Unicode

လီဗာပူး ကစားသမား ဘဝ ဆာဒီယိုမာနေး ရဲ့ ခြေစွမ်း တိုးတက်မှု တွေကြောင့် ဂျေမီကာရေဂါက ဆီနီဂေါ တိုက်စစ်မှုးဟာ လက်ရှိ ကမ္ဘာ့ ဘောလုံးလောကရဲ့ ထိပ်တန်း ကစားသမား တွေထဲက တစ်ဦး ဖြစ်နေပြီလို့ ယုံကြည် နေပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့ ဘော်လုံးရာသီက ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုကို ပိုင်ဆိုင် နိုင်ခဲ့သူ ဖြစ်ပြီး ၎င်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီ မှာလည်း အကောင်းဆုံး ခြေစွမ်းတွေ ဆက်လက် ပြသလျက် ရှိနေကာ ယာဂန်ကလော့ ရဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရအောင် ကူညီပေး ထားခဲ့တဲ့ အပြင် လီဗာပူး ကလည်း အမှတ်ပေးဇယားရဲ့ ထိပ်မှာ ၈ မှတ် အသာနဲ့ ဦးဆောင် နေပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် နွေရာသီက ဆောက်သမ်တန် မှ လီဗာပူး ကို ရောက်လာ ခဲ့ပြီးနောက် မာနေးဟာ ခြေစွမ်း တောက်လျှောက် တိုးတက်လာအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ကာရေဂါ ကတော့ ဒါဟာ ဆီနီဂေါ တိုက်စစ်မှုး ကို နောက်တဆင့် တက်သွား စေတယ်လို့ ယုံကြည် နေပါတယ်။

လီဗာပူး နောက်ခံလူဟောင်း က “ပထမဦးဆုံး ပွဲစဥ် အချို့ ပြီးသွား ကတည်းက ဆာဒီယိုမာနေး ဟာ ရာဟင်စတားလင်းနဲ့ အတူ ကမ္ဘာ့ အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား တွေထဲက တစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကျွန်တော် ပြောခဲ့ပါတယ် ။ ကျွန်တော် သူ့ကို အရမ်းကို နှစ်သက်ပါတယ်။ သူဟာ လီဗာပူး မှာ ကျွန်တော် အကြိုက်ဆုံး ကစားသမား ပါပဲ။ သူဟာ မျက်နှာမှာ အမြဲတမ်း အပြုံးကို မြင်နေရပြီး သူဟာ အသင်းရဲ့ အရေးပါတဲ့ သူအဖြစ် အမြဲ ရှိနေကာ အမြဲတမ်း မနားမနေ ကစားကာ ၊ ဂိုးတွေလည်း ရယူ နိုင်သလို အခြားသူတွေ အတွက်လည်း ဂိုးတွေ ဖန်တီး ပေးသူပါ။

သူဟာ ယာဂန်ကလော့ ရဲ့ လက်အောက်မှာ အရင်ဦးဆုံး ရောက်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံး ငွေကြေးများစွာ သုံးပြီး ခေါ်ယူ ခဲ့တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သူဟာ လီဗာပူး ကို ရောက်လာ ခဲ့ပြီး နောက်ပိုင်း ပိုပို ကောင်းလာတယ်လို့ ထင်ပါတယ်။ သူဟာ စက်ရုပ်လူသား တစ်ဦးပါပဲ။” လို့ ဆိုသွားပါတယ်။

မာနေးဟာ ၂၀၁၈-၁၉ ဘော်လုံးရာသီက စတင်ကာ နံပါတ် ၁၀ အင်္ကျီကို ပြောင်းလဲ ဝတ်ဆင် ခဲ့သူ ဖြစ်ပြီး ကာရေဂါ ကတော့ မာနေးရဲ့ အရည်အသွေးကို ဒီကျောနံပါတ် ဝတ်ဆင် ခဲ့ဖူးတဲ့ လီဗာပူး ကစားသမားဟောင်း တစ်ဦးနဲ့ နှိုင်းယှဥ် သွားခဲ့ပါတယ်။

ကာရေဂါ က “ကျွန်တော် အမြဲ ပြောလေ့ ရှိတာကတော့ ကျွန်တော် ကစားခဲ့ဖူးတဲ့ လီဗာပူး အသင်းတွေမှာ ဂျွန်ဘန်းလို ကမ္ဘာ့ အဆင့် တောင်ပံ ကစားသမား မရှိခဲ့ဘူး ဆိုတာပါပဲ။ ဒါပေမယ့် အခု လီဗာပူး အသင်းမှာ ကမ္ဘာ့ အဆင့် တောင်ပံ တိုက်စစ် ကစားသမား ရှိနေပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကတော့ ဒါဟာ လီဗာပူး ကို အရမ်း ကောင်းတဲ့ အသင်း ဖြစ်စေခဲ့တဲ့ အပြင် ပထမဦးဆုံး ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်ဖို့ အတွက် အကောင်းဆုံး အနေအထားမှာ ရှိနေစေတယ်လို့ ထင်ပါတယ်။ ဆာဒီယိုမာနေး ကို ဂျွန်ဘန်းလို ကစားသမားနဲ့ စတင် နှိုင်းယှဥ် လိုက်ပြီ ဆိုတာနဲ့ ဒါဟာ သူဘယ်လောက် ကောင်းအောင် လုပ်ပြ နေသလဲ ဆိုတဲ့ သက်သေပါပဲ။” လို့ ဆိုသွားပါတယ်။

မာနေးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဥ် ၈ အပြီးမှာ ၅ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီး ထားနိုင်ခဲ့ပြီး လီဗာပူး ဟာ ဆိုရင်လည်း နိုင်ငံတကာ ပွဲစဥ်တွေ ပြီးနောက် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် မန်ယူနိုက်တက် ကို အိုးထရပ်ဖို့ဒ်မှာ သွားကစား ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က လက်စတာစီးတိး ကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူ ခဲ့ပြီးနောက် လီဗာပူး ဟာ ၁၇ ပွဲဆက် လိဂ်နိုင်ပွဲကို ရရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က မန်စီးတီး အသင်း တင်ထားခဲ့တဲ့ ၁၈ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲ စံချိန်ကို လိုက်မှီရန် တစ်ပွဲသာ လိုပါတော့တယ်။

SM

Zawgyi

လီဗာပူးမွာ သူ႔အႀကိဳက္ဆုံး ကစားသမားကို ေျပာျပလိုက္တဲ့ ကာေရဂါ

လီဗာပူး ကစားသမား ဘဝ ဆာဒီယိုမာေနး ရဲ့ ေျခစြမ္း တိုးတက္မွု ေတြေၾကာင့္ ေဂ်မီကာေရဂါက ဆီနီေဂါ တိုက္စစ္မွုးဟာ လက္ရွိ ကမၻာ့ ေဘာလုံးေလာကရဲ့ ထိပ္တန္း ကစားသမား ေတြထဲက တစ္ဦး ျဖစ္ေနၿပီလို႔ ယုံၾကည္ ေနပါတယ္။ မာေနးဟာ ၿပီးခဲ့တဲ့ ေဘာ္လုံးရာသီက ပရီးမီးယားလိဂ္မွာ ေရႊဖိနပ္ဆုကို ပိုင္ဆိုင္ နိုင္ခဲ့သူ ျဖစ္ၿပီး ၎ဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီ မွာလည္း အေကာင္းဆုံး ေျခစြမ္းေတြ ဆက္လက္ ျပသလ်က္ ရွိေနကာ ယာဂန္ကေလာ့ ရဲ့ အသင္းကို ပရီးမီးယားလိဂ္မွာ ရာႏွုန္းျပည့္ နိုင္ပြဲ ရေအာင္ ကူညီေပး ထားခဲ့တဲ့ အျပင္ လီဗာပူး ကလည္း အမွတ္ေပးဇယားရဲ့ ထိပ္မွာ ၈ မွတ္ အသာနဲ႔ ဦးေဆာင္ ေနပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ေႏြရာသီက ေဆာက္သမ္တန္ မွ လီဗာပူး ကို ေရာက္လာ ခဲ့ၿပီးေနာက္ မာေနးဟာ ေျခစြမ္း ေတာက္ေလၽွာက္ တိုးတက္လာေအာင္ လုပ္ေဆာင္နိုင္ခဲ့ၿပီး ကာေရဂါ ကေတာ့ ဒါဟာ ဆီနီေဂါ တိုက္စစ္မွုး ကို ေနာက္တဆင့္ တက္သြား ေစတယ္လို႔ ယုံၾကည္ ေနပါတယ္။

လီဗာပူး ေနာက္ခံလူေဟာင္း က “ပထမဦးဆုံး ပြဲစဥ္ အခ်ိဳ႕ ၿပီးသြား ကတည္းက ဆာဒီယိုမာေနး ဟာ ရာဟင္စတားလင္းနဲ႔ အတူ ကမၻာ့ အေကာင္းဆုံး ဘယ္ေတာင္ပံ ကစားသမား ေတြထဲက တစ္ဦး ျဖစ္ေကာင္း ျဖစ္နိုင္တယ္လို႔ ကၽြန္ေတာ္ ေျပာခဲ့ပါတယ္ ။ ကၽြန္ေတာ္ သူ႔ကို အရမ္းကို ႏွစ္သက္ပါတယ္။ သူဟာ လီဗာပူး မွာ ကၽြန္ေတာ္ အႀကိဳက္ဆုံး ကစားသမား ပါပဲ။ သူဟာ မ်က္ႏွာမွာ အျမဲတမ္း အျပဳံးကို ျမင္ေနရၿပီး သူဟာ အသင္းရဲ့ အေရးပါတဲ့ သူအျဖစ္ အျမဲ ရွိေနကာ အျမဲတမ္း မနားမေန ကစားကာ ၊ ဂိုးေတြလည္း ရယူ နိုင္သလို အျခားသူေတြ အတြက္လည္း ဂိုးေတြ ဖန္တီး ေပးသူပါ။

သူဟာ ယာဂန္ကေလာ့ ရဲ့ လက္ေအာက္မွာ အရင္ဦးဆုံး ေရာက္လာတဲ့ ကစားသမား တစ္ဦး ျဖစ္ၿပီး သူ႔ရဲ့ ပထမဦးဆုံး ေငြေၾကးမ်ားစြာ သုံးၿပီး ေခၚယူ ခဲ့တဲ့သူ ျဖစ္ပါတယ္။ ကၽြန္ေတာ္ ကေတာ့ သူဟာ လီဗာပူး ကို ေရာက္လာ ခဲ့ၿပီး ေနာက္ပိုင္း ပိုပို ေကာင္းလာတယ္လို႔ ထင္ပါတယ္။ သူဟာ စက္႐ုပ္လူသား တစ္ဦးပါပဲ။” လို႔ ဆိုသြားပါတယ္။

မာေနးဟာ ၂၀၁၈-၁၉ ေဘာ္လုံးရာသီက စတင္ကာ နံပါတ္ ၁၀ အကၤ်ီကို ေျပာင္းလဲ ဝတ္ဆင္ ခဲ့သူ ျဖစ္ၿပီး ကာေရဂါ ကေတာ့ မာေနးရဲ့ အရည္အေသြးကို ဒီေက်ာနံပါတ္ ဝတ္ဆင္ ခဲ့ဖူးတဲ့ လီဗာပူး ကစားသမားေဟာင္း တစ္ဦးနဲ႔ ႏွိုင္းယွဥ္ သြားခဲ့ပါတယ္။

ကာေရဂါ က “ကၽြန္ေတာ္ အျမဲ ေျပာေလ့ ရွိတာကေတာ့ ကၽြန္ေတာ္ ကစားခဲ့ဖူးတဲ့ လီဗာပူး အသင္းေတြမွာ ဂၽြန္ဘန္းလို ကမၻာ့ အဆင့္ ေတာင္ပံ ကစားသမား မရွိခဲ့ဘူး ဆိုတာပါပဲ။ ဒါေပမယ့္ အခု လီဗာပူး အသင္းမွာ ကမၻာ့ အဆင့္ ေတာင္ပံ တိုက္စစ္ ကစားသမား ရွိေနၿပီလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ္ ကေတာ့ ဒါဟာ လီဗာပူး ကို အရမ္း ေကာင္းတဲ့ အသင္း ျဖစ္ေစခဲ့တဲ့ အျပင္ ပထမဦးဆုံး ပရီးမီးယားလိဂ္ ဖလားကို ဆြတ္ခူး နိုင္ဖို႔ အတြက္ အေကာင္းဆုံး အေနအထားမွာ ရွိေနေစတယ္လို႔ ထင္ပါတယ္။ ဆာဒီယိုမာေနး ကို ဂၽြန္ဘန္းလို ကစားသမားနဲ႔ စတင္ ႏွိုင္းယွဥ္ လိုက္ၿပီ ဆိုတာနဲ႔ ဒါဟာ သူဘယ္ေလာက္ ေကာင္းေအာင္ လုပ္ၿပ ေနသလဲ ဆိုတဲ့ သက္ေသပါပဲ။” လို႔ ဆိုသြားပါတယ္။

မာေနးဟာ ဒီရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္ ၈ အၿပီးမွာ ၅ ဂိုးသြင္းကာ ၁ ဂိုး ဖန္တီး ထားနိုင္ခဲ့ၿပီး လီဗာပူး ဟာ ဆိုရင္လည္း နိုင္ငံတကာ ပြဲစဥ္ေတြ ၿပီးေနာက္ ပရီးမီးယားလိဂ္ ပြဲႀကီးပြဲေကာင္း အျဖစ္ မန္ယူနိုက္တက္ ကို အိုးထရပ္ဖို႔ဒ္မွာ သြားကစား ရမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္က လက္စတာစီးတိး ကို အိမ္ကြင္းမွာ ၂ ဂိုး ၁ ဂိုးနဲ႔ အနိုင္ယူ ခဲ့ၿပီးေနာက္ လီဗာပူး ဟာ ၁၇ ပြဲဆက္ လိဂ္နိုင္ပြဲကို ရရွိခဲ့ၿပီး လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္က မန္စီးတီး အသင္း တင္ထားခဲ့တဲ့ ၁၈ ပြဲဆက္ ပရီးမီးယားလိဂ္ နိုင္ပြဲ စံခ်ိန္ကို လိုက္မွီရန္ တစ္ပြဲသာ လိုပါေတာ့တယ္။

SM