Unicode

လီဗာပူး အသင်း ရဲ့ တိုက်စစ် သမား မိုဟာမက် ဆာလာ ဟာ ၂၀၁၉ ခုနှစ် အတွက် တစ်နှစ် တာ အကောင်း ဆုံး အမျိုးသား ဆု ( Man of the Year Award ) ကို လက်ခံ ရရှိ ခဲ့ ပါတယ် ။ ဒီ ဆု ကို နာမည် ကျော် GQ Magazine ( Gentleman’s Quarterly ) က ပေးအပ် ချီးမြှင့် ခဲ့တာ ဖြစ်ပြီး ဆာလာ ဟာ နာမည်ကျော် မော်ဒယ် အလက်ဆန်ဒရာ အမ်ဘရိုစီယို နဲ့ အတူ ယခု လထုတ် Magazine ရဲ့ အရှေ့ အလယ် ပိုင်း ကဏ္ဍ အတွက် ကာဗာရှင် ဖြစ်လာ ခဲ့ ပါတယ် ။

“ကျွန်တော် ဟာ လူသိ များ ကျော်ကြား တဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာ ဖို့ အိပ်မက် တွေ စိတ်ကူး စိတ်သန်း တွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် အခု တကယ်တမ်း ရောက်လာ ချိန် မှာတော့ ကိုယ့်ကို ကိုယ်တောင် မယုံ နိုင်ခဲ့ ပါဘူး” လို့ မိုဆာလာ က GQ ရဲ့ ဆု ကို ရယူ အပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက် ပြီး “ရုပ်သံ ဖန်သား ပြင်ပေါ် က အစီအစဉ် မှာ ပါဖို့ ဆိုတာ ကလေးတိုင်း လိုလို ရဲ့ အိပ်မက် ပါ ။ ကျွန်တော့ အတွက် ကတော့ ဒီလို ပထမ ဆုံး ပါ၀င်ခွင့် ရလိုက် အပြီး မှာ အကောင်းဆုံး တစ်ယောက် ဖြစ် အောင် လုပ် ရမယ် ဆိုတဲ့ ရည်မှန်းချက် တွေ ဖြစ်လာ ခဲ့ ပါတယ်” လို့ ဆာလာ ကပြောဆို သွားခဲ့ ပါတယ် ။

မိုဟာမက် ဆာလာ ဟာ ပြီး ခဲ့ တဲ့ လက်စတာ စီးတီး နဲ့ ပွဲစဉ် မှာ ပြိုင်ဘက် ကွင်းလယ်လူ ဟမ်ဇာ ချာဒူရီ ရဲ့ ဖျက်ထုတ် မှု ကြောင့် ခြေကျင်း ၀တ် ဒဏ်ရာ ရရှိ သွားခဲ့ ပြီး ကုသ မှု ခံယူ ခဲ့ရ ပါတယ် ။ လီဗာပူး နည်းပြ ကလော့ ကတော့ ဒီ ဖျက်ထုတ် မှု အတွက် ဒေါသ ထွက်ခဲ့ ရပြီး ယခု အချိန် အထိ မန်ချက် စတာ ယူနိုက်တက် နဲ့ ကစားမယ့် ပွဲ ကို ပါ၀င် နိုင် မလား ဆိုတာ မသေ ချာ သေး တဲ့ အနေ အထား မှာ သာ ရှိနေ ခဲ့ ပါတယ် ။

ဆာလာ ဟာ လီဗာပူး အသင်း ရဲ့ တိုက်စစ် မှာ မာနေး ၊ ဖာမီနို တို့ နဲ့ တွဲဖက် ပြီး ချန်ပီယံ လိဂ် ဖလားကြီး ကို ရယူ ကိုင်မြှောက် နိုင်ခဲ့ ပါတယ် ။ ရိုးမား ကနေ ပြောင်းရွှေ့ လာ အပြီး မှာ ဆာလာ ဟာ ပိုကောင်းတဲ့ ကစား သမား ဖြစ်လာ ခဲ့ပြီး ပရီးမီး ယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆု ၊ ၂၀၁၈ ခုနှစ် အတွက် ပွတ်ရှ်ကပ် ဆု တို့ကို ရယူ နိုင် ခဲ့ ပါတယ် ။

SPORTS MYANMAR

Zawgyi

၂၀၁၉ ရဲ့ အကောင်းဆုံး အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ လီဗာပူး တိုက်စစ်မှုး

===============================================






SPORTS MYANMAR