Unicode

ဂန်းနားတို့ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ဟာ အာဆင်နယ် အသင်းကနေ ထွက်ခွာပြီး နောက်ပိုင်း သူ မခေါ်ယူ နိုင်ခဲ့တဲ့ နာမည်ကျော် ကစားသမားတွေ အကြောင်း တစ်စွန်းတစ်စ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။ အဆိုပါ ကစားသမားတွေထဲမှာ မက်ဆီ ၊ ရိုနယ်ဒို တို့လို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ ပါဝင်သလို တခြား နာမည်ကျော် ကစားသမားတွေလည်း ပါဝင် ပါတယ် ။

အာဆင်ဝင်းဂါး ဟာ လူငယ် ကြယ်ပွင့် ကစားသမားတွေကို မြေတောင်မြှောက်ပေးရာမှာ နာမည်ကြီးတဲ့ နည်းပြ တစ်ဦး ဖြစ်ပြီး အွန်နရီ ၊ ဖာဘရီဂက်စ် ၊ ဗီအဲရာ တို့လို ကမ္ဘာကျော် ကစားသမားတွေဟာ သူ့လက်အောက်မှာ ထွန်းတောက်လာတဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ် ။

” မအောင်မြင်ခဲ့တဲ့ အပြောင်းအရွှေ့တွေကြောင့် ဘဝမှာ နောင်တရစရာတွေလည်း ရှိခဲ့ပါတယ် ။ ” လို့ အာဆင် ဝင်းဂါး က သူ မခေါ်ယူနိုင်ခဲ့တဲ့ ထိပ်တန်း ကစားသမားတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ဖူးပါတယ်။ အာဆင်း တစ်ယောက် သူ ခေါ်ယူဖို့ နီးစပ် ခဲ့ဖူးတဲ့ နာမည်ကျော် ကစားသမားတွေ နဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောကြား ခဲ့ဖူးတာတွေကို Sports Myammar ပရိသတ်ကြီး အတွက် ဖော်ပြ ပေးလိုက်ပါတယ် ၊

၁ ။ ရိုနယ်ဒို

အာဆင်နယ် အသင်းဟာ စပို့တင်း လစ္စဘွန်း အသင်းမှာ ရိုနယ်ဒို နာမည် မကျော်ခင် ကတည်းက ခေါ်ယူဖို့ ပထမဆုံး ဆက်သွယ်ခဲ့တဲ့ အသင်း တစ်သင်း ဖြစ်ပြီး နည်းပြကြီး အာဆင်ဝင်းဂါး ကိုယ်တိုင်တောင် ရိုနယ်ဒို နဲ့ ဆွေးနွေးမှုတွေ ပြု လုပ် ခဲ့ တာလည်း ဖြစ်ပါတယ် ။

ဒါပေမယ့် မန်ယူနိုက်တက်က လက်ဦးမှု ရယူ သွားခဲ့ပြီး အာဆင်ဝင်းဂါး က ရိုနယ်ဒို ကို မခေါ်ယူ နိုင်ခဲ့တဲ့ အတွက် နောင်တ ရမိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ် ။ ” ခင်ဗျားတို့ အားလုံး စိတ်ကူးယှဉ်ကြည့်စမ်းဗျာ ၊ တိုက်စစ်မှာ ရိုနယ်ဒို နဲ့ အွန်နရီ သာ တွဲလိုက်ရင် ကျနော့်ရဲ့ သမိုင်းကြောင်းလည်း အနည်းငယ် ပြောင်းလဲ သွားနိုင်ပါတယ် ။ ”

” ကျနော်တို့ သူ့ကို ပေါင် ၄.၅ သန်းနဲ့ ခေါ်ဖို့ ဆွေးနွေးနေတဲ့ အချိန်မှာ မန်ယူနိုက်တက် က ပေါင် ၁၂ သန်းနဲ့ အရ ခေါ်သွား ခဲ့ပါတယ် ၊ အဲ့တုန်းက သူတို့ပေးတဲ့ ပမာဏကို ကျနော်တို့ မတက်နိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ရိုနယ်ဒို ကိုယ်တိုင်ကလည်း အာဆင်ဝင်းဂါး နဲ့ ဆွေးနွေးခဲ့ဖူးကြောင်းကို ” ကျနော် အာဆင်ဝင်းဂါး နဲ့ တွေ့ဆုံ ခဲ့ပြီး အာဆင်နယ် ကို ရောက်ခါနီး ခဲ့ပါသေးတယ် ။ ဘာစီလိုနာ ၊ ရီးရဲလ် မက်ဒရစ် ၊ အင်တာမီလန် အသင်းတို့နဲ့လည်း ဆွေးနွေး စကား ပြောဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ကျနော့်ကို အစ ကတည်းက ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ မန်ယူနိုက်တက် နဲ့ ခြေစွမ်းပွဲ အပြီးမှာတော့ သူတို့က ခေါ်ဖို့ ပိုပြီး စိတ်ဝင်စား လာခဲ့ပါတယ်။ ပြီးတော့ သူတို့က ကျနော့်ကို ခေါ်ဖို့ ဆွေးနွေး ညှိနှိုင်းမှုတွေကို အရှိန်မြင့် ကြိုးပမ်းခဲ့ပြီး စာချူ ပ်ချူ ပ် ခေါ်ယူခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

၂ ။ မက်ဆီ

အာဆင်နယ် အသင်းဟာ ရိုနယ်ဒို တင် မကပါဘူး ၊ မက်ဆီ ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးပေမယ့် အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး ။ အာဆင် ဝင်းဂါးဟာ ဖာဘရီဂက်စ် ကို ခေါ်ယူစဉ်က မက်ဆီကိုပါ တစ်ပါတည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ဘာစီလိုနာ အသင်းဘက်က ရောင်းချဖို့ အတိအလင်း ငြင်းဆန် ခဲ့ပါတယ် ။

အဆိုပါ အကြောင်းကို အာဆင်း က beIN Sports နဲ့ အင်တာဗျူးမှာ ” ကျနော်တို့ ဖာဘရီဂက်စ် ကို ဝယ်ယူတုန်းက မက်ဆီကို ခေါ်ဖို့ ဆွေးနွေး ခဲ့ပါတယ် ။ အဲ့အချိန်တုန်းက ဘာစီလိုနာ အသင်းက ပီကေး၊ဖာဘရီဂက်စ်၊ မက်ဆီတို့လို အံ့ဩစရာကောင်းတဲ့ လူငယ် အစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။ ”

” ပီကေး နဲ့ ဖာဘရီဂက်စ် တို့က အင်္ဂလန် ကို ပြောင်းလာပေမယ့် မက်ဆီကတော့ စပိန်မှာပဲ ဆက်နေခဲ့ပါတယ်။ကျနော်တို့ မက်ဆီ က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဘာစီလိုနာက သူ့ကို လုံးဝ အထိမခံပါဘူး ။ ” လို့ ဖွင့်ဟ သွားခဲ့ပါတယ် ။

၃ ။ ဂျော်ဒန် ဆန်ချို

ရိုနယ်ဒို ၊ မက်ဆီ တို့ပြီးတဲ့နောက် အာဆင်နယ် အသင်း ခေါ်ယူဖို့ ကြိုးပမ်း ခဲ့တဲ့ နောက်ထပ် ကြယ်ပွင့် တစ်ဦးကတော့ ဂျော်ဒန် ဆန်ချို ပါ ။

အာဆင်ဝင်းဂါး က ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကြောင်းကို ” သူ မန်စီးတီး အသင်းမှာ ပွဲကစားခွင့် မရတော့ အာဆင်နယ် အသင်းကို ခေါ်ဖို့ ကြိုးစား ခဲ့ဖူးပါတယ် ။ ကျနော် သူ့ကို အသင်းကို ပြောင်းလာအောင် ဆွဲဆောင်ဖို့ ကြိုးစား ခဲ့ပါတယ် ။ အကြောင်းကတော့ ဆန်ချို က လန်ဒန်သား ဖြစ်တာကြောင့် အာဆင်နယ် အသင်းကို ခေါ်ဖို့ ကြိုးပမ်း ခဲ့တာပါ ။ ”

” သူ နဲ့ ရွယ်တူ ကစားသမားတွေထဲမှာ ဆန်ချို က အကောင်းဆုံး ကစားသမား တစ်ဦး ပါ ။ ဘောလုံးကိုလည်း ခြေထောက်ကြားမှာ ကောင်းကောင်း ဆွဲပြေး နိုင်တဲ့သူ ဖြစ်ပြီး ကစားတာလည်း မာန် အပြည့် ရှိပါတယ် ။ ဒီလို မျိုးတွေက ထိပ်တန်း ကစားသမားတွေ ဆီမှာပဲ တွေ့နိုင်တဲ့ အရာတွေပါ ။ သူ့ဆီမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိပါတယ် ။ ” လို့ ဆိုပါတယ် ။

၄ ။ အီဘရာဟီမိုဗစ်

ဇလာတန် ဟာ အာဆင်ဝင်းဂါး ကိုယ်တိုင် လက်ဆောင်ပေးတဲ့ သူ့နာမည် ရေးထိုးထားတဲ့ အာဆင်နယ် အသင်း ဝတ်စုံ ဝတ်ပြီး ဓါတ်ပုံ ရိုက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အာဆင်နယ် အသင်းကို ရောက်လာခဲ့ခြင်း မရှိပါဘူး ။

မိုဗစ် က အဲ့အချိန်တုန်းက အာဆင်နယ် အသင်းကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့် အာဆင်း က သူ့ကို မကမ်းလှမ်း ခဲ့ဖူးလို့ ဖွင့်ဟ ပြောကြား ထားသလို အာဆင်းကလည်း မိုဗစ်ဟာ အာဆင်နယ် အသင်းအစား အေဂျက်စ်ကို ရွေးချယ် ​ပြောင်းရွှေ့ သွားခဲ့တယ်လို့ ဖွင့်ဟ ပြောကြား ခဲ့တာကြောင့် ဘယ်သူ့စကားက အမှန်လဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ ။

၅ ။ ပေါ့ဘာ

အာဆင်း ဟာ ပေါ့ဘာ ဂျုဗင်တပ်စ် အသင်းကို မပြောင်းရွှေ့ခင် အာဆင်နယ် အသင်းထံ ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးပါတယ် ။ အဆိုပါ အကြောင်းကို အာဆင်ဝင်းဂါး ဟာ ၂၀၁၄ ခုနှစ်တုန်းက အင်တာဗျူး တစ်ခုမှာ ” အဖြစ်အပျက်တွေက မြန်မြန်ဆန်ဆန်ပဲ ဖြစ်ပျက် သွားတာပါ ၊ ကျနော်တို့ သူ့ကို စိတ်ဝင်စားခဲ့ပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် သူက ဂျူဗင်တပ်စ် အသင်းနဲ့ အလျင်အမြန် စာချုပ်ချုပ် သွားခဲ့ပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR

Zawgyi

အာဆင္နယ္ အသင္းကို ေရာက္လုနီးပါး ျဖစ္ခဲ့ေပမယ့္ မေရာက္လာခဲ့ၾကတဲ့ နာမည္ေက်ာ္ ထိပ္တန္း ကစားသမား ၁၀ ဦး – အပိုင္း ( ၁ )
==================================

ဂန္းနားတို႔ရဲ့ ဂႏၲဝင္ နည္းျပႀကီး အာဆင္ဝင္းဂါး ဟာ အာဆင္နယ္ အသင္းကေန ထြက္ခြာၿပီး ေနာက္ပိုင္း သူ မေခၚယူ နိုင္ခဲ့တဲ့ နာမည္ေက်ာ္ ကစားသမားေတြ အေၾကာင္း တစ္စြန္းတစ္စ ထုတ္ေဖာ္ ေျပာၾကား လာခဲ့ပါတယ္ ။ အဆိုပါ ကစားသမားေတြထဲမွာ မက္ဆီ ၊ ရိုနယ္ဒို တို႔လို ကမၻာ့အေကာင္းဆုံး ေဘာလုံးသမားေတြ ပါဝင္သလို တျခား နာမည္ေက်ာ္ ကစားသမားေတြလည္း ပါဝင္ ပါတယ္ ။

အာဆင္ဝင္းဂါး ဟာ လူငယ္ ၾကယ္ပြင့္ ကစားသမားေတြကို ေျမေတာင္ေျမႇာက္ေပးရာမွာ နာမည္ႀကီးတဲ့ နည္းၿပ တစ္ဦး ျဖစ္ၿပီး အြန္နရီ ၊ ဖာဘရီဂက္စ္ ၊ ဗီအဲရာ တို႔လို ကမၻာေက်ာ္ ကစားသမားေတြဟာ သူ႔လက္ေအာက္မွာ ထြန္းေတာက္လာတဲ့ ကစားသမားေတြလည္း ျဖစ္ပါတယ္ ။

” မေအာင္ျမင္ခဲ့တဲ့ အေျပာင္းအေရႊ႕ေတြေၾကာင့္ ဘဝမွာ ေနာင္တရစရာေတြလည္း ရွိခဲ့ပါတယ္ ။ ” လို႔ အာဆင္ ဝင္းဂါး က သူ မေခၚယူနိုင္ခဲ့တဲ့ ထိပ္တန္း ကစားသမားေတြနဲ႔ ပတ္သက္ၿပီး ေျပာၾကားခဲ့ဖူးပါတယ္။ အာဆင္း တစ္ေယာက္ သူ ေခၚယူဖို႔ နီးစပ္ ခဲ့ဖူးတဲ့ နာမည္ေက်ာ္ ကစားသမားေတြ နဲ႔ ပတ္သက္ၿပီး ဖြင့္ဟ ေျပာၾကား ခဲ့ဖူးတာေတြကို Sports Myammar ပရိသတ္ႀကီး အတြက္ ေဖာ္ၿပ ေပးလိုက္ပါတယ္ ၊

၁ ။ ရိုနယ္ဒို

အာဆင္နယ္ အသင္းဟာ စပို႔တင္း လစၥဘြန္း အသင္းမွာ ရိုနယ္ဒို နာမည္ မေက်ာ္ခင္ ကတည္းက ေခၚယူဖို႔ ပထမဆုံး ဆက္သြယ္ခဲ့တဲ့ အသင္း တစ္သင္း ျဖစ္ၿပီး နည္းျပႀကီး အာဆင္ဝင္းဂါး ကိုယ္တိုင္ေတာင္ ရိုနယ္ဒို နဲ႔ ေဆြးေႏြးမွုေတြ ျပဳ လုပ္ ခဲ့ တာလည္း ျဖစ္ပါတယ္ ။

ဒါေပမယ့္ မန္ယူနိုက္တက္က လက္ဦးမွု ရယူ သြားခဲ့ၿပီး အာဆင္ဝင္းဂါး က ရိုနယ္ဒို ကို မေခၚယူ နိုင္ခဲ့တဲ့ အတြက္ ေနာင္တ ရမိေၾကာင္း ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္ ။ ” ခင္ဗ်ားတို႔ အားလုံး စိတ္ကူးယွဥ္ၾကည့္စမ္းဗ်ာ ၊ တိုက္စစ္မွာ ရိုနယ္ဒို နဲ႔ အြန္နရီ သာ တြဲလိုက္ရင္ က်ေနာ့္ရဲ့ သမိုင္းေၾကာင္းလည္း အနည္းငယ္ ေျပာင္းလဲ သြားနိုင္ပါတယ္ ။ ”

” က်ေနာ္တို႔ သူ႔ကို ေပါင္ ၄.၅ သန္းနဲ႔ ေခၚဖို႔ ေဆြးေႏြးေနတဲ့ အခ်ိန္မွာ မန္ယူနိုက္တက္ က ေပါင္ ၁၂ သန္းနဲ႔ အရ ေခၚသြား ခဲ့ပါတယ္ ၊ အဲ့တုန္းက သူတို႔ေပးတဲ့ ပမာဏကို က်ေနာ္တို႔ မတက္နိုင္ခဲ့ပါဘူး ။ ” လို႔ ေျပာၾကား ခဲ့ပါတယ္ ။

ရိုနယ္ဒို ကိုယ္တိုင္ကလည္း အာဆင္ဝင္းဂါး နဲ႔ ေဆြးေႏြးခဲ့ဖူးေၾကာင္းကို ” က်ေနာ္ အာဆင္ဝင္းဂါး နဲ႔ ေတြ႕ဆုံ ခဲ့ၿပီး အာဆင္နယ္ ကို ေရာက္ခါနီး ခဲ့ပါေသးတယ္ ။ ဘာစီလိုနာ ၊ ရီးရဲလ္ မက္ဒရစ္ ၊ အင္တာမီလန္ အသင္းတို႔နဲ႔လည္း ေဆြးေႏြး စကား ေျပာျဖစ္ခဲ့ပါတယ္ ။ ဒါေပမယ့္ က်ေနာ့္ကို အစ ကတည္းက ေခၚဖို႔ စိတ္ဝင္စားေနတဲ့ မန္ယူနိုက္တက္ နဲ႔ ေျခစြမ္းပြဲ အၿပီးမွာေတာ့ သူတို႔က ေခၚဖို႔ ပိုၿပီး စိတ္ဝင္စား လာခဲ့ပါတယ္။ ၿပီးေတာ့ သူတို႔က က်ေနာ့္ကို ေခၚဖို႔ ေဆြးေႏြး ညႇိႏွိုင္းမွုေတြကို အရွိန္ျမင့္ ႀကိဳးပမ္းခဲ့ၿပီး စာခ်ဴ ပ္ခ်ဴ ပ္ ေခၚယူခဲ့ပါတယ္ ။ ” လို႔ ေျပာၾကား ခဲ့ပါတယ္ ။

၂ ။ မက္ဆီ

အာဆင္နယ္ အသင္းဟာ ရိုနယ္ဒို တင္ မကပါဘူး ၊ မက္ဆီ ကိုလည္း ေခၚယူဖို႔ ႀကိဳးပမ္း ခဲ့ဖူးေပမယ့္ ေအာင္ျမင္ခဲ့ျခင္းေတာ့ မရွိပါဘူး ။ အာဆင္ ဝင္းဂါးဟာ ဖာဘရီဂက္စ္ ကို ေခၚယူစဥ္က မက္ဆီကိုပါ တစ္ပါတည္း ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ၿပီး ဘာစီလိုနာ အသင္းဘက္က ေရာင္းခ်ဖို႔ အတိအလင္း ျငင္းဆန္ ခဲ့ပါတယ္ ။

အဆိုပါ အေၾကာင္းကို အာဆင္း က beIN Sports နဲ႔ အင္တာဗ်ဴးမွာ ” က်ေနာ္တို႔ ဖာဘရီဂက္စ္ ကို ဝယ္ယူတုန္းက မက္ဆီကို ေခၚဖို႔ ေဆြးေႏြး ခဲ့ပါတယ္ ။ အဲ့အခ်ိန္တုန္းက ဘာစီလိုနာ အသင္းက ပီေကး၊ဖာဘရီဂက္စ္၊ မက္ဆီတို႔လို အံ့ဩစရာေကာင္းတဲ့ လူငယ္ အစုအဖြဲ႕ကို ပိုင္ဆိုင္ထားပါတယ္။ ”

” ပီေကး နဲ႔ ဖာဘရီဂက္စ္ တို႔က အဂၤလန္ ကို ေျပာင္းလာေပမယ့္ မက္ဆီကေတာ့ စပိန္မွာပဲ ဆက္ေနခဲ့ပါတယ္။က်ေနာ္တို႔ မက္ဆီ က ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ဘာစီလိုနာက သူ႔ကို လုံးဝ အထိမခံပါဘူး ။ ” လို႔ ဖြင့္ဟ သြားခဲ့ပါတယ္ ။

၃ ။ ေဂ်ာ္ဒန္ ဆန္ခ်ိဳ

ရိုနယ္ဒို ၊ မက္ဆီ တို႔ၿပီးတဲ့ေနာက္ အာဆင္နယ္ အသင္း ေခၚယူဖို႔ ႀကိဳးပမ္း ခဲ့တဲ့ ေနာက္ထပ္ ၾကယ္ပြင့္ တစ္ဦးကေတာ့ ေဂ်ာ္ဒန္ ဆန္ခ်ိဳ ပါ ။

အာဆင္ဝင္းဂါး က ဆန္ခ်ိဳကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးေၾကာင္းကို ” သူ မန္စီးတီး အသင္းမွာ ပြဲကစားခြင့္ မရေတာ့ အာဆင္နယ္ အသင္းကို ေခၚဖို႔ ႀကိဳးစား ခဲ့ဖူးပါတယ္ ။ က်ေနာ္ သူ႔ကို အသင္းကို ေျပာင္းလာေအာင္ ဆြဲေဆာင္ဖို႔ ႀကိဳးစား ခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ ဆန္ခ်ိဳ က လန္ဒန္သား ျဖစ္တာေၾကာင့္ အာဆင္နယ္ အသင္းကို ေခၚဖို႔ ႀကိဳးပမ္း ခဲ့တာပါ ။ ”

” သူ နဲ႔ ရြယ္တူ ကစားသမားေတြထဲမွာ ဆန္ခ်ိဳ က အေကာင္းဆုံး ကစားသမား တစ္ဦး ပါ ။ ေဘာလုံးကိုလည္း ေျခေထာက္ၾကားမွာ ေကာင္းေကာင္း ဆြဲေျပး နိုင္တဲ့သူ ျဖစ္ၿပီး ကစားတာလည္း မာန္ အျပည့္ ရွိပါတယ္ ။ ဒီလို မ်ိဳးေတြက ထိပ္တန္း ကစားသမားေတြ ဆီမွာပဲ ေတြ႕နိုင္တဲ့ အရာေတြပါ ။ သူ႔ဆီမွာ ကိုယ့္ကိုယ္ကို ယုံၾကည္မွု အျပည့္ ရွိပါတယ္ ။ ” လို႔ ဆိုပါတယ္ ။

၄ ။ အီဘရာဟီမိုဗစ္

ဇလာတန္ ဟာ အာဆင္ဝင္းဂါး ကိုယ္တိုင္ လက္ေဆာင္ေပးတဲ့ သူ႔နာမည္ ေရးထိုးထားတဲ့ အာဆင္နယ္ အသင္း ဝတ္စုံ ဝတ္ၿပီး ဓါတ္ပုံ ရိုက္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ အာဆင္နယ္ အသင္းကို ေရာက္လာခဲ့ျခင္း မရွိပါဘူး ။

မိုဗစ္ က အဲ့အခ်ိန္တုန္းက အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕ခ်င္ခဲ့ေပမယ့္ အာဆင္း က သူ႔ကို မကမ္းလွမ္း ခဲ့ဖူးလို႔ ဖြင့္ဟ ေျပာၾကား ထားသလို အာဆင္းကလည္း မိုဗစ္ဟာ အာဆင္နယ္ အသင္းအစား ေအဂ်က္စ္ကို ေရြးခ်ယ္ ​ေျပာင္းေရႊ႕ သြားခဲ့တယ္လို႔ ဖြင့္ဟ ေျပာၾကား ခဲ့တာေၾကာင့္ ဘယ္သူ႔စကားက အမွန္လဲ ဆိုတာကေတာ့ စိတ္ဝင္စားစရာပါ ။

၅ ။ ေပါ့ဘာ

အာဆင္း ဟာ ေပါ့ဘာ ဂ်ဳဗင္တပ္စ္ အသင္းကို မေျပာင္းေရႊ႕ခင္ အာဆင္နယ္ အသင္းထံ ေခၚယူဖို႔ ႀကိဳးပမ္း ခဲ့ဖူးပါတယ္ ။ အဆိုပါ အေၾကာင္းကို အာဆင္ဝင္းဂါး ဟာ ၂၀၁၄ ခုႏွစ္တုန္းက အင္တာဗ်ဴး တစ္ခုမွာ ” အျဖစ္အပ်က္ေတြက ျမန္ျမန္ဆန္ဆန္ပဲ ျဖစ္ပ်က္ သြားတာပါ ၊ က်ေနာ္တို႔ သူ႔ကို စိတ္ဝင္စားခဲ့ၿပီး ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ သူက ဂ်ဴဗင္တပ္စ္ အသင္းနဲ႔ အလ်င္အျမန္ စာခ်ဳပ္ခ်ဳပ္ သြားခဲ့ပါတယ္ ။ ” လို႔ ဆိုပါတယ္ ။

SPORTS MYANMAR