနိုင္ခဲ့ပါတယ္ ။ ” လို႔ ေျပာၾကား လိုက္ပါတယ္ ။

ဂနာဘရီ ဟာ ၂၀၁၁ ခုႏွစ္တုန္းက စတုဂတ္ အသင္းကေန အာဆင္နယ္ အသင္းကို ေရာက္ရွိ လာသူ ျဖစ္ၿပီး ေနာက္တစ္ႏွစ္ အၾကာမွာပဲ အသင္းႀကီးမွာ စတင္ ပြဲထြက္ ကစားခြင့္ ရခဲ့ပါတယ္ ။ ဂနာဘရီ ဟာ အာဆင္နယ္ အသင္း ကစားသမား ဘဝ ပထမဆုံးဂိုးကို ဆြမ္ဆီး အသင္း နဲ႔ ပြဲမွာ သြင္းယူ နိုင္ခဲ့ပါတယ္ ။

ဂနာဘရီ ဟာ ေျခစြမ္းပိုင္း တိုးတက္ေကာင္းမြန္လာတဲ့ အခ်ိန္မွာ ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္ၾကာ အနားယူခဲ့ရၿပီး ဒဏ္ရာကေန ျပန္လည္ သက္သာလာခ်ိန္မွာ ပုံမွန္ ပြဲထြက္ခြင့္ ရဖို႔ အတြက္ ဝက္စ္ဘရြန္း အသင္းကို အငွားထြက္ ကစားခဲ့ပါတယ္ ။ ဒါေပမယ့္လည္း ဂနာဘရီ ဟာ ဝက္စ္ဘရြန္း အသင္းမွာ ၃ ပြဲသာ ကစားခြင့္ ရခဲ့ၿပီး လူငယ္ အသင္းကို ပို႔ေဆာင္ ခံခဲ့ရပါတယ္ ။

အာဆင္နယ္ အသင္း နည္းၿပ အာဆင္ဝင္းဂါး ဟာဂနာဘရီ ကို ကာလရွည္ စာခ်ဳပ္ သက္တမ္း တိုးဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကစားသမား ကိုယ္တိုင္က ပုံမွန္ ပြဲထြက္ခြင့္ ေပးနိုင္မယ့္ အသင္းကို ေျပာင္းေရႊ႕ လိုတာေၾကာင့္ ဝါဒါဘရီမင္ အသင္းကို ေပါင္ ၅ သန္းနဲ႔အၿပီးသတ္ ေျပာင္းေရႊ႕ သြားခဲ့ပါတယ္ ။

ဂနာဘရီ ဟာ ဝါဒါဘရီမင္ ၁၁ ဂိုး အထိ သြင္းယူၿပီး ေျခစြမ္းၿပ ကစားနိုင္ခဲ့တာေၾကာင့္ ရာသီကုန္ အမွာပဲ ဘိုင္ယန္ျမဴးနစ္ အသင္းက ေျပာင္းေရႊ႕ ေၾကး ယူရို ၈ သန္းနဲ႔ အရ ေခၚယူ ခဲ့ပါတယ္ ။ ဒါေပမယ့္လည္း ဘိုင္ယန္ ျမဴးနစ္ အသင္းဟာ ဂနာဘရီ ကို ေဟာ့ဖန္ဟိမ္ အသင္းထံ တစ္ရာသီအငွား ျပန္ခ်ထား ခဲ့ပါတယ္ ။

 

ေဟာ့ဖန္ဟိမ္း အသင္းမွာလည္း ဂနာဘရီ ဟာ သူ႔ရဲ့ ေျခစြမ္းေကာင္းေတြ ဆက္လက္ ထိန္းသိမ္း ထားနိုင္ခဲ့ၿပီး ၁၀ ဂိုး သြင္းယူကာ ဂိုးဖန္တီးမွု၇ ႀကိမ္ ျပဳလုပ္ နိုင္ခဲ့ပါတယ္ ။ ဒါေၾကာင့္ ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဂနာဘရီ ကို အသင္းႀကီးထံ ျပန္လည္ ေခၚယူခဲ့ၿပီး ပုံမွန္ ပြဲထြက္ခြင့္ ကစားေပးခဲ့ပါတယ္ ။

အသက္ ၂၃ ႏွစ္ အရြယ္ ရွိၿပီ ျဖစ္တဲ့ ဂနာဘရီ ဟာ သူ႔ရဲ့ ဘိုင္ယန္ျမဴးနစ္ ကစားသမား ဘဝ ပထမဆုံး ရာသီမွာတင္ ၿပိဳင္ပြဲစုံ ၄၂ ပြဲ ကစားခြင့္ ရခဲ့ၿပီး ၁၃ ဂိုးအထိ သြင္းယူ ေပးနိုင္ခဲ့ပါတယ္ ။ဒါ့အျပင္ ဂနာဘရီ ဟာ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ အတူ ျပည္တြင္းဖလား ႏွစ္လုံး ရရွိခဲ့သလို တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္ ။

SPORTS MYANMAR