One Century ပြိုင်ပွဲကြီး ရဲ့ အဓိက ပွဲစဉ်ကြီး ဖြစ်တဲ့ အောင်လ အန်ဆန်း နဲ့ ဘရန်ဒန် ဗီရာ တို့ရဲ့ ပွဲစဉ်ဟာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်ပြီး ၊ မြန်မာ့ သူရဲကောင်းကြီးဟာ သူ့ရဲ့ ရွှေခါးပတ်ဆုကို ကာကွယ်ကာ စိန်ခေါ်လာသူ ဖီလစ်ပိုင် ဖိုက်တာကြီးကို အလဲထိုး ပြသွားခဲ့တာ ဖြစ်ပါတယ်။

ပထမ အချီမှာတော့ နှစ်ယောက်စလုံးဟာ ခြေထောက် ကန်ချက်တွေကို အားပြုသလိုလို နဲ့ ဟန်ပြ နေခဲ့ပြီး ၊ တကယ်တမ်းမှာတော့ လက်သီးထိုးချက်တွေကနေ အမိယူဖို့ အကွက်ချောင်း ကစားလာခဲ့ပါတယ်။

အောင်လ အန်ဆန်း ကတော့ သူ့ရဲ့ ထုံးစံအတိုင်း မကြောက်မရွံ့နဲ့ ကိုယ့်ထက် ကြီးမားလွန်းတဲ့ ဖိုက်တာကြီးကို တိုက်စစ်ဖွင့် ကစားခဲ့ပါတယ်။ သူ့ရဲ့ ရှေ့ကို တက်ထိုးတဲ့ ပုံစံဟာ တော်တော်လေးကို သတ္တိပြောင်လွန်းတယ်လို့ မှတ်ချက်ပေးရမှာ ဖြစ်သလို ၊ အရပ်အမောင်း သာလွန်ပြီး ၊ အားကြီးတဲ့ ပြိုင်ဘက် တစ်ယောက် ဖြစ်သည့်တိုင်အောင် ကြောက်ရွံ့ခြင်း ကင်းမဲ့နေခဲ့တာပါ။

ဗီရာကတော့ အောင်လ ဟာ တိုက်စစ်သမားဆိုတာ ကို ကြိုတင် တွက်ဆထားသူ ပီပီ ၊ နောက်ဆုတ်ခုခံ ထိုးရင်း ၊ တန်ပြန် တိုက်ကွက် တွေကနေ အခွင့်အရေး ရယူဖို့ ကြိုးစားလာခဲ့ပါတယ်။

အထူးသဖြင့် အောင်လ အန်ဆန်း ဟန်ချက် ပျက်သွားတဲ့ အခိုက်အတန့်တွေမှာ ဗီရာရဲ့ လျှင်မြန်လွန်းတဲ့ ၀င်ချက်တွေကို တော်တော်လေး သတိထားချင်စရာ ကောင်းသလို ၊ မွေထိုင်း ချန်ပီယံ ဖြစ်ဖူးသူ ပီပီ ဒူး ၊ တံတောင်တွေ သုံးကာ ၀ါးလုံးထိုး ပုံစံနဲ့ တန်ပြန်တိုက်စစ် ပြန်ဆင်ခဲ့ပါတယ်။

သို့သော် အောင်လ ကလဲ ပထမ အချီ အစမှာကတည်းက ဗီရာ ရဲ့ ဦးခေါင်းကို 2 ချက်ထိအောင် ထိုးထားနိုင်တာကြောင့် ၊ ဖိအားတွေကို အဆက်မပြတ်ပေးရင်း ၊ ဗီရာကို စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေကာ နေရာလွတ်တွေ ၊ ဟာကွက်တွေ ဖြစ်စေခဲ့တာပါ။

အဲဒီကနေ ထွက်လာတဲ့ ဟာကွက်တွေ ကနေ တဆင့် သူဟာ ဗီရာ ရဲ့ ဦးခေါင်း နဲ့ မျက်နှာ တစ်ဝိုက်ကိုပဲ ဦးတည် ထိုးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လူချင်း နီးလာလေလေ ၊ အောင်လ ရဲ့ ပြင်ဆင်ထားတဲ့ လက်သီးထိုးကွက်တွေ ၊ တံတောင် ကွက်တွေဟာ ပိုပြီး အခွင့်အလမ်း များလာလေလေ ဖြစ်တာကို ဗီရာ တစ်ယောက် သတိထားမိခဲ့ခြင်း မရှိပဲ ၊ အဲဒီအနေအထားကနေ ပဲ ရှုံးပွဲ ကြုံဖို့ အကြောင်းဖန်သွားခဲ့တာ ဖြစ်ပါတယ်။

“ အရမ်းကို အံ့အားသင့်စရာ ကောင်းတဲ့ ပွဲပါ။ ဟေ့ တိုကျို …….အရမ်းကျေးဇူးတင်တယ်။ ကျနော့်ကို အားပေးတဲ့ ပရိသတ်တွေကို အရမ်း ကျေးဇူးတင်တယ်။ ခင်ဗျားတို့ဟာ တကယ်ကို မယုံကြည်နိုင်စရာကောင်းလောက်အောင်ကို တက်တက်ကြွကြွ အားပေးသွားခဲ့ကြတာပါ။

ဒီပွဲ က သိပ်ပြီး မခံလိုက်ရပါဘူး ။ ပြီးရင် Gym ပြန်သွားပြီး လေ့ကျင့်ခန်းတွေ လုပ်ရင်း ၊ ဒဏ်ရာလေးတွေကို ပြန်ကုရမှာပေါ့။

ကျနော် ဒီ အဌဂံဝိုင်းထဲမှာ တိုက်ပွဲတွေ ကစားလာခဲ့တာ အသက် 19 နှစ် လောက် ကတည်းကပါ ၊ အခု 34 နှစ်တောင် ရှိပါပြီ။

ဒီပွဲအတွက် ဗျူဟာ ကတော့ ဗီရာကို အဆက်မပြတ် ဖိအားပေးပြီး ၊ သူ့ရဲ့ မျက်နှာကို ဦးတည်ထိုးဖို့ပေါ့။ သူကလဲ ထိပ်တန်း ဖိုက်တာ တစ်ယောက် ဆိုတာ ကျနော့်ကို တံတောင်နဲ့ တွက်ပြီး ပြသွားတာလေ။ ဒါပေမယ့် ကျနော့် အလုပ်ကိုတော့ အပြီးဖြတ်နိုင်ခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ မြန်မာ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့် မိတ်ဆွေတွေ ၊ မိဘတွေ နဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ခင်ဗျားတို့ ပရိသတ်တွေ မရှိခဲ့ရင် အောင်လ အန်ဆန်းဆိုတာ အခုလို ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အကယ်လို့ 3 ချီ နောက်ပိုင်းမှာသာ ဗီရာကို အနိုင်ရခဲ့တာ ဆိုရင် ဗီရာ ဟာ အသက်ကြီးလို့ အရှုံးပေးရတာ ဖြစ်တယ်လို့ ပြောချင်စရာ ရှိလာနိုင်ပေမယ့် ၊ လက်ရှိ အနေအထားကတော့ ဗီရာဟာ ပညာပိုင်း အရရော ၊ စွမ်းဆောင်ရည်ပိုင်း အရပါ လုံးဝ ယှဉ်နိုင်ခြင်း မရှိပဲ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

အောင်လ ဟာ အခက်ခဲဆုံး နဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှု ပိုကြီးမားတဲ့ ဖိုက်တာ တစ်ယောက်် အနိုင်ယူပြတဲ့ စွမ်းဆောင်ရည်က တကယ်ကို ချီးကျူးရပါတယ်။

ကျနော် တို့ တင်ထားတဲ့ ယခင်ပို့စ် အောက်မှာ လုပ်ပွဲကြီး / ဂျင်း ပွဲ ဆိုပြီး ပြောတဲ့ ပရိသတ် တစ်ချို့ ရှိပါတယ်။ ဒါက သူတို့အမြင်ပါ။ မနက်ဖြန် ဆိုရင်တော့ ကမ္ဘာ့မီဒီယာ အသီးသီးက အောင်လ အန်ဆန်းကို တစ်ခမ်းတနား နဲ့ ဂုဏ်ပြု ချီးကျူးကြမယ့် သတင်းတွေ ဝေဝေဆာဆာ ရှိနေလိမ့်မယ် ဆိုတာ ကြိုတင် သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျာ…….

Sports Myanmar

Zawgyi

ကမၻာ့ေပၚက မီဒီယာေတြ အသီးသီးက ၀ိုင္း၀န္း ခ်ီးက်ဴး ၾကေတာ့မယ့္ ေအာင္လ အန္ဆန္း ရဲ႕ စြမ္းေဆာင္ရည္ နဲ႔ ပြဲအျပီး သံုးသပ္ခ်က္

One Century ျပိဳင္ပြဲၾကီး ရဲ႕ အဓိက ပြဲစဥ္ၾကီး ျဖစ္တဲ့ ေအာင္လ အန္ဆန္း နဲ႔ ဘရန္ဒန္ ဗီရာ တို႔ရဲ႕ ပြဲစဥ္ဟာ ျပီးဆံုး သြားခဲ့ျပီ ျဖစ္ျပီး ၊ ျမန္မာ့ သူရဲေကာင္းၾကီးဟာ သူ႔ရဲ႕ ေရႊခါးပတ္ဆုကို ကာကြယ္ကာ စိန္ေခၚလာသူ ဖီလစ္ပိုင္ ဖိုက္တာၾကီးကို အလဲထုိး ျပသြားခဲ့တာ ျဖစ္ပါတယ္။

ပထမ အခ်ီမွာေတာ့ ႏွစ္ေယာက္စလံုးဟာ ေျခေထာက္ ကန္ခ်က္ေတြကို အားျပဳသလိုလို နဲ႔ ဟန္ျပ ေနခဲ့ျပီး ၊ တကယ္တမ္းမွာေတာ့ လက္သီးထိုးခ်က္ေတြကေန အမိယူဖို႔ အကြက္ေခ်ာင္း ကစားလာခဲ့ပါတယ္။

ေအာင္လ အန္ဆန္း ကေတာ့ သူ႔ရဲ႕ ထံုးစံအတိုင္း မေၾကာက္မရြံ႕နဲ႔ ကိုယ့္ထက္ ၾကီးမားလြန္းတဲ့ ဖိုက္တာၾကီးကို တိုက္စစ္ဖြင့္ ကစားခဲ့ပါတယ္။ သူ႔ရဲ႕ ေရွ႕ကို တက္ထိုးတဲ့ ပံုစံဟာ ေတာ္ေတာ္ေလးကို သတိၱေျပာင္လြန္းတယ္လို႔ မွတ္ခ်က္ေပးရမွာ ျဖစ္သလို ၊ အရပ္အေမာင္း သာလြန္ျပီး ၊ အားၾကီးတဲ့ ျပိဳင္ဘက္ တစ္ေယာက္ ျဖစ္သည့္တိုင္ေအာင္ ေၾကာက္ရြံ႕ျခင္း ကင္းမဲ့ေနခဲ့တာပါ။

ဗီရာကေတာ့ ေအာင္လ ဟာ တိုက္စစ္သမားဆိုတာ ကို ၾကိဳတင္ တြက္ဆထားသူ ပီပီ ၊ ေနာက္ဆုတ္ခုခံ ထိုးရင္း ၊ တန္ျပန္ တုိက္ကြက္ ေတြကေန အခြင့္အေရး ရယူဖို႔ ၾကိဳးစားလာခဲ့ပါတယ္။

အထူးသျဖင့္ ေအာင္လ အန္ဆန္း ဟန္ခ်က္ ပ်က္သြားတဲ့ အခိုက္အတန္႔ေတြမွာ ဗီရာရဲ႕ လွ်င္ျမန္လြန္းတဲ့ ၀င္ခ်က္ေတြကို ေတာ္ေတာ္ေလး သတိထားခ်င္စရာ ေကာင္းသလို ၊ ေမြထိုင္း ခ်န္ပီယံ ျဖစ္ဖူးသူ ပီပီ ဒူး ၊ တံေတာင္ေတြ သံုးကာ ၀ါးလံုးထိုး ပံုစံနဲ႔ တန္ျပန္တုိက္စစ္ ျပန္ဆင္ခဲ့ပါတယ္။

သို႔ေသာ္ ေအာင္လ ကလဲ ပထမ အခ်ီ အစမွာကတည္းက ဗီရာ ရဲ႕ ဦးေခါင္းကို 2 ခ်က္ထိေအာင္ ထိုးထားႏိုင္တာေၾကာင့္ ၊ ဖိအားေတြကို အဆက္မျပတ္ေပးရင္း ၊ ဗီရာကို စိုးရိမ္စိတ္ေတြ ျဖစ္ေပၚေစကာ ေနရာလြတ္ေတြ ၊ ဟာကြက္ေတြ ျဖစ္ေစခဲ့တာပါ။

အဲဒီကေန ထြက္လာတဲ့ ဟာကြက္ေတြ ကေန တဆင့္ သူဟာ ဗီရာ ရဲ႕ ဦးေခါင္း နဲ႔ မ်က္ႏွာ တစ္၀ိုက္ကိုပဲ ဦးတည္ ထုိးသတ္သြားခဲ့တာ ျဖစ္ပါတယ္။ အထူးသျဖင့္ လူခ်င္း နီးလာေလေလ ၊ ေအာင္လ ရဲ႕ ျပင္ဆင္ထားတဲ့ လက္သီးထိုးကြက္ေတြ ၊ တံေတာင္ ကြက္ေတြဟာ ပိုျပီး အခြင့္အလမ္း မ်ားလာေလေလ ျဖစ္တာကို ဗီရာ တစ္ေယာက္ သတိထားမိခဲ့ျခင္း မရွိပဲ ၊ အဲဒီအေနအထားကေန ပဲ ရႈံးပြဲ ၾကံဳဖို႔ အေၾကာင္းဖန္သြားခဲ့တာ ျဖစ္ပါတယ္။

“ အရမ္းကို အံ့အားသင့္စရာ ေကာင္းတဲ့ ပြဲပါ။ ေဟ့ တိုက်ိဳ …….အရမ္းေက်းဇူးတင္တယ္။ က်ေနာ့္ကို အားေပးတဲ့ ပရိသတ္ေတြကို အရမ္း ေက်းဇူးတင္တယ္။ ခင္ဗ်ားတို႔ဟာ တကယ္ကို မယံုၾကည္ႏိုင္စရာေကာင္းေလာက္ေအာင္ကို တက္တက္ၾကြၾကြ အားေပးသြားခဲ့ၾကတာပါ။

ဒီပြဲ က သိပ္ျပီး မခံလုိက္ရပါဘူး ။ ျပီးရင္ Gym ျပန္သြားျပီး ေလ့က်င့္ခန္းေတြ လုပ္ရင္း ၊ ဒဏ္ရာေလးေတြကို ျပန္ကုရမွာေပါ့။

က်ေနာ္ ဒီ အဌဂံ၀ိုင္းထဲမွာ တိုက္ပြဲေတြ ကစားလာခဲ့တာ အသက္ 19 ႏွစ္ ေလာက္ ကတည္းကပါ ၊ အခု 34 ႏွစ္ေတာင္ ရွိပါျပီ။

ဒီပြဲအတြက္ ဗ်ဴဟာ ကေတာ့ ဗီရာကို အဆက္မျပတ္ ဖိအားေပးျပီး ၊ သူ႔ရဲ႕ မ်က္ႏွာကို ဦးတည္ထိုးဖို႔ေပါ့။ သူကလဲ ထိပ္တန္း ဖိုက္တာ တစ္ေယာက္ ဆိုတာ က်ေနာ့္ကို တံေတာင္နဲ႔ တြက္ျပီး ျပသြားတာေလ။ ဒါေပမယ့္ က်ေနာ့္ အလုပ္ကိုေတာ့ အျပီးျဖတ္ႏိုင္ခဲ့ပါတယ္။

ေနာက္ဆံုးအေနနဲ႔ ျမန္မာ ပရိသတ္ေတြ အားလံုးကို ေက်းဇူးတင္ပါတယ္။ က်ေနာ့္ မိတ္ေဆြေတြ ၊ မိဘေတြ နဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြ နဲ႔ ခင္ဗ်ားတို႔ ပရိသတ္ေတြ မရွိခဲ့ရင္ ေအာင္လ အန္ဆန္းဆိုတာ အခုလို ျဖစ္လာမွာ မဟုတ္ပါဘူး” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

အကယ္လို႔ 3 ခ်ီ ေနာက္ပိုင္းမွာသာ ဗီရာကို အႏိုင္ရခဲ့တာ ဆုိရင္ ဗီရာ ဟာ အသက္ၾကီးလို႔ အရႈံးေပးရတာ ျဖစ္တယ္လို႔ ေျပာခ်င္စရာ ရွိလာႏိုင္ေပမယ့္ ၊ လက္ရွိ အေနအထားကေတာ့ ဗီရာဟာ ပညာပိုင္း အရေရာ ၊ စြမ္းေဆာင္ရည္ပိုင္း အရပါ လံုး၀ ယွဥ္ႏိုင္ျခင္း မရွိပဲ အရႈံးေပးလိုက္ရတာ ျဖစ္ပါတယ္။

ေအာင္လ ဟာ အခက္ခဲဆံုး နဲ႔ ရုပ္ပိုင္းဆိုင္ရာ တည္ေဆာက္မႈ ပိုၾကီးမားတဲ့ ဖိုက္တာ တစ္ေယာက္္ အႏိုင္ယူျပတဲ့ စြမ္းေဆာင္ရည္က တကယ္ကို ခ်ီးက်ဴးရပါတယ္။

က်ေနာ္ တို႔ တင္ထားတဲ့ ယခင္ပို႔စ္ ေအာက္မွာ လုပ္ပြဲၾကီး / ဂ်င္း ပြဲ ဆိုျပီး ေျပာတဲ့ ပရိသတ္ တစ္ခ်ိဳ႕ ရွိပါတယ္။ ဒါက သူတို႔အျမင္ပါ။ မနက္ျဖန္ ဆိုရင္ေတာ့ ကမၻာ့မီဒီယာ အသီးသီးက ေအာင္လ အန္ဆန္းကို တစ္ခမ္းတနား နဲ႔ ဂုဏ္ျပဳ ခ်ီးက်ဴးၾကမယ့္ သတင္းေတြ ေ၀ေ၀ဆာဆာ ရွိေနလိမ့္မယ္ ဆိုတာ ၾကိဳတင္ သတင္းေကာင္း ပါးအပ္ပါတယ္ ခင္ဗ်ာ…….

Sports Myanmar