Unicode
ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စုပွဲစဉ်မှာ အီတလီ အသင်းက ဂရိ အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အီတလီအသင်းဟာ ပြီးခဲ့တဲ့ ပွဲတွေမှာလည်း အနိုင်ရထားခဲ့တာဖြစ်လို့ အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်း ကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။
အီတလီ အသင်းဟာ နောက်တဆင့် အတွက် မျှော်လင့်ချက်မရှိတော့တဲ့ ဂရိ အသင်းကို အိမ်ကွင်းမှာ ဧည့်ခံခဲ့ရပေမယ့် ဒုတိယပိုင်းရောက်မှာ အနိုင်ဂိုးတွေရခဲ့တာဖြစ်ပါတယ်။ဂိုးတွေကိုတော့ ပွဲချိန် ၆၃မိနစ်မှာရခဲ့တဲ့ ပင်နယ်တီကနေ ဂျော်ဂျင်ဟိုနဲ့ ပွဲချိန် ရ၈ မိနစ်မှာ ဘာနာဒက်ချီ တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီပွဲအနိုင်ကြောင့် ရပွဲကစားအပြီးမှာ ၂၁ မှတ်ပြည့်ရရှိခဲ့လို့ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားခဲ့ပြီလည်းဖြစ်ပါတယ်။နာမည်ကြီး အီတလီ အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ခြေစစ်ပွဲမအောင့်မမြင် ဖြစ်ခဲ့ရမှုကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ အီတလီ အတွက် အဖွင့်ဂိုးသွင်းယူ ပေးခဲ့တဲ့ ဂျော်ဂျင်ဟိုအတွက်တော့ နောက်ဆုံးကန်သွင်းယူခဲ့တဲ့ ပင်နယ်တီ၃ကြိမ်ဆက် ဂိုးအဖြစ် ပြောင်းလဲလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။သူဟာ အီတလီအတွက်ကစားပေးရင်းဖင်လန်အသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ် နဲ့ ချဲဆီးလ်အတွက် ဘရိုက်တန် အသင်းကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ ပင်နယ်တီဂိုးတွေ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲခဲ့အပြီး ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင် ခွင့်ရခဲ့တဲ့ အပေါ်ဂျော်ဂျင်ဟိုက – ” ဒီနေ့ပွဲ တကယ့်ကို ဆန်းပြားတဲ့ ရလဒ်မျိုးဖြစ်ပါတယ်။အထူးသဖြင့် ပြီးခဲ့တဲ့ ၂နှစ်လောက်တုနး်က ကျွန်တော်တို့ ဖြတ်သန်းထားခဲ့ရတဲ့ ထိတ်လန့်စရာအခြေအနေကို ပြန်စဉ်းစားကြည့်ရင်ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ဒီလို အနေအထားမျိုးရဖို့ ထိုက်တန်ပါတယ်။ဒါကြောင့်လည်း အမှန်တကယ် လုံးဝကို ကျေနပ်ပျော်ရွှင်နေပါတယ်။ဒီပြိုင်ပွဲကြီးမှာပါဝင်ခွင့်ရဖို့ အတော်လေး ဆန္ဒပြင်းပြခဲ့ပြီး ရအောင်လည်း တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။
ဂျော်ဂျင်ဟိုဟာ ချဲဆီးလ် အသင်းမှာသာ မကပဲ အီတလီ အသင်းရဲ့ ပင်တိုင် ပင်နယ်တီ့ကန်သွင်းသူတဦးအဖြစ်ရှိနေတာဖြစ်ပါတယ်။ကစားသမား ဘဝတလျှောက် လုံးမှာ ပင်နယ်တီကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်မှုရာခိုင် နှုန်း ၉၃.၇ အထိ ရှိထားတဲ့ အပေါ် ဂျော်ဂျင်ဟို က –
” ကျွန်တော့်အတွက်ကံဆိုးမှု တွေခင်ဗျားတို့ ယူလာနေတာလားဗျာ ( ရယ်လျက် ) ။ကျွန်တော်ဟာပင်နယ်တီကန်သွင်းမှုတွေအတွက် အတော်ကြိုးစားလေ့ကျင့်ထားတာဖြစ်ပါတယ်။ဒါပေမယ့် အသင်းရဲ့ ရလဒ်အတွက် ကျွန်တော်ပိုပြီးပျော်ရွှင်မိပါတယ်။ဒီပွဲကို အနိုင်ရခဲ့တာဟာ အတော်လေးကြီးမြတ်ပြီး ကျွန်တော်တို့ဟာ နိုင်ပွဲနဲ့ လည်း ထိုက်တန်ခဲ့တာ ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ကစားသမားကောင်းတွေပါဝင်တဲ့ အစုအဖွဲ့ဖြစ်တယ်ဆိုတာကိုု မိမိကိုယ်ကိုယ်ကြိုးစား သက်သေပြသနေတာဖြစ်ပတယ်။အားလုံးက တူညီတဲ့ စာမျက်နှာတခုပေါ်မှာ ရှိနေတာဖြစ်ပြီး ဒီလို အခြေအနေတွေမှာ အလုပ်လုပ်ရတာပျော်စရာကောင်းပါတယ်။ ဒီနေ့ညပွဲစဉ်မှာ အိုလံပီကို ကွင်းကြီး အတွင်းမှာ လာရောက် အားပေးတဲ့ ပရိသတ်အင်အားကလည်း တကယ့်ကိုအံံ့မခန်းပါပဲ။
လာမယ့်နှစ် ဇွန်လမှာ သူတို့ရဲ့ စိတ်အားထက်သန်မှုကပိုတောင်များလာဦးမယ်ဆိုတာ သေချာပါတယ်။ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်ဖို့အတွက် အရာရာ လုပ်သွားမှာဖြစ်ပါတယ်။သူတို့ရဲ့ အားပေးမှု နဲ့ အတူရှိနေတဲ့ ဝန်းကျင် မှာပွဲတွေကစားရတာ အံ့သြစရာကောင်းပါတယ် ” လို့ပြောခဲ့ပါတယ်။
SPORTS MYANMAR
Zawgyi
ပင်နယ်တီကန်သွင်းမှုတွေမှာ ဘာကြောင့် ဆရာကျ နေတာလည်းဆိုတာပြောပြလိုက်တဲ့ #ဂျော်ဂျင်ဟို
====================================