ကိုင်ဇာစလော့တန် ၊ ဝါဒါဘရီမင်၊ ဘိုင်ယန်မြူးနစ်၊ လာဇီယို အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး ဟောင်းကြီးကလိုဆေးက လက်ရှိ ဘိုင်ယန်မြူးနစ် အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးက မိမိထက် ဆယ်ဆလောက်ပိုကောင်းတဲ့ ကစားသမားမျိုးတယ်လို့ ဆိုလိုက်ပါတယ်။

ကလိုဆေးဟာ ၂၀၁၆ ခုနှစ်မှာကစားသ မားဘဝကနေ အနားယူထားခဲ့တာဖြစ်ပြီးဂျာမနီ လက်ရွေးစင် အသင်းရဲ့ ထာဝရဂိုးအများဆုံး အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ကလပ် အသင်းတွေမှာ ဆုဖလားအောင်မြင်မှုတွေရယူထားနိုင်ခဲ့သလိုပဲ ဂျာမနီအသင်းနဲ့ အတူကမ္ဘာ့ချန်ပီယံ ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာဘွန်ဒက်ဘီဂါပွဲစဉ်ပေါင်း ၃၀၇ ပွဲ ကစား ၁၂၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂျာမနီလက်ရွေးစင် အသင်းအတွက်လည်း၁၃၇ပွဲကစား ရ၁ ဂိုးသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး၄ခုမှာ ၁၆ဂိုးသွင်းယူထားပြီး အများဆုံးအဖြစ် စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးကတော့ ဒီရာသီဘွန်ဒက်လီဂါမှာ သွင်းယူခဲ့တဲ့ ၁၁ဂိုး အပါအဝင် စုစုပေါင်း လိဂ်ဂိုး ၂၁၃ဂိုး ဂိုးအထိ ရရှိထားပြီး စုုစုပေါင်း ၂၉၇ပွဲ သာကစားသေးချိန်မှာ အခုလို အံ့မခန်းပမာဏမျိုးကို သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကလိုဆေးကတော့ လီဝန်ဒေါစကီးဟာ သူ့ထက်ဆယ်ဆလောက်ပိုကောင်းတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

Sport Bild နဲ့ အင်တာဗျူးမှာ ကလိုဆေးက- ” လီဝန်ဒေါစကီးဟာ ကျွန်တော်  ကစားခဲ့စဉ်တုန်းက လို အများအပြားလုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်သူက ကျွန်တော့်ထက် ဆယ်ဆ လောက်ပိုကောင်းပါတယ်။သူဟာ ခြေထောက်နှစ်ဖက်လုံး အသုံးပြုပြီးဂိုးသွင်းနိုင်တဲ့ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတဦးဖြစ်ပါတယ်။အမြင့်ဘောတွေမှာ အားသာချက်ရှိသလို ကန်သွင်းချက်တွေကလည်း ကြီးကျယ်ကောင်းမွန်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ကလိုဆေးဟာ ပိုလန်ဖွားတိုက်စစ်မှူး တဦးဖြစ်ပေမယ့် ဂျာမနီ အသင်းအတွက ကိုယ်စားပြုခဲ့လို့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့တသင်းတည်း အတူ ကစားခဲ့ရခြင်းမရှိတာဖြစ်ပါတယ်။ဒါပေမယ့် သောမတ်စ်မူလာနဲ့ အကောင်းဆုံး အတူတွဲဖက်ပြီး ၂၀၁၄ခုနှစ်မှာ ကမ္ဘ႓ာ့ချန်ပီယံဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မူလာနဲ့ တွဲဖက်ခဲ့ရတဲ့ အပေါ် ကလိုဆေးက – ” သူဟာ ကျွန်တော်အတူတွဲဖက်ကစားရတာ အနှစ်သက်ဆုံးကစားသမားဖြစ်ပါတယ်။သူနဲ့ ကျွန်တော်ကြားမှာဆိုရင်အတော်လေးကောင်းတဲ့ နားလည်မှု မျိုး ရှိထားခဲ့ကြပါတယ်။တဦး နဲ့ တဦး အကဲခတ်လိုက်ရုံနဲ့ ဘာတွေ လုပ်ကြမယ်ဆိုတာကို သိကြပါတယ်။အတော်လေးကို ကောင်းတဲ့ အတွဲအဖက်ဖြစ်ပါတယ် “လို့ပြောသွားခဲ့ပါတယ်။

ကလိုဆေးဟာ ကစားသမား ဘဝကနေ အနားယူအပြီးမှာ ချိုအာချင်လို ရဲ့ဂျာမနီ နည်းပြအဖွဲ့အတွင်း ပါဝင်ခဲ့ပြီး ၂၀၁၈ နွေရာသီမှာဘိုင်ယန်ယူ၁၇ အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့ လက်ထက်မှာ ဘိုင်ယန် ယူ၁၇ အသင်းဟာ ၃၇ပွဲကစား ၂၈ပွဲအထိအနိုင်ရခဲ့ပါတယ်။ဘိုင်ယန်ယူ၁၇ အသင်းဟာဒီရာသီမှာလည်း အခြေအနေကောင်းနေပြီး ဟော်ဖန်ဟိမ်းရဲ့နောက် အမှတ်ပေး ဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

SM