Unicode

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကြီး ဟာ ပွဲစဉ် ၈အထိ ကျင်းပပြီးစီး ထားခဲ့ပြီဖြစ်ပြီး ချန်ပီယံဆုအတွက် နည်းပြကလော့ပ်ရဲ့ လီဗာပူး အသင်းက ရေပန်း အစားဆုံး ဖြစ်နေပြီဖြစ်ပါတယ်။သူတို့ဟာ ပွဲစဉ်၈အပြီးမှာ ဒုတိယနေရာလက်ရှိချန်ပီယံမန်စီးတီး အသင်းကို ၈မှတ်အထိဖြတ်ပြီး တကောင်းတည်းပြေးနေပြီလည်းဖြစ်ပါတယ်။

mane

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ချန်ပီယံ ဆုအတွက် နောက်ဆုံးရာသီပိတ် ပွဲစဉ်အထိ အပြိုင် ကြိုးစားသွားခဲ့ရပြီး မန်စီးတီးအသင်းကလီဗာပူး အသင်းကို ရမှတ်တမှတ်အသာနဲ့ နောက်ကောက်ချခဲ့တာဖြစ်ပါတယ်။လီဗာပူး တို့ဟာ အဆိုပါအခြေအနေမျိုးထပ်မကြုံရစေဖို့ အတော်လေးအာရုံစိုက်နေပြီး ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစားကစားထားပါတယ်။

လက်တလောရမှတ်ပိုင်းနဲ့ခြေစွမ်းပိုင်းအရ လီဗာပူး အသင်းဟာသူတို့ရဲ့ သမိုင်းမှာ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကြီးကို အခြေအနေကောင်းနေပြီဖြစ်ပါတယ်။ဒါ့အပြင် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်လာနိုင်တဲ့ မန်စီးတီး အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကိုပိုပြီး အာရုံစိုက်ဖွယ်ရှိနေတာကြောင့် လီဗာပူးအတွက် ပိုပြီးအလေးသာနေတယ်လို့ ဘင်နီတက်က ယူဆနေတာဖြစ်ပါတယ်။

အခုနှစ် နွေရာသီအတွင်းမှာ နယူးကာဆ်ယ်အသင်းကနေ တရုတ်စူပါလိဂ်ကလပ် ဒါလီယန် ယိဖန်းအသင်းကိုပြောင်းသွားတဲ့ ဘင်နီတက်က –
” လက်ရှိအချိန် အမှတ်ပေး ဇယားကို ကြည့်လိုက်မယ်ဆိုရင် လီဗာပူး အသင်းက ကြီးမားတဲ့ အားသာချက် ရှိနေတာကို မြင်ရမှာဖြစ်ပါတယ်။အချိန်စောလွန်းနေသေးလို့ အများကြီး တော့ ပြောလို့မရသေးပါဘူး။ဒါပေမယ့်လည်း မန်စီးတီး အသင်းဟာနောက်ထပ် အမှားတွေ သိပ်ပြီး များများစားစား လုပ်လို့ မရတော့ပါဘူး။

ဒီလိုမှ မဟုတ်ရင်တော့ ဖိအားတွေက အရမ်းကိုများသွားပါလိမ့်မယ်။ရာသီနောက်ပိုင်းရောက်လာချိန်မှာ မန်စီးတီး အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲအကြောင်းကို စဉ်းစားလာကြတော့မှာ ဖြစ်ပြီး ပရီးမီးယားလိဂ်အပေါ် အာရုံစိုက်မှု လျော့သွားတော့မှာဖြစ်ပါတယ်။ဒါဟာလီဗာပူး အသင်းအတွက် ကောင်းသွားလိမ့်မယ်ဆိိုတာ အသိသာကြီးပါပဲ ” လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်းဟာ နိုင်ငံတကာပွဲတွေ အပြီး မှာတော့ ယူနိုက်တက် နဲ့ စပါး တို့ကို ဆက်တိုက်ရင်ဆိုင်သွားရဖို့ရှိနေပါတယ်။မန်စီးတီး အသင်းကိုတော့ နိုဝင် ဘာလအတွင်းမှာ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

လတ်တလောမှာ အခြေအနေဆိုးနေတဲ့ စပါး ၊ ယူနိုက်တက် အသင်းတွေ အပေါ် ဘင်နီတက်က –
” စပါး အသင်းမှာ ဘာတွေဖြစ်ပျက် ခဲ့တယ်ဆိုတာ ရှင်းပြရ အတော်လေးခက်ခဲပါတယ်။ဒါပေမယ့် လာမယ့်တရာသီလုံးသူတို့ ပိုကောင်းသွားမယ်လို့ ကျိန်းသေပြောရဲပါတယ်။သူတို့ အသင်းရဲ့ ဖွဲ့စည်းပုံစနစ်တွေ နဲ့ ကစားပုံအကြောင်းကိုတော့ပြောစရာမလိုပါဘူး။ဒါပေမယ့် နောက်ဆုံးပွဲတွေကို ကြည့်လိုက်မယ်ဆိုရင် မန်ချက်စတာမြို့ခံ အသင်းတွေက ဘောလုံးပိုင်ဆိုင်မှုသာခဲ့ပေမယ့် အနိုင်ရသွားတာက ဝုဗ်လ် နဲ့ နယူးကာဆယ်ဖြစ်ပါတယ်။

ဒါကြောင့် လည်းဘောလုံးပိုင်ဆိုင်မှုဟာဘယ်လောက်အထိ အရေးပါလဲ သို့မဟုတ် အခြားပွဲအစီအစဉ် ချမှတ်မှုနဲ့ တန်ပြန်တိုက်ကစားတာ အကျိုးရှိတာလားဆိုတဲ့ အပေါ်ကို စကားအချေအတင်ပြောစရာဖြစ်လာပါပြီ ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးကို ေက်ာ္ျပီးရယူသြားႏိုင္ဖို႔လီဗာပူးအသင္းရဲ႕ အားသာခ်က္က ဘာလဲဆိုတာေျပာျပလိုက္တဲ႔ #ဘင္နီတက္
==================================

ဒီရာသီပရီးမီးယားလိဂ္ျပိဳင္ပြဲျကီး ဟာ ပြဲစဥ္ ၈အထိ က်င္းပျပီးစီး ထားခဲ႔ျပီျဖစ္ျပီး ခ်န္ပီယံဆုအတြက္ နည္းျပကေလာ့ပ္ရဲ႕ လီဗာပူး အသင္းက ေရပန္း အစားဆံုး ျဖစ္ေနျပီျဖစ္ပါတယ္။သူတို႔ဟာ ပြဲစဥ္၈အျပီးမွာ ဒုတိယေနရာလက္ရွိခ်န္ပီယံမန္စီးတီး အသင္းကို ၈မွတ္အထိျဖတ္ျပီး တေကာင္းတည္းေျပးေနျပီလည္းျဖစ္ပါတယ္။

ဒီႏွစ္သင္းဟာ ျပီးခဲ႔တဲ႕ ရာသီတုန္းကလည္း ခ်န္ပီယံ ဆုအတြက္ ေနာက္ဆံုးရာသီပိတ္ ပြဲစဥ္အထိ အျပိဳင္ ျကိုးစားသြားခဲ႕ရျပီး မန္စီးတီးအသင္းကလီဗာပူး အသင္းကို ရမွတ္တမွတ္အသာနဲ႔ ေနာက္ေကာက္ခ်ခဲ႔တာျဖစ္ပါတယ္။လီဗာပူး တို႔ဟာ အဆိုပါအေျခအေနမ်ိဳးထပ္မျကံုရေစဖို႕ အေတာ္ေလးအာရံုစုိက္ေနျပီး ပြဲတိုင္းကို အႏိုင္ရေအာင္ ျကိုးစားကစားထားပါတယ္။

လက္တေလာရမွတ္ပိုင္းနဲ႔ေျခစြမ္းပိုင္းအရ လီဗာပူး အသင္းဟာသူတို႔ရဲ႕ သမိုင္းမွာ ပထမဆံုး ပရီးမီးယားလိဂ္ဖလားျကီးကို အေျခအေနေကာင္းေနျပီျဖစ္ပါတယ္။ဒါ့အျပင္ ခ်န္ပီယံဆုအတြက္ အဓိကျပိဳင္ဘက္ျဖစ္လာႏိုင္တဲ႔ မန္စီးတီး အသင္းက ခ်န္ပီယံလိဂ္ျပိဳင္ပြဲကိုပိုျပီး အာရံုစုိက္ဖြယ္ရွိေနတာေျကာင့္ လီဗာပူးအတြက္ ပိုျပီးအေလးသာေနတယ္လို႔ ဘင္နီတက္က ယူဆေနတာျဖစ္ပါတယ္။

အခုႏွစ္ ေႏြရာသီအတြင္းမွာ နယူးကာဆ္ယ္အသင္းကေန တရုတ္စူပါလိဂ္ကလပ္ ဒါလီယန္ ယိဖန္းအသင္းကိုေျပာင္းသြားတဲ႔ ဘင္နီတက္က –
” လက္ရွိအခ်ိန္ အမွတ္ေပး ဇယားကို ျကည့္လိုက္မယ္ဆိုရင္ လီဗာပူး အသင္းက ျကီးမားတဲ႔ အားသာခ်က္ ရွိေနတာကို ျမင္ရမွာျဖစ္ပါတယ္။အခ်ိန္ေစာလြန္းေနေသးလို႕ အမ်ားျကီး ေတာ့ ေျပာလို႕မရေသးပါဘူး။ဒါေပမယ့္လည္း မန္စီးတီး အသင္းဟာေနာက္ထပ္ အမွားေတြ သိပ္ျပီး မ်ားမ်ားစားစား လုပ္လို႕ မရေတာ့ပါဘူး။

ဒီလိုမွ မဟုတ္ရင္ေတာ့ ဖိအားေတြက အရမ္းကိုမ်ားသြားပါလိမ့္မယ္။ရာသီေနာက္ပိုင္းေရာက္လာခ်ိန္မွာ မန္စီးတီး အသင္းက ခ်န္ပီယံလိဂ္ျပိဳင္ပြဲအေျကာင္းကို စဥ္းစားလာျကေတာ့မွာ ျဖစ္ျပီး ပရီးမီးယားလိဂ္အေပၚ အာရံုစုိက္မွဳ ေလ်ာ့သြားေတာ့မွာျဖစ္ပါတယ္။ဒါဟာလီဗာပူး အသင္းအတြက္ ေကာင္းသြားလိမ့္မယ္ဆိုိတာ အသိသာျကီးပါပဲ ” လို႕ေျပာခဲ႔ပါတယ္။

လီဗာပူး အသင္းဟာ ႏိုင္ငံတကာပြဲေတြ အျပီး မွာေတာ့ ယူႏိုက္တက္ နဲ႔ စပါး တို႔ကို ဆက္တိုက္ရင္ဆိုင္သြားရဖို႔ရွိေနပါတယ္။မန္စီးတီး အသင္းကိုေတာ့ ႏိုဝင္ ဘာလအတြင္းမွာ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

လတ္တေလာမွာ အေျခအေနဆိုးေနတဲ႔ စပါး ၊ ယူႏိုက္တက္ အသင္းေတြ အေပၚ ဘင္နီတက္က –
” စပါး အသင္းမွာ ဘာေတြျဖစ္ပ်က္ ခဲ႔တယ္ဆိုတာ ရွင္းျပရ အေတာ္ေလးခက္ခဲပါတယ္။ဒါေပမယ့္ လာမယ့္တရာသီလံုးသူတို႕ ပိုေကာင္းသြားမယ္လို႕ က်ိန္းေသေျပာရဲပါတယ္။သူတို႔ အသင္းရဲ႕ ဖြဲ႔စည္းပံုစနစ္ေတြ နဲ႔ ကစားပံုအေျကာင္းကိုေတာ့ေျပာစရာမလိုပါဘူး။ဒါေပမယ့္ ေနာက္ဆံုးပြဲေတြကို ျကည့္လိုက္မယ္ဆိုရင္ မန္ခ်က္စတာျမိဳ႔ခံ အသင္းေတြက ေဘာလံုးပိုင္ဆိုင္မွဳသာခဲ႔ေပမယ့္ အႏိုင္ရသြားတာက ဝုဗ္လ္ နဲ႕ နယူးကာဆယ္ျဖစ္ပါတယ္။

ဒါေျကာင့္ လည္းေဘာလံုးပိုင္ဆိုင္မွဳဟာဘယ္ေလာက္အထိ အေရးပါလဲ သု႔ိမဟုတ္ အျခားပြဲအစီအစဥ္ ခ်မွတ္မွဳနဲ႔ တန္ျပန္တိုက္ကစားတာ အက်ိဳးရွိတာလားဆိုတဲ႔ အေပၚကို စကားအေခ်အတင္ေျပာစရာျဖစ္လာပါျပီ ” လို႔ေျပာသြားခဲ့ပါတယ္။