Unicode

ယာဂန်ကလော့ ဟာ လီဗာပူးကို ပြောင်းမလာမီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ မန်နေဂျာ ဖြစ်လာမယ့် အခွင့်အရေး ကို ပယ်ချ ခဲ့တယ်လို့ သိရပြီး အကြောင်းရင်း ကတော့ အိုးထရပ်ဖို့ဒ် ကလပ်ဟာ စီးပွားရေး ဆိုင်ရာ သြဇာ လွှမ်းမိုးမှု အတွက်ပဲ အာရုံစိုက် နေတာကြောင့်လို့ သိရပါတယ်။ ယာဂန်ကလော့ ဟာ လွန်ခဲ့တဲ့ ၄ နှစ်က ဘိုရပ်ရှားဒေါ့မွန် အသင်းကနေ ထွက်ခွာ လာခဲ့ပြီးနောက် လီဗာပူး မန်နေဂျာ ဖြစ်မလာမီ ကလပ် ၂ ခုကို ပယ်ချခဲ့ပြီး ယူနိုက်တက် နဲ့ ရီးရဲယ်မက်ဒရစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ကလော့ဟာ နောက်ဆုံး မှာတော့ လီဗာပူး မန်နေဂျာ ဖြစ်လာခဲ့ပြီး မာဆေးဆိုက် ကလပ်ကို ချန်ပီယံလိဂ် ဖိုင်နယ် ၂ကြိမ်ဆက် ပို့ဆောင် ပေးခဲ့သလို ပြီးခဲ့တဲ့ ရာသီကလည်း လီဗာပူး ကို ၆ ကြိမ်မြောက် ဥရောပ ဖလား ရယူ ​ပေးခဲ့ပါတယ်။ လီဗာပူး ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကလပ် စံချိန်တင် ရမှတ် ၉၇ မှတ်ထိ ရခဲ့ကာ ပရီးမီးယားလိဂ် ဖလား ရဖို့ နီးစပ် ခဲ့ပေမယ့် မန်စီးတီး ထက် ၁ မှတ် လျော့နည်းကာ ဒုတိယ နေရာသာ ရခဲ့ပါတယ်။

လီဗာပူး ဟာ ဒီရာသီ ပရီးမီးယာလိဂ်မှာ ရှစ်ပွဲ ကစားထားပြီး ပွဲတိုင်း အနိုင်ရရှိ ခဲ့ကာ အနီးကပ်ဆုံး ပြိုင်ဘက် မန်စီးတီးကို ၈ မှတ် ဖြတ်ထား ခဲ့ပါတယ်။

liverpool

လီဗာပူး တိုက်စစ်မှုးဟောင်း ဖောင်လာက “ကျွန်တော် ပြီးခဲ့တဲ့ နှစ်အနည်းငယ်က သူနဲ့ အင်တာဗျူး လုပ်ခဲ့ပါတယ်။ သူဟာ ဒေါ့မွန် ကနေ ထွက်လာ ခဲ့ပြီးနောက် ဘဏ္ဍရေး အင်အား အရမ်းကို တောင့်တင်းတဲ့ ကလပ် အသင်း အချို့ကို ပယ်ချ ခဲ့တယ်လို့ ကျွန်တော့်ကို ပြောပြခဲ့ပြီး အဲဒီထဲက ကလပ်တစ်ခုဟာ သေချာပေါက် မန်ချက်စတာယူနိုက်တက် ဖြစ်ခဲ့ပါတယ်။ နောက်တသင်း ကတော့ ရီးရဲယ်မက်ဒရစ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘာလို့ သူငြင်းခဲ့တာလဲ ဆိုတော့ သူဟာ ဒီကလပ်တွေ စီးပွားရေး အတွက်ပဲ အပြင်းအထန် အာရုံစိုက် နေတာကို မုန်းတီးလို့ ဖြစ်ပါတယ်။

သူဘာ့ကြောင့် လီဗာပူးကို ကြိုက်နှစ်သက်သလဲ ဆိုတော့ ကလပ်နဲ့ ပရိတ်သတ်ရဲ့ စရိုက်လက္ခဏာ ၊ သမိုင်းကြောင်း နဲ့ ကလပ်ရဲ့ ထိပ်တန်း ဘဏ္ဍရေး အင်အားကြားမှာ မျှတတဲ့ ဟန်ချက် တစ်ခု ရှိနေလို့ပါ။” လို့ ဆိုသွားပါတယ်။

ရော်ဘီဖောင်လာ ရည်ညွှန်း ခဲ့တဲ့ အင်တာဗျူး ကတော့ ပြီးခဲ့တဲ့ ရာသီ တော့တင်ဟမ် နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဖိုင်နယ် မတိုင်မီ တွေ့ဆုံ မှုမှာ ဖြစ်ပါတယ်။

ကလော့က “ကျွန်တော် အခြား ကလပ် တွေနဲ့ စကား ပြောခဲ့ပါတယ်။ သူတို့ဟာ ဘောလုံး ကလပ်တစ်ခု နဲ့ သိပ်မတူ ကြပါဘူး။ သူတို့ရဲ့ လေသံ တွေအရ marketing တို့ ၊ အသင်းပုံရိပ် တို့ကိုပဲ အဓိက ပြောကြပြီး ဟိုဟာ လက်မှတ် ထိုးဖို့ လိုမယ် ၊ ဒီဟာ လက်မှတ်ထိုးဖို့ လိုမယ် ဆိုတာတွေ ပါပဲ။ အဲဒီအချိန်မှာ ကျွန်တော် တွေးမိ ခဲ့တာက ဒါဟာ ကျွန်တော် ချစ်တဲ့ ကစားပွဲ မဟုတ်ဘူး ဆိုတာပါပဲ။

 

ဒါဟာ ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါပေမယ့် ဒါတွေဟာ ဦးစားပေး ၁ ၂ ၃ ၄ တော့ မဖြစ်ရပါဘူး။ ပထမဦးဆုံး အနေနဲ့ ကိုယ်ရဲ့ ကစားပုံကိုပဲ တိုးတက်အောင် ကျေးဇူးပြုပြီး ကြိုးစားပါ။ ဒါဟာ ကျွန်တော် တက်ကျွမ်းတဲ့ အပိုင်းပါပဲ။ ကျန်တာ အားလုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘောလုံး ကလဲဲပြီး ကျန်တဲ့ အပိုင်းတွေဟာ ကျွန်တော့်အတွက် အရေး မပါပါဘူး။” လို့ ပြောခဲ့ပါတယ်။

SM

Zawgyi

မန္ခ်က္စတာယူနိုက္တက္ နည္းၿပ ျဖစ္လာမယ့္ အခြင့္အေရးကို ယာဂန္ကေလာ့ ဘာ့ေၾကာင့္ ပယ္ခ်ခဲ့တာလဲ? – ေဖာင္လာ

ယာဂန္ကေလာ့ ဟာ လီဗာပူးကို ေျပာင္းမလာမီ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ မန္ေနဂ်ာ ျဖစ္လာမယ့္ အခြင့္အေရး ကို ပယ္ခ် ခဲ့တယ္လို႔ သိရၿပီး အေၾကာင္းရင္း ကေတာ့ အိုးထရပ္ဖို႔ဒ္ ကလပ္ဟာ စီးပြားေရး ဆိုင္ရာ ၾသဇာ လႊမ္းမိုးမွု အတြက္ပဲ အာ႐ုံစိုက္ ေနတာေၾကာင့္လို႔ သိရပါတယ္။ ယာဂန္ကေလာ့ ဟာ လြန္ခဲ့တဲ့ ၄ ႏွစ္က ဘိုရပ္ရွားေဒါ့မြန္ အသင္းကေန ထြက္ခြာ လာခဲ့ၿပီးေနာက္ လီဗာပူး မန္ေနဂ်ာ ျဖစ္မလာမီ ကလပ္ ၂ ခုကို ပယ္ခ်ခဲ့ၿပီး ယူနိုက္တက္ နဲ႔ ရီးရဲယ္မက္ဒရစ္တို႔ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ကေလာ့ဟာ ေနာက္ဆုံး မွာေတာ့ လီဗာပူး မန္ေနဂ်ာ ျဖစ္လာခဲ့ၿပီး မာေဆးဆိုက္ ကလပ္ကို ခ်န္ပီယံလိဂ္ ဖိုင္နယ္ ၂ႀကိမ္ဆက္ ပို႔ေဆာင္ ေပးခဲ့သလို ၿပီးခဲ့တဲ့ ရာသီကလည္း လီဗာပူး ကို ၆ ႀကိမ္ေျမာက္ ဥေရာပ ဖလား ရယူ ​ေပးခဲ့ပါတယ္။ လီဗာပူး ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ကလပ္ စံခ်ိန္တင္ ရမွတ္ ၉၇ မွတ္ထိ ရခဲ့ကာ ပရီးမီးယားလိဂ္ ဖလား ရဖို႔ နီးစပ္ ခဲ့ေပမယ့္ မန္စီးတီး ထက္ ၁ မွတ္ ေလ်ာ့နည္းကာ ဒုတိယ ေနရာသာ ရခဲ့ပါတယ္။

လီဗာပူး ဟာ ဒီရာသီ ပရီးမီးယာလိဂ္မွာ ရွစ္ပြဲ ကစားထားၿပီး ပြဲတိုင္း အနိုင္ရရွိ ခဲ့ကာ အနီးကပ္ဆုံး ၿပိဳင္ဘက္ မန္စီးတီးကို ၈ မွတ္ ျဖတ္ထား ခဲ့ပါတယ္။

လီဗာပူး တိုက္စစ္မွုးေဟာင္း ေဖာင္လာက “ကၽြန္ေတာ္ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္က သူနဲ႔ အင္တာဗ်ဴး လုပ္ခဲ့ပါတယ္။ သူဟာ ေဒါ့မြန္ ကေန ထြက္လာ ခဲ့ၿပီးေနာက္ ဘ႑ေရး အင္အား အရမ္းကို ေတာင့္တင္းတဲ့ ကလပ္ အသင္း အခ်ိဳ႕ကို ပယ္ခ် ခဲ့တယ္လို႔ ကၽြန္ေတာ့္ကို ေျပာျပခဲ့ၿပီး အဲဒီထဲက ကလပ္တစ္ခုဟာ ေသခ်ာေပါက္ မန္ခ်က္စတာယူနိုက္တက္ ျဖစ္ခဲ့ပါတယ္။ ေနာက္တသင္း ကေတာ့ ရီးရဲယ္မက္ဒရစ္ ျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။ ဘာလို႔ သူျငင္းခဲ့တာလဲ ဆိုေတာ့ သူဟာ ဒီကလပ္ေတြ စီးပြားေရး အတြက္ပဲ အျပင္းအထန္ အာ႐ုံစိုက္ ေနတာကို မုန္းတီးလို႔ ျဖစ္ပါတယ္။

သူဘာ့ေၾကာင့္ လီဗာပူးကို ႀကိဳက္ႏွစ္သက္သလဲ ဆိုေတာ့ ကလပ္နဲ႔ ပရိတ္သတ္ရဲ့ စရိုက္လကၡဏာ ၊ သမိုင္းေၾကာင္း နဲ႔ ကလပ္ရဲ့ ထိပ္တန္း ဘ႑ေရး အင္အားၾကားမွာ မၽွတတဲ့ ဟန္ခ်က္ တစ္ခု ရွိေနလို႔ပါ။” လို႔ ဆိုသြားပါတယ္။

ေရာ္ဘီေဖာင္လာ ရည္ညႊန္း ခဲ့တဲ့ အင္တာဗ်ဴး ကေတာ့ ၿပီးခဲ့တဲ့ ရာသီ ေတာ့တင္ဟမ္ နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မတိုင္မီ ေတြ႕ဆုံ မွုမွာ ျဖစ္ပါတယ္။

ကေလာ့က “ကၽြန္ေတာ္ အျခား ကလပ္ ေတြနဲ႔ စကား ေျပာခဲ့ပါတယ္။ သူတို႔ဟာ ေဘာလုံး ကလပ္တစ္ခု နဲ႔ သိပ္မတူ ၾကပါဘူး။ သူတို႔ရဲ့ ေလသံ ေတြအရ marketing တို႔ ၊ အသင္းပုံရိပ္ တို႔ကိုပဲ အဓိက ေျပာၾကၿပီး ဟိုဟာ လက္မွတ္ ထိုးဖို႔ လိုမယ္ ၊ ဒီဟာ လက္မွတ္ထိုးဖို႔ လိုမယ္ ဆိုတာေတြ ပါပဲ။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ ေတြးမိ ခဲ့တာက ဒါဟာ ကၽြန္ေတာ္ ခ်စ္တဲ့ ကစားပြဲ မဟုတ္ဘူး ဆိုတာပါပဲ။

ဒါဟာ ေဘာလုံးရဲ့ အစိတ္အပိုင္း တစ္ခုပါပဲ။ ဒါေပမယ့္ ဒါေတြဟာ ဦးစားေပး ၁ ၂ ၃ ၄ ေတာ့ မျဖစ္ရပါဘူး။ ပထမဦးဆုံး အေနနဲ႔ ကိုယ္ရဲ့ ကစားပုံကိုပဲ တိုးတက္ေအာင္ ေက်းဇူးျပဳၿပီး ႀကိဳးစားပါ။ ဒါဟာ ကၽြန္ေတာ္ တက္ကၽြမ္းတဲ့ အပိုင္းပါပဲ။ က်န္တာ အားလုံး ျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ ေဘာလုံး ကလဲဲၿပီး က်န္တဲ့ အပိုင္းေတြဟာ ကၽြန္ေတာ့္အတြက္ အေရး မပါပါဘူး။” လို႔ ေျပာခဲ့ပါတယ္။

SM